Premier League Transfer News

အဲဗာတန္ဘယ္ေနာက္ခံလူကို မန္ခ်က္စတာစီးတီးနဲ႔ ခ်ဲလ္ဆီးအၿပဳိင္လုဖြယ္ရွိေန

ဘယ္ေနာက္ခံလူေကာင္းတစ္ဦး အသည္းအသန္အလိုရွိေနတဲ့ မန္ခ်က္စတာစီးတီးနဲ႔ ခ်ဲလ္ဆီးအသင္းေတြအေနနဲ႔ လက္စတာစီးတီးရဲ႕ ေဈးႏွဳန္းႀကီးျမင့္လွတဲ့ ဘန္ ေခ်းလ္ဝဲလ္ကို လက္ေလွ်ာ့ၿပီး အဲဗာတန္အသင္းကစားသမား လူးကပ္စ္ ဒီညီကို အၿပဳိင္ႀကဳိးစားေခၚယူသြားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

အဖ်က္ပုိင္းမွာ အားကိုးလို႔မရတဲ့ မန္ခ်က္စတာစီးတီးရဲ႕ ေနာက္ခံလူေတြျဖစ္ၾကတဲ့ အုိလက္ဇန္ဒါ ဇင္ခ်န္ကိုနဲ႔ ဘင္ဂ်မင္ မန္ဒီတုိ႔ဟာ ဂြါဒီယိုလာရဲ႕ ဗ်ဴဟာမွာ အားနည္းခ်က္ေတြျဖစ္ေနခဲ့သလို ထပ္တူညီစြာပဲ အီမာဆင္ ပယ္လ္မီယာရီနဲ႔ မားကို႔စ္ အလြန္ဆိုတုိ႔လည္း ဖရန္႔ လမ္းပတ္ကို ဒုကၡအေပးဆုံး ကစားသမားေတြျဖစ္ေနခဲ့ၾကတာပါ။

ကိုဗစ္-၁၉ ေၾကာင့္ ဝင္ေငြကို ေခၽြတာသုံးစြဲဖို႔ လိုအပ္ေနခ်ိန္မွာ ေခ်းလ္ဝဲလ္ကေတာ့ ဗာဒီရဲ႕ လမ္းစဥ္ကိုပဲ လုိက္ရဖြယ္ရွိၿပီး အဲဗာတန္နဲ႔အတူ ေျခစြမ္းျပၿပီး ဘာစီလိုနာနဲ႔ ႐ိုးမားအသင္းေတြမွာထက္ ပုိေကာင္းလာခဲ့တဲ့ ဒီညီဟာ ဂြါဒီယိုလာနဲ႔ လမ္းပတ္တုိ႔အႀကဳိက္ အတက္ေရာ အဆင္းပါရတဲ့ ေနာက္ခံလူတစ္ဦးျဖစ္လာဖြယ္ရွိေနပါတယ္။

မန္စီးတီးပရိသတ္ေတြအေနနဲ႔ေတာ့ ဇင္ခ်န္ကို ကစားတဲ့အခ်ိန္မွာ ခံစစ္ကို ဂ႐ုမစိုက္တတ္တာနဲ႔ ခ်ဲလ္ဆီးရဲ႕ အႏိုင္ဂိုးျဖစ္ေစခဲ့တဲ့ ဝီလီယန္ရဲ႕ ထုိးေဖာက္မွဳမွာ ျပန္ပါမလာခဲ့တာကို ျမင္ႏိုင္ၾကမွာျဖစ္သလို ဒီပြဲမွာပဲ ဂိုးေပးရမယ့္အမွားကို လုပ္ခဲ့တဲ့ မန္ဒီဟာလည္း ဂြါဒီယိုလာအတြက္ေတာ့ လူသစ္ ရွာရခဲ့ရင္ အရန္အဆင့္ကို အလိုလို ေရာက္သြားဖို႔ ရွိေနတာပါ။

အဲဗာတန္အသင္းအေနနဲ႔ေတာ့ သူတုိ႔ရဲ႕ ၿပဳိင္ပြဲဝင္အဆင့္အတန္းအရ ဒီညီကို ဆက္လက္ထိန္းသိမ္းထားဖို႔ ခက္ခဲဖြယ္ရွိေနၿပီး ေခၚယူစဥ္က ေပါင္ ၁၈ သန္း ကုန္က်ခဲ့တဲ့ အသက္ ၂၆ ႏွစ္သားကို ဂြတ္ဒီဆန္ပါ့ခ္က ထြက္ခြာေစဖို႔ဆုိရင္ေတာ့ ေျပာင္းေရႊ႕ေၾကးပမာဏ ေပါင္သန္း ၃၀ အထက္ ေပးေခ်ရႏုိင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘယ်နောက်ခံလူကောင်းတစ်ဦး အသည်းအသန်အလိုရှိနေတဲ့ မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီးအသင်းတွေအနေနဲ့ လက်စတာစီးတီးရဲ့ ဈေးနှုန်းကြီးမြင့်လှတဲ့ ဘန် ချေးလ်ဝဲလ်ကို လက်လျှော့ပြီး အဲဗာတန်အသင်းကစားသမား လူးကပ်စ် ဒီညီကို အပြိုင်ကြိုးစားခေါ်ယူသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အဖျက်ပိုင်းမှာ အားကိုးလို့မရတဲ့ မန်ချက်စတာစီးတီးရဲ့ နောက်ခံလူတွေဖြစ်ကြတဲ့ အိုလက်ဇန်ဒါ ဇင်ချန်ကိုနဲ့ ဘင်ဂျမင် မန်ဒီတို့ဟာ ဂွါဒီယိုလာရဲ့ ဗျူဟာမှာ အားနည်းချက်တွေဖြစ်နေခဲ့သလို ထပ်တူညီစွာပဲ အီမာဆင် ပယ်လ်မီယာရီနဲ့ မားကို့စ် အလွန်ဆိုတို့လည်း ဖရန့် လမ်းပတ်ကို ဒုက္ခအပေးဆုံး ကစားသမားတွေဖြစ်နေခဲ့ကြတာပါ။

ကိုဗစ်-၁၉ ကြောင့် ဝင်ငွေကို ချွေတာသုံးစွဲဖို့ လိုအပ်နေချိန်မှာ ချေးလ်ဝဲလ်ကတော့ ဗာဒီရဲ့ လမ်းစဉ်ကိုပဲ လိုက်ရဖွယ်ရှိပြီး အဲဗာတန်နဲ့အတူ ခြေစွမ်းပြပြီး ဘာစီလိုနာနဲ့ ရိုးမားအသင်းတွေမှာထက် ပိုကောင်းလာခဲ့တဲ့ ဒီညီဟာ ဂွါဒီယိုလာနဲ့ လမ်းပတ်တို့အကြိုက် အတက်ရော အဆင်းပါရတဲ့ နောက်ခံလူတစ်ဦးဖြစ်လာဖွယ်ရှိနေပါတယ်။

မန်စီးတီးပရိသတ်တွေအနေနဲ့တော့ ဇင်ချန်ကို ကစားတဲ့အချိန်မှာ ခံစစ်ကို ဂရုမစိုက်တတ်တာနဲ့ ချဲလ်ဆီးရဲ့ အနိုင်ဂိုးဖြစ်စေခဲ့တဲ့ ဝီလီယန်ရဲ့ ထိုးဖောက်မှုမှာ ပြန်ပါမလာခဲ့တာကို မြင်နိုင်ကြမှာဖြစ်သလို ဒီပွဲမှာပဲ ဂိုးပေးရမယ့်အမှားကို လုပ်ခဲ့တဲ့ မန်ဒီဟာလည်း ဂွါဒီယိုလာအတွက်တော့ လူသစ် ရှာရခဲ့ရင် အရန်အဆင့်ကို အလိုလို ရောက်သွားဖို့ ရှိနေတာပါ။

အဲဗာတန်အသင်းအနေနဲ့တော့ သူတို့ရဲ့ ပြိုင်ပွဲဝင်အဆင့်အတန်းအရ ဒီညီကို ဆက်လက်ထိန်းသိမ်းထားဖို့ ခက်ခဲဖွယ်ရှိနေပြီး ခေါ်ယူစဉ်က ပေါင် ၁၈ သန်း ကုန်ကျခဲ့တဲ့ အသက် ၂၆ နှစ်သားကို ဂွတ်ဒီဆန်ပါ့ခ်က ထွက်ခွာစေဖို့ဆိုရင်တော့ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၃၀ အထက် ပေးချေရနိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.