La Liga

၂၀၂၀ မှာ အလွတ်တည်ကန်ဘောတွေနဲ့ ဘောလုံးအိုင်ကျူဘယ်လောက်မြင့်လဲ သက်သေပြခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ အားကစားသမိုင်းမှာ ဘောလုံးဉာဏ်အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဘာစီလိုနာဂန္တဝင်ဟာ ဂိုးသွင်းကောင်းသူဖြစ်ပေမယ့် ၎င်းရဲ့ အရည်အချင်းက ကွင်းထဲက ကစားသမားတွေအားလုံးထက် ခြေ ၂ လှမ်းလောက် ကြိုမြင်ထားတာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ကျဉ်းထဲ ကြပ်ထဲရောက်နေတာကို ကြည့်နေရတာက သင်တခါမှ မမြင်ဖူးတဲ့အရာကို လုပ်ပြဖို့ ၎င်းအနေနဲ့ မိနစ်အနည်းငယ်သာ လိုတော့တယ်ဆိုတာကို သိရှိနေရတာက ပျော်ရွှင်စရာတွေထဲက တစ်ခု ဖြစ်ပါတယ်။ အာဂျင်တီးနားဂန္တဝင်ရဲ့ Panenka အလွတ်တည်ကန်ဘောပဲဖြစ်ဖြစ် သို့မဟုတ် အထင်ကရဖြစ်တဲ့ ဆွာရက်ဇ်ကို ပင်နယ်တီမှာ လူပေးတာပဲဖြစ်ဖြစ် မက်ဆီဟာ ပရိသတ်တွေကို ပျော်ရွှင်မှုတွေ ယူဆောင်ပေးနိုင်တဲ့ ၎င်းရဲ့ ထူးခြားတဲ့စွမ်းရည်ကို တကမ္ဘာလုံးက နှစ်သက်ကြတာဖြစ်ပါတယ်။

အဲဒါကြောင့် ပရိသတ်တွေဟာ ပီအက်စ်ဂျီအသင်းမှာ မက်ဆီ ပြန်လည်ပါဝင်ကစားမှာကို ပြင်းပြင်းထန်ထန် မျှော်လင့်နေတာဖြစ်ပြီး ၎င်းရဲ့ ယှဉ်ပြိုင်လို့မရနိုင်တဲ့ ဘောလုံးအိုင်ကျူကို သက်သေပြခဲ့တဲ့ မယုံနိုင်ဖွယ် အမှတ်တရတွေထဲက အချို့ကို တူးဖော်တာကပဲ အဓိပ္ပာယ်ရှိလိမ့်မယ်လို့ ယူဆမိပါတယ်။

မက်ဆီရဲ့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အလွတ်တည်ကန်ဘော ကန်သွင်းရာမှာ အကောင်းဆုံးတွေထဲက တစ်ဦးအဖြစ် မြင့်တက်လာခြင်းက ၎င်းကို ရပ်တန့်ဖို့အတွက် အသေးစိတ်ကျတဲ့ နည်းဗျူဟာအချို့ကြောင့်ဆိုတာကို အလွတ်တည်ကန်ဘောတွေကို ပြန်ကြည့်ရင် တွေ့နိုင်ပါတယ်။

နူးကမ့်မှာ နောက်ဆုံးကစားခဲ့တဲ့ရာသီအတွင်း ပြိုင်ဘက်အသင်းတွေဟာ မက်ဆီကို အလွတ်တည်ကန်ဘောကနေ ဂိုးသွင်းယူတာကို ကာကွယ်နိုင်ဖို့အတွက် ရှိသမျှလှည့်ကွက်အားလုံးကို အသုံးပြုဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ လူတံတိုင်းနောက်မှာ လဲလျောင်းနေတဲ့ ကစားသမားတွေနဲ့ ပင်နယ်တီဧရိယာထဲကို ဖြတ်တင်ပေးပို့မှုတွေ ပြုလုပ်လာခဲ့ရင် ရှင်းထုတ်ဖို့ လူပင်လယ်ကြီး ဖြစ်နေခဲ့ပြီး အလွတ်တည်ကန်ဘောကနေ မက်ဆီရဲ့ ဂိုးကန်သွင်းဖို့ ကြိုးပမ်းမှုကို ချေဖျက်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီမှာပဲ မက်ဆီရဲ့ မယုံနိုင်ဖွယ်ကောင်းတဲ့ ဘောလုံးအိုင်ကျူကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ဘာစီလိုနာဂန္တဝင်ဟာ ၂၀၂၀ ခုနှစ်မှာ အကြပ်အတည်းတွေကို ဆန်းသစ်တဲ့ အကြံအဉာဏ်တွေနဲ့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ဆယ်လ်တာ ဗီဂိုနဲ့ကစားခဲ့တဲ့ လာလီဂါပွဲစဉ်တုန်းက မက်ဆီဟာ အလွတ်တည်ကန်ဘောကန်သွင်းဖို့ နေရာယူထားပြီး အဲဒီဗီဒီယိုကို ကြည့်မယ်ဆိုရင်တောင်မှ ဘောလုံးပေးဖို့ထက် ကန်သွင်းလိမ့်မယ်ဆိုတဲ့ ခံစားချက်ကို ရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မက်ဆီက အားလုံးထက် ၁၀ ကွက်လောက် ကွက်ကျော်မြင်ခဲ့ပြီး ၎င်းအနေနဲ့ နောက်ဆုံးစက္ကန့်အထိ တိုက်ရိုက်ကန်သွင်းယူဖို့ ကျိန်းသေသလောက်နီးပါးပုံပေါ်နေပေမယ့်လည်း အံ့အားသင့်ဖွယ် ဖြတ်တင်ပေးပို့မှုနဲ့ လူးဝစ္စ ဆွာရက်ဇ် ခေါင်းတိုက်ဂိုးသွင်းယူနိုင်အောင် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

အားလုံးကို ခြုံပြောရမယ်ဆိုရင် မက်ဆီဟာ နောက်ထပ်တစ်ကြိမ် ၎င်းကို အလွတ်တည်ကန်ဘော ကန်သွင်းမှုကို ရပ်တန့်နိုင်အောင် ကြိုးပမ်းခဲ့တဲ့သူတွေကို ဉာဏ်ကောင်းကောင်းနဲ့ လှည့်စားနိုင်ခဲ့တဲ့ အခိုက်အတန့်ဖြစ်ခဲ့ပြီး အဲဒီဖြစ်စဉ်ကို ပြန်ခံစားကြည့်ကြရအောင်။ ဆယ်လ်တာ ဗီဂိုအသင်းဟာ မက်ဆီ ကျိန်းသေပေါက်နီးပါး ကန်သွင်းမယ့်ပုံပေါ်နေတာကြောင့် ဂိုးပေါက်ကို ပိတ်ဆို့ဖို့ ကြိုးပမ်းခဲ့ပြီး ဆွာရက်ဇ်ကတော့ လူကပ်ခံရခြင်းကနေ လွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။

တကယ်တော့ ဆွာရက်ဇ်အနေနဲ့ မက်ဆီ စတန့်ထွင်လိမ့်မယ်ဆိုတာကို ကြိုမသိနိုင်ခဲ့ဘူးဆိုတာကို ပေးပို့မှုကို နှောင့်နှေးတဲ့ တုံ့ပြန်မှုကြောင့် သိနိုင်ပြီး မက်ဆီက ၎င်းရဲ့ ဘောလုံးဉာဏ်ရည်ဟာ နောက်တစ်ဆင့်မြင့်နေတယ်ဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မက်ဆီ လုပ်ဆောင်ခဲ့တဲ့ အစီအစဉ်က လုံးဝကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ပြီး ဂိုးပေါက်ရဲ့ စတုရန်းလက်မတိုင်းကို ကာကွယ်ထားနိုင်ခဲ့ရင်တောင်မှ ၎င်းရဲ့ အလွတ်တည်ကန်ဘောကို တားဆီးလို့ မရနိုင်ဘူးဆိုတာ တကမ္ဘာလုံးကို သတိပေးခဲ့တာဖြစ်ပါတယ်။

မက်ဆီလိုမျိုး ကမ္ဘာ့အကောင်းဆုံး အဆုံးသတ်သူနဲ့ ဂိုးဖန်တီးသူတွေထဲကတစ်ဦးနဲ့သာ ရင်ဆိုင်ရမယ်ဆိုရင် အလွတ်တည်ကန်ဘော ကန်သွင်းဖို့ နေရာယူလိုက်တဲ့အချိန်မှာ သင့်အနေနဲ့ ရှုထောင့်တိုင်းကနေ ပြဿနာဖြစ်လာနိုင်တယ်ဆိုတာ ယုံမှားစရာမရှိပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီယြန္နယ္ မက္ဆီဟာ အားကစားသမိုင္းမွာ ေဘာလုံးဉာဏ္အေကာင္းဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ဘာစီလိုနာဂႏၲဝင္ဟာ ဂိုးသြင္းေကာင္းသူျဖစ္ေပမယ့္ ၎ရဲ့ အရည္အခ်င္းက ကြင္းထဲက ကစားသမားေတြအားလုံးထက္ ေၿခ ၂ လွမ္းေလာက္ ႀကိဳျမင္ထားတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဟာ က်ဥ္းထဲ ၾကပ္ထဲေရာက္ေနတာကို ၾကည့္ေနရတာက သင္တခါမွ မျမင္ဖူးတဲ့အရာကို လုပ္ျပဖို႔ ၎အေနနဲ႔ မိနစ္အနည္းငယ္သာ လိုေတာ့တယ္ဆိုတာကို သိရွိေနရတာက ေပ်ာ္ရႊင္စရာေတြထဲက တစ္ခု ျဖစ္ပါတယ္။ အာဂ်င္တီးနားဂႏၲဝင္ရဲ့ Panenka အလြတ္တည္ကန္ေဘာပဲျဖစ္ျဖစ္ သို႔မဟုတ္ အထင္ကရျဖစ္တဲ့ ဆြာရက္ဇ္ကို ပင္နယ္တီမွာ လူေပးတာပဲျဖစ္ျဖစ္ မက္ဆီဟာ ပရိသတ္ေတြကို ေပ်ာ္ရႊင္မႈေတြ ယူေဆာင္ေပးနိုင္တဲ့ ၎ရဲ့ ထူးျခားတဲ့စြမ္းရည္ကို တကမၻာလုံးက ႏွစ္သက္ၾကတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ပရိသတ္ေတြဟာ ပီအက္စ္ဂ်ီအသင္းမွာ မက္ဆီ ျပန္လည္ပါဝင္ကစားမွာကို ျပင္းျပင္းထန္ထန္ ေမၽွာ္လင့္ေနတာျဖစ္ၿပီး ၎ရဲ့ ယွဥ္ၿပိဳင္လို႔မရနိုင္တဲ့ ေဘာလုံးအိုင္က်ဴကို သက္ေသျပခဲ့တဲ့ မယုံနိုင္ဖြယ္ အမွတ္တရေတြထဲက အခ်ိဳ႕ကို တူးေဖာ္တာကပဲ အဓိပၸာယ္ရွိလိမ့္မယ္လို႔ ယူဆမိပါတယ္။

မက္ဆီရဲ့ ၿပီးခဲ့တဲ့ ၅ ႏွစ္အတြင္း အလြတ္တည္ကန္ေဘာ ကန္သြင္းရာမွာ အေကာင္းဆုံးေတြထဲက တစ္ဦးအျဖစ္ ျမင့္တက္လာျခင္းက ၎ကို ရပ္တန႔္ဖို႔အတြက္ အေသးစိတ္က်တဲ့ နည္းဗ်ဴဟာအခ်ိဳ႕ေၾကာင့္ဆိုတာကို အလြတ္တည္ကန္ေဘာေတြကို ျပန္ၾကည့္ရင္ ေတြ႕နိုင္ပါတယ္။

ႏူးကမ့္မွာ ေနာက္ဆုံးကစားခဲ့တဲ့ရာသီအတြင္း ၿပိဳင္ဘက္အသင္းေတြဟာ မက္ဆီကို အလြတ္တည္ကန္ေဘာကေန ဂိုးသြင္းယူတာကို ကာကြယ္နိုင္ဖို႔အတြက္ ရွိသမၽွလွည့္ကြက္အားလုံးကို အသုံးျပဳဖို႔ ႀကိဳးပမ္းခဲ့ၾကပါတယ္။ လူတံတိုင္းေနာက္မွာ လဲေလ်ာင္းေနတဲ့ ကစားသမားေတြနဲ႔ ပင္နယ္တီဧရိယာထဲကို ျဖတ္တင္ေပးပို႔မႈေတြ ျပဳလုပ္လာခဲ့ရင္ ရွင္းထုတ္ဖို႔ လူပင္လယ္ႀကီး ျဖစ္ေနခဲ့ၿပီး အလြတ္တည္ကန္ေဘာကေန မက္ဆီရဲ့ ဂိုးကန္သြင္းဖို႔ ႀကိဳးပမ္းမႈကို ေခ်ဖ်က္ဖို႔ ကိုယ္စြမ္းဉာဏ္စြမ္းရွိသေလာက္ လုပ္ေဆာင္ခဲ့ၾကတာ ျဖစ္ပါတယ္။

အဲဒီမွာပဲ မက္ဆီရဲ့ မယုံနိုင္ဖြယ္ေကာင္းတဲ့ ေဘာလုံးအိုင္က်ဴကို ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး ဘာစီလိုနာဂႏၲဝင္ဟာ ၂၀၂၀ ခုႏွစ္မွာ အၾကပ္အတည္းေတြကို ဆန္းသစ္တဲ့ အႀကံအဉာဏ္ေတြနဲ႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။ ဆယ္လ္တာ ဗီဂိုနဲ႔ကစားခဲ့တဲ့ လာလီဂါပြဲစဥ္တုန္းက မက္ဆီဟာ အလြတ္တည္ကန္ေဘာကန္သြင္းဖို႔ ေနရာယူထားၿပီး အဲဒီဗီဒီယိုကို ၾကည့္မယ္ဆိုရင္ေတာင္မွ ေဘာလုံးေပးဖို႔ထက္ ကန္သြင္းလိမ့္မယ္ဆိုတဲ့ ခံစားခ်က္ကို ရရွိမွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မက္ဆီက အားလုံးထက္ ၁၀ ကြက္ေလာက္ ကြက္ေက်ာ္ျမင္ခဲ့ၿပီး ၎အေနနဲ႔ ေနာက္ဆုံးစကၠန႔္အထိ တိုက္ရိုက္ကန္သြင္းယူဖို႔ က်ိန္းေသသေလာက္နီးပါးပုံေပၚေနေပမယ့္လည္း အံ့အားသင့္ဖြယ္ ျဖတ္တင္ေပးပို႔မႈနဲ႔ လူးဝစၥ ဆြာရက္ဇ္ ေခါင္းတိုက္ဂိုးသြင္းယူနိုင္ေအာင္ ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။

အားလုံးကို ျခဳံေျပာရမယ္ဆိုရင္ မက္ဆီဟာ ေနာက္ထပ္တစ္ႀကိမ္ ၎ကို အလြတ္တည္ကန္ေဘာ ကန္သြင္းမႈကို ရပ္တန႔္နိုင္ေအာင္ ႀကိဳးပမ္းခဲ့တဲ့သူေတြကို ဉာဏ္ေကာင္းေကာင္းနဲ႔ လွည့္စားနိုင္ခဲ့တဲ့ အခိုက္အတန႔္ျဖစ္ခဲ့ၿပီး အဲဒီျဖစ္စဥ္ကို ျပန္ခံစားၾကည့္ၾကရေအာင္။ ဆယ္လ္တာ ဗီဂိုအသင္းဟာ မက္ဆီ က်ိန္းေသေပါက္နီးပါး ကန္သြင္းမယ့္ပုံေပၚေနတာေၾကာင့္ ဂိုးေပါက္ကို ပိတ္ဆို႔ဖို႔ ႀကိဳးပမ္းခဲ့ၿပီး ဆြာရက္ဇ္ကေတာ့ လူကပ္ခံရျခင္းကေန လြတ္ေျမာက္သြားခဲ့တာျဖစ္ပါတယ္။

တကယ္ေတာ့ ဆြာရက္ဇ္အေနနဲ႔ မက္ဆီ စတန႔္ထြင္လိမ့္မယ္ဆိုတာကို ႀကိဳမသိနိုင္ခဲ့ဘူးဆိုတာကို ေပးပို႔မႈကို ေႏွာင့္ေႏွးတဲ့ တုံ႔ျပန္မႈေၾကာင့္ သိနိုင္ၿပီး မက္ဆီက ၎ရဲ့ ေဘာလုံးဉာဏ္ရည္ဟာ ေနာက္တစ္ဆင့္ျမင့္ေနတယ္ဆိုတာကို ျပသခဲ့တာျဖစ္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ မက္ဆီ လုပ္ေဆာင္ခဲ့တဲ့ အစီအစဥ္က လုံးဝေကာင္းမြန္တဲ့ လုပ္ရပ္ျဖစ္ၿပီး ဂိုးေပါက္ရဲ့ စတုရန္းလက္မတိုင္းကို ကာကြယ္ထားနိုင္ခဲ့ရင္ေတာင္မွ ၎ရဲ့ အလြတ္တည္ကန္ေဘာကို တားဆီးလို႔ မရနိုင္ဘူးဆိုတာ တကမၻာလုံးကို သတိေပးခဲ့တာျဖစ္ပါတယ္။

မက္ဆီလိုမ်ိဳး ကမၻာ့အေကာင္းဆုံး အဆုံးသတ္သူနဲ႔ ဂိုးဖန္တီးသူေတြထဲကတစ္ဦးနဲ႔သာ ရင္ဆိုင္ရမယ္ဆိုရင္ အလြတ္တည္ကန္ေဘာ ကန္သြင္းဖို႔ ေနရာယူလိုက္တဲ့အခ်ိန္မွာ သင့္အေနနဲ႔ ရႈေထာင့္တိုင္းကေန ျပႆနာျဖစ္လာနိုင္တယ္ဆိုတာ ယုံမွားစရာမရွိပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.