Article Premier League Transfer News

အမှတ်မရှိသေးတဲ့ ဂျင်းTD အီဒူးနဲ့ အာဆင်နယ်တို့ ဘယ်သူတွေကို ခေါ်ယူနိုင်မှာလဲ

အာဆင်နယ်အသင်းအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်တွေမှာ သူတို့ရဲ့ ဖွဲ့စည်းပုံကို ပြောင်းလဲလိုက်ချိန်ကစပြီး အောင်မြင်ခဲ့ပါသလားလို့ မေးလာရင် အားလုံးကတော့ No လို့ပဲ ပြောကြမှာဖြစ်ပါတယ်။ အဓိကအားဖြင့် အရောင်းပိုင်းက သုံးစားမရချိန်မှာ အဝယ်ပိုင်းလေး အလုပ်ဖြစ်ရင် တော်ပါပြီလေလို့ စိတ်လျှော့ထားခဲ့ကြပေမယ့် ဒါက လက်ရှိဆောင်းရာသီမှာ ပရိသတ်တွေ စိတ်အပျက်ရဆုံးလည်းဖြစ်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ကစားသမားခေါ်ယူမှုတွေ အောင်မြင်ခဲ့ပါတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ ဥရောပဈေးကွက်ကို ဝင်ဖို့ လုံးဝအသုံးမကျဘူးလို့ ခပ်ပြတ်ပြတ် ပြောရမှာဖြစ်ပြီး သူတို့ရဲ့ ကောင်းလှပါတယ်ဆိုတဲ့ ဘန်ဝှိုက်နဲ့ ရမ်းစ်ဒေးလ်ဟာ ပရီးမီးယားလိဂ်မှာ အနီးအနားကနေ မခေါ်တတ်ရင်လည်း လဲသေရုံပဲ ရှိတော့တယ်လို့ သုံးသပ်ရမှာဖြစ်သလို တိုမီယာစုကသာ အသင်းငယ်လွန်းလို့ အလွယ်တကူ ရောက်ခဲ့ရတာပါ။

အာဆင်နယ်အသင်းကို အာဆင်ဝင်းဂါးရဲ့ နောက်ဆုံးနှစ်မှာ ဖွဲ့စည်းပုံ စပြောင်းတော့ တကယ့်ဂျင်းကောင်တွေ၊ အခွင့်အရေးသမားတွေက အသင်းကို ရောက်လာခဲ့တာပါ။ ဘာစီလိုနာရဲ့ လာဘ်ပေးလာဘ်ယူ Under Table ကျွမ်းကျင်သူ ရာအူးလ် ဆန်ယီဟီ၊ ကင်းထောက်ချုပ်ပဲ လုပ်လာခဲ့ပြီး မတန်မရာ အားကစားဒါရိုက်တာကို တက်မှန်းချင်တဲ့ ဆဗင် မစ်စ်လင်တက်၊ လူသိပ်မသိတဲ့ ဟပ်စ် ဖာမီတို့နဲ့ အသင်းရဲ့ အုပ်ချုပ်ရေးပိုင်းကို ဖွဲ့စည်းခဲ့ပြီး အီဗန် ဂါဇီဒစ်နေရာကို အစားထိုးဖို့ ဗီနိုင်း ဗင်ကာတီရှမ်ကို မန်နေဂျင်း ဒါရိုက်တာ ခန်ခဲ့ပါတယ်။

အာဆင်ဝင်းဂါးနေရာ အူနိုင်း အမ်မရီ ဝင်ပြီးနောက်ပိုင်းမှာ မစ်စ်လင်တက်နဲ့ ဘုတ်အဖွဲ့ သဘောထား ကွဲလွဲခဲ့ကြပြီး ထွက်သွားခဲ့သလို နောက်နွေမှာတော့ နည်းစနစ်ဒါရိုက်တာအဖြစ် အသင်းကွင်းလယ်လူဟောင်း အီဒူးရောက်လာခဲ့အပြီး တစ်နှစ်လောက်ရှိချိန်မှာပဲ အရာအားလုံး လက်ဝါးကြီး အုပ်ထားချင်ပြီး အိတ်ထဲ ထည့်ချင်တဲ့ ဆန်ယီဟီက ပေပေ ပြောင်းရွှေ့ကြေးကို တင်ရိုက်ပြီး ဖြတ်စားသွားတာ ဘူးပေါ်သလို ပေါ်သွားခဲ့တာကြောင့် အသင်းနဲ့ လမ်းခွဲသွားခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာတော့ အသင်းရဲ့ အော်ပရေးရှင်းတွေကို နည်းပြ မီခယ်လ် အာတီတာ၊ CEO ဖြစ်လာတဲ့ ဗီနိုင်းနဲ့ နည်းစနစ်ဒါရိုက်တာ Technical Director TD အီဒူးတို့ တွဲကိုင်ခဲ့ကြပြီး ဥရောပဈေးကွက်ကိုတော့ လူရာမဝင်သလိုလည်းဖြစ်နေခဲ့ချိန်မှာ မော်ဒန် ဘောလုံးအသင်းတွေရဲ့ ဖွဲ့စည်းပုံမှာ အရေးတကြီး လိုအပ်တဲ့ အထွေထွေမန်နေဂျာ General Manager GM ပဲခေါ်ခေါ်၊ အားကစားဒါရိုက်တာ Sporting Director ပဲခေါ်ခေါ် အပြောင်းအရွှေ့မှာ တာဝန်ရှိသူတစ်ဦးကို ခန့်အပ်နိုင်ဖို့ ပျက်ကွက်နေခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်ကို ပုံစံ စပြောင်းတော့ အဖေ ခရိုယန်ကီနဲ့ ဆန်ယီဟီတို့ ပေါင်းမိချိန်မှာ ဂျင်းထည့်ဖို့ပဲ ကြိုးပမ်းခဲ့ကြချိန်မှာ အီဒူးဟာ ရုပ်ပြအဖြစ် ကစားသမားဟောင်း ဂန်းနား DNA ဆိုပြီး အသင်းပရိသတ်တွေကို နှစ်သိမ့်ဖို့ ဂျင်းခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ သားခရိုယန်ကီအနေနဲ့ ဆက်ဂျင်းရင် ပရိသတ်တွေ ကန်တော့မယ်ဆိုတာကို သိပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် သူရဲကောင်းဖြစ်နိုင်ဖို့ ပြောင်းလဲခဲ့ချိန်မှာ အာတီတာရဲ့ ရည်မှန်းချက်ကို ကူညီဖို့ ဘရာဇီးလ်သားက ဉာဏ်မမီဘဲ သိမ်ငယ်လွန်းနေခဲ့တာဖြစ်သလို ဒါကို ခုချိန်ထိ အားကိုးလို့ ရနိုင်တုန်းလို့ ထင်နေဖို့တော့ မဖြစ်နိုင်တော့တာပါ။

ဥရောပဈေးကွက်မှာဆို အသင်းတိုင်းက ဂျင်းထည့်ချင်နေကြပြီး ဘယ်ကစားသမားဟာ ကိုယ့်အသင်းအတွက် တကယ်တမ်းရရှိနိုင်တယ်ဆိုတာ ကိုလည်း ကင်းထောက်တွေ၊ အေးဂျင့်တွေနဲ့ ချိတ်ဆက်မှု မကောင်းတဲ့အတွက် မသိတော့ဘဲ မှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ လမ်းလျှောက်နေရသလိုဖြစ်ခဲ့တဲ့ အီဒူးဟာ ဒူရှန် ဗလာဟိုဗစ်ချ်၊ ဒေယန် ကူလူရှက်ဗ်စကီး၊ အာတူရ်၊ ဘရူနို ဂီမာရိုင်းစ်တို့ကို လက်လွှတ်လိုက်ရအပြီးမှာတော့ ပရီးမီးယားလိဂ်အသင်းကြီး တစ်သင်းမှာ စီမံခန့်ခွဲနိုင်တဲ့ အဆင့်မျိုးမရှိဘဲ တောင်အမေရိက,က ခပ်ပိန်းပိန်းအဆင့်နဲ့ အလုပ်မဖြစ်တော့တာပါ။

ဒီအချိန်မှာ အီဒူးနဲ့ အာဆင်နယ်တို့အနေနဲ့ သွေးရူးသွေးတန်း Panic Buy တွေကိုပဲ လုပ်ဆောင်ရဖို့ များနေပြီး မဝယ်ရင်လည်း ပရီးမီးယားလိဂ်မှာ ကျရှုံးတော့မယ့် အခြေအနေမှာ အက်စ်တန်ဗီလာရဲ့ ဘရာဇီးလ်သား ဒေါက်ဂလပ်စ် လူးဝစ်ဇ်နဲ့ လေဗာကူဆင်ရဲ့ ယူရိုဂိုးသွင်းဘုရင် ချက်တိုက်စစ်မှူး ပက်ထရစ် ရှစ်ခ်တို့ကို ကြိုးစားဖွယ်ရှိနေသေးချိန်မှာ တောင်းတဲ့ ဈေးကိုတော့ ပေးရတော့မှာဖြစ်ပြီး ဈေးဆစ်ခွင့် မရှိတော့တာလည်းဖြစ်ပါတယ်။

ကိုယ်လုံးကိုယ်ထည်သေးသေးငယ်ငယ်နဲ့ စီးရီးအေမှာတောင် ဘာမှ မဖြစ်ခဲ့တဲ့ ဂျူဗင်တပ်စ် ကွင်းလယ်လူ အာတူရ်ကိုတော့ လစာအပြည့်၊ တစ်နှစ်ခွဲအငှား ပြီးတာနဲ့ ယူရိုသန်း ၄၀ နဲ့ မဖြစ်မနေ ခေါ်ယူရမယ်ဆိုတဲ့ ကျည်ဆန်ကို အာဆင်နယ်တို့ ရှောင်လွှဲနိုင်ခဲ့ပြီး နွေမှာ ခေါ်ယူဖို့ မသေချာနိုင်ဘဲ လက်ရှိမှာ ယူရို ၇ သန်းပေးတာနဲ့ ခေါ်လို့ရနေတဲ့ မိုချန်ဂလာဘက်ချ်ကွင်းလယ်လူ ဇာကာရီးယားကိုတော့ လက်တွန့်နေသေးသလို ကိုယ့်အဆင့်အတန်းနဲ့ အခြေအနေမှန်ကို သုံးသပ်နိုင်ဖို့တော့ လိုနေပါသေးတယ်။

ချန်ပီယံလိဂ်နဲ့ ၅ ရာသီဆက်တိုက် လွဲချော်ခဲ့ပြီး လက်ရှိမှာ ဥရောပ ကစားခွင့်ပါ လွဲချော်ထားတဲ့ အသင်းအနေနဲ့ ဆရာကြီးအထာတွေ ကိုင်နေဖို့ မဖြစ်နိုင်ဘူးဆိုတာလည်း ကောင်းကောင်းသိထားရမှာဖြစ်ပြီး ကိုယ့်အသင်းနဲ့ လိုက်ဖက်ညီပြီး ပရိသတ်အဖြစ် ကူညီချင်တဲ့ ကစားသမားမျိုးတွေဖြစ်တဲ့ PSG ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်ကို ခေါ်ဖို့ကတော့ ဖြစ်ကောင်းဖြစ်လာနိုင်တာမို့ ဇန်နဝါရီ ၃၁ ရက်နေ့ ည ၁၁ နာရီ မတိုင်ခင်အထိ စောင့်ကြည့်ရဦးမှာဖြစ်လို့ ဒီနည်းစနစ်ဒါရိုက်တာ ဂဂျောင် အီဒူးအတွက် အရပ်ကူပါ လူဝိုင်းပါပဲဖြစ်နေဦးမယ်လို့ သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ အေျပာင္းအေ႐ႊ႕ေဈးကြက္ေတြမွာ သူတို႔ရဲ႕ ဖြဲ႕စည္းပုံကို ေျပာင္းလဲလိုက္ခ်ိန္ကစၿပီး ေအာင္ျမင္ခဲ့ပါသလားလို႔ ေမးလာရင္ အားလုံးကေတာ့ No လို႔ပဲ ေျပာၾကမွာျဖစ္ပါတယ္။ အဓိကအားျဖင့္ အေရာင္းပိုင္းက သုံးစားမရခ်ိန္မွာ အဝယ္ပိုင္းေလး အလုပ္ျဖစ္ရင္ ေတာ္ပါၿပီေလလို႔ စိတ္ေလွ်ာ့ထားခဲ့ၾကေပမယ့္ ဒါက လက္ရွိေဆာင္းရာသီမွာ ပရိသတ္ေတြ စိတ္အပ်က္ရဆုံးလည္းျဖစ္ေနခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီက ကစားသမားေခၚယူမႈေတြ ေအာင္ျမင္ခဲ့ပါတယ္လို႔ ေျပာႏိုင္ပါတယ္။ ဒါေပမယ့္ အာဆင္နယ္ဟာ ဥေရာပေဈးကြက္ကို ဝင္ဖို႔ လုံးဝအသုံးမက်ဘူးလို႔ ခပ္ျပတ္ျပတ္ ေျပာရမွာျဖစ္ၿပီး သူတို႔ရဲ႕ ေကာင္းလွပါတယ္ဆိုတဲ့ ဘန္ဝႈိက္နဲ႔ ရမ္းစ္ေဒးလ္ဟာ ပရီးမီးယားလိဂ္မွာ အနီးအနားကေန မေခၚတတ္ရင္လည္း လဲေသ႐ုံပဲ ရွိေတာ့တယ္လို႔ သုံးသပ္ရမွာျဖစ္သလို တိုမီယာစုကသာ အသင္းငယ္လြန္းလို႔ အလြယ္တကူ ေရာက္ခဲ့ရတာပါ။

အာဆင္နယ္အသင္းကို အာဆင္ဝင္းဂါးရဲ႕ ေနာက္ဆုံးႏွစ္မွာ ဖြဲ႕စည္းပုံ စေျပာင္းေတာ့ တကယ့္ဂ်င္းေကာင္ေတြ၊ အခြင့္အေရးသမားေတြက အသင္းကို ေရာက္လာခဲ့တာပါ။ ဘာစီလိုနာရဲ႕ လာဘ္ေပးလာဘ္ယူ Under Table ကြၽမ္းက်င္သူ ရာအူးလ္ ဆန္ယီဟီ၊ ကင္းေထာက္ခ်ဳပ္ပဲ လုပ္လာခဲ့ၿပီး မတန္မရာ အားကစားဒါ႐ိုက္တာကို တက္မွန္းခ်င္တဲ့ ဆဗင္ မစ္စ္လင္တက္၊ လူသိပ္မသိတဲ့ ဟပ္စ္ ဖာမီတို႔နဲ႔ အသင္းရဲ႕ အုပ္ခ်ဳပ္ေရးပိုင္းကို ဖြဲ႕စည္းခဲ့ၿပီး အီဗန္ ဂါဇီဒစ္ေနရာကို အစားထိုးဖို႔ ဗီႏိုင္း ဗင္ကာတီရွမ္ကို မန္ေနဂ်င္း ဒါ႐ိုက္တာ ခန္ခဲ့ပါတယ္။

အာဆင္ဝင္းဂါးေနရာ အူႏိုင္း အမ္မရီ ဝင္ၿပီးေနာက္ပိုင္းမွာ မစ္စ္လင္တက္နဲ႔ ဘုတ္အဖြဲ႕ သေဘာထား ကြဲလြဲခဲ့ၾကၿပီး ထြက္သြားခဲ့သလို ေနာက္ေႏြမွာေတာ့ နည္းစနစ္ဒါ႐ိုက္တာအျဖစ္ အသင္းကြင္းလယ္လူေဟာင္း အီဒူးေရာက္လာခဲ့အၿပီး တစ္ႏွစ္ေလာက္ရွိခ်ိန္မွာပဲ အရာအားလုံး လက္ဝါးႀကီး အုပ္ထားခ်င္ၿပီး အိတ္ထဲ ထည့္ခ်င္တဲ့ ဆန္ယီဟီက ေပေပ ေျပာင္းေ႐ႊ႕ေၾကးကို တင္႐ိုက္ၿပီး ျဖတ္စားသြားတာ ဘူးေပၚသလို ေပၚသြားခဲ့တာေၾကာင့္ အသင္းနဲ႔ လမ္းခြဲသြားခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာေတာ့ အသင္းရဲ႕ ေအာ္ပေရးရွင္းေတြကို နည္းျပ မီခယ္လ္ အာတီတာ၊ CEO ျဖစ္လာတဲ့ ဗီႏိုင္းနဲ႔ နည္းစနစ္ဒါ႐ိုက္တာ Technical Director TD အီဒူးတို႔ တြဲကိုင္ခဲ့ၾကၿပီး ဥေရာပေဈးကြက္ကိုေတာ့ လူရာမဝင္သလိုလည္းျဖစ္ေနခဲ့ခ်ိန္မွာ ေမာ္ဒန္ ေဘာလုံးအသင္းေတြရဲ႕ ဖြဲ႕စည္းပုံမွာ အေရးတႀကီး လိုအပ္တဲ့ အေထြေထြမန္ေနဂ်ာ General Manager GM ပဲေခၚေခၚ၊ အားကစားဒါ႐ိုက္တာ Sporting Director ပဲေခၚေခၚ အေျပာင္းအေ႐ႊ႕မွာ တာဝန္ရွိသူတစ္ဦးကို ခန႔္အပ္ႏိုင္ဖို႔ ပ်က္ကြက္ေနခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္ကို ပုံစံ စေျပာင္းေတာ့ အေဖ ခ႐ိုယန္ကီနဲ႔ ဆန္ယီဟီတို႔ ေပါင္းမိခ်ိန္မွာ ဂ်င္းထည့္ဖို႔ပဲ ႀကိဳးပမ္းခဲ့ၾကခ်ိန္မွာ အီဒူးဟာ ႐ုပ္ျပအျဖစ္ ကစားသမားေဟာင္း ဂန္းနား DNA ဆိုၿပီး အသင္းပရိသတ္ေတြကို ႏွစ္သိမ့္ဖို႔ ဂ်င္းခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ သားခ႐ိုယန္ကီအေနနဲ႔ ဆက္ဂ်င္းရင္ ပရိသတ္ေတြ ကန္ေတာ့မယ္ဆိုတာကို သိၿပီး တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ သူရဲေကာင္းျဖစ္ႏိုင္ဖို႔ ေျပာင္းလဲခဲ့ခ်ိန္မွာ အာတီတာရဲ႕ ရည္မွန္းခ်က္ကို ကူညီဖို႔ ဘရာဇီးလ္သားက ဉာဏ္မမီဘဲ သိမ္ငယ္လြန္းေနခဲ့တာျဖစ္သလို ဒါကို ခုခ်ိန္ထိ အားကိုးလို႔ ရႏိုင္တုန္းလို႔ ထင္ေနဖို႔ေတာ့ မျဖစ္ႏိုင္ေတာ့တာပါ။

ဥေရာပေဈးကြက္မွာဆို အသင္းတိုင္းက ဂ်င္းထည့္ခ်င္ေနၾကၿပီး ဘယ္ကစားသမားဟာ ကိုယ့္အသင္းအတြက္ တကယ္တမ္းရရွိႏိုင္တယ္ဆိုတာ ကိုလည္း ကင္းေထာက္ေတြ၊ ေအးဂ်င့္ေတြနဲ႔ ခ်ိတ္ဆက္မႈ မေကာင္းတဲ့အတြက္ မသိေတာ့ဘဲ ေမွာင္ထဲမွာ စမ္းတဝါးဝါးနဲ႔ လမ္းေလွ်ာက္ေနရသလိုျဖစ္ခဲ့တဲ့ အီဒူးဟာ ဒူရွန္ ဗလာဟိုဗစ္ခ်္၊ ေဒယန္ ကူလူရွက္ဗ္စကီး၊ အာတူရ္၊ ဘ႐ူႏို ဂီမာ႐ိုင္းစ္တို႔ကို လက္လႊတ္လိုက္ရအၿပီးမွာေတာ့ ပရီးမီးယားလိဂ္အသင္းႀကီး တစ္သင္းမွာ စီမံခန႔္ခြဲႏိုင္တဲ့ အဆင့္မ်ိဳးမရွိဘဲ ေတာင္အေမရိက,က ခပ္ပိန္းပိန္းအဆင့္နဲ႔ အလုပ္မျဖစ္ေတာ့တာပါ။

ဒီအခ်ိန္မွာ အီဒူးနဲ႔ အာဆင္နယ္တို႔အေနနဲ႔ ေသြး႐ူးေသြးတန္း Panic Buy ေတြကိုပဲ လုပ္ေဆာင္ရဖို႔ မ်ားေနၿပီး မဝယ္ရင္လည္း ပရီးမီးယားလိဂ္မွာ က်ရႈံးေတာ့မယ့္ အေျခအေနမွာ အက္စ္တန္ဗီလာရဲ႕ ဘရာဇီးလ္သား ေဒါက္ဂလပ္စ္ လူးဝစ္ဇ္နဲ႔ ေလဗာကူဆင္ရဲ႕ ယူ႐ိုဂိုးသြင္းဘုရင္ ခ်က္တိုက္စစ္မႉး ပက္ထရစ္ ရွစ္ခ္တို႔ကို ႀကိဳးစားဖြယ္ရွိေနေသးခ်ိန္မွာ ေတာင္းတဲ့ ေဈးကိုေတာ့ ေပးရေတာ့မွာျဖစ္ၿပီး ေဈးဆစ္ခြင့္ မရွိေတာ့တာလည္းျဖစ္ပါတယ္။

ကိုယ္လုံးကိုယ္ထည္ေသးေသးငယ္ငယ္နဲ႔ စီးရီးေအမွာေတာင္ ဘာမွ မျဖစ္ခဲ့တဲ့ ဂ်ဴဗင္တပ္စ္ ကြင္းလယ္လူ အာတူရ္ကိုေတာ့ လစာအျပည့္၊ တစ္ႏွစ္ခြဲအငွား ၿပီးတာနဲ႔ ယူ႐ိုသန္း ၄၀ နဲ႔ မျဖစ္မေန ေခၚယူရမယ္ဆိုတဲ့ က်ည္ဆန္ကို အာဆင္နယ္တို႔ ေရွာင္လႊဲႏိုင္ခဲ့ၿပီး ေႏြမွာ ေခၚယူဖို႔ မေသခ်ာႏိုင္ဘဲ လက္ရွိမွာ ယူ႐ို ၇ သန္းေပးတာနဲ႔ ေခၚလို႔ရေနတဲ့ မိုခ်န္ဂလာဘက္ခ်္ကြင္းလယ္လူ ဇာကာရီးယားကိုေတာ့ လက္တြန႔္ေနေသးသလို ကိုယ့္အဆင့္အတန္းနဲ႔ အေျခအေနမွန္ကို သုံးသပ္ႏိုင္ဖို႔ေတာ့ လိုေနပါေသးတယ္။

ခ်န္ပီယံလိဂ္နဲ႔ ၅ ရာသီဆက္တိုက္ လြဲေခ်ာ္ခဲ့ၿပီး လက္ရွိမွာ ဥေရာပ ကစားခြင့္ပါ လြဲေခ်ာ္ထားတဲ့ အသင္းအေနနဲ႔ ဆရာႀကီးအထာေတြ ကိုင္ေနဖို႔ မျဖစ္ႏိုင္ဘူးဆိုတာလည္း ေကာင္းေကာင္းသိထားရမွာျဖစ္ၿပီး ကိုယ့္အသင္းနဲ႔ လိုက္ဖက္ညီၿပီး ပရိသတ္အျဖစ္ ကူညီခ်င္တဲ့ ကစားသမားမ်ိဳးေတြျဖစ္တဲ့ PSG ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ကို ေခၚဖို႔ကေတာ့ ျဖစ္ေကာင္းျဖစ္လာႏိုင္တာမို႔ ဇန္နဝါရီ ၃၁ ရက္ေန႔ ည ၁၁ နာရီ မတိုင္ခင္အထိ ေစာင့္ၾကည့္ရဦးမွာျဖစ္လို႔ ဒီနည္းစနစ္ဒါ႐ိုက္တာ ဂေဂ်ာင္ အီဒူးအတြက္ အရပ္ကူပါ လူဝိုင္းပါပဲျဖစ္ေနဦးမယ္လို႔ သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.