Premier League Transfer News

ကွန်တေရဲ့နေရာမှာ အရန်သင့်သုံးနိုင်တဲ့ ကစားသမားကို ခေါ်ယူဖို့ စဉ်းစားနေတဲ့ ချဲလ်ဆီး

ခရစ္စတယ် ပဲလေ့စ်အသင်းကို အငှားနဲ့ သွားရောက်ကစားနေတဲ့ ကော်နာ ဂယ်လေဂါဟာ လာမယ့်ရာသီ ချဲလ်ဆီးအသင်းလူစာရင်းထဲကို ပြန်လည်ရောက်ရှိလာဖွယ်ရှိနေပြီး အထူးသဖြင့် ကွန်တေရဲ့နေရာမှာ အရန်သင့်အသုံးပြုဖို့ဖြစ်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ကို အားပေးထောက်ခံဖို့အတွက် ဂယ်လေဂါကို ပြန်လည်ခေါ်ယူသွားဖို့ အလေးအနက်စဉ်းစားနေတယ်လို့ Evening Standard က ဖော်ပြခဲ့တာဖြစ်ပါတယ်။ အရင်တုန်းက ကွန်တေဟာ ကစားသမား ၂ ဦးလောက်အထိ တစ်ယောက်တည်းနဲ့ ထိန်းထားနိုင်ခဲ့ပြီး ၎င်းရဲ့ ပြိုင်ဘက်ကစားသမားတွေကို တစ်ကွင်းလုံး ပြေးလွှားပြီး ထိန်းချုပ်ထားနိုင်တဲ့ အရည်အချင်းကြောင့် မကြာခဏ အသင်းဖော်တွေဟာ ပေါ့ပေါ့ပါးပါးသာ ကစားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကွန်တေဟာ အသက်အရွယ် ရလာပြီဖြစ်ပြီး မကြာခဏ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်လာရတာကြောင့် တစ်ခါတုန်းက အဆုတ် ၂ ခုနဲ့လူသားလို့ ချီးကျူးခဲ့ရတဲ့ သက်လုံမျိုး မရှိတော့တာဖြစ်ပါတယ်။ အဲဒါဟာ ဒဏ်ရာပြဿနာတွေကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပြီး ကွန်တေရဲ့အဓိက စွမး်ရည်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်မှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ချဲလ်ဆီးအသင်းဟာ ကွန်တေရဲ့နေရာမှာ ကာလရှည်အစားထိုးနိုင်ခြေရှိတဲ့ သို့မဟုတ် သင့်တော်တဲ့ အရန်သင့်အသုံးပြုနိုင်မယ့် ကစားသမားမျိုး ရှာဖွေဖို့ ဆန္ဒရှိလာတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကွန်တေရဲ့နေရာမှာ အစားထိုးနိုင်ခြေရှိတဲ့ကစားသမားကတော့ အော်ရယ်လီယန် ချွေမီနီဖြစ်ပြီး ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေက အချိန်အတော်ကြာ စောင့်ကြည့်ေ်နခဲ့တဲ့ မိုနာကို ကွင်းလယ်ကြယ်ပွင့်ကစားသမားဖြစ်ပါတယ်။

ချွေမီနီဟာ ကွင်းလယ်ခံစစ်မှာ အလွန်အမင်း ကောင်းမွန်စွာ ကစားနိုင်ပြီး ၎င်းရဲ့ ဘောလုံးစံပြပုဂ္ဂိုလ်တွေထဲက တစ်ဦးဟာ ကွန်တေဖြစ်တယ်လို့တောင် ဝန်ခံ ပြောကြားခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ မိုနာကိုကြယ်ပွင့်ကို ဥရောပထိပ်သီးအသင်းကြီးအများအပြားက အလိုရှိနေကြတာကြောင့် အနာဂတ်မှာ ချဲလ်ဆီးအသင်းအနေနဲ့ ချွေမီနီကို ခေါ်ယူနိုင်မယ်ဆိုတဲ့ အာမခံချက် မရှိဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

လက်ရှိ ခရစ္စတယ်ပဲလေ့စ်မှာ အငှားနဲ့ ထွက်ကစားနေတဲ့ ကော့ဘ်ဟမ် အကယ်ဒမီထွက် ကော်နာ ဂယ်လေဂါဟာ ယခုရာသီကုန်တာနဲ့ ပြန်လည်ခေါ်ယူနိုင်ဖို့ တော်တော်လေး လွယ်ကူတဲ့ ကစားသမားဖြစ်ပါတယ်။ ပဲလေ့စ်နဲ့ အခြားပရီးမီးယားလိဂ်ကလပ်အသင်းတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောစရာရှိကောင်း ရှိနိုင်ပေမယ့် ချဲလ်ဆီးအသင်းကသာ ပြန်ခေါ်လိုက်မယ်ဆိုရင် ဒီငြင်းခုံစရာတွေက အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။

ကော်နာ ဂယ်လေဂါဟာ ယခုရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ပြသနေတဲ့ ကစားသမားဖြစ်ပြီး လုပ်အားနှုန်းကလည်း သူမတူအောင် ထူးခြားတာကြောင့် လော့ဖ်တက်စ်-ချိခ်ထက် ပိုပြီး ပွဲထွက်ကစားခွင့် ရကောင်းရနိုင်တယ်လို့ ချဲလ်ဆီးဂိုးသမားဟောင်း ရှဝါဇာက ထောက်ခံပြောကြားခြင်းခံခဲ့ရသူဖြစ်ပါတယ်။

လော့ဖ်တပ်စ်-ချိခ်ဟာ ဂယ်လေဂါ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြန်လာခဲ့မယ်ဆိုရင် ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်ရမယ့်ကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့် လက်ရှိ ခြေစွမ်းပေါ်မူတည်ပြီး ဆုံးဖြတ်ရရင် ကစားသမား တစ်ဦးတည်းကသာ အနိုင်ရရှိနိုင်မှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းမှာ အခြေမကျဖြစ်နေတဲ့ အူ့စ်မန် ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ၎င်းရဲ့အေးဂျင့်ဟာ လန်ဒန်ကို ရောက်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ဒမ်ဘီလီဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ့မွန်ကနေ ပေါင် ၁၃၅ သန်းနဲ့ ပြောင်းရွှေ့ပြီးနောက်ပိုင်း ပေးရတဲ့စျေးနဲ့တန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိသူဖြစ်ပြီး ပြင်သစ်တောင်ပံကစားသမားဟာ ဘာစီလိုနာမှာရှိနေခဲ့တဲ့ကာလအတွင်း ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက် ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ ၅ ရာသီစလုံးမှာ လာလီဂါ ၈၇ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်းကလည်း ၆ လသာ ကျန်တော့တဲ့အချိန်မှာ ကတ်တလန်အသင်းကြီးနဲ့ စာချုပ်သစ်ကိစ္စ သဘောတူညီမှု မရရှိခဲ့တဲ့နောက် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ အလုပ်အမှုဆောင်အရာရှိချုပ် အလာမန်က ပြီးခဲ့တဲ့အပတ်မှာ ဒမ်ဘီလီအနေနဲ့ မကြာမီအချိန်အတွင်း စာချုပ်ချုပ်ဆိုဖို့ သဘောတူညီခြင်းမရှိဘူးဆိုရင် ရောင်းထုတ်ခံရလိမ့်မယ်လို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒမ်ဘီလီက ဘာစီလိုနာနဲ့ ရှေ့ဆက်မသွားချင်ဘူးဆိုတာ ရှင်းပါတယ်။ သူ ကျွန်တော်တို့ရဲ့စီမံကိန်းမှာ တစ်စိတ်တပိုင်းအဖြစ် မပါဝင်ချင်ဘူး။ ကျွန်တော်တို့ ဒမ်ဘီလီကို ချက်ချင်း ထွက်ခွာရမယ်လို့ ပြောခဲ့ပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့မတိုင်မီ သူ့ကို ရောင်းထုတ်ဖို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒီအခြေအနေဟာ ဥရောပတလွှားက ထိပ်တန်းကလပ်အသင်းတွေအများအပြားအတွက် အချက်ပေးသံဖြစ်လာခဲ့ပြီး ချဲလ်ဆီးအသင်းကလည်း ပြင်သစ်လက်ရွေးစင်တောင်ပံကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ပြသခဲ့တဲ့ အသင်းတွေထဲမှာ အပါအဝင်ဖြစ်တယ်လို့ Football London က ဖော်ပြခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒမ်ဘီလီနဲ့ ညှိနှိုင်းနေပြီး သဘောတူညီမှုတောင် ရပြီးတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ စပိန်ဂျာနယ်လစ် အယ်လ်ဖရက်ဒို မာတီနက်ဇ် ပြောကြားခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

“အရာအားလုံးက ချဲလ်ဆီးအသင်းက ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ကလပ်အသင်းဖြစ်ပြီး သူတို့တွေ ဒမ်ဘီလီနဲ့ တစ်စုံတရာကို သဘောတူညီမှုတောင် ရရှိပြီးတာဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာကို ညွှန်ပြနေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒမ်ဘီလီအနေနဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့နိုင်ခြေရှိတယ်ဆိုတဲ့ ကောလာဟလတွေကို ပိုပြီးတော့ သေချာစေတဲ့အနေနဲ့ Barca Times ရဲ့အယ်ဒီတာချုပ် ရှေး လူဂတ်စီကလည်း ဘာစီလိုနာတောင်ပံကစားသမားရဲ့အေးဂျင့်ဟာ လန်ဒန်ကို အရေးကြီီးတဲ့အစည်းအဝေးအတွက် ရောက်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

လာမယ့်ရက်ပိုင်းအတွင်းမှာ ဘာတွေ ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့ပြီး ချဲလ်ဆီးနည်းပြ တူဟယ်ဟာ ဒေါ့မွန်မှာတုန်းက ဒမ်ဘီလီနဲ့ အလုပ်တွဲလုပ်ဖူးတာကြောင့် ပြင်သစ်တောင်ပံကစားသမားအကြောင်း ကောင်းကောင်း သိရှိထားသူဖြစ်ပါတယ်။ ဒမ်ဘီလီအနေနဲ့ ဂျာမန်လူမျိုးနည်းပြကို တိုက်စစ်မှာ နောက်ထပ် ထိပ်တန်းအဆင့် ရွေးချယ်စရာ ပေးနိုင်မှာဖြစ်ပေမယ့် အနောက်လန်ဒန်မှာ ၎င်းတို့ ၂ ဦး ပြန်လည်ပေါင်းစည်းမှာလားဆိုတာကို အချိန်ကပဲ အဖြေပေးသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတယ္ ပဲေလ့စ္အသင္းကို အငွားနဲ႔ သြားေရာက္ကစားေနတဲ့ ေကာ္နာ ဂယ္ေလဂါဟာ လာမယ့္ရာသီ ခ်ဲလ္ဆီးအသင္းလူစာရင္းထဲကို ျပန္လည္ေရာက္ရွိလာဖြယ္ရွိေနၿပီး အထူးသျဖင့္ ကြန္ေတရဲ့ေနရာမွာ အရန္သင့္အသုံးျပဳဖို႔ျဖစ္တယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ျပင္သစ္လက္ေရြးစင္ကြင္းလယ္ၾကယ္ပြင့္ကို အားေပးေထာက္ခံဖို႔အတြက္ ဂယ္ေလဂါကို ျပန္လည္ေခၚယူသြားဖို႔ အေလးအနက္စဥ္းစားေနတယ္လို႔ Evening Standard က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ အရင္တုန္းက ကြန္ေတဟာ ကစားသမား ၂ ဦးေလာက္အထိ တစ္ေယာက္တည္းနဲ႔ ထိန္းထားနိုင္ခဲ့ၿပီး ၎ရဲ့ ၿပိဳင္ဘက္ကစားသမားေတြကို တစ္ကြင္းလုံး ေျပးလႊားၿပီး ထိန္းခ်ဳပ္ထားနိုင္တဲ့ အရည္အခ်င္းေၾကာင့္ မၾကာခဏ အသင္းေဖာ္ေတြဟာ ေပါ့ေပါ့ပါးပါးသာ ကစားခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကြန္ေတဟာ အသက္အရြယ္ ရလာၿပီျဖစ္ၿပီး မၾကာခဏ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္လာရတာေၾကာင့္ တစ္ခါတုန္းက အဆုတ္ ၂ ခုနဲ႔လူသားလို႔ ခ်ီးက်ဴးခဲ့ရတဲ့ သက္လုံမ်ိဳး မရွိေတာ့တာျဖစ္ပါတယ္။ အဲဒါဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ ျဖစ္ေကာင္း ျဖစ္နိုင္ၿပီး ကြန္ေတရဲ့အဓိက စြမး္ရည္ဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္မွာ တျဖည္းျဖည္း ေမွးမွိန္လာခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ ကြန္ေတရဲ့ေနရာမွာ ကာလရွည္အစားထိုးနိုင္ေျခရွိတဲ့ သို႔မဟုတ္ သင့္ေတာ္တဲ့ အရန္သင့္အသုံးျပဳနိုင္မယ့္ ကစားသမားမ်ိဳး ရွာေဖြဖို႔ ဆႏၵရွိလာတာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ ကြန္ေတရဲ့ေနရာမွာ အစားထိုးနိုင္ေျခရွိတဲ့ကစားသမားကေတာ့ ေအာ္ရယ္လီယန္ ေခၽြမီနီျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြက အခ်ိန္အေတာ္ၾကာ ေစာင့္ၾကည့္ေ္နခဲ့တဲ့ မိုနာကို ကြင္းလယ္ၾကယ္ပြင့္ကစားသမားျဖစ္ပါတယ္။

ေခၽြမီနီဟာ ကြင္းလယ္ခံစစ္မွာ အလြန္အမင္း ေကာင္းမြန္စြာ ကစားနိုင္ၿပီး ၎ရဲ့ ေဘာလုံးစံျပပုဂၢိဳလ္ေတြထဲက တစ္ဦးဟာ ကြန္ေတျဖစ္တယ္လို႔ေတာင္ ဝန္ခံ ေျပာၾကားခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ မိုနာကိုၾကယ္ပြင့္ကို ဥေရာပထိပ္သီးအသင္းႀကီးအမ်ားအျပားက အလိုရွိေနၾကတာေၾကာင့္ အနာဂတ္မွာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေခၽြမီနီကို ေခၚယူနိုင္မယ္ဆိုတဲ့ အာမခံခ်က္ မရွိဘူးဆိုတဲ့ အဓိပၸာယ္ ျဖစ္ပါတယ္။

လက္ရွိ ခရစၥတယ္ပဲေလ့စ္မွာ အငွားနဲ႔ ထြက္ကစားေနတဲ့ ေကာ့ဘ္ဟမ္ အကယ္ဒမီထြက္ ေကာ္နာ ဂယ္ေလဂါဟာ ယခုရာသီကုန္တာနဲ႔ ျပန္လည္ေခၚယူနိုင္ဖို႔ ေတာ္ေတာ္ေလး လြယ္ကူတဲ့ ကစားသမားျဖစ္ပါတယ္။ ပဲေလ့စ္နဲ႔ အျခားပရီးမီးယားလိဂ္ကလပ္အသင္းေတြက ဒီကိစၥနဲ႔ပတ္သက္ၿပီး ေျပာစရာရွိေကာင္း ရွိနိုင္ေပမယ့္ ခ်ဲလ္ဆီးအသင္းကသာ ျပန္ေခၚလိုက္မယ္ဆိုရင္ ဒီျငင္းခုံစရာေတြက အဆုံးသတ္သြားမွာ ျဖစ္ပါတယ္။

ေကာ္နာ ဂယ္ေလဂါဟာ ယခုရာသီမွာ ခရစၥတယ္ပဲေလ့စ္အသင္းအတြက္ အံ့အားသင့္ဖြယ္ စြမ္းေဆာင္ရည္ျပသေနတဲ့ ကစားသမားျဖစ္ၿပီး လုပ္အားႏႈန္းကလည္း သူမတူေအာင္ ထူးျခားတာေၾကာင့္ ေလာ့ဖ္တက္စ္-ခ်ိခ္ထက္ ပိုၿပီး ပြဲထြက္ကစားခြင့္ ရေကာင္းရနိုင္တယ္လို႔ ခ်ဲလ္ဆီးဂိုးသမားေဟာင္း ရွဝါဇာက ေထာက္ခံေျပာၾကားျခင္းခံခဲ့ရသူျဖစ္ပါတယ္။

ေလာ့ဖ္တပ္စ္-ခ်ိခ္ဟာ ဂယ္ေလဂါ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ျပန္လာခဲ့မယ္ဆိုရင္ ပြဲထြက္ခြင့္အတြက္ ယွဥ္ၿပိဳင္ရမယ့္ကစားသမားေတြထဲက တစ္ဦးျဖစ္ေပမယ့္ လက္ရွိ ေျခစြမ္းေပၚမူတည္ၿပီး ဆုံးျဖတ္ရရင္ ကစားသမား တစ္ဦးတည္းကသာ အနိုင္ရရွိနိုင္မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဘာစီလိုနာအသင္းမွာ အေျခမက်ျဖစ္ေနတဲ့ အူ႔စ္မန္ ဒမ္ဘီလီကို ေခၚယူဖို႔အတြက္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီး ၎ရဲ့ေအးဂ်င့္ဟာ လန္ဒန္ကို ေရာက္ရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ဒမ္ဘီလီဟာ ၂၀၁၇ ခုႏွစ္မွာ ေဒါ့မြန္ကေန ေပါင္ ၁၃၅ သန္းနဲ႔ ေျပာင္းေရႊ႕ၿပီးေနာက္ပိုင္း ေပးရတဲ့ေစ်းနဲ႔တန္တဲ့ ေျခစြမ္းမ်ိဳး ျပသနိုင္ျခင္းမရွိသူျဖစ္ၿပီး ျပင္သစ္ေတာင္ပံကစားသမားဟာ ဘာစီလိုနာမွာရွိေနခဲ့တဲ့ကာလအတြင္း ဒဏ္ရာျပႆနာေတြနဲ႔ ဆက္တိုက္ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ေတာင္ပံကစားသမားဟာ ၿပီးခဲ့တဲ့ ၅ ရာသီစလုံးမွာ လာလီဂါ ၈၇ ပြဲသာ ပါဝင္ကစားေပးနိုင္ခဲ့ၿပီး ဘာစီလိုနာအသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္သက္တမ္းကလည္း ၆ လသာ က်န္ေတာ့တဲ့အခ်ိန္မွာ ကတ္တလန္အသင္းႀကီးနဲ႔ စာခ်ဳပ္သစ္ကိစၥ သေဘာတူညီမႈ မရရွိခဲ့တဲ့ေနာက္ အသင္းကေန ထြက္ခြာဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းရဲ့ အလုပ္အမႈေဆာင္အရာရွိခ်ဳပ္ အလာမန္က ၿပီးခဲ့တဲ့အပတ္မွာ ဒမ္ဘီလီအေနနဲ႔ မၾကာမီအခ်ိန္အတြင္း စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီျခင္းမရွိဘူးဆိုရင္ ေရာင္းထုတ္ခံရလိမ့္မယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဒမ္ဘီလီက ဘာစီလိုနာနဲ႔ ေရွ႕ဆက္မသြားခ်င္ဘူးဆိုတာ ရွင္းပါတယ္။ သူ ကၽြန္ေတာ္တို႔ရဲ့စီမံကိန္းမွာ တစ္စိတ္တပိုင္းအျဖစ္ မပါဝင္ခ်င္ဘူး။ ကၽြန္ေတာ္တို႔ ဒမ္ဘီလီကို ခ်က္ခ်င္း ထြက္ခြာရမယ္လို႔ ေျပာခဲ့ပါတယ္။ ဇန္နဝါရီ ၃၁ ရက္ေန႔မတိုင္မီ သူ႔ကို ေရာင္းထုတ္ဖို႔ ကၽြန္ေတာ္တို႔ ေမၽွာ္မွန္းထားပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီအေျခအေနဟာ ဥေရာပတလႊားက ထိပ္တန္းကလပ္အသင္းေတြအမ်ားအျပားအတြက္ အခ်က္ေပးသံျဖစ္လာခဲ့ၿပီး ခ်ဲလ္ဆီးအသင္းကလည္း ျပင္သစ္လက္ေရြးစင္ေတာင္ပံကစားသမားကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း ျပသခဲ့တဲ့ အသင္းေတြထဲမွာ အပါအဝင္ျဖစ္တယ္လို႔ Football London က ေဖာ္ျပခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဒမ္ဘီလီနဲ႔ ညႇိႏွိုင္းေနၿပီး သေဘာတူညီမႈေတာင္ ရၿပီးတာ ျဖစ္ေကာင္းျဖစ္နိုင္တယ္လို႔ စပိန္ဂ်ာနယ္လစ္ အယ္လ္ဖရက္ဒို မာတီနက္ဇ္ ေျပာၾကားခဲ့တယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

“အရာအားလုံးက ခ်ဲလ္ဆီးအသင္းက ညႇိႏွိုင္းေဆြးေႏြးမႈေတြ ျပဳလုပ္ေနတဲ့ကလပ္အသင္းျဖစ္ၿပီး သူတို႔ေတြ ဒမ္ဘီလီနဲ႔ တစ္စုံတရာကို သေဘာတူညီမႈေတာင္ ရရွိၿပီးတာျဖစ္ေကာင္းျဖစ္နိုင္တယ္ဆိုတာကို ညႊန္ျပေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒမ္ဘီလီအေနနဲ႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေျပာင္းေရႊ႕နိုင္ေျခရွိတယ္ဆိုတဲ့ ေကာလာဟလေတြကို ပိုၿပီးေတာ့ ေသခ်ာေစတဲ့အေနနဲ႔ Barca Times ရဲ့အယ္ဒီတာခ်ဳပ္ ေရွး လူဂတ္စီကလည္း ဘာစီလိုနာေတာင္ပံကစားသမားရဲ့ေအးဂ်င့္ဟာ လန္ဒန္ကို အေရးႀကီီးတဲ့အစည္းအေဝးအတြက္ ေရာက္ရွိေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လာမယ့္ရက္ပိုင္းအတြင္းမွာ ဘာေတြ ျဖစ္လာမလဲဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့ၿပီး ခ်ဲလ္ဆီးနည္းၿပ တူဟယ္ဟာ ေဒါ့မြန္မွာတုန္းက ဒမ္ဘီလီနဲ႔ အလုပ္တြဲလုပ္ဖူးတာေၾကာင့္ ျပင္သစ္ေတာင္ပံကစားသမားအေၾကာင္း ေကာင္းေကာင္း သိရွိထားသူျဖစ္ပါတယ္။ ဒမ္ဘီလီအေနနဲ႔ ဂ်ာမန္လူမ်ိဳးနည္းျပကို တိုက္စစ္မွာ ေနာက္ထပ္ ထိပ္တန္းအဆင့္ ေရြးခ်ယ္စရာ ေပးနိုင္မွာျဖစ္ေပမယ့္ အေနာက္လန္ဒန္မွာ ၎တို႔ ၂ ဦး ျပန္လည္ေပါင္းစည္းမွာလားဆိုတာကို အခ်ိန္ကပဲ အေျဖေပးသြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.