Premier League

ချဲလ်ဆီးအသင်းကို ဒုံးကျည်တွေကြားထဲမှာ ပွဲကစားခိုင်းနေတဲ့ ဖီဖာ

ဖီဖာဟာ ပြီးခဲ့တဲ့အပတ်မှာ ယီမင်နဲ့ ယူအေအီးတို့ကြား ပဋိပက္ခတွေ ကြီးမားနေပေမယ့်လည်း လာမယ့်လ အဘူ ဒါဘီမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ကလပ်ကမ္ဘာ့လားပွဲစဉ်ကို စီစဉ်ထားတဲ့အတိုင်း ဆက်ကစားသွားဖို့ စီစဉ်ထားဆဲဖြစ်ပါတယ်။

ယူအေအီးက ယီမင် ဟူသီသူပုုန်တွေဟာ အဘူ ဒါဘီကို ပဲ့ထိန်း ဒုံးကျည် ၂ လုံးနဲ့ ကြားဝင်နှောင့်ယှက်ပြီး ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့တယ်လို့ အတည်ပြုခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ ကလပ်ကမ္ဘာ့ဖလားကို ကျင်းပသွားမှာဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဟူသီသူပုန်တွေဟာ ၇ နှစ်ကြာ စစ်ပွဲအတွင်း နယ်မြေစိုးမိုးရေး ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့အပတ်မှာ သေစေလောက်တဲ့ ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပါတယ်။

ယူအေအီးကို တိုက်ခိုက်မှုကြောင့် လက်ရှိမှာ ဖေဖော်ဝါရီလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်နဲ့ပတ်သက်ပြီး မရေရာမှုတွေ မြင့်တက်လာနေခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ဖေဖော်ဝါရီလ ၃ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ မြင့်တက်နေပေမယ့်လည်း ဖီဖာက ပြိုင်ပွဲကို စီစဉ်ထားတဲ့အတိုင်း ကျင်းပသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေတာဖြစ်ပါတယ်။

“ဖီဖာကလပ်ကမ္ဘာ့ဖလား ယူအေအီး ၂၀၂၁ ပြိုင်ပွဲကို စီစဉ်ထားတဲ့အတိုင်း ကျင်းပသွားမှာဖြစ်ပါတယ်။ ဖီဖာကလပ်ကမ္ဘာ့ဖလား ယူအေအီး ၂၀၂၁ ခုနှစ် ပြိုင်ပွဲရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ဖီဖာက အခြေအနေကို ဆက်လက် အနီးကပ်စောင့်ကြည့်နေပြီး ပြိုင်ပွဲရဲ့လုံခြုံရေးအတွက် အစီအမံတွေမှာ ယူအေအီးက အခြားအဓိကပါဝင်ပတ်သက်သူတွေနဲ့ ဒေသတွင်း ပွဲကျင်းပရေးကော်မတီနဲ့အတူ အနီးကပ် လုပ်ဆောင်နေပါတယ်”လို့ Al Jazeera ကို ဖီဖာပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

အဘူဒါဘီက ကွင်း ၂ ကွင်းမှာ ကျင်းပမယ့် အသင်း ၇ သင်းပါ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အယ်လ် ဂျာဇီးရားကလပ်နဲ့ ကိုဗစ် စည်းမျဉ်းတွေကြောင့် နုတ်ထွက်သွားတဲ့ နယူးဇီလန်အသင်း အော့ကလန်းစီးတီးနေရာမှာ အစားထိုးခြင်းခံခဲ့ရတဲ့ တဟီတီကလပ် အေအက်စ် ပီရေး၊ အယ်လ် အာလီ၊ မွန်တာရေး၊ အယ်လ် ဟီလာ၊ ပါးမီးရပ်စ်၊ ချဲလ်ဆီးတို့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်နိုင်ငံရဲ့ ဟူသီ သူပုန်တွေက တနင်္လာနေ့မှာ ယူအေအီးကို အသိပေးခြင်းမရှိဘဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ယူအေအီးဟာ ၂၀၁၅ ခုနှစ်အစောပိုင်းကတည်းက ယီမင်မှာ စစ်ဖြစ်နေခဲ့တာဖြစ်ပြီး အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေဟာ နိုင်ငံတကာက ထောက်ခံထားတဲ့ အစိုးရကို ဖြုတ်ချပြီး ယီမင်နိုင်ငံရဲ့မြို့တော်ကို သိမ်းပိုက်ခဲ့ပြီးနောက် ယူအေအီးဟာ ယင်းသူပုန်အဖွဲ့ကို တိုက်ခိုက်နေတဲ့ ဆော်ဒီ ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့ရဲ့အဓိကအဖွဲ့ဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဖီဖာဟာ ၿပီးခဲ့တဲ့အပတ္မွာ ယီမင္နဲ႔ ယူေအအီးတို႔ၾကား ပဋိပကၡေတြ ႀကီးမားေနေပမယ့္လည္း လာမယ့္လ အဘူ ဒါဘီမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ ကလပ္ကမၻာ့လားပြဲစဥ္ကို စီစဥ္ထားတဲ့အတိုင္း ဆက္ကစားသြားဖို႔ စီစဥ္ထားဆဲျဖစ္ပါတယ္။

ယူေအအီးက ယီမင္ ဟူသီသူပုုန္ေတြဟာ အဘူ ဒါဘီကို ပဲ့ထိန္း ဒုံးက်ည္ ၂ လုံးနဲ႔ ၾကားဝင္ေႏွာင့္ယွက္ၿပီး ဖ်က္ဆီးဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ အတည္ျပဳခဲ့ၿပီးေနာက္ ရက္အနည္းငယ္အၾကာမွာ ကလပ္ကမၻာ့ဖလားကို က်င္းပသြားမွာျဖစ္တယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။ ဟူသီသူပုန္ေတြဟာ ၇ ႏွစ္ၾကာ စစ္ပြဲအတြင္း နယ္ေျမစိုးမိုးေရး ဆက္တိုက္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ၿပီးခဲ့တဲ့အပတ္မွာ ေသေစေလာက္တဲ့ ဒ႐ုန္းနဲ႔ ဒုံးက်ည္တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့ၿပီး အရပ္သားျပည္သူ ၃ ဦး ေသဆုံးခဲ့ပါတယ္။

ယူေအအီးကို တိုက္ခိုက္မႈေၾကာင့္ လက္ရွိမွာ ေဖေဖာ္ဝါရီလမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ ကလပ္ကမၻာ့ဖလားပြဲစဥ္နဲ႔ပတ္သက္ၿပီး မေရရာမႈေတြ ျမင့္တက္လာေနခဲ့တာျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့တဲ့ ခ်ဲလ္ဆီးအသင္းဟာ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ကေန ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔အထိ က်င္းပဖို႔ စီစဥ္ထားတဲ့ ကလပ္ကမၻာ့ဖလားၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ အေရွ႕အလယ္ပိုင္းမွာ ပဋိပကၡေတြ ျမင့္တက္ေနေပမယ့္လည္း ဖီဖာက ၿပိဳင္ပြဲကို စီစဥ္ထားတဲ့အတိုင္း က်င္းပသြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ေပမယ့္ အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

“ဖီဖာကလပ္ကမၻာ့ဖလား ယူေအအီး ၂၀၂၁ ၿပိဳင္ပြဲကို စီစဥ္ထားတဲ့အတိုင္း က်င္းပသြားမွာျဖစ္ပါတယ္။ ဖီဖာကလပ္ကမၻာ့ဖလား ယူေအအီး ၂၀၂၁ ခုႏွစ္ ၿပိဳင္ပြဲရဲ့ လုံျခဳံေရးနဲ႔ပတ္သက္ၿပီး ဖီဖာက အေျခအေနကို ဆက္လက္ အနီးကပ္ေစာင့္ၾကည့္ေနၿပီး ၿပိဳင္ပြဲရဲ့လုံျခဳံေရးအတြက္ အစီအမံေတြမွာ ယူေအအီးက အျခားအဓိကပါဝင္ပတ္သက္သူေတြနဲ႔ ေဒသတြင္း ပြဲက်င္းပေရးေကာ္မတီနဲ႔အတူ အနီးကပ္ လုပ္ေဆာင္ေနပါတယ္”လို႔ Al Jazeera ကို ဖီဖာေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့ပါတယ္။

အဘူဒါဘီက ကြင္း ၂ ကြင္းမွာ က်င္းပမယ့္ အသင္း ၇ သင္းပါ ကလပ္ကမၻာ့ဖလားၿပိဳင္ပြဲမွာ အယ္လ္ ဂ်ာဇီးရားကလပ္နဲ႔ ကိုဗစ္ စည္းမ်ဥ္းေတြေၾကာင့္ ႏုတ္ထြက္သြားတဲ့ နယူးဇီလန္အသင္း ေအာ့ကလန္းစီးတီးေနရာမွာ အစားထိုးျခင္းခံခဲ့ရတဲ့ တဟီတီကလပ္ ေအအက္စ္ ပီေရး၊ အယ္လ္ အာလီ၊ မြန္တာေရး၊ အယ္လ္ ဟီလာ၊ ပါးမီးရပ္စ္၊ ခ်ဲလ္ဆီးတို႔ ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။

အီရန္က ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ယီမင္နိုင္ငံရဲ့ ဟူသီ သူပုန္ေတြက တနလၤာေန႔မွာ ယူေအအီးကို အသိေပးျခင္းမရွိဘဲ တိုက္ခိုက္မႈ ျပဳလုပ္ခဲ့တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

ယူေအအီးဟာ ၂၀၁၅ ခုႏွစ္အေစာပိုင္းကတည္းက ယီမင္မွာ စစ္ျဖစ္ေနခဲ့တာျဖစ္ၿပီး အီရန္ေက်ာေထာက္ေနာက္ခံျပဳ ဟူသီသူပုန္ေတြဟာ နိုင္ငံတကာက ေထာက္ခံထားတဲ့ အစိုးရကို ျဖဳတ္ခ်ၿပီး ယီမင္နိုင္ငံရဲ့ၿမိဳ႕ေတာ္ကို သိမ္းပိုက္ခဲ့ၿပီးေနာက္ ယူေအအီးဟာ ယင္းသူပုန္အဖြဲ႕ကို တိုက္ခိုက္ေနတဲ့ ေဆာ္ဒီ ဦးေဆာင္တဲ့ ညႊန႔္ေပါင္းအဖြဲ႕ရဲ့အဓိကအဖြဲ႕ဝင္ျဖစ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.