Premier League Serie A Transfer News

မလာချင်တဲ့ ဗလာဟိုဗစ်ချ်အစား နယူးကာဆယ်လ်ပစ်မှတ်ကို အပြိုင်လုတော့မယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဖီအိုရင်တီးနားတိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ချ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် နယူးကာဆယ်လ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဗစ်တာ အိုဆီမန်ကို ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်တော့မယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဗလာဟိုဗစ်ချ်ကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဖီအိုရင်တီးနားတိုက်စစ်မှူးဟာ ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ အပြောင်းအရွှေ့ပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆာဘီးယားတိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ကစားခွင့် မသေချာတဲ့ မြောက်လန်ဒန်ကလပ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေပုံ ပေါ်နေခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ အသင်းခေါင်းဆောင် အူဘာမီယန်းကို ရာထူးကနေ ဖယ်ရှားခဲ့ပြီးနောက် လူစာရင်းကနေ အပြီးတိုင် ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း တိုက်စစ်မှူးအသစ် ရှာဖွေနေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး မပါဝင်ဘဲ ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပေမယ့် အမ်းမရိတ်စ်မှာ ခြေစွမ်းကျဆင်းနေမှုက ထိပ်တန်းအရည်အသွေးရှိတဲ့ တိုက်စစ်မှူးလိုအပ်နေကြောင်း မီးမောင်း ထိုးပြနေခဲ့တာဖြစ်ပါတယ်။

Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်လ်အသင်းဟာ နာပိုလီကြယ်ပွင့် ဗစ်တာ အိုဆီမန်ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတယ်လို့ သိရပြီး အာဆင်နယ်အသင်းကလည်း နာပိုလီတိုက်စစ်မှူးကို ကြီးမားတဲ့ အပြောင်းအရွှေ့ပြုလုပ်ဖို့အတွက် စဉ်းစားနေတယ်လို့ Football Italia က ဖော်ပြခဲ့တာဖြစ်ပါတယ်။ အာဖရိကဖလားပြိုင်ပွဲမှာ နိုင်ဂျီးရီးယားအသင်းအတွက် ပါဝင်ကစားပေးရခြင်းမရှိတဲ့ ဗစ်တာ အိုဆီမန်ဟာ ၂၀၂၀ ခုနှစ်မှာ နာပိုလီအသင်းကို ပေါင် ၆၆ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြောင်းရွှေ့ကြေးနဲ့ အစိတ်အပိုင်းအဖြစ် ကစားသမား ၄ ဦးရဲ့ ကုန်ကျစရိတ်နဲ့ သက်ဆိုင်နေတဲ့ အကြောင်းအရင်း အများအပြားကြောင့် လက်ရှိမှာ ဒီအပြောင်းအရွှေ့ဟာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခြင်းခံနေရတာဖြစ်ပါတယ်။ အိုဆီမန်ဟာ နာပိုလီအတွက် ပြန်လည်ကစားပေးဖို့ မကြာသေးမီက ပါးရိုးကျိုးဒဏ်ရာနဲ့ ကိုဗစ်-၁၉ ကူးစက်ခံရမှုကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် နည်းပြ လူစီယာနို စပယ်လက်တီရဲ့အသင်းအတွက် ၂၀၂၂ ခုနှစ်အတွင်းမှာ ကစားပေးရခြင်းမရှိသေးသူဖြစ်ပါတယ်။

ဒါက အာဆင်နယ်နဲ့ နယူးကာဆယ်လ်တို့ ၂ သင်းစလုံးကို နာပိုလီတိုက်စစ်မှူးအပေါ် စိတ်ဝင်စားနေမှုကို ရပ်တန့်နိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး ဗလာဟိုဗစ်ချ်အတွက် တောင်းသလောက်ပေးဖို့ အဆင်သင့်ဖြစ်နေခဲ့တဲ့အတိုင်းပဲ အိုဆီမန်ကလည်း အလားတူ ပြောင်းရွှေ့ကြေးမျိုး ပေးချေရဖွယ် ရှိနေတာဖြစ်ပါတယ်။

Gazzetta က နာပိုလီဥက္ကဌ အော်ရယ်လီယို ဒီ လော်ရန်းတိစ်ဟာ အိုဆီမန်အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုတွေကို နားထောင်ပေးသွားလိုတဲ့ ဆန္ဒရှိနေတယ်လို့ ဖော်ပြခဲ့ပြီး နယူးကာဆယ်လဟာ ယခုလမှာ ဘန်လေကနေ ခရစ္စ ဝုဒ်ကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပေမယ့် နောက်ထပ် တိုက်စစ်မှူးတစ်ဦးကို ထပ်မံအားဖြည့်ချင်နေသေးတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နာပိုလီအသင်းလိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဟာ အလွန်ချမ်းသာကြွယ်ဝတဲ့ နယူးကာဆယ်လ်အသင်းပိုင်ရှင် ဆော်ဒီအုပ်စုအတွက်တောင် လက်တွန့်စေနိုင်တဲ့ ပမာဏဖြစ်နေဆဲဖြစ်ပြီး အာဆင်နယ်မှာလည်း အူဘာမီယန်းဟာ ဒူဘိုင်းက ရာသီအလယ် အသင်းရဲ့ လေ့ကျင့်ရေးစခန်းကနေ ထုတ်ပယ်ခံရပြီးနောက် နောက်ထပ် အရှက်ခွဲခံရမှုနဲ့ ထပ်မံ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

အာတီတာအနေနဲ့လည်း အူဘာမီယန်းသာ အရင်အတိုင်း လူစာရင်းထဲ ပြန်လည်ပါဝင်လာခဲ့ရင် ၎င်းရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီး အသင်းထဲမှာ ထိခိုက်မှုတွေ မြင့်တက်လာနိုင်တာကြောင့် ထိလွယ်ရှလွယ်တဲ့ကိစ္စတစ်ခုအဖြစ် ဂါဘွန်တိုက်စစ်မှူးကို သဘောထားနေဆဲ ဖြစ်ပါတယ်။

အူဘာမီယန်းဟာ လက်ရှိမှာတော့ မြောက်လန်ဒန်မှာ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ၎င်းရဲ့ ကာလရှည်အနာဂတ်နဲ့ပတ်သက်ပြီး ဘယ်လို စိုးရိမ်ပူပင်စရာမှမရှိတဲ့ ပုံစံနဲ့ ပရိသတ်တွေကို ပြောကြားထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားဟာ ကြံ့ခိုင်နေပုံပေါ်ပြီး လေ့ကျင့်ရေး ပြန်လည်ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် အာဆင်နယ်အသင်းဟာ ယခုအပတ် ဒူဘိုင်းမှာ ပူနွေးတဲ့ ရာသီဥတုနဲ့ လေ့ကျင့်ရေး ပြုလုပ်ရာမှာ အူဘာမီယန်းကို ပါဝင်ခွင့်မပေးဖို့ ဆုံးဖြတ်ချက် ချမှတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ဖီအိုရင္တီးနားတိုက္စစ္မႉး ဒူဆန္ ဗလာဟိုဗစ္ခ်္ကို ေခၚယူဖို႔ ႀကိဳးပမ္းမႈ မေအာင္ျမင္ခဲ့ၿပီးေနာက္ နယူးကာဆယ္လ္အသင္းက ေခၚယူဖို႔ ႀကိဳးပမ္းေနတဲ့ ဗစ္တာ အိုဆီမန္ကို ေပါင္သန္း ၆၀ နဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္ေတာ့မယ္လို႔ သိရပါတယ္။

အာဆင္နယ္ဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလအတြင္း ဗလာဟိုဗစ္ခ်္ကို ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ၿပီး ဖီအိုရင္တီးနားတိုက္စစ္မႉးဟာ ႀကီးမားတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ အေျပာင္းအေရႊ႕ျပဳလုပ္ဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆာဘီးယားတိုက္စစ္မႉးဟာ ခ်န္ပီယံလိဂ္ကစားခြင့္ မေသခ်ာတဲ့ ေျမာက္လန္ဒန္ကလပ္အသင္းရဲ့ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ၿပီးေနာက္ ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ ျပင္ဆင္ေနပုံ ေပၚေနခဲ့တာျဖစ္ပါတယ္။

အာတီတာဟာ အသင္းေခါင္းေဆာင္ အူဘာမီယန္းကို ရာထူးကေန ဖယ္ရွားခဲ့ၿပီးေနာက္ လူစာရင္းကေန အၿပီးတိုင္ ထုတ္ပယ္ခဲ့ၿပီးေနာက္ပိုင္း တိုက္စစ္မႉးအသစ္ ရွာေဖြေနခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ဂါဘြန္လက္ေရြးစင္တိုက္စစ္မႉး မပါဝင္ဘဲ ေကာင္းေကာင္း ကိုင္တြယ္ေျဖရွင္းနိုင္ခဲ့ေပမယ့္ အမ္းမရိတ္စ္မွာ ေျခစြမ္းက်ဆင္းေနမႈက ထိပ္တန္းအရည္အေသြးရွိတဲ့ တိုက္စစ္မႉးလိုအပ္ေနေၾကာင္း မီးေမာင္း ထိုးျပေနခဲ့တာျဖစ္ပါတယ္။

Gazzetta dello Sport ရဲ့ ေဖာ္ျပခ်က္အရ နယူးကာဆယ္လ္အသင္းဟာ နာပိုလီၾကယ္ပြင့္ ဗစ္တာ အိုဆီမန္ကို ေခၚယူဖို႔အတြက္ ႀကိဳးပမ္းေနတယ္လို႔ သိရၿပီး အာဆင္နယ္အသင္းကလည္း နာပိုလီတိုက္စစ္မႉးကို ႀကီးမားတဲ့ အေျပာင္းအေရႊ႕ျပဳလုပ္ဖို႔အတြက္ စဥ္းစားေနတယ္လို႔ Football Italia က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ အာဖရိကဖလားၿပိဳင္ပြဲမွာ နိုင္ဂ်ီးရီးယားအသင္းအတြက္ ပါဝင္ကစားေပးရျခင္းမရွိတဲ့ ဗစ္တာ အိုဆီမန္ဟာ ၂၀၂၀ ခုႏွစ္မွာ နာပိုလီအသင္းကို ေပါင္ ၆၆ သန္းနဲ႔ ျပန္လည္ေျပာင္းေရႊ႕လာခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေျပာင္းေရႊ႕ေၾကးနဲ႔ အစိတ္အပိုင္းအျဖစ္ ကစားသမား ၄ ဦးရဲ့ ကုန္က်စရိတ္နဲ႔ သက္ဆိုင္ေနတဲ့ အေၾကာင္းအရင္း အမ်ားအျပားေၾကာင့္ လက္ရွိမွာ ဒီအေျပာင္းအေရႊ႕ဟာ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ျခင္းခံေနရတာျဖစ္ပါတယ္။ အိုဆီမန္ဟာ နာပိုလီအတြက္ ျပန္လည္ကစားေပးဖို႔ မၾကာေသးမီက ပါးရိုးက်ိဳးဒဏ္ရာနဲ႔ ကိုဗစ္-၁၉ ကူးစက္ခံရမႈကေန ျပန္လည္သက္သာလာခဲ့ၿပီးေနာက္ နည္းၿပ လူစီယာနို စပယ္လက္တီရဲ့အသင္းအတြက္ ၂၀၂၂ ခုႏွစ္အတြင္းမွာ ကစားေပးရျခင္းမရွိေသးသူျဖစ္ပါတယ္။

ဒါက အာဆင္နယ္နဲ႔ နယူးကာဆယ္လ္တို႔ ၂ သင္းစလုံးကို နာပိုလီတိုက္စစ္မႉးအေပၚ စိတ္ဝင္စားေနမႈကို ရပ္တန႔္နိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ၿပီး ဗလာဟိုဗစ္ခ်္အတြက္ ေတာင္းသေလာက္ေပးဖို႔ အဆင္သင့္ျဖစ္ေနခဲ့တဲ့အတိုင္းပဲ အိုဆီမန္ကလည္း အလားတူ ေျပာင္းေရႊ႕ေၾကးမ်ိဳး ေပးေခ်ရဖြယ္ ရွိေနတာျဖစ္ပါတယ္။

Gazzetta က နာပိုလီဥကၠဌ ေအာ္ရယ္လီယို ဒီ ေလာ္ရန္းတိစ္ဟာ အိုဆီမန္အတြက္ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္သန္း ၆၀ ဝန္းက်င္နဲ႔ ကမ္းလွမ္းမႈေတြကို နားေထာင္ေပးသြားလိုတဲ့ ဆႏၵရွိေနတယ္လို႔ ေဖာ္ျပခဲ့ၿပီး နယူးကာဆယ္လဟာ ယခုလမွာ ဘန္ေလကေန ခရစၥ ဝုဒ္ကို ေပါင္ ၂၅ သန္းနဲ႔ ေခၚယူနိုင္ခဲ့ေပမယ့္ ေနာက္ထပ္ တိုက္စစ္မႉးတစ္ဦးကို ထပ္မံအားျဖည့္ခ်င္ေနေသးတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း နာပိုလီအသင္းလိုခ်င္ေနတဲ့ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၆၀ ဟာ အလြန္ခ်မ္းသာႂကြယ္ဝတဲ့ နယူးကာဆယ္လ္အသင္းပိုင္ရွင္ ေဆာ္ဒီအုပ္စုအတြက္ေတာင္ လက္တြန႔္ေစနိုင္တဲ့ ပမာဏျဖစ္ေနဆဲျဖစ္ၿပီး အာဆင္နယ္မွာလည္း အူဘာမီယန္းဟာ ဒူဘိုင္းက ရာသီအလယ္ အသင္းရဲ့ ေလ့က်င့္ေရးစခန္းကေန ထုတ္ပယ္ခံရၿပီးေနာက္ ေနာက္ထပ္ အရွက္ခြဲခံရမႈနဲ႔ ထပ္မံ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

အာတီတာအေနနဲ႔လည္း အူဘာမီယန္းသာ အရင္အတိုင္း လူစာရင္းထဲ ျပန္လည္ပါဝင္လာခဲ့ရင္ ၎ရဲ့ရပ္တည္ခ်က္နဲ႔ပတ္သက္ၿပီး အသင္းထဲမွာ ထိခိုက္မႈေတြ ျမင့္တက္လာနိုင္တာေၾကာင့္ ထိလြယ္ရွလြယ္တဲ့ကိစၥတစ္ခုအျဖစ္ ဂါဘြန္တိုက္စစ္မႉးကို သေဘာထားေနဆဲ ျဖစ္ပါတယ္။

အူဘာမီယန္းဟာ လက္ရွိမွာေတာ့ ေျမာက္လန္ဒန္မွာ ျပန္လည္ေရာက္ရွိေနၿပီျဖစ္ၿပီး ၎ရဲ့ ကာလရွည္အနာဂတ္နဲ႔ပတ္သက္ၿပီး ဘယ္လို စိုးရိမ္ပူပင္စရာမွမရွိတဲ့ ပုံစံနဲ႔ ပရိသတ္ေတြကို ေျပာၾကားထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကစားသမားဟာ ႀကံ့ခိုင္ေနပုံေပၚၿပီး ေလ့က်င့္ေရး ျပန္လည္ျပဳလုပ္ဖို႔ အဆင္သင့္ျဖစ္ေနေပမယ့္ အာဆင္နယ္အသင္းဟာ ယခုအပတ္ ဒူဘိုင္းမွာ ပူေႏြးတဲ့ ရာသီဥတုနဲ႔ ေလ့က်င့္ေရး ျပဳလုပ္ရာမွာ အူဘာမီယန္းကို ပါဝင္ခြင့္မေပးဖို႔ ဆုံးျဖတ္ခ်က္ ခ်မွတ္ထားခဲ့ၿပီး ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.