Premier League

ရော်နယ်လ်ဒိုကို အိုင်ဒေါလို့ သတ်မှတ်ထားတဲ့ နယူးကာဆယ်လ်ရဲ့ပေါင်သန်း ၃၀ တန်ကစားသမားသစ်က ဘယ်လိုလူလဲ

နယူးကာဆယ်လ်အသင်းဟာ ယခုလ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက် မပိတ်သိမ်းမီမှာ လိုင်ယွန်ကွင်းလယ်ကြယ်ပွင့် ဘရူနို ဂီမာရေးစ်ကို ပေါင်သန်း ၃၀ နဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဆော်ဒီအုပ်စုပိုင်ဆိုင်ထားတဲ့ နယူးကာဆယ်လ်အသင်းဟာ ဘရူနို ဂီမာရေးစ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ ပြိုင်ပွဲမှာ အာဆင်နယ်အပါအဝင် အခြား အသင်းတွေကို အလဲထိုးပြီး အရခေါ်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ ၎င်းရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန်ကို ပြောင်းရွှေ့ချင်ခဲ့တဲ့ ၎င်းရဲ့ရည်မှန်းချက်နဲ့ပတ်သက်ပြီးလည်း ဖုံးကွယ်ထားခဲ့ခြင်းမရှိခဲ့သူဖြစ်ပါတယ်။

“ကျွန်တော့်အေးဂျင့်ကို ကျွန်တော် အမြဲတမ်းပြောခဲ့တာက အင်္ဂလန်မှာ ကစားဖို့ ကျွန်တော့်မှာ အိပ်မက်ရှိတယ်ဆိုတာပါ။ အဲဒါက ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်ပါပဲ။ ပွဲစဉ်တိုင်းက ခက်ခဲပါတယ်။ ပထမဆုံးနေရာက အသင်းက နောက်ဆုံးနေရာက အသင်းနဲ့ ယှဉ်ပြိုင်ကစားရင်တောင်မှ ဗိုလ်လုပွဲပုံစံမျိုး ပေါက်နေတာပါ”

ဂီမာရေးစ်ဟာ အသက် ၁၂ နှစ်အရွယ်တုန်းက ဖလာမင်ဂိုအသင်းကနေ ထွက်ခွာခွင့်ရပြီးကတည်းက ဘရာဇီးလ်ရဲ့အတောက်ပဆုံး ပါရမီရှင်တွေထဲက တစ်ဦးအဖြစ် လျင်လျင်မြန်မြန်ပဲ တိုးတက်လာခဲ့သူဖြစ်ပါတယ်။ ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ ဘရာဇီးလ် စီးရီးဒီအသင်း အောဒက်စ်နဲ့ ၃ နှစ်ကြာ ကစားခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်မှာ အက်သလက်တီကို ပါရာနန့်စ်ရဲ့ ချက်ချင်း ခေါ်ယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ မကြာခင်မှာပဲ မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် လိုင်ယွန်အသင်းက အသင်းအားကစားဒါရိုက်တာ ဘရာဇီးလ်ဂန္တဝင် ဂျူနင်ညိုရဲ့ ကြားဝင်မှုကြောင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ဘရူနို ဂီမာရေးစ်ကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကို ပါရာနန့်စ် အားကစားဒါရိုက်တာ ပေါ်လို အန်ဒရေးက ဥရောပဘောလုံးလောကကို ပြောင်းရွှေ့သွားခဲ့တဲ့ အသင်းရဲ့ကြယ်ပွင့်ကစားသမားဟောင်းကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

“သူက ဖန်တီးနိုင်စွမ်းရှိတယ်။ ရဲရင့်ပြီး နေရာစုံကစားနိုင်တယ်။ ကျွန်တော် ပြောတာ ယုံစမ်းပါ။ ဒီကလေးက သူ့ကိုယ်အလေးချိန်အတိုင်း ရွှေပုံပေးဖို့ ထိုက်တန်တဲ့သူပါ”လို့ L’Equipe ကို ပြောကြားခဲ့ပါတယ်။ ဂီမာရေးစ်ဟာ လိုင်ယွန်အသင်းကို ပြောင်းရွှေ့ပြီးနောက် တစ်လတောင်မပြည့်သေးခင်မှာ ဥရောပရဲ့ အမြင့်မားဆုံးအဆင့်ပြိုင်ပွဲမှာ ချက်ချင်း ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမားဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။

လိုင်ယွန်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်အသင်းကို အံ့အားသင့် တုန်လှုပ်စေခဲ့ပြီး ဂီမာရေးစ်က ပထမအကျော့မှာ လိုင်ယွန်က ၁-၀ နဲ့ အနိုင်ရပြီးနောက် ယင်းအချိန်က ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဗီဒီယိုဂိမ်းတွေမှာ ၎င်းအနေနဲ့ အမြဲတမ်း အသုံးပြုနေကျ ကစားသမားဖြစ်တယ်လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော် သူနဲ့ ရှပ်ချင်း လဲဖို့ သွားမေးခဲ့တယ်။ ဒါပေမယ့် သူက ဒေါသထွက်နေတဲ့ပုံပဲ။ သူက ရှုံးနိမ့်ရတာကို မနှစ်သက်တဲ့သူမျိုးပါ။ အဲဒါက ကျွန်တော်တို့ ဥပမာယူရမယ့်အရာပါ။ အရာအားလုံးကို အနိုင်ရခဲ့တဲ့ လူတစ်ယောက် ဒါပေမယ့် ရှုံးနိမ့်ရတာကို မုန်းတီးတယ်”လို့ ပြောကြားခဲ့ပါတယ်။ လိုင်ယွန်အသင်းဟာ ဒုတိယအကျော့မှာ ၂-၁ နဲ့ ရှုံးနိမ့်ပြီးနောက် ၂ ကျော့ပေါင်း ၂-၂ နဲ့ အဝေးဂိုးစည်းမျဉ်းအရ ရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်ကို အနိုင်ရရှိပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂီမာရေးစ်ဟာ မန်ချက်စတာစီးတီး ကွင်းလယ်ကြယ်ပွင့် ဂန်ဒိုဝမ်ဟာ ၎င်းရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုအပေါ်မှာ လွှမ်းမိုးမှုရှိခဲ့သူဖြစ်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်က ရော်နယ်လ်ဒင်ညိုနဲ့ ဇီဒန်းတို့လို ကစားသမားတွေရဲ့ ပရိသတ်ပါ။ ကျွန်တော် သူတို့ ကစားတာကို စောင့်ကြည့်ရတာ နှစ်သက်ပါတယ်။ အခုအချိန်မှာ ကျွန်တော် မန်စီးတီးက ဂန်ဒိုဝမ်ကို နှစ်သက်ပါတယ်။ ဒါပေမယ့် ကျွန်တော် ငယ်ငယ်လေးကတည်းက အတုယူခဲ့ရတာက အင်နီယေစတာပါ”လို့ လိဂန်း ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

လိုင်ယွန်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ဘယ်သူမှ မမျှော်မှန်းထားတဲ့ ရလဒ်ဖြစ်တဲ့ မန်စီးတီးကို ၃-၁ နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဂီမာရေးစ်ဟာ အဲဒီနွေရာသီမှာ ဘရာဇီးလ်အသင်းကို တိုကျိုအိုလံပစ်မှာ အောင်မြင်မှုရရှိအောင် အဓိကအခန်းကဏ္ဍကနေ ဦးဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အဖျက်ကြမ်းတဲ့ ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ ယခုရာသီမှာ ၎င်းရဲ့ ဂုဏ်သတင်းက ပိုမိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

လိုင်ယွန်အားကစားါရိုက်တာ ဂျူနင်ညိုက “ကျွန်တော် ဘရာဇီးလ်မှာ ဘောလုံးဝေဖန်သုံးသပ်သူလုပ်နေတုန်းက သူ့ကို ပထမဆုံးအကြိမ် မြင်တဲ့အချိန်မှာ သူ့ရဲ့အရည်အချင်းတွေကြောင့် အထင်ကြီးမိခဲ့တယ်။ သူက ပြီးပြည့်စုံတဲ့ ကွင်းလယ်ကစားသမားပဲ။ သူ တခြားလူတွေ မမြင်ခင် ကွက်ကျော်မြင်တယ်။ သူ စွန့်စားရဲတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်လ်အသင်းကို တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ကူညီဖို့ ယူရိုပါလိဂ်ပုံမှန်ကစားနေရတဲ့အသင်းကို စွန့်ခွာခဲ့တာက နောက်ထပ် စွန့်စားမှုတစ်ခုဖြစ်ပေမယ့် ဂီမာရေးစ်အနေနဲ့ စိန်ခေါ်မှုတွေကို အလွန်နှစ်သက်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:နယူးကာဆယ္လ္အသင္းဟာ ယခုလ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္ မပိတ္သိမ္းမီမွာ လိုင္ယြန္ကြင္းလယ္ၾကယ္ပြင့္ ဘ႐ူနို ဂီမာေရးစ္ကို ေပါင္သန္း ၃၀ နဲ႔ အၿပီးသတ္ ေခၚယူနိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ေဆာ္ဒီအုပ္စုပိုင္ဆိုင္ထားတဲ့ နယူးကာဆယ္လ္အသင္းဟာ ဘ႐ူနို ဂီမာေရးစ္ကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့တဲ့ ၿပိဳင္ပြဲမွာ အာဆင္နယ္အပါအဝင္ အျခား အသင္းေတြကို အလဲထိုးၿပီး အရေခၚယူသြားနိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ ကစားသမားဟာ ပရီးမီးယားလိဂ္မွာ ကစားခ်င္တဲ့ ၎ရဲ့ အိပ္မက္ကို အေကာင္အထည္ေဖာ္နိုင္ခဲ့တာျဖစ္ၿပီး အဂၤလန္ကို ေျပာင္းေရႊ႕ခ်င္ခဲ့တဲ့ ၎ရဲ့ရည္မွန္းခ်က္နဲ႔ပတ္သက္ၿပီးလည္း ဖုံးကြယ္ထားခဲ့ျခင္းမရွိခဲ့သူျဖစ္ပါတယ္။

“ကၽြန္ေတာ့္ေအးဂ်င့္ကို ကၽြန္ေတာ္ အျမဲတမ္းေျပာခဲ့တာက အဂၤလန္မွာ ကစားဖို႔ ကၽြန္ေတာ့္မွာ အိပ္မက္ရွိတယ္ဆိုတာပါ။ အဲဒါက ကမၻာေပၚမွာ အေကာင္းဆုံးလိဂ္ပါပဲ။ ပြဲစဥ္တိုင္းက ခက္ခဲပါတယ္။ ပထမဆုံးေနရာက အသင္းက ေနာက္ဆုံးေနရာက အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရင္ေတာင္မွ ဗိုလ္လုပြဲပုံစံမ်ိဳး ေပါက္ေနတာပါ”

ဂီမာေရးစ္ဟာ အသက္ ၁၂ ႏွစ္အရြယ္တုန္းက ဖလာမင္ဂိုအသင္းကေန ထြက္ခြာခြင့္ရၿပီးကတည္းက ဘရာဇီးလ္ရဲ့အေတာက္ပဆုံး ပါရမီရွင္ေတြထဲက တစ္ဦးအျဖစ္ လ်င္လ်င္ျမန္ျမန္ပဲ တိုးတက္လာခဲ့သူျဖစ္ပါတယ္။ ဘရာဇီးလ္ကြင္းလယ္ကစားသမားဟာ ဘရာဇီးလ္ စီးရီးဒီအသင္း ေအာဒက္စ္နဲ႔ ၃ ႏွစ္ၾကာ ကစားခဲ့ၿပီးေနာက္ ၂၀၁၇ ခုႏွစ္မွာ အက္သလက္တီကို ပါရာနန႔္စ္ရဲ့ ခ်က္ခ်င္း ေခၚယူျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ဟာ မၾကာခင္မွာပဲ ေမးျမန္းစုံစမ္းမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ လိုင္ယြန္အသင္းက အသင္းအားကစားဒါရိုက္တာ ဘရာဇီးလ္ဂႏၲဝင္ ဂ်ဴနင္ညိဳရဲ့ ၾကားဝင္မႈေၾကာင့္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွာ ဘ႐ူနို ဂီမာေရးစ္ကို ေခၚယူနိုင္ခဲ့တာျဖစ္ပါတယ္။ အက္သလက္တီကို ပါရာနန႔္စ္ အားကစားဒါရိုက္တာ ေပၚလို အန္ဒေရးက ဥေရာပေဘာလုံးေလာကကို ေျပာင္းေရႊ႕သြားခဲ့တဲ့ အသင္းရဲ့ၾကယ္ပြင့္ကစားသမားေဟာင္းကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

“သူက ဖန္တီးနိုင္စြမ္းရွိတယ္။ ရဲရင့္ၿပီး ေနရာစုံကစားနိုင္တယ္။ ကၽြန္ေတာ္ ေျပာတာ ယုံစမ္းပါ။ ဒီကေလးက သူ႔ကိုယ္အေလးခ်ိန္အတိုင္း ေရႊပုံေပးဖို႔ ထိုက္တန္တဲ့သူပါ”လို႔ L’Equipe ကို ေျပာၾကားခဲ့ပါတယ္။ ဂီမာေရးစ္ဟာ လိုင္ယြန္အသင္းကို ေျပာင္းေရႊ႕ၿပီးေနာက္ တစ္လေတာင္မျပည့္ေသးခင္မွာ ဥေရာပရဲ့ အျမင့္မားဆုံးအဆင့္ၿပိဳင္ပြဲမွာ ခ်က္ခ်င္း ပါဝင္ကစားခြင့္ရရွိခဲ့ၿပီး ကမၻာ့အဆင့္ ကြင္းလယ္ကစားသမားျဖစ္ေၾကာင္း သက္ေသျပသနိုင္ခဲ့တာျဖစ္ပါတယ္။

လိုင္ယြန္အသင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုရဲ့ ဂ်ဴဗင္တပ္အသင္းကို အံ့အားသင့္ တုန္လႈပ္ေစခဲ့ၿပီး ဂီမာေရးစ္က ပထမအေက်ာ့မွာ လိုင္ယြန္က ၁-၀ နဲ႔ အနိုင္ရၿပီးေနာက္ ယင္းအခ်ိန္က ဂ်ဴဗင္တပ္ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ဗီဒီယိုဂိမ္းေတြမွာ ၎အေနနဲ႔ အျမဲတမ္း အသုံးျပဳေနက် ကစားသမားျဖစ္တယ္လို႔ ရွင္းလင္း ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ သူနဲ႔ ရွပ္ခ်င္း လဲဖို႔ သြားေမးခဲ့တယ္။ ဒါေပမယ့္ သူက ေဒါသထြက္ေနတဲ့ပုံပဲ။ သူက ရႈံးနိမ့္ရတာကို မႏွစ္သက္တဲ့သူမ်ိဳးပါ။ အဲဒါက ကၽြန္ေတာ္တို႔ ဥပမာယူရမယ့္အရာပါ။ အရာအားလုံးကို အနိုင္ရခဲ့တဲ့ လူတစ္ေယာက္ ဒါေပမယ့္ ရႈံးနိမ့္ရတာကို မုန္းတီးတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ လိုင္ယြန္အသင္းဟာ ဒုတိယအေက်ာ့မွာ ၂-၁ နဲ႔ ရႈံးနိမ့္ၿပီးေနာက္ ၂ ေက်ာ့ေပါင္း ၂-၂ နဲ႔ အေဝးဂိုးစည္းမ်ဥ္းအရ ေရာ္နယ္လ္ဒိုရဲ့ ဂ်ဴဗင္တပ္ကို အနိုင္ရရွိၿပီး ေနာက္တစ္ဆင့္ တက္ေရာက္နိုင္ခဲ့တာျဖစ္ပါတယ္။

ဂီမာေရးစ္ဟာ မန္ခ်က္စတာစီးတီး ကြင္းလယ္ၾကယ္ပြင့္ ဂန္ဒိုဝမ္ဟာ ၎ရဲ့ ဖြံ့ၿဖိဳးတိုးတက္လာမႈအေပၚမွာ လႊမ္းမိုးမႈရွိခဲ့သူျဖစ္တယ္လို႔ အခိုင္အမာ ေျပာၾကားခဲ့ပါတယ္။ “ကၽြန္ေတာ္က ေရာ္နယ္လ္ဒင္ညိဳနဲ႔ ဇီဒန္းတို႔လို ကစားသမားေတြရဲ့ ပရိသတ္ပါ။ ကၽြန္ေတာ္ သူတို႔ ကစားတာကို ေစာင့္ၾကည့္ရတာ ႏွစ္သက္ပါတယ္။ အခုအခ်ိန္မွာ ကၽြန္ေတာ္ မန္စီးတီးက ဂန္ဒိုဝမ္ကို ႏွစ္သက္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ငယ္ငယ္ေလးကတည္းက အတုယူခဲ့ရတာက အင္နီေယစတာပါ”လို႔ လိဂန္း ဝက္ဘ္ဆိုက္ကို ေျပာၾကားခဲ့ပါတယ္။

လိုင္ယြန္အသင္းဟာ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္မွာ ဘယ္သူမွ မေမၽွာ္မွန္းထားတဲ့ ရလဒ္ျဖစ္တဲ့ မန္စီးတီးကို ၃-၁ နဲ႔ အနိုင္ယူၿပီး ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္နိုင္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ကို ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ဂီမာေရးစ္ဟာ အဲဒီေႏြရာသီမွာ ဘရာဇီးလ္အသင္းကို တိုက်ိဳအိုလံပစ္မွာ ေအာင္ျမင္မႈရရွိေအာင္ အဓိကအခန္းက႑ကေန ဦးေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ အဖ်က္ၾကမ္းတဲ့ ဘရာဇီးလ္ကြင္းလယ္ကစားသမားဟာ ယခုရာသီမွာ ၎ရဲ့ ဂုဏ္သတင္းက ပိုမိုျမင့္တက္လာခဲ့တာျဖစ္ပါတယ္။

လိုင္ယြန္အားကစားါရိုက္တာ ဂ်ဴနင္ညိဳက “ကၽြန္ေတာ္ ဘရာဇီးလ္မွာ ေဘာလုံးေဝဖန္သုံးသပ္သူလုပ္ေနတုန္းက သူ႔ကို ပထမဆုံးအႀကိမ္ ျမင္တဲ့အခ်ိန္မွာ သူ႔ရဲ့အရည္အခ်င္းေတြေၾကာင့္ အထင္ႀကီးမိခဲ့တယ္။ သူက ၿပီးျပည့္စုံတဲ့ ကြင္းလယ္ကစားသမားပဲ။ သူ တျခားလူေတြ မျမင္ခင္ ကြက္ေက်ာ္ျမင္တယ္။ သူ စြန႔္စားရဲတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ နယူးကာဆယ္လ္အသင္းကို တန္းဆင္းဇုန္ကေန လြတ္ေျမာက္ေအာင္ ကူညီဖို႔ ယူရိုပါလိဂ္ပုံမွန္ကစားေနရတဲ့အသင္းကို စြန႔္ခြာခဲ့တာက ေနာက္ထပ္ စြန႔္စားမႈတစ္ခုျဖစ္ေပမယ့္ ဂီမာေရးစ္အေနနဲ႔ စိန္ေခၚမႈေတြကို အလြန္ႏွစ္သက္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.