Ligue1 Transfer News

အမ်ဘာပေရဲ့နေရာမှာ အစားထိုးဖို့ ယူနိုက်တက်ကြယ်ပွင့်ကို ဆက်သွယ်ခဲ့တဲ့ ပီအက်စ်ဂျီ

ပြင်သစ်လိဂန်းထိပ်သီးအသင်းကြီးဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ လာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်ခြေနဲ့ပတ်သက်ပြီး အဆက်အသွယ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အက်ဒရီယန် ဂေါညီနဲ့ အက်ဘ်ဒယ်လာ ဘိုးလ်မာတို့ရဲ့ ပြောကြားချက်အရ ပီအက်စ်ဂျီဟာ လာမယ့် နွေရာသီမှာ ခီလီယန် အမ်ဘာပေ ထွက်ခွာနိုင်ခြေရှိတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ပဲရစ်မှာ ဆက်ရှိနေဖို့အတွက် စာချုပ်သက်တမ်းတိုးနိုင်မယ့် အခွင့်အရေးကို လက်ရှိအချိန်အထိ ငြင်းပယ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ခီလီယန် အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ ဆက်နေပြီး လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်း ခံနေရသူဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ၂၀၁၅-၂၀၁၆ ရာသီအတွင်း အသက် ၁၈ နှစ်အရွယ်နဲ့တင် မန်ချက်စတာယူနိုက်တက် ပထမအသင်းမှာ ပါဝင်ကစားခွင့် ရရှိခဲ့သူဖြစ်ပြီး ပွဲဦးထွက်ရာသီမှာ အသင်းအတွက် ၁၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၈ ဂိုး သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အိုးထရက်ဖို့ဒ်မှာ ဆက်လက် တိုးတက်လာနေခဲ့တာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ရာသီမှာ ပြိုင်ပွဲစုံ ၄၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၂ ဂိုးအထိ သွင်းယူပြီး အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၅၇ ပွဲမှာ သွင်းဂိုး ၂၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး အသင်းကို အမှတ်ပေးဇယားဒုတိယနေရာမှာ ရာသီပြီးဆုံးနိုင်အောင် ကူညီပေးနိုင်ခဲ့သလို ယူရိုပါလိဂ်ဗိုလ်လုပွဲကိုလည်း ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ၂၀၂၁-၂၀၂၂ ရာသီအစ ၂ လကို ပုခုံးဒဏ်ရာ ခွဲစိတ်ကုသမှုခံယူခဲ့တာကြောင့် လွဲချော်ခဲ့တာဖြစ်ပြီး အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးခဲ့တဲ့အချိန်ကတည်းက အရင်ခြေစွမ်းအတိုင်း ပြန်လည်ရရှိဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိနေတဲ့ လက္ခဏာမျိုး ပြသခဲ့ပြီး လွန်ခဲ့တဲ့ ၁ ပတ်က ဘရန့်တ်ဖို့ဒ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တတိယဂိုး၊ အက်စတန် ဗီလာကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ လာမယ့် ၂၀၂၃ ခုနှစ်နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးဟာ နေမာ၊ လီယွန်နယ် မက်ဆီတို့လို ကစားသမားမျိုးတွေနဲ့ အတူတူ တွဲကစားခွင့် ရရှိနိုင်မှာဖြစ်တာကြောင့် ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ျပင္သစ္လိဂန္းထိပ္သီးအသင္းႀကီးျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္းဟာ လာမယ့္ေႏြရာသီမွာ မန္ခ်က္စတာယူနိုက္တက္ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို ေခၚယူနိုင္ေျခနဲ႔ပတ္သက္ၿပီး အဆက္အသြယ္ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

အက္ဒရီယန္ ေဂါညီနဲ႔ အက္ဘ္ဒယ္လာ ဘိုးလ္မာတို႔ရဲ့ ေျပာၾကားခ်က္အရ ပီအက္စ္ဂ်ီဟာ လာမယ့္ ေႏြရာသီမွာ ခီလီယန္ အမ္ဘာေပ ထြက္ခြာနိုင္ေျခရွိတဲ့အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ျပင္သစ္တိုက္စစ္မႉးရဲ့ လက္ရွိစာခ်ဳပ္သက္တမ္းဟာ ယခုရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ပဲရစ္မွာ ဆက္ရွိေနဖို႔အတြက္ စာခ်ဳပ္သက္တမ္းတိုးနိုင္မယ့္ အခြင့္အေရးကို လက္ရွိအခ်ိန္အထိ ျငင္းပယ္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

ခီလီယန္ အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိ ဆက္ေနၿပီး လာမယ့္ ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕လိမ့္မယ္လို႔ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္း ခံေနရသူျဖစ္ပါတယ္။ ဒါေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ အမ္ဘာေပရဲ့ ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ မန္ခ်က္စတာယူနိုက္တက္ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို ေခၚယူဖို႔အတြက္ ႀကိဳးပမ္းသြားဖြယ္ရွိေနတာျဖစ္ပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ၂၀၁၅-၂၀၁၆ ရာသီအတြင္း အသက္ ၁၈ ႏွစ္အရြယ္နဲ႔တင္ မန္ခ်က္စတာယူနိုက္တက္ ပထမအသင္းမွာ ပါဝင္ကစားခြင့္ ရရွိခဲ့သူျဖစ္ၿပီး ပြဲဦးထြက္ရာသီမွာ အသင္းအတြက္ ၁၈ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၈ ဂိုး သြင္းယူေပးခဲ့သူျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ အိုးထရက္ဖို႔ဒ္မွာ ဆက္လက္ တိုးတက္လာေနခဲ့တာျဖစ္ၿပီး ၂၀၁၉-၂၀၂၀ ရာသီမွာ ၿပိဳင္ပြဲစုံ ၄၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၂၂ ဂိုးအထိ သြင္းယူၿပီး အလြန္ေကာင္းမြန္တဲ့ရာသီကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ အသက္ ၂၄ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၅၇ ပြဲမွာ သြင္းဂိုး ၂၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၅ ႀကိမ္ ျပဳလုပ္နိုင္ခဲ့တာျဖစ္ၿပီး အသင္းကို အမွတ္ေပးဇယားဒုတိယေနရာမွာ ရာသီၿပီးဆုံးနိုင္ေအာင္ ကူညီေပးနိုင္ခဲ့သလို ယူရိုပါလိဂ္ဗိုလ္လုပြဲကိုလည္း ပို႔ေဆာင္ေပးနိုင္ခဲ့တာျဖစ္ပါတယ္။

အဂၤလန္လက္ေရြးစင္တိုက္စစ္မႉးဟာ ၂၀၂၁-၂၀၂၂ ရာသီအစ ၂ လကို ပုခုံးဒဏ္ရာ ခြဲစိတ္ကုသမႈခံယူခဲ့တာေၾကာင့္ လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး အသင္းအတြက္ ျပန္လည္ပါဝင္ကစားေပးခဲ့တဲ့အခ်ိန္ကတည္းက အရင္ေျခစြမ္းအတိုင္း ျပန္လည္ရရွိဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရက္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ပုံမွန္ေျခစြမ္း ျပန္လည္ရရွိေနတဲ့ လကၡဏာမ်ိဳး ျပသခဲ့ၿပီး လြန္ခဲ့တဲ့ ၁ ပတ္က ဘရန႔္တ္ဖို႔ဒ္ကို ၃-၁ နဲ႔ အနိုင္ရခဲ့တဲ့ပြဲစဥ္မွာ တတိယဂိုး၊ အက္စတန္ ဗီလာကို ၁-၀ နဲ႔ အနိုင္ရခဲ့တဲ့ပြဲစဥ္မွာ ေနာက္က်အနိုင္ဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ့ မန္ခ်က္စတာယူနိုက္တက္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းဟာ လာမယ့္ ၂၀၂၃ ခုႏွစ္ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး အဂၤလန္တိုက္စစ္မႉးဟာ ေနမာ၊ လီယြန္နယ္ မက္ဆီတို႔လို ကစားသမားမ်ိဳးေတြနဲ႔ အတူတူ တြဲကစားခြင့္ ရရွိနိုင္မွာျဖစ္တာေၾကာင့္ ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕ဖြယ္ရွိတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.