La Liga Ligue1

ဘာစီလိုနာအသင်းဖော်ဟောင်းတွေနဲ့ ညစာစားပွဲမှာ ပီကေးကို မက်ဆီဘာကြောင့် မဖိတ်ခဲ့တာလဲ

ပီအက်စ်ဂျီ ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ နူးကမ့်ကို ပြန်သွားဖို့ကိစ္စကို တွေးထားပြီးဖြစ်တယ်လို့ ဘာစီလိုနာကစားသမားဟောင်းက ပြောကြားခဲ့ပါတယ်။

ဘလွန်ဒေါ ၇ ဆုရှင် လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက နူးကမ့်မှာ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် သဘောတူညီခဲ့ပေမယ့်လည်း အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် မမျှော်လင့်ဘဲ အသင်းကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့သွားခဲ့ပေမယ့် ၎င်းရဲ့ မိသားစုဟာ ပြင်သစ်မှာ မပျော်မရွှင်ဖြစ်နေပြီး ဘာစီလိုနာကြယ်ပွင့်ဟောင်းကလည်း အသင်းလူစာရင်းနဲ့ အဆင်မပြေတာကြောင့် တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ဒီမာရီယာ၊ ပါရီဒက်စ်၊ အီကာဒီတို့နဲ့သာ အချိန်ကုန်ဆုံးနေရတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ မက်ဆီဟာ ဇာဗီရဲ့ မွေးနေ့အတွက် ကာတာလိုးနီးယားပြည်နယ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ဘာစီလိုနာတောင်ပံကစားသမားဟောင်း လိုဘို ကာရက်စ်ကိုက အာဂျင်တီးနားကြယ်ပွင့်ဟာ အပြီးသတ် ပြန်လည်ပြောင်းရွှေ့လာချင်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ El Chiringuito နဲ့ စကားပြောဆိုရာမှာ ကာရက်စ်ကိုက မက်ဆီဟာ ပဲရစ်မှာ မပျော်မရွှင်ဖြစ်နေပြီး အဲဒါက ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက် အရေးပါတဲ့ သဲလွန်စအဖြစ် ရှုမြင်ထားတယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

တကယ်လို့ ပီအက်စ်ဂျီအသင်းက မက်ဆီကို ထွက်ခွာခွင့်ပေးမယ်ဆိုရင်တောင်မှ ဘာစီလိုနာအသင်းက ဘယ်လိုလုပ်ပြီး ပြန်လည်ခေါ်ယူနိုင်မလဲဆိုတာက နောက်ထပ် မေးခွန်းတစ်ခုဖြစ်ပြီး လက်ရှိမှာ ကတ်တလန်ထိပ်သီးအသင်းကြီးဟာ လာလီဂါရဲ့လစာသတ်မှတ်ချက်နဲ့ ကောင်းကောင်း ကိုက်ညီနေသေးတာဖြစ်ပါတယ်။

အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ဘာစီလိုနာအသင်းဟာ အေစီမီလန်ကွင်းလယ်ကစားသမား ဖရန့်ခ် ကက်ဆီကို ခေါ်ယူဖို့အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အိုင်ဗရီကို့စ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ယခုရာသီကုန်မှာ စီးရီးအေကလပ်အသင်းနဲ့ စာချုပ်သ်ကတမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

Sportitalia TV ရဲ့ ဖော်ပြချက်အရ ဖရန့်ခ် ကက်ဆီဟာ နူးကမ့်ကို လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ သိရပြီး တကယ်လို့ အပြောင်းအရွှေ့သာဖြစ်ခဲ့ရင် နူးကမ့်ကို ပြန်လာချင်နေတဲ့ မက်ဆီအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။

လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းဖော်ဟောင်း ဂျရတ် ပီကေးနဲ့ ဆက်ဆံရေး မပြေမလည်ဖြစ်နေခဲ့တာကြောင့် ဘာစီလိုနာကို ပြန်လည်ရောက်ရှိချိန်မှာ အသင်းဖော်ဟောင်းတွေနဲ့ ပြန်လည်ဆုံစည်းတဲ့ ညစာစားပွဲမှာ ဖိတ်ကြားခဲ့ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

ဘာစီလိုနာအသင်းခေါင်းဆောင် ဂျရတ် ပီကေးဟာ ပြီးခဲ့တဲ့နွေရာသီမှာ လီယွန်နယ် မက်ဆီ နူးကမ့်ကနေ မထွက်ခွာမီမှာ ဥက္ကဌသစ်ဖြစ်တဲ့ လာပေါ်တာကို အာဂျင်တီးနားကြယ်ပွင့်ကို အတင်းအကြပ် ဆွဲမထားဘဲ ထွက်ခွာခွင့်ပေးဖို့နဲ့ ဘာစီလိုနာဂန္တဝင်တိုက်စစ်မှူး မပါဝင်တော့ရင်လည်း အသင်းက ကောင်းကောင်း ဆက်သွားနိုင်တယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် အသင်းဖော်ဟောင်း ၂ ဦးကြားက ဆက်ဆံရေးဟာ ခွာပြဲသွားခဲ့ကြတာဖြစ်ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ တနင်္လာနေ့မှာ ဘာစီလိုနာကို ရောက်ရှိလာပြီးနောက် အသင်းဖော်ဟောင်းအချို့ကို ညစာအတူစားဖို့အတွက် ဖိတ်ကြားခဲ့ပြီး နူးကမ့်ကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက် ခြေတစ်လှမ်း လှမ်းခဲ့တာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

မက်ဆီဟာ ဆာဂျီယို ဘတ်စ်ကွက်၊ ဂျော်ဒီ အယ်လ်ဘာတို့နဲ့အတူ ဘာစီလိုနာမြို့က အဆင့်မြင့် ဂျပန်စားသောက်ဆိုင်မှာ ညစာစားခဲ့ကြတာဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် ဘာစီလိုနာနည်းပြ ဇာဗီကလည်း အဲဒီဆိုင်မှာ ရှိနေခဲ့ပေမယ့် ၎င်းရဲ့ ၄၂ နှစ်ပြည့်မွေးနေ့အတွက် သီးခြား ပါတီပေးနေခဲ့တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီ ၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ ႏူးကမ့္ကို ျပန္သြားဖို႔ကိစၥကို ေတြးထားၿပီးျဖစ္တယ္လို႔ ဘာစီလိုနာကစားသမားေဟာင္းက ေျပာၾကားခဲ့ပါတယ္။

ဘလြန္ေဒါ ၇ ဆုရွင္ လီယြန္နယ္ မက္ဆီဟာ ၿပီးခဲ့တဲ့ ေႏြရာသီတုန္းက ႏူးကမ့္မွာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ သေဘာတူညီခဲ့ေပမယ့္လည္း အသင္းရဲ့ ဘ႑ာေရးအေျခအေနေၾကာင့္ မေမၽွာ္လင့္ဘဲ အသင္းကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕သြားခဲ့ေပမယ့္ ၎ရဲ့ မိသားစုဟာ ျပင္သစ္မွာ မေပ်ာ္မရႊင္ျဖစ္ေနၿပီး ဘာစီလိုနာၾကယ္ပြင့္ေဟာင္းကလည္း အသင္းလူစာရင္းနဲ႔ အဆင္မေျပတာေၾကာင့္ တစ္နိုင္ငံတည္းသားေတြျဖစ္တဲ့ ဒီမာရီယာ၊ ပါရီဒက္စ္၊ အီကာဒီတို႔နဲ႔သာ အခ်ိန္ကုန္ဆုံးေနရတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းမွာ မက္ဆီဟာ ဇာဗီရဲ့ ေမြးေန႔အတြက္ ကာတာလိုးနီးယားျပည္နယ္ကို ျပန္လည္ေရာက္ရွိလာခဲ့ၿပီး ဘာစီလိုနာေတာင္ပံကစားသမားေဟာင္း လိုဘို ကာရက္စ္ကိုက အာဂ်င္တီးနားၾကယ္ပြင့္ဟာ အၿပီးသတ္ ျပန္လည္ေျပာင္းေရႊ႕လာခ်င္ေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ El Chiringuito နဲ႔ စကားေျပာဆိုရာမွာ ကာရက္စ္ကိုက မက္ဆီဟာ ပဲရစ္မွာ မေပ်ာ္မရႊင္ျဖစ္ေနၿပီး အဲဒါက ဘာစီလိုနာကို ျပန္လည္ေျပာင္းေရႊ႕ဖို႔အတြက္ အေရးပါတဲ့ သဲလြန္စအျဖစ္ ရႈျမင္ထားတယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။

တကယ္လို႔ ပီအက္စ္ဂ်ီအသင္းက မက္ဆီကို ထြက္ခြာခြင့္ေပးမယ္ဆိုရင္ေတာင္မွ ဘာစီလိုနာအသင္းက ဘယ္လိုလုပ္ၿပီး ျပန္လည္ေခၚယူနိုင္မလဲဆိုတာက ေနာက္ထပ္ ေမးခြန္းတစ္ခုျဖစ္ၿပီး လက္ရွိမွာ ကတ္တလန္ထိပ္သီးအသင္းႀကီးဟာ လာလီဂါရဲ့လစာသတ္မွတ္ခ်က္နဲ႔ ေကာင္းေကာင္း ကိုက္ညီေနေသးတာျဖစ္ပါတယ္။

အဲဒီလိုျဖစ္ေနတဲ့အခ်ိန္မွာ ဘာစီလိုနာအသင္းဟာ ေအစီမီလန္ကြင္းလယ္ကစားသမား ဖရန႔္ခ္ ကက္ဆီကို ေခၚယူဖို႔အတြက္ ႏႈတ္အားျဖင့္ သေဘာတူညီမႈ ရရွိခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အိုင္ဗရီကို႔စ္လက္ေရြးစင္ကြင္းလယ္ကစားသမားဟာ ယခုရာသီကုန္မွာ စီးရီးေအကလပ္အသင္းနဲ႔ စာခ်ဳပ္သ္ကတမ္းကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။

Sportitalia TV ရဲ့ ေဖာ္ျပခ်က္အရ ဖရန႔္ခ္ ကက္ဆီဟာ ႏူးကမ့္ကို လာမယ့္ေႏြရာသီမွာ ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနတယ္လို႔ သိရၿပီး တကယ္လို႔ အေျပာင္းအေရႊ႕သာျဖစ္ခဲ့ရင္ ႏူးကမ့္ကို ျပန္လာခ်င္ေနတဲ့ မက္ဆီအတြက္ ထိုးႏွက္ခ်က္တစ္ခု ျဖစ္လာဖြယ္ ရွိေနပါတယ္။

လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာအသင္းေဖာ္ေဟာင္း ဂ်ရတ္ ပီေကးနဲ႔ ဆက္ဆံေရး မေျပမလည္ျဖစ္ေနခဲ့တာေၾကာင့္ ဘာစီလိုနာကို ျပန္လည္ေရာက္ရွိခ်ိန္မွာ အသင္းေဖာ္ေဟာင္းေတြနဲ႔ ျပန္လည္ဆုံစည္းတဲ့ ညစာစားပြဲမွာ ဖိတ္ၾကားခဲ့ျခင္းမရွိခဲ့ဘူးလို႔ သိရပါတယ္။

ဘာစီလိုနာအသင္းေခါင္းေဆာင္ ဂ်ရတ္ ပီေကးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ လီယြန္နယ္ မက္ဆီ ႏူးကမ့္ကေန မထြက္ခြာမီမွာ ဥကၠဌသစ္ျဖစ္တဲ့ လာေပၚတာကို အာဂ်င္တီးနားၾကယ္ပြင့္ကို အတင္းအၾကပ္ ဆြဲမထားဘဲ ထြက္ခြာခြင့္ေပးဖို႔နဲ႔ ဘာစီလိုနာဂႏၲဝင္တိုက္စစ္မႉး မပါဝင္ေတာ့ရင္လည္း အသင္းက ေကာင္းေကာင္း ဆက္သြားနိုင္တယ္လို႔ ေျပာဆိုခဲ့ေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္ အသင္းေဖာ္ေဟာင္း ၂ ဦးၾကားက ဆက္ဆံေရးဟာ ခြာျပဲသြားခဲ့ၾကတာျဖစ္ပါတယ္။

အာဂ်င္တီးနားတိုက္စစ္မႉးဟာ တနလၤာေန႔မွာ ဘာစီလိုနာကို ေရာက္ရွိလာၿပီးေနာက္ အသင္းေဖာ္ေဟာင္းအခ်ိဳ႕ကို ညစာအတူစားဖို႔အတြက္ ဖိတ္ၾကားခဲ့ၿပီး ႏူးကမ့္ကို ျပန္လည္ေျပာင္းေရႊ႕ဖို႔အတြက္ ေျခတစ္လွမ္း လွမ္းခဲ့တာေၾကာင့္ ျပင္းျပင္းထန္ထန္ ေဝဖန္မႈေတြ ခံခဲ့ရပါတယ္။

မက္ဆီဟာ ဆာဂ်ီယို ဘတ္စ္ကြက္၊ ေဂ်ာ္ဒီ အယ္လ္ဘာတို႔နဲ႔အတူ ဘာစီလိုနာၿမိဳ႕က အဆင့္ျမင့္ ဂ်ပန္စားေသာက္ဆိုင္မွာ ညစာစားခဲ့ၾကတာျဖစ္ၿပီး တိုက္တိုက္ဆိုင္ဆိုင္ ဘာစီလိုနာနည္းၿပ ဇာဗီကလည္း အဲဒီဆိုင္မွာ ရွိေနခဲ့ေပမယ့္ ၎ရဲ့ ၄၂ ႏွစ္ျပည့္ေမြးေန႔အတြက္ သီးျခား ပါတီေပးေနခဲ့တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.