Premier League Transfer News

ဂန္ဒူဇီနဲ႔ ေတာ္ရဲရားဟာ အာတီတာရဲ႕ ေငြေၾကးအက်ဳိးအျမတ္ ရရွိေစမယ့္သူေတြလို႔ ဆုိေနၾက

အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္အေျပာင္းအေရႊ႕မွာ ေရာင္းခ်သြားရမယ့္သူေတြအျဖစ္ ကြင္းလယ္ကစားသမားႏွစ္ဦးကို ဒီစာရင္းထဲမွာ အေျပာင္းအေရႊ႕ကၽြမ္းက်င္သူေတြက ထည့္သြင္းလုိက္ၿပီး ဒီထဲမွာ မက္တီယို ဂန္ဒူဇီနဲ႔ လူးကပ္စ္ ေတာ္ရဲရားတုိ႔ကေတာ့ နည္းျပ မီခယ္လ္ အာတီတာရဲ႕ ေငြေၾကးအျဖစ္ ေျပာင္းလဲအသုံးခ်ႏုိင္မယ့္သူေတြလုိ႔ ဆုိေနၾကပါတယ္။

ေနာက္ခံလူေတြျဖစ္ၾကတဲ့ ဆုိကရာတစ္၊ မူစတာဖီနဲ႔ ကိုလာစီနက္ခ်္တုိ႔ကေတာ့ ေရာင္းထုတ္သြားဖို႔ ေသခ်ာသေလာက္ရွိေနတဲ့သူေတြျဖစ္ၿပီး အာတီတာအေနနဲ႔ ေဈးေကာင္းရရွိရင္ ဘယ္လာရင္နဲ႔ မိတ္လန္းႏုိင္းလ္စ္တုိ႔ကို လက္လႊတ္ဖြယ္ရွိေနသလို လာမယ့္ရာသီမွာ အာတီတာရဲ႕ ခံစစ္က ႀကီးႀကီးမားမား ေျပာင္းလဲသြားဖို႔လည္း ရွိေနပါတယ္။

လက္ရွိ အာတီတာရဲ႕ ကစားပုံအရေတာ့ Positional Discipline ကိုယ့္ေနရာယူမွဳကို ကိုယ္နားလည္တဲ့ပုံစံမ်ဳိး မရွိတဲ့ ဂန္ဒူဇီဟာ အာတီတာရဲ႕ ကစားကြက္မွာ အသုံးခ်ဖို႔ ခက္ခဲေနသူျဖစ္ၿပီး ေတာ္ရဲရားဟာလည္း နည္းစနစ္ပုိင္း ေကာင္းမြန္ေပမယ့္ တုိက္စစ္ကို အက်ဳိးျပဳမွဳပုိင္းနဲ႔ ႀကံ့ခိုင္မွဳပုိင္းမွာ ေလ်ာ့နည္းေနလို႔ ပရိသတ္ကေတာ့ ေနာက္ပိုင္းပြဲေတြမွာ ေျခစြမ္းျပလာတဲ့ ဒါနီ စီဘာေယာ့စ္ကိုပါ ေခၚယူဖို႔ ေတာင္းဆိုေနၾကတာပါ။

ဒီကစားသမားႏွစ္ဦးကို အဆင္ေျပေျပ ေရာင္းထုတ္ႏိုင္ခဲ့မယ္ဆုိရင္ ေပါင္သန္း ၇၀ ဝန္းက်င္ရရွိႏုိင္ၿပီး အာတီတာလိုခ်င္တဲ့ ကြင္းလယ္နဲ႔ ခံစစ္အစားထိုးမွဳကို ရရွိႏုိင္မွာျဖစ္သလို ကံေကာင္းလို႔ အိုေဇးလ္နဲ႔ လာကာဇက္တုိ႔ဆီက အေျပာင္းအေရႊ႕အတြက္ အက်ဳိးျဖစ္စရာေတြ လုပ္ေဆာင္ႏုိင္ခဲ့ရင္ ဝန္ထုပ္ဝန္ပုိးေတြလည္း အေတာ္ေလး ေျပလည္သြားဖို႔ ရွိေနပါတယ္။

အာဆင္နယ္အသင္းရဲ႕ ျဖစ္ႏုိင္ဖြယ္ အေရာင္းစာရင္းထဲမွာ ဂန္ဒူဇီနဲ႔ ေတာ္ရဲရားတုိ႔ဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း အမ်ားဆုံးရွိေနသူေတြလည္းျဖစ္ၾကၿပီး အသင္းနဲ႔ မကိုက္ညီေပမယ့္ တျခားဥေရာပအသင္းေတြရဲ႕ ကစားကြက္ေတြမွာ အသုံးဝင္ႏုိင္ခ်ိန္မွာ ကစားသမားအေရာင္းကိစၥအတြက္ တာဝန္ရွိသူေတြအေနနဲ႔ ပါးပါးနပ္နပ္ကိုင္တြယ္ႏုိင္ရင္ အသင္းအတြက္ ေတာ္ေတာ္ေလး အက်ဳိးမ်ားဖြယ္ရွိေနတယ္လုိ႔လည္း ကၽြမ္းက်င္သူေတြက ခန္႔မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့မှာ ရောင်းချသွားရမယ့်သူတွေအဖြစ် ကွင်းလယ်ကစားသမားနှစ်ဦးကို ဒီစာရင်းထဲမှာ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေက ထည့်သွင်းလိုက်ပြီး ဒီထဲမှာ မက်တီယို ဂန်ဒူဇီနဲ့ လူးကပ်စ် တော်ရဲရားတို့ကတော့ နည်းပြ မီခယ်လ် အာတီတာရဲ့ ငွေကြေးအဖြစ် ပြောင်းလဲအသုံးချနိုင်မယ့်သူတွေလို့ ဆိုနေကြပါတယ်။

နောက်ခံလူတွေဖြစ်ကြတဲ့ ဆိုကရာတစ်၊ မူစတာဖီနဲ့ ကိုလာစီနက်ချ်တို့ကတော့ ရောင်းထုတ်သွားဖို့ သေချာသလောက်ရှိနေတဲ့သူတွေဖြစ်ပြီး အာတီတာအနေနဲ့ ဈေးကောင်းရရှိရင် ဘယ်လာရင်နဲ့ မိတ်လန်းနိုင်းလ်စ်တို့ကို လက်လွှတ်ဖွယ်ရှိနေသလို လာမယ့်ရာသီမှာ အာတီတာရဲ့ ခံစစ်က ကြီးကြီးမားမား ပြောင်းလဲသွားဖို့လည်း ရှိနေပါတယ်။

လက်ရှိ အာတီတာရဲ့ ကစားပုံအရတော့ Positional Discipline ကိုယ့်နေရာယူမှုကို ကိုယ်နားလည်တဲ့ပုံစံမျိုး မရှိတဲ့ ဂန်ဒူဇီဟာ အာတီတာရဲ့ ကစားကွက်မှာ အသုံးချဖို့ ခက်ခဲနေသူဖြစ်ပြီး တော်ရဲရားဟာလည်း နည်းစနစ်ပိုင်း ကောင်းမွန်ပေမယ့် တိုက်စစ်ကို အကျိုးပြုမှုပိုင်းနဲ့ ကြံ့ခိုင်မှုပိုင်းမှာ လျော့နည်းနေလို့ ပရိသတ်ကတော့ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြလာတဲ့ ဒါနီ စီဘာယော့စ်ကိုပါ ခေါ်ယူဖို့ တောင်းဆိုနေကြတာပါ။

ဒီကစားသမားနှစ်ဦးကို အဆင်ပြေပြေ ရောင်းထုတ်နိုင်ခဲ့မယ်ဆိုရင် ပေါင်သန်း ၇၀ ဝန်းကျင်ရရှိနိုင်ပြီး အာတီတာလိုချင်တဲ့ ကွင်းလယ်နဲ့ ခံစစ်အစားထိုးမှုကို ရရှိနိုင်မှာဖြစ်သလို ကံကောင်းလို့ အိုဇေးလ်နဲ့ လာကာဇက်တို့ဆီက အပြောင်းအရွှေ့အတွက် အကျိုးဖြစ်စရာတွေ လုပ်ဆောင်နိုင်ခဲ့ရင် ဝန်ထုပ်ဝန်ပိုးတွေလည်း အတော်လေး ပြေလည်သွားဖို့ ရှိနေပါတယ်။

အာဆင်နယ်အသင်းရဲ့ ဖြစ်နိုင်ဖွယ် အရောင်းစာရင်းထဲမှာ ဂန်ဒူဇီနဲ့ တော်ရဲရားတို့ဟာ အသင်းနဲ့ စာချုပ်သက်တမ်း အများဆုံးရှိနေသူတွေလည်းဖြစ်ကြပြီး အသင်းနဲ့ မကိုက်ညီပေမယ့် တခြားဥရောပအသင်းတွေရဲ့ ကစားကွက်တွေမှာ အသုံးဝင်နိုင်ချိန်မှာ ကစားသမားအရောင်းကိစ္စအတွက် တာဝန်ရှိသူတွေအနေနဲ့ ပါးပါးနပ်နပ်ကိုင်တွယ်နိုင်ရင် အသင်းအတွက် တော်တော်လေး အကျိုးများဖွယ်ရှိနေတယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.