Analysis Premier League Transfer News

အာဆင်နယ်-ဂျူဗီ ချစ်ကြည်ရေးလုပ်နိုင်မှုမှာ ဂန်းနားတိုက်စစ် ဘယ်လိုပြောင်းလဲမလဲ

အာဆင်နယ်အသင်းရဲ့ ကစားသမားနဲ့ကလွဲရင် အားလုံးသဘောတူညီမှုရထားခဲ့တဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ချ်ကို နောက်ကနေ ဖြတ်ခုတ်သွားခဲ့မှုအတွက် ဂျူဗင်တပ်စ်အသင်းအနေနဲ့ မြောက်လန်ဒန်အသင်းနဲ့ စိုသောလက် မခြောက်ရအောင် ချစ်ကြည်ရေးလုပ်ဖို့ ဖြစ်နိုင်ပြီး နှစ်ဦးနှစ်ဖက် အလိုရှိနေတဲ့ ကစားသမားတွေကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်လာနိုင်ပါတယ်။

အသင်းကနေ ထွက်ခွာပြီး ဥရောပအသင်းကြီးတစ်သင်းမှာ လုပ်ပြချင်နေသေးတဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းနဲ့ ထိပ်တန်းကစားသမားတွေရဲ့ နေချိုချိန်(နေဝင်ချိန် မဟုတ်သေးဘဲ အပူရှိန် လျော့လာချိန်)မှာ ရွေးချယ်ဖို့ စီးရီးအေဟာ အကောင်းဆုံးတစ်နေရာဖြစ်ပြီး ဒါကို စွန့်စားခန်းသစ်တွေ ရှာဖွေချင်နေတဲ့ တစ်ဖက်က ဒေယန် ကူလူရှက်ဗ်စကီးရဲ့ နားပူမှုနဲ့ တစ်ခုခုတော့ မြင်ရနိုင်တာပါ။

အာဆင်နယ်တို့အနေနဲ့ ကူလူရှက်ဗ်စကီးကို ခေါ်ယူနိုင်ဖို့က ဘုရားပေးတဲ့ အခွင့်အရေးနဲ့ ကံကောင်းမှုလည်းဖြစ်နိုင်ပြီး ကွင်းလယ်နဲ့ တိုက်စစ်မှာ နေရာစုံကစားနိုင်တဲ့ မက်ဆီဒိုးနီးယားနွယ်ဖွား ဆွီဒင်သားကို ဂျူဗီတို့ ဗလာဟိုဗစ်ချ်ကို ခေါ်ယူရာမှာ အသုံးချဖို့ ကြိုးစားခဲ့ပေမယ့် ဖီရင်ဇာ(ဖလော့ရင့်စ်) ကလပ်ဘက် ငွေသားသက်သက်လိုချင်တယ်ဆိုလို့ သုံးနှစ်အရစ်ကျ ဘောနပ်စ်တွေနဲ့ပဲ စာချုပ်ခဲ့ရတာဖြစ်ပါတယ်။

အမ်းမရိတ်မှာ နေရာမရှိတော့ဘဲ ဟင်ဆိုရင် ကရင်ထက်ဆိုးတဲ့ နည်းပြ မီခယ်လ် အာတီတာနဲ့တော့ ဂါဘွန်သားအနေနဲ့ သူ့ကို တရားဝင် ကမ်းလှမ်းလိုက်တဲ့ တူရင်ကလပ်ဆီ သွားရောက်ဖို့ နီးစပ်နေပြီး ဘာမှန်းမသိတဲ့ ဘာစီလိုနာထက်စာရင် အိုးလ်လေဒီတွေက ရွေးချယ်မှုကောင်းဖြစ်သလို မက်ဆီမီလီယာနို အယ်လီဂရီကတော့ အဲလ်ဗာရို မိုရာတာကို နူးကမ့်ဆီ ကြွခိုင်းဖို့ ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒီလို သုံးပွင့်ဆိုင်အနေအထားမှာ အာဆင်နယ်တို့ ကူလူရှက်ဗ်စကီးကို ခြောက်လအငှားနဲ့ ပြန်လည်ရရှိဖို့ နီးစပ်နေပြီး နည်းပြအတွက်တော့ ပြောင်းလဲပြင်ဆင်မှုတွေ များလာမှာဖြစ်သလို ကလေးတွေချည်း ပွဲပန်းလှပြီဖြစ်တဲ့ အသင်းအတွက် ဘူကာယို ဆာကာနဲ့ အီမီးလ် စမစ်ရိုးတို့ သက်ပြင်းချနိုင်လိမ့်မယ်လို့လည်း ယူဆနေကြတာပါ။

ကူလူရှက်ဗ်စကီး ရောက်လာခဲ့ရင်တော့ ကွင်းလယ်နဲ့ တောင်ပံတိုက်စစ်တွေမှာ အဓိက ကစားနိုင်တာကြောင့် ဘယ်တောင်ပံကို စမစ်ရိုး၊ ပေပေနဲ့ အလှည့်ကျ နေရာယူဖွယ်ရှိနေသလို တောင်ပံမှာ တစ်ယောက်တည်း လျှောက်ပြေးလွန်းလို့ အဆဲခံနေရတဲ့ ဂါဘရီယယ်လ် မာတီနယ်လီကတော့ ဟိုတစ်ချိန် အူဘာမီယန်း သုံးပွဲပယ်ခံရတုန်းကလို တိုက်စစ်မြားဦးဆီ ကြွမြန်းဖွယ်ရှိနေပြီး အလက်ဇန်းဒါး လာကာဇက်ရဲ့ ချိတ်ဆက်မှုတွေနဲ့ ပိုမိုထိရောက်လာနိုင်ဖို့ ရှိနေပါတယ်။

အာတီတာအနေနဲ့ သူ့ရဲ့ ကစားသမားတွေထဲက သောမတ်စ် ပါတေးနဲ့ ဂရာနစ် ချာကာတို့ကိုတော့ လာမယ့်ပွဲတွေမှာ ပြန်လည်ရရှိနိုင်ပြီဖြစ်လို့ စိတ်အေးနေနိုင်ပေမယ့် တကယ်တမ်းမှာတော့ အဝါ၊ အနီရှာဖို့ ချောင်းနေတဲ့ ဂါနာ-ဆွစ်အတွဲအတွက် ဒေါင်ဒေါင်မြည် အရန်ရှိဖို့ လိုအပ်နေသလို ဒီနေရာ အတွက်တော့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်နဲ့ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်တို့ကို ခေါ်ယူနိုင်မလားတော့ စောင့်ကြည့်ရမှာပါ။

တိုက်စစ်မှာ အက်ဒီ နကီးတီးယားကို နယူးကာဆယ်လ်ဆီ ရောင်းဖို့ နီးစပ်နေသလို ခံစစ်မှာလည်း ၈ နှစ်လောက် ကစားလာခဲ့တဲ့ နောက်ခံလူ ကယ်လမ် ချိမ်းဘားစ်ကို ရောင်းထုတ်ထားခဲ့တာအတွက် ဒီနေရာတွေကို ကျားကန်ဖို့ ဘယ်လိုစီမံသွားမလဲတော့ စောင့်ကြည့်ရမှာဖြစ်သလို ဆီးဒရစ်နဲ့ ဖြစ်ပါ့မလားတော့ ပရိသတ်တွေ စိုးရိမ်နေကြပါတယ်။

အမြဲတမ်း Transfers Window ရဲ့ အချိန်တွေကို ဖြုန်းတီးလေ့ရှိပြီး အပြောင်းအရွှေ့ပိတ်ခါနီးမှ အရပ်ကူပါ လူဝိုင်းပါနဲ့ Panic Buy တွေ လုပ်တတ်တဲ့ အာဆင်နယ်တို့အတွက် လက်ကျန်ရက်ပိုင်းတွေကတော့ စိတ်လှုပ်ရှား ရင်ခုန်စရာဖြစ်နေခဲ့ပြီး ပရိသတ်တွေကလည်း ရင်တမမနဲ့ ဝမ်းနည်းရမလား ဝမ်းသာရမလားဖြစ်နေကြပြီမို့ ချန်ပီယံလိဂ်ဝင်ခွင့်ကို မပေးဆပ်ရခင် အာတီတာနဲ့ အီဒူးတို့အဖွဲ့ ဘာတွေ ဖြစ်လာမလဲဆိုကိုတော့ လက်ကျန်ရက်မှာ မျက်စိဖွင့် နားစွင့်ထားရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ ကစားသမားနဲ႔ကလြဲရင္ အားလုံးသေဘာတူညီမႈရထားခဲ့တဲ့ ဖီအိုရင္တီးနားတိုက္စစ္မႉး ဒူရွန္ ဗလာဟိုဗစ္ခ်္ကို ေနာက္ကေန ျဖတ္ခုတ္သြားခဲ့မႈအတြက္ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ေျမာက္လန္ဒန္အသင္းနဲ႔ စိုေသာလက္ မေျခာက္ရေအာင္ ခ်စ္ၾကည္ေရးလုပ္ဖို႔ ျဖစ္ႏိုင္ၿပီး ႏွစ္ဦးႏွစ္ဖက္ အလိုရွိေနတဲ့ ကစားသမားေတြေၾကာင့္ အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္လာႏိုင္ပါတယ္။

အသင္းကေန ထြက္ခြာၿပီး ဥေရာပအသင္းႀကီးတစ္သင္းမွာ လုပ္ျပခ်င္ေနေသးတဲ့ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းနဲ႔ ထိပ္တန္းကစားသမားေတြရဲ႕ ေနခ်ိဳခ်ိန္(ေနဝင္ခ်ိန္ မဟုတ္ေသးဘဲ အပူရွိန္ ေလ်ာ့လာခ်ိန္)မွာ ေ႐ြးခ်ယ္ဖို႔ စီးရီးေအဟာ အေကာင္းဆုံးတစ္ေနရာျဖစ္ၿပီး ဒါကို စြန႔္စားခန္းသစ္ေတြ ရွာေဖြခ်င္ေနတဲ့ တစ္ဖက္က ေဒယန္ ကူလူရွက္ဗ္စကီးရဲ႕ နားပူမႈနဲ႔ တစ္ခုခုေတာ့ ျမင္ရႏိုင္တာပါ။

အာဆင္နယ္တို႔အေနနဲ႔ ကူလူရွက္ဗ္စကီးကို ေခၚယူႏိုင္ဖို႔က ဘုရားေပးတဲ့ အခြင့္အေရးနဲ႔ ကံေကာင္းမႈလည္းျဖစ္ႏိုင္ၿပီး ကြင္းလယ္နဲ႔ တိုက္စစ္မွာ ေနရာစုံကစားႏိုင္တဲ့ မက္ဆီဒိုးနီးယားႏြယ္ဖြား ဆြီဒင္သားကို ဂ်ဴဗီတို႔ ဗလာဟိုဗစ္ခ်္ကို ေခၚယူရာမွာ အသုံးခ်ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဖီရင္ဇာ(ဖေလာ့ရင့္စ္) ကလပ္ဘက္ ေငြသားသက္သက္လိုခ်င္တယ္ဆိုလို႔ သုံးႏွစ္အရစ္က် ေဘာနပ္စ္ေတြနဲ႔ပဲ စာခ်ဳပ္ခဲ့ရတာျဖစ္ပါတယ္။

အမ္းမရိတ္မွာ ေနရာမရွိေတာ့ဘဲ ဟင္ဆိုရင္ ကရင္ထက္ဆိုးတဲ့ နည္းျပ မီခယ္လ္ အာတီတာနဲ႔ေတာ့ ဂါဘြန္သားအေနနဲ႔ သူ႔ကို တရားဝင္ ကမ္းလွမ္းလိုက္တဲ့ တူရင္ကလပ္ဆီ သြားေရာက္ဖို႔ နီးစပ္ေနၿပီး ဘာမွန္းမသိတဲ့ ဘာစီလိုနာထက္စာရင္ အိုးလ္ေလဒီေတြက ေ႐ြးခ်ယ္မႈေကာင္းျဖစ္သလို မက္ဆီမီလီယာႏို အယ္လီဂရီကေတာ့ အဲလ္ဗာ႐ို မိုရာတာကို ႏူးကမ့္ဆီ ႂကြခိုင္းဖို႔ ရွိေနတယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

ဒီလို သုံးပြင့္ဆိုင္အေနအထားမွာ အာဆင္နယ္တို႔ ကူလူရွက္ဗ္စကီးကို ေျခာက္လအငွားနဲ႔ ျပန္လည္ရရွိဖို႔ နီးစပ္ေနၿပီး နည္းျပအတြက္ေတာ့ ေျပာင္းလဲျပင္ဆင္မႈေတြ မ်ားလာမွာျဖစ္သလို ကေလးေတြခ်ည္း ပြဲပန္းလွၿပီျဖစ္တဲ့ အသင္းအတြက္ ဘူကာယို ဆာကာနဲ႔ အီမီးလ္ စမစ္႐ိုးတို႔ သက္ျပင္းခ်ႏိုင္လိမ့္မယ္လို႔လည္း ယူဆေနၾကတာပါ။

ကူလူရွက္ဗ္စကီး ေရာက္လာခဲ့ရင္ေတာ့ ကြင္းလယ္နဲ႔ ေတာင္ပံတိုက္စစ္ေတြမွာ အဓိက ကစားႏိုင္တာေၾကာင့္ ဘယ္ေတာင္ပံကို စမစ္႐ိုး၊ ေပေပနဲ႔ အလွည့္က် ေနရာယူဖြယ္ရွိေနသလို ေတာင္ပံမွာ တစ္ေယာက္တည္း ေလွ်ာက္ေျပးလြန္းလို႔ အဆဲခံေနရတဲ့ ဂါဘရီယယ္လ္ မာတီနယ္လီကေတာ့ ဟိုတစ္ခ်ိန္ အူဘာမီယန္း သုံးပြဲပယ္ခံရတုန္းကလို တိုက္စစ္ျမားဦးဆီ ႂကြျမန္းဖြယ္ရွိေနၿပီး အလက္ဇန္းဒါး လာကာဇက္ရဲ႕ ခ်ိတ္ဆက္မႈေတြနဲ႔ ပိုမိုထိေရာက္လာႏိုင္ဖို႔ ရွိေနပါတယ္။

အာတီတာအေနနဲ႔ သူ႔ရဲ႕ ကစားသမားေတြထဲက ေသာမတ္စ္ ပါေတးနဲ႔ ဂရာနစ္ ခ်ာကာတို႔ကိုေတာ့ လာမယ့္ပြဲေတြမွာ ျပန္လည္ရရွိႏိုင္ၿပီျဖစ္လို႔ စိတ္ေအးေနႏိုင္ေပမယ့္ တကယ္တမ္းမွာေတာ့ အဝါ၊ အနီရွာဖို႔ ေခ်ာင္းေနတဲ့ ဂါနာ-ဆြစ္အတြဲအတြက္ ေဒါင္ေဒါင္ျမည္ အရန္ရွိဖို႔ လိုအပ္ေနသလို ဒီေနရာ အတြက္ေတာ့ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္နဲ႔ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္တို႔ကို ေခၚယူႏိုင္မလားေတာ့ ေစာင့္ၾကည့္ရမွာပါ။

တိုက္စစ္မွာ အက္ဒီ နကီးတီးယားကို နယူးကာဆယ္လ္ဆီ ေရာင္းဖို႔ နီးစပ္ေနသလို ခံစစ္မွာလည္း ၈ ႏွစ္ေလာက္ ကစားလာခဲ့တဲ့ ေနာက္ခံလူ ကယ္လမ္ ခ်ိမ္းဘားစ္ကို ေရာင္းထုတ္ထားခဲ့တာအတြက္ ဒီေနရာေတြကို က်ားကန္ဖို႔ ဘယ္လိုစီမံသြားမလဲေတာ့ ေစာင့္ၾကည့္ရမွာျဖစ္သလို ဆီးဒရစ္နဲ႔ ျဖစ္ပါ့မလားေတာ့ ပရိသတ္ေတြ စိုးရိမ္ေနၾကပါတယ္။

အၿမဲတမ္း Transfers Window ရဲ႕ အခ်ိန္ေတြကို ျဖဳန္းတီးေလ့ရွိၿပီး အေျပာင္းအေ႐ႊ႕ပိတ္ခါနီးမွ အရပ္ကူပါ လူဝိုင္းပါနဲ႔ Panic Buy ေတြ လုပ္တတ္တဲ့ အာဆင္နယ္တို႔အတြက္ လက္က်န္ရက္ပိုင္းေတြကေတာ့ စိတ္လႈပ္ရွား ရင္ခုန္စရာျဖစ္ေနခဲ့ၿပီး ပရိသတ္ေတြကလည္း ရင္တမမနဲ႔ ဝမ္းနည္းရမလား ဝမ္းသာရမလားျဖစ္ေနၾကၿပီမို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို မေပးဆပ္ရခင္ အာတီတာနဲ႔ အီဒူးတို႔အဖြဲ႕ ဘာေတြ ျဖစ္လာမလဲဆိုကိုေတာ့ လက္က်န္ရက္မွာ မ်က္စိဖြင့္ နားစြင့္ထားရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.