Premier League

၄.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ပထမဝါဆိုလျပည့္၊ စေနေန႔။

၄.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ပထမဝါဆုိလျပည့္၊ စေနေန႔၊ သမားညဳိ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
မြန္းလြဲ ၁၂:၃၃ အထိ တိထီ ၁၄ လုံး။ ေက်ာ္လွ်င္ ၁၅ လုံး။ ၁၄ လုံးတြင္ သိဒၶိယုဂ္၊ ၿပီးေျမာက္ေအာင္ျမင္ျပည့္စုံေစလိုေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ ၁၅ လုံးတြင္ မတယုဂ္၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုသည့္အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ သန္းေခါင္ေက်ာ္ ၁၂:၂၁ အထိ မူလနကၡတ္။ ေက်ာ္လွ်င္ ျပဳဗၺာသ႒္နကၡတ္။ တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔ နံနက္ ၁:၅၃ အထိ ျဗဟၼယုဂ္၊ တန္ခိုးျပည့္စုံျခင္း၊ ပညာရွိျခင္း၊ ဂုဏ္ရွိျခင္း၊ ပညာသင္ၾကားေရးဆုိင္ရာ ကိစၥမ်ားႏွင့္ သင္တန္းမ်ား၊ ေက်ာင္းမ်ား စတင္အပ္ႏွံသင္ၾကားျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဣျႏၵယုဂ္၊ အႀကီးအမွဴးျဖစ္ျခင္း၊ သူတပါးအား ဂ႐ုစိုက္အေလးထား၍ ကူညီေပးရျခင္း၊ နာယကဂုဏ္ႏွင့္ ျပည့္စုံေအာင္လုပ္၍ သူတပါး ခ်စ္ခင္ေလးစားမွဳအား ရယူပါ။

တစ္ေန႔တာ က႐ိုဏ္း။
မြန္းလြဲ ၁၂:၃၃ အထိ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။ ည ၂၃:၅၀ အထိ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏုိင္ယူႏုိင္။ ေက်ာ္လွ်င္ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
မြန္းလြဲ ၁၂:၃၃ အထိ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။ ေက်ာ္လွ်င္ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၄.၇.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်၊ စနေနေ့၊ သမားညို။

တစ်နေ့တာ တိထီနှင့် ယုဂ်။
မွန်းလွဲ ၁၂:၃၃ အထိ တိထီ ၁၄ လုံး။ ကျော်လျှင် ၁၅ လုံး။ ၁၄ လုံးတွင် သိဒ္ဓိယုဂ်၊ ပြီးမြောက်အောင်မြင်ပြည့်စုံစေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ၁၅ လုံးတွင် မတယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသည့်အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
တစ်နေ့လုံးနှင့် သန်းခေါင်ကျော် ၁၂:၂၁ အထိ မူလနက္ခတ်။ ကျော်လျှင် ပြုဗ္ဗာသဋ္ဌ်နက္ခတ်။ တစ်နေ့လုံးနှင့် နောက်တစ်နေ့ နံနက် ၁:၅၃ အထိ ဗြဟ္မယုဂ်၊ တန်ခိုးပြည့်စုံခြင်း၊ ပညာရှိခြင်း၊ ဂုဏ်ရှိခြင်း၊ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စများနှင့် သင်တန်းများ၊ ကျောင်းများ စတင်အပ်နှံသင်ကြားခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဣန္ဒြယုဂ်၊ အကြီးအမှူးဖြစ်ခြင်း၊ သူတပါးအား ဂရုစိုက်အလေးထား၍ ကူညီပေးရခြင်း၊ နာယကဂုဏ်နှင့် ပြည့်စုံအောင်လုပ်၍ သူတပါး ချစ်ခင်လေးစားမှုအား ရယူပါ။

တစ်နေ့တာ ကရိုဏ်း။
မွန်းလွဲ ၁၂:၃၃ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ ည ၂၃:၅၀ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ ကျော်လျှင် ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
မွန်းလွဲ ၁၂:၃၃ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)