Match Report Premier League

ေလးဂိုးျပတ္သြင္းၿပီး ဂုဏ္သိကၡာအတြက္ ကစားခဲ့တဲ့ မန္စီးတီးအတြက္ စတာလင္ေျခစြမ္းျပ

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ခံစစ္ပုိင္းက အသုံးမက်လုိ႔သာ ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားကို ထိန္းသိမ္းႏုိင္ခဲ့ျခင္း မရွိတာျဖစ္ၿပီး တုိက္စစ္ပုိင္းကေတာ့ ႀကဳိက္တဲ့အသင္းနဲ႔ ယွဥ္ကစားလုိ႔ ရေနဆဲဆုိတာကို သက္ေသျပတဲ့ ႏုိင္ပြဲတစ္ပြဲကို ၿပဳိင္ဘက္ လီဗာပူးလ္အေပၚမွာ ဂိုးျပတ္ ရယူသြားခဲ့တာျဖစ္ၿပီး Guard of Honor နဲ႔ ကြင္းအဝင္မွာ ေလးစားႏုိင္ေပမယ့္ ကြင္းထဲမွာေတာ့ မညႇာတာဘူးဆုိတာကို ပထမပုိင္းသြင္းဂိုး သုံးဂိုးနဲ႔ ျပသသြားခဲ့ပါတယ္။

ဒီေန႔မွာေတာ့ မန္စီးတီးတုိ႔အေနနဲ႔ လူငယ္ကစားသမားေတြျဖစ္ၾကတဲ့ ဖီးလ္ ဖိုဒန္နဲ႔ အဲရစ္ ဂါစီယာတုိ႔ကို တုိက္စစ္နဲ႔ ခံစစ္ေတြမွာ အသီးသီး ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကစားပုံက်ဆင္းေနတဲ့ ေဒးဗစ္ ေဆးလ္ဗားရဲ႕ ေျခစြမ္းကို သတိျပဳမိတဲ့ ဂြါဒီယိုလာအေနနဲ႔ ျပတ္ျပတ္သားသားပဲ လူစာရင္းက ဖယ္ထုတ္ထားခဲ့ပါတယ္။

ပထမပုိင္းပြဲအစမွာ လီဗာပူးလ္တုိ႔က ပုိမိုသာလြန္သေယာင္ရွိခဲ့ၿပီး ထိေရာက္တဲ့ တုိက္စစ္ဆင္မွဳေတြကို ျပဳလုပ္ႏုိင္ခဲ့သလို မန္စီးတီးေနာက္တန္းေတြ အရွိန္မရေသးခင္မွာပဲ ကြင္းလယ္က တင္ေပးတာကို မိုဟာမက္ ဆာလားက ကန္သြင္းခဲ့ရာမွာ အီဒါဆန္ ပုတ္ထုတ္ခဲ့ရၿပီး ကံေကာင္းလို႔သာ ေျပးလုိက္လာတဲ့ ဖာမီႏိုရဲ႕ အျပစ္ေပးမွဳကို မခံခဲ့ရတာပါ။

ပြဲခ်ိန္ ၁၈ မိနစ္မွာလည္း ဆာလားရဲ႕ အပုိင္ကန္သြင္းခ်က္ တုိင္ထိထြက္ခဲ့ၿပီး ဒီေနာက္ပုိင္းမွာေတာ့ မန္စီးတီးရဲ႕ ေဘာလုံးပုိင္ဆုိင္မွဳက ကြင္းလယ္မွာ တည္ေဆာက္မိလာခဲ့ပါတယ္။ ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ဘယ္သူက ပုိသာသလဲလုိ႔ အခ်င္းခ်င္း ရန္ျဖစ္ေနက် ဂ်ဳိးဂိုမက္ဇ္ကို စတာလင္က ပါးပါးနပ္နပ္ လွည့္ထြက္ၿပီး ပင္နယ္တီ ရယူသြားႏုိင္ခဲ့ပါတယ္။

ဒီပင္နယ္တီကိုေတာ့ အေဂြ႐ို မပါဝင္ကတည္းက ဂြန္ဒိုးဝမ္ကို ေက်ာ္တက္ၿပီး ပင္တုိင္ပင္နယ္တီကန္သြင္းသူျဖစ္လာခဲ့တဲ့ ဒီေန႔ပြဲရဲ႕ အသင္းေခါင္းေဆာင္ ကီဗင္ ဒီဘ႐ုိင္းနားက အယ္လစ္ဆန္ ဒိုင္ဗင္ပစ္တဲ့ဘက္နဲ႔ ဆန္႔က်င္ဘက္ကို ကန္သြင္းၿပီး အဖြင့္ဂိုးရယူႏုိင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန စတာလင္နဲ႔ ဒီဘ႐ိုင္းနားတုိ႔က ေဘာလုံးကို ထားခဲ့ၿပီး လီဗာပူးလ္ေနာက္တန္းေတြကို ခြဲထုတ္သြားခဲ့ရာမွာ ပိုမိုအေျခအေနေကာင္းတဲ့ စတာလင္ဆီ ဖိုဒန္က တိတိက်က်ေပးပုိ႔ႏုိင္ခဲ့သလို စတာလင္ကလည္း မွန္ကန္တဲ့ အထိန္းအသိမ္းနဲ႔အတူ သူ႕ရဲ႕ ရန္ဘက္ ဂ်ဳိးဂိုမက္ဇ္ရဲ႕ ေပါင္ၾကားထဲကေန မန္စီးတီးအတြက္ ဒုတိယဂိုးကို သြင္းယူႏုိင္ခဲ့ပါတယ္။

ပထမပုိင္းခါနီး ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ အသက္အရြယ္နဲ႔ မလိုက္ေအာင္ ေျခစြမ္းျပေနတဲ့ ဖိုဒန္က လီဗာပူးလ္ေနာက္တန္းေတြ အမ်ားႀကီး ကာကြယ္ထားတဲ့ၾကားက ဒီဘ႐ိုင္းနားနဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီး ဂိုးသမား အယ္လီဆန္နဲ႔အေတြ႕မွာ အေပၚက ေက်ာ္ကန္သြားႏုိင္ခဲ့လို႔ ပထမပုိင္းအၿပီးမွာ သုံးဂိုး-ဂိုးမရွိနဲ႔ စီးတီးတုိ႔ ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ဒုတိယပုိင္းစတင္ခ်ိန္မွာေတာ့ ခံစစ္သမား အပိုပါမလာတဲ့ ယာဂန္ ကေလာ့ပ္အေနနဲ႔ ဂ်ဳိးဂိုမက္ဇ္ကို စိတ္ကုန္သြားခ်ိန္မွာ ခ်ိမ္ဘာလိန္နဲ႔ လူစားလဲၿပီး ကြင္းလယ္ခံစစ္သမား ဖာဘင္ညဳိကို ခံစစ္ဗဟိုမွာ ဗန္ဒိုက္နဲ႔ တြဲကစားခိုင္းခဲ့ရၿပီး အသင္းရဲ႕ ကစားကြက္ကေတာ့ အနည္းငယ္ ျပန္လည္တည္ၿငိမ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ မန္စီးတီးဘက္က ေဂ်ဆူးအစား မာရက္ဇ္ဝင္လာခဲ့ၿပီး တုိက္စစ္မွာ စတာလင္၊ မာရက္ဇ္နဲ႔ ဒီဘ႐ိုင္းနားတုိ႔က ႀကဳံတဲ့သူ အေထာင္တုိက္စစ္မွဴးအျဖစ္ တာဝန္ယူကစားခဲ့ၾကလို႔ တုိက္စစ္လမ္းေၾကာင္းေတြ ပုိပြင့္လာခဲ့ၿပီး ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဒီဘ႐ိုင္းနားရဲ႕ ေပးပုိ႔မွဳကေန စတာလင္က ကန္သြင္းရာမွာ ဖ်က္ထုတ္တဲ့ ခ်ိမ္ဘာလိန္က ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့ပါတယ္။

ေနာက္ပုိင္းမွာေတာ့ ႏွစ္သင္းစလုံး ကစားအား ေလ်ာ့ခ်သြားခဲ့ၿပီး လီဗာပူးလ္အေနနဲ႔ ဆာလားကို ေရႊဖိနပ္ေမွ်ာ္လင့္ခ်က္အတြက္ ပြဲခ်ိန္ျပည့္ ကစားေစခဲ့ေပမယ့္ အခြင့္အေရးမရခဲ့ဘဲ ပြဲၿပီးခါနီးမွာ တန္ျပန္တုိက္စစ္ကေန မာရက္ဇ္ဂိုးသြင္းယူဖို႔ အလုပ္မွာ သူ႕ဆီ ေဘာလုံးမေရာက္ခင္ ဖိုဒန္ လက္ထိခဲ့တယ္ဆုိၿပီး စပါးစ္နဲ႔ပြဲက လူးကပ္စ္ ေမာ္ရာရဲ႕ ျဖစ္ရပ္နဲ႔တူညီစြာ VAR နဲ႔ ပယ္ဖ်က္ခံခဲ့ရလုိ႔ ငါးဂိုး-ဂိုးမရွိနဲ႔ ပြဲမၿပီးခဲ့တာလည္းျဖစ္ပါတယ္။

ႏွစ္သင္းစလုံးအတြက္ ဒီပြဲက အေရးမပါေတာ့ေပမယ့္ မန္ခ်က္စတာစီးတီးနဲ႔ နည္းျပ ဂြါဒီယိုလာတုိ႔အေနနဲ႔ ဂုဏ္သိကၡာအတြက္ ဖိဖိစီးစီး ကစားခဲ့ၾကၿပီး ဒီႏွစ္မွာ ေနာက္တန္းေတြေၾကာင့္ အားမတန္လုိ႔ မာန္ေလွ်ာ့လိုက္ရေပမယ့္ လာမယ့္ႏွစ္မွာေတာ့ လြယ္လိမ့္မယ္မထင္နဲ႔လို႔ လီဗာပူးလ္တုိ႔ကို သတိေပးလိုက္တဲ့ ပြဲတစ္ပြဲလည္းျဖစ္ခဲ့ေၾကာင္း ေရးသားလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ခံစစ်ပိုင်းက အသုံးမကျလို့သာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ထိန်းသိမ်းနိုင်ခဲ့ခြင်း မရှိတာဖြစ်ပြီး တိုက်စစ်ပိုင်းကတော့ ကြိုက်တဲ့အသင်းနဲ့ ယှဉ်ကစားလို့ ရနေဆဲဆိုတာကို သက်သေပြတဲ့ နိုင်ပွဲတစ်ပွဲကို ပြိုင်ဘက် လီဗာပူးလ်အပေါ်မှာ ဂိုးပြတ် ရယူသွားခဲ့တာဖြစ်ပြီး Guard of Honor နဲ့ ကွင်းအဝင်မှာ လေးစားနိုင်ပေမယ့် ကွင်းထဲမှာတော့ မညှာတာဘူးဆိုတာကို ပထမပိုင်းသွင်းဂိုး သုံးဂိုးနဲ့ ပြသသွားခဲ့ပါတယ်။

ဒီနေ့မှာတော့ မန်စီးတီးတို့အနေနဲ့ လူငယ်ကစားသမားတွေဖြစ်ကြတဲ့ ဖီးလ် ဖိုဒန်နဲ့ အဲရစ် ဂါစီယာတို့ကို တိုက်စစ်နဲ့ ခံစစ်တွေမှာ အသီးသီး ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ ကစားပုံကျဆင်းနေတဲ့ ဒေးဗစ် ဆေးလ်ဗားရဲ့ ခြေစွမ်းကို သတိပြုမိတဲ့ ဂွါဒီယိုလာအနေနဲ့ ပြတ်ပြတ်သားသားပဲ လူစာရင်းက ဖယ်ထုတ်ထားခဲ့ပါတယ်။

ပထမပိုင်းပွဲအစမှာ လီဗာပူးလ်တို့က ပိုမိုသာလွန်သယောင်ရှိခဲ့ပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေကို ပြုလုပ်နိုင်ခဲ့သလို မန်စီးတီးနောက်တန်းတွေ အရှိန်မရသေးခင်မှာပဲ ကွင်းလယ်က တင်ပေးတာကို မိုဟာမက် ဆာလားက ကန်သွင်းခဲ့ရာမှာ အီဒါဆန် ပုတ်ထုတ်ခဲ့ရပြီး ကံကောင်းလို့သာ ပြေးလိုက်လာတဲ့ ဖာမီနိုရဲ့ အပြစ်ပေးမှုကို မခံခဲ့ရတာပါ။

ပွဲချိန် ၁၈ မိနစ်မှာလည်း ဆာလားရဲ့ အပိုင်ကန်သွင်းချက် တိုင်ထိထွက်ခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ မန်စီးတီးရဲ့ ဘောလုံးပိုင်ဆိုင်မှုက ကွင်းလယ်မှာ တည်ဆောက်မိလာခဲ့ပါတယ်။ ပွဲချိန် ၂၄ မိနစ်မှာတော့ ဘယ်သူက ပိုသာသလဲလို့ အချင်းချင်း ရန်ဖြစ်နေကျ ဂျိုးဂိုမက်ဇ်ကို စတာလင်က ပါးပါးနပ်နပ် လှည့်ထွက်ပြီး ပင်နယ်တီ ရယူသွားနိုင်ခဲ့ပါတယ်။

ဒီပင်နယ်တီကိုတော့ အဂွေရို မပါဝင်ကတည်းက ဂွန်ဒိုးဝမ်ကို ကျော်တက်ပြီး ပင်တိုင်ပင်နယ်တီကန်သွင်းသူဖြစ်လာခဲ့တဲ့ ဒီနေ့ပွဲရဲ့ အသင်းခေါင်းဆောင် ကီဗင် ဒီဘရိုင်းနားက အယ်လစ်ဆန် ဒိုင်ဗင်ပစ်တဲ့ဘက်နဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းပြီး အဖွင့်ဂိုးရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ စတာလင်နဲ့ ဒီဘရိုင်းနားတို့က ဘောလုံးကို ထားခဲ့ပြီး လီဗာပူးလ်နောက်တန်းတွေကို ခွဲထုတ်သွားခဲ့ရာမှာ ပိုမိုအခြေအနေကောင်းတဲ့ စတာလင်ဆီ ဖိုဒန်က တိတိကျကျပေးပို့နိုင်ခဲ့သလို စတာလင်ကလည်း မှန်ကန်တဲ့ အထိန်းအသိမ်းနဲ့အတူ သူ့ရဲ့ ရန်ဘက် ဂျိုးဂိုမက်ဇ်ရဲ့ ပေါင်ကြားထဲကနေ မန်စီးတီးအတွက် ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းခါနီး ပွဲချိန် ၄၅ မိနစ်မှာတော့ အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းပြနေတဲ့ ဖိုဒန်က လီဗာပူးလ်နောက်တန်းတွေ အများကြီး ကာကွယ်ထားတဲ့ကြားက ဒီဘရိုင်းနားနဲ့ ဝမ်းတူးရိုက်ထွက်ပြီး ဂိုးသမား အယ်လီဆန်နဲ့အတွေ့မှာ အပေါ်က ကျော်ကန်သွားနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ သုံးဂိုး-ဂိုးမရှိနဲ့ စီးတီးတို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစတင်ချိန်မှာတော့ ခံစစ်သမား အပိုပါမလာတဲ့ ယာဂန် ကလော့ပ်အနေနဲ့ ဂျိုးဂိုမက်ဇ်ကို စိတ်ကုန်သွားချိန်မှာ ချိမ်ဘာလိန်နဲ့ လူစားလဲပြီး ကွင်းလယ်ခံစစ်သမား ဖာဘင်ညိုကို ခံစစ်ဗဟိုမှာ ဗန်ဒိုက်နဲ့ တွဲကစားခိုင်းခဲ့ရပြီး အသင်းရဲ့ ကစားကွက်ကတော့ အနည်းငယ် ပြန်လည်တည်ငြိမ်လာခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ မန်စီးတီးဘက်က ဂျေဆူးအစား မာရက်ဇ်ဝင်လာခဲ့ပြီး တိုက်စစ်မှာ စတာလင်၊ မာရက်ဇ်နဲ့ ဒီဘရိုင်းနားတို့က ကြုံတဲ့သူ အထောင်တိုက်စစ်မှူးအဖြစ် တာဝန်ယူကစားခဲ့ကြလို့ တိုက်စစ်လမ်းကြောင်းတွေ ပိုပွင့်လာခဲ့ပြီး ပွဲချိန် ၆၆ မိနစ်မှာတော့ ဒီဘရိုင်းနားရဲ့ ပေးပို့မှုကနေ စတာလင်က ကန်သွင်းရာမှာ ဖျက်ထုတ်တဲ့ ချိမ်ဘာလိန်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ နှစ်သင်းစလုံး ကစားအား လျော့ချသွားခဲ့ပြီး လီဗာပူးလ်အနေနဲ့ ဆာလားကို ရွှေဖိနပ်မျှော်လင့်ချက်အတွက် ပွဲချိန်ပြည့် ကစားစေခဲ့ပေမယ့် အခွင့်အရေးမရခဲ့ဘဲ ပွဲပြီးခါနီးမှာ တန်ပြန်တိုက်စစ်ကနေ မာရက်ဇ်ဂိုးသွင်းယူဖို့ အလုပ်မှာ သူ့ဆီ ဘောလုံးမရောက်ခင် ဖိုဒန် လက်ထိခဲ့တယ်ဆိုပြီး စပါးစ်နဲ့ပွဲက လူးကပ်စ် မော်ရာရဲ့ ဖြစ်ရပ်နဲ့တူညီစွာ VAR နဲ့ ပယ်ဖျက်ခံခဲ့ရလို့ ငါးဂိုး-ဂိုးမရှိနဲ့ ပွဲမပြီးခဲ့တာလည်းဖြစ်ပါတယ်။

နှစ်သင်းစလုံးအတွက် ဒီပွဲက အရေးမပါတော့ပေမယ့် မန်ချက်စတာစီးတီးနဲ့ နည်းပြ ဂွါဒီယိုလာတို့အနေနဲ့ ဂုဏ်သိက္ခာအတွက် ဖိဖိစီးစီး ကစားခဲ့ကြပြီး ဒီနှစ်မှာ နောက်တန်းတွေကြောင့် အားမတန်လို့ မာန်လျှော့လိုက်ရပေမယ့် လာမယ့်နှစ်မှာတော့ လွယ်လိမ့်မယ်မထင်နဲ့လို့ လီဗာပူးလ်တို့ကို သတိပေးလိုက်တဲ့ ပွဲတစ်ပွဲလည်းဖြစ်ခဲ့ကြောင်း ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.