Ligue1

ဥရောပမှာ ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့နှုန်း မကြုံစဖူး ဆိုးရွားနေတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ယခုရာသီမှာ ဂိုးပေါက်ရှာတွေ့နိုင်ဖို့အတွက် အခက်တွေ့နေပြီး ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့နှုန်းမှာ ဒုတိယအဆိုးဆုံးကစားသမားအဖြစ် ရပ်တည်နေရပါတယ်။

အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟာ လိဂန်း ၁၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ဂိုးပေါက်ကန်သွင်းဖို့ ကြိုးပမ်းမှု ၄၄ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပေမယ့်လည်း ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ လက်ရှိမှာ ယခုရာသီ ဥရောပရဲ့ထိပ်တန်းလိဂ် ၅ ခုမှာ ဂိုးသွင်းယူထားတဲ့ ကစားသမားတွေထဲမှာ ကန်သွင်းချက်ကနေ ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့အချိုးမှာ ဒုတိယအဆိုးရွားဆုံးကစားသမားဖြစ်နေတယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဆိုးရွားဆုံးစံချိန်တင်ထားတဲ့ တစ်ဦးတည်းသောကစားသမားကတော့ မန်ချက်စတာစီးတီး နောက်ခံကစားသမား ဂျာအို ကန်ဆယ်လိုဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ကန်သွင်းဖို့ ကြိုးပမ်းမှု ၄၆ ကြိမ်ပြုလုပ်ခဲ့ရာမှာ ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပိုမိုကောင်းမွန်နေခဲ့တယ်လို့ ယူဆရပြီး ၅ ပွဲကစားပေးထားရာမှာ ၅ ဂိုးအထိ သွင်းယူပေးထားပြီး လိဂန်းမှာ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မမျှော်လင့်ထားဘဲ ပီအက်စ်ဂျီအသင်းနဲ့အတူ ကစားသမားဘဝကို နှေးကွေးစွာ စတင်ခဲ့ပြီးနောက် ၎င်းရဲ့ လိဂန်းပြိုင်ပွဲက ခြေစွမ်းအပေါ် မေးခွန်းထုတ်စရာတွေက မြင့်တက်လာနေခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်သတင်းစာ L’Equipe က မက်ဆီဟာ နည်းပြ ပိုချက်တီနိုလက်အောက်မှာ လိဂန်းအမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၁ မှတ်အထိ ဖြတ်ထားနိုင်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ကစားပုံနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပါတယ်။

ယခုလအစောပိုင်းမှာ မက်ဆီဟာ ၎င်းရဲ့ စပိန်က ပြိုင်ဘက်ဟောင်းဖြစ်တဲ့ ကာရင် ဘန်ဇီးမားဆီကနေ မကြုံစဖူး အားပေးထောက်ခံမှုကိုလည်း ရရှိခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးက ဘလွန်ဒေါ ၇ ဆုရှင်က ပြင်သစ်ဘောလုံးနဲ့ အသားကျသွားလိမ့်မယ်လို့ ထောက်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူ ဘယ်လိုလုပ်ပြီး အောင်မြင်ဦးမှာလဲ။ အခုက အသားကျဖို့ ကြိုးစားနေရတဲ့ ကာလပဲ ရှိပါသေးတယ်။ ဘာလို့လဲဆိုတော့ သူ ဂိုးတွေ အများကြီး မသွင်းယူနေလို့ပါ။ ဒါပေမယ့် သူ ကွင်းထဲမှာ ဘာတွေ လုပ်နေလဲဆိုတာကို စောင့်ကြည့်လိုက်ပါ။ ဘယ်လိုအကြောင်းနဲ့မှ ခင်ဗျား ကစားသမားတွေကို ဒီလိုမျိုး ဝေဖန်ပြစ်တင်လို့ မရပါဘူး။ မက်ဆီကို ဝေဖန်နေတဲ့သူတွေက ဘောလုံးအကြောင်း နကန်းတစ်လုံးမှတောင် မသိတဲ့သူတွေပါ”လို့ ဘန်ဇီးမားက TF1 ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီယြန္နယ္ မက္ဆီဟာ ယခုရာသီမွာ ဂိုးေပါက္ရွာေတြ႕နိုင္ဖို႔အတြက္ အခက္ေတြ႕ေနၿပီး ဥေရာပထိပ္သီးလိဂ္ ၅ ခုမွာ ဂိုးအျဖစ္ေျပာင္းလဲနိုင္တဲ့ႏႈန္းမွာ ဒုတိယအဆိုးဆုံးကစားသမားအျဖစ္ ရပ္တည္ေနရပါတယ္။

အာဂ်င္တီးနားလက္ေရြးစင္တိုက္စစ္မႉးဟာ လိဂန္း ၁၂ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ဂိုးေပါက္ကန္သြင္းဖို႔ ႀကိဳးပမ္းမႈ ၄၄ ႀကိမ္အထိ ျပဳလုပ္ထားနိုင္ခဲ့ေပမယ့္လည္း ၁ ဂိုးသာ သြင္းယူထားနိုင္ခဲ့တာ ျဖစ္ပါတယ္။

မက္ဆီဟာ လက္ရွိမွာ ယခုရာသီ ဥေရာပရဲ့ထိပ္တန္းလိဂ္ ၅ ခုမွာ ဂိုးသြင္းယူထားတဲ့ ကစားသမားေတြထဲမွာ ကန္သြင္းခ်က္ကေန ဂိုးအျဖစ္ေျပာင္းလဲနိုင္တဲ့အခ်ိဳးမွာ ဒုတိယအဆိုးရြားဆုံးကစားသမားျဖစ္ေနတယ္လို႔ Daily Mail ရဲ့ ေဖာ္ျပခ်က္အရ သိရပါတယ္။

အဆိုးရြားဆုံးစံခ်ိန္တင္ထားတဲ့ တစ္ဦးတည္းေသာကစားသမားကေတာ့ မန္ခ်က္စတာစီးတီး ေနာက္ခံကစားသမား ဂ်ာအို ကန္ဆယ္လိုျဖစ္ၿပီး ယခုရာသီ ပရီးမီးယားလိဂ္မွာ ဂိုးေပါက္ကန္သြင္းဖို႔ ႀကိဳးပမ္းမႈ ၄၆ ႀကိမ္ျပဳလုပ္ခဲ့ရာမွာ ၁ ဂိုးသာ သြင္းယူထားနိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ ယခုရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပိုမိုေကာင္းမြန္ေနခဲ့တယ္လို႔ ယူဆရၿပီး ၅ ပြဲကစားေပးထားရာမွာ ၅ ဂိုးအထိ သြင္းယူေပးထားၿပီး လိဂန္းမွာ ဂိုးဖန္တီးမႈ ၆ ႀကိမ္ျပဳလုပ္ထားနိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း မေမၽွာ္လင့္ထားဘဲ ပီအက္စ္ဂ်ီအသင္းနဲ႔အတူ ကစားသမားဘဝကို ေႏွးေကြးစြာ စတင္ခဲ့ၿပီးေနာက္ ၎ရဲ့ လိဂန္းၿပိဳင္ပြဲက ေျခစြမ္းအေပၚ ေမးခြန္းထုတ္စရာေတြက ျမင့္တက္လာေနခဲ့တာ ျဖစ္ပါတယ္။

ျပင္သစ္သတင္းစာ L’Equipe က မက္ဆီဟာ နည္းၿပ ပိုခ်က္တီနိုလက္ေအာက္မွာ လိဂန္းအမွတ္ေပးဇယားထိပ္ဆုံးမွာ ၁၁ မွတ္အထိ ျဖတ္ထားနိုင္တဲ့ ပီအက္စ္ဂ်ီအသင္းရဲ့ ကစားပုံနဲ႔ပတ္သက္ၿပီး မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ သိရပါတယ္။

ယခုလအေစာပိုင္းမွာ မက္ဆီဟာ ၎ရဲ့ စပိန္က ၿပိဳင္ဘက္ေဟာင္းျဖစ္တဲ့ ကာရင္ ဘန္ဇီးမားဆီကေန မၾကဳံစဖူး အားေပးေထာက္ခံမႈကိုလည္း ရရွိခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးက ဘလြန္ေဒါ ၇ ဆုရွင္က ျပင္သစ္ေဘာလုံးနဲ႔ အသားက်သြားလိမ့္မယ္လို႔ ေထာက္ခံေျပာဆိုခဲ့တာျဖစ္ပါတယ္။

“သူ ဘယ္လိုလုပ္ၿပီး ေအာင္ျမင္ဦးမွာလဲ။ အခုက အသားက်ဖို႔ ႀကိဳးစားေနရတဲ့ ကာလပဲ ရွိပါေသးတယ္။ ဘာလို႔လဲဆိုေတာ့ သူ ဂိုးေတြ အမ်ားႀကီး မသြင္းယူေနလို႔ပါ။ ဒါေပမယ့္ သူ ကြင္းထဲမွာ ဘာေတြ လုပ္ေနလဲဆိုတာကို ေစာင့္ၾကည့္လိုက္ပါ။ ဘယ္လိုအေၾကာင္းနဲ႔မွ ခင္ဗ်ား ကစားသမားေတြကို ဒီလိုမ်ိဳး ေဝဖန္ျပစ္တင္လို႔ မရပါဘူး။ မက္ဆီကို ေဝဖန္ေနတဲ့သူေတြက ေဘာလုံးအေၾကာင္း နကန္းတစ္လုံးမွေတာင္ မသိတဲ့သူေတြပါ”လို႔ ဘန္ဇီးမားက TF1 ကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.