Premier League Transfer News

ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မပိတ်ခင် ဖြစ်နိုင်သေးတဲ့ အပြောင်းအရွှေ့ ၁၀ ခု

ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ဟာ ပိတ်သိမ်းဖို့အတွက် အချိန် သိပ်မလိုတော့ပေမယ့်လည်း အပြီးသတ်ရမယ့် အပြောင်းအရွှေ့တွေ အများကြီး ကျန်ရှိနေသေးတာဖြစ်ပါတယ်။

ဇန်နဝါရီလဟာ လက်ရှိအချိန်အထိတော့ အရှုပ်ထွေးဆုံး ရာသီလယ် အပြောင်းအရွှေ့စျေးကွက် မဟုတ်ခဲ့ပေမယ့်လည်း ကြီးမားတဲ့ ငွေကြေးနဲ့ အပြောင်းအရွှေ့အများအပြားနဲ့အတူ အရာအားလုံး ပြောင်းလဲသွားနိုင်တာဖြစ်ပါတယ်။ နယူးကာဆယ်လ်အသင်းဟာ ဆော်ဒီအုပ်စုရဲ့ လက်လွှဲဝယ်ယူခြင်းခံခဲ့ရပြီးနောက်ပိုင်း ငွေကို ရေလိုသုံးစွဲနေပြီး တန်းဆင်းရမယ့်အန္တရာယ်နဲ့ ကင်းလွတ်အောင် နောက်ထပ်လူအင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နယူးကာဆယ်လ်ဟာ ယခုအပတ်မှာ အောင်မြင်တဲ့ အပြောင်းအရွှေ့စျေးကွက်အဖြစ် အဆုံးသတ်ဖို့ ငွေကြေးအချို့ သုံးစွဲသွားချင်တဲ့တစ်သင်းတည်းသော အသင်းတော့မဟုတ်ဘဲ လာမယ့် တနင်္လာနေ့ ည ၁၁ နာရီ အပြောင်းအရွှေ့စျေးကွက်ပိတ်ချိန်မတိုင်မီ ဖြစ်နိုင်ခြေရှိတဲ့ အပြောင်းအရွှေ့ ၁၀ ခု ရှိနေပါသေးတယ်။

၁။ ယူလီယန် အဲလ်ဗားရက်ဇ်(ရေးဗားပလိတ်မှ မန်စီးတီးသို့-ပေါင်သန်း ၂၀)

အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးဟာ ၂၀၂၁ ခုနှစ်ရာသီအတွင်း အထင်ကြီးဖွယ်ကောင်းလောက်အောင် ၄၅ ပွဲမှာ ၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး လူငယ်ပါရမီရှင် တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ အဲလ်ဗားရက်ဇ်ရဲ့ စာချုပ်လျော်ကြေးဟာ ပေါင်သန်း ၂၀ သာ ရှိတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအနေနဲ့ ယခုလမကုန်ခင် အပြီးသတ်သဘောတူညီမှု ရရှိအောင် အလွယ်တကူလုပ်ဆောင်သွားနိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း ရေးဗားပလိတ်က နောက်ထပ်တစ်ရာသီလောက်အထိ အငှားနဲ့ ပြန်ခေါ်ထားဖို့ ရွေးချယ်စရာရှိနေတာကြောင့် အီတီဟတ်မှာ အာဂျင်တီးနားတိုက်စစ်မှူးကိုတော့ ချက်ချင်း မြင်တွေ့ရဦးမှာမဟုတ်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မန်စီးတီးဟာ အဂွေရိုရဲ့နေရာမှာ ဆက်ခံမယ့်သူကို ရှာဖွေနေတာဖြစ်ပြီး အဲလ်ဗားရက်ဇ်က မန်စီးတီးဂန္တဝင်နဲ့ နှိုင်းယှဉ်ခြင်း ခံနေခဲ့ရသူဖြစ်ပါတယ်။

၂။ ဂျက်ဆီ လင်ဂတ်(မန်ချက်စတာယူနိုက်တက်မှ နယူးကာဆယ်လ်သို့-အငှား)

လင်ဂတ်အနေနဲ့ ပွဲထွက်ကစားချိန်မရှိတာကြောင့် အိုးထရက်ဖို့ဒ်ကို စွန့်ခွာချင်နေတယ်ဆိုတာကို အားလုံးလည်း သိကြမှာဖြစ်ပြီး ၎င်းရဲ့စာချုပ်သက်တမ်းကလည်း လာမယ့်နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားရဲ့ နယူးကာဆယ်လ်ကို ပြောင်းရွှေ့ဖို့ကိစ္စဟာ ပျက်စီးသွားနိုင်တဲ့ အန္တရာယ်ရှိနေတာဖြစ်ပါတယ်။ အသင်းအများအပြားက ယူနိုက်တက်ကွင်းလယ်ကစားသမားနဲ့ သတင်းထွက်ပေါ်နေခဲ့ပြီး နယူးကာဆယ်လ်အသင်းဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားအတွက် ဒုတိယအကြိမ် အငှားစာချုပ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်က လင်ဂတ်အတွက် အငှားချကြေးလိုချင်သလို နယူးကာဆယ်လ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ တင်ကျန်ခဲ့မယ်ဆိုရင် ဆုကြေးငွေအဖြစ် ပေါင် ၁၂ သန်း ပေးဖို့ တောင်းဆိုခဲ့တာကြောင့် လင်ဂတ်ဟာ ၎င်းရဲ့မိခင်ကလပ်အသင်းကို ဒေါသထွက်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ စပါးစ်နဲ့ ဝက်စ်ဟမ်းတို့ဆီကနေ ချဉ်းကပ်မှုတွေကိုလည်း ပယ်ချခဲ့ပြီးဖြစ်ပြီးဖြစ်တယ်လို့ သိရပြီး ထိပ်ဆုံး ၄ နေရာအတွက် ယှဉ်ပြိုင်မယ့် ပြိုင်ဘက်အသင်းတွေကို အားကောင်းသွားမှာစိုးရိမ်တာကြောင့် ဖြစ်ပါတယ်။ ပြင်သစ်က သတင်းတွေအရ လိဂန်းအသင်းဖြစ်တဲ့ နိစ်အသင်းကလည်း အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမားကို ခေါ်ယူချင်နေတယ်လို့ သိရပြီး လင်ဂတ်ဟာ တစ်ရာသီလုံး ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှ ပွဲထွက်ပါဝင်ကစားပေးရခြင်းမရှိသေးတာဖြစ်ပါတယ်။

၃။ နတ် ဖိလစ်(လီဗာပူးလ်မှ ဝက်စ်ဟမ်းသို့-ပေါင် ၁၅ သန်း)

လီဗာပူးလ်ဗဟိုခံစစ်ကစားသမားဟာ ပွဲကစားချိန် ပိုမိုရရှိချင်နေတာကြောင့် အန်းဖီးကနေ ထွက်ခွာဖို့ ကြိုးစားနေပြီး အသင်းအများအပြားဆီကနေ စိတ်ဝင်စားမှုတွေ ရရှိနေသူဖြစ်ပါတယ်။ ဖိလစ်ဟာ ဝက်စ်ဟမ်းအသင်းက ခေါ်ယူဖို့ စဉ်းစားခြင်းကို ခံနေရပြီး လီဗာပူးလ်ရဲ့ခံစစ်မှာ ဗန်ဒိုက်၊ မာတစ်ပ်၊ ဂျိုး ဂိုးမက်ဇ်၊ ကိုနာတေတို့ရဲ့နောက်မှာ ပဥ္စမမြောက်ပွဲထွက်ကစားသမားအဖြစ် ရပ်တည်နေရတဲ့ လီဗာပူးလ်နောက်ခံလူရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၁၅ သန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။

၄။ ဒူဆန် ဗလာဟိုဗစ်ချ်(ဖီအိုရင်တီးနားမှ အာဆင်နယ်(သို့)စပါးစ်(သို့)ဂျူဗင်တပ် သို့- ပေါင်သန်း ၅၀)

ဗလာဟိုဗစ်ချ်ဟာ ယခုလမှာ အာဆင်နယ်နဲ့ တော့တင်ဟင်ဟော့စပါးတို့ ၂ သင်းစလုံးနဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေခဲ့သူဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးဟာ ယခုရာသီမှာ ၂၃ ပွဲကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၀ အထိ သွင်းယူထားတာကြောင့် ဒီလောက်အထိ စိတ်ဝင်စားခြင်းခံနေရတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဂျူဗင်တပ်အသင်းဟာ ယခုအပတ်မှာ ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းပြီး မြောက်လန်ဒန်ပြိုင်ဘက် ၂ သင်းကို နောက်ကောက်ချသွားတော့မယ့်ပုံ ပေါ်ပါတယ်။ အာဆင်နယ်နဲ့ စပါးစ်တို့ဟာ တိုက်စစ်မှာ နောက်ထပ်ရွေးချယ်စရာတွေ မဖြစ်မနေ လိုအပ်နေတာကြောင့် အီတလီက သတင်းတွေကြောင့် စိတ်ပျက်သွားမှာ သေချာပါတယ်။

၅။ ဒီလီ အယ်လီ(တော့တင်ဟမ်မှ နယူးကာဆယ်လ်(သို့)ဘရိုက်တန်(သို့)အဲဗာတန်သို့-အငှား)

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းက စပါးစ်အတွက် ခြေစွမ်းမပြသနိုင်ခဲ့ပုံ ပေါ်နေခဲ့သူဖြစ်ပြီး ၎င်းရဲ့အကောင်းဆုံးပုံစံကို ရှာတွေ့ဖို့ ဆက်လက်ရုန်းကန်နေရတာကြောင့် ယခုလမှာ ၎င်းကို ခေါ်ယူမယ့်အသင်းကို နောက်ဆုံးမှာ ရှာတွေ့သွားနိုင်ပါ့မလား။ ယခုလမှာ နယူးကာဆယ်လ်အသင်းက ဒီလီ အယ်လီကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် အခြားပရီးမီးယားလိဂ်အသင်းအချို့ကလည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေတာဖြစ်ပါတယ်။ တစ်ခါတုန်းက စပါးစ်အတွက် ပုံမှန်ပွဲထွက်ကစားပေးပြီး အားထားရတဲ့ ဂိုးသွင်းရှင်ဖြစ်ခဲ့ဖူးတဲ့ အယ်လီဟာ ၂၀၁၉ ခုနှစ်မှာ နည်းပြ ပိုချက်တီနို ထွက်ခွာသွားပြီးကတည်းက နည်းပြ ၃ ဦးလက်အောက်မှာ အထင်ကြီးဖွယ်ခြေစွမ်းမပြသနိုင်ခဲ့တာကြောင့် အသင်းကထွက်ဖို့ ပိုများနေတဲ့ပုံပေါ်နေတာဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ အဲဗာတန်တို့ကလည်း စပါးစ်ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ စောင့်ကြည့်နေသလို ဘန်လေကလည်း ခေါ်ယူချင်နေတာဖြစ်ပြီး စပါးစ်နည်းပြ ကွန်တီက ၎င်းရဲ့အစီအစဉ်ထဲမှာ အင်္ဂလန်ကွင်းလယ်ကစားသမား ပါဝင်ခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်း သိအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။

၆။ အမာဒူ ဟိုင်းဒါရာ(လိုက်ပ်ဇစ်မှ နယူးကာဆယ်လ်(သို့)မန်ချက်စတာယူနိုက်တက်သို့-ပေါင်သန်း ၈၀ အထိ မြင့်တက်နိုင်)

ဟိုင်းဒါရာဟာ ဥရောပဘောလုံးလောကမှာ အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကွင်းလယ်ကို အင်အားဖြည့်တင်းချင်နေတဲ့ မန်ယူနိုက်တက်နဲ့ သတင်းတွေထွက်နေခဲ့တာကြာပါပြီ။ ဒါပေမယ့် ဒီလသတင်းတွေအရ နယူးကာဆယ်လ်အသင်းကလည်း မာလီလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ကို ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို ကတုံးပေါ်ထိပ်ကွက်ပြီး ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ လိုက်ပ်ဇစ်အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိသေးတဲ့ ဟိုင်းဒါရာရဲ့ စာချုပ်လျော်ကြေး ပေါင် ၃၃ သန်းဟာ ယခုလာမယ့်နွေရာသီမှာ အသက်ဝင်လာတော့မှာဖြစ်ပေမယ့် နယူးကာဆယ်လ်အသင်းဟာ ယခုအပတ်မှာပဲ အလုပ်ဖြစ်အောင် လုပ်သွားဖို့ကို ပိုပြီး စဉ်းစားထားတာကြောင့် အပြောင်းအရွှေ့သဘောတူညီမှုဟာ ပေါင်သန်း ၈၀ လောက်အထိ ကုန်ကျနိုင်ဖွယ် ရှိနေပါတယ်။

၇။ အူဘာမီယန်း(အာဆင်နယ်မှ ပီအက်စ်ဂျီ(သို့)ဂျူဗင်တပ်- အငှား)

အူဘာမီယန်းဟာ စည်းကမ်းဖောက်ဖျက်မှုကြောင့် အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခြင်းခံခဲ့ရပြီးနောက် အာဆင်နယ်အသင်းမှာ ပြန်လည်ပါဝင်ကစားပေးနိုင်မယ့် လမ်းမမြင်တော့သူဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဂါဘွန်တိုက်စစ်မှူးရဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ ကို ပေးချေလိုခြင်းမရှိတော့တာကြောင့် ယခုလမှာ ရောင်းထုတ်သွားချင်နေတာဖြစ်ပြီး ဆော်ဒီအာရေဗျအသင်းဖြစ်တဲ့ အယ်လ် ဟီလာလ်အသင်းက အသက် ၃၂ နှစ်အရွယ်တိုက်စစ်မှူးကို အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့အပြင် အာဆင်နယ်အသင်းက ပေးချေရမယ့်လစာတွေကိုလည်း ပေးချေသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမားက အရှေ့အလယ်ပိုင်းကို မပြောင်းရွှေ့ချင်တာကြောင့် ဂျူဗင်တပ်၊ ပီအက်စ်ဂျီတို့နဲ့ သတင်းတွေ ထွက်လာခဲ့တာဖြစ်ပေမယ့်လည်း ဒီလိုအချိန်မှာ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် ကစားသမားကို ခေါ်ယူချင်တဲ့ဆန္ဒရှိမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။

၈။ အာရွန် ရမ်းဆေး(ဂျူဗင်တပ်မှ ဘန်လေသို့-အငှား)

ယခုအပတ်အတွက် အံ့အားသင့်စရာအကောင်းဆုံးအပြောင်းအရွှေ့ဇာတ်လမ်းတွေထဲက တစ်ခုဟာ ဂျူဗင်တပ်ကွင်းလယ်ကစားသမား အာရွန် ရမ်းဆေးအနေနဲ့ ရုန်းကန်နေရတဲ့ ဘန်လေအသင်းကို ပြောင်းရွှေ့ဖို့ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဂျူဗင်တပ်ဟာ ဝေးလ်လက်ရွေးစင်ကွင်းလယ်ကစားရဲ့ ကြီးမားတဲ့လစာပမာဏကြောင့် ယခုလမှာ ရောင်းထုတ်သွားချင်ပေမယ့် အငှားနဲ့ အပြောင်းအရွှေ့ပြုလုပ်ဖို့ ကြီးမားတဲ့ ထောက်ပံ့မှုတွေ လိုအပ်မယ်ဆိုတာကို သိရှိနေတာဖြစ်ပါတယ်။ ရမ်းဆေးဟာ နယူးကာဆယ်လ်အသင်းကို ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အနည်းဆုံးတော့ လအနည်းငယ်လောက် အင်္ဂလိပ်ဘောလုံးပြိုင်ပွဲမှာ နောက်ထပ်အခွင့်အရေးပေးသွားဖို့ ဘန်လေအသင်းက ဆန္ဒရှိနေတာဖြစ်ပါတယ်။

 

၉။ ရိုဒရီဂို ဘန်တန်ကာ(ဂျူဗင်တပ်မှ အက်စတန် ဗီလာ)

အက်စတန် ဗီလာအသင်းက ဂျူဗင်တပ်ကွင်းလယ်ကစားသမား ရိုဒရီဂို ဘန်တန်ကာကို ယခုအပတ်မှာ ချဉ်းကပ်လာတယ်လို့ Sportsmail က ထုတ်ဖော်ပြောကြားခဲ့ပြီး စီးရီးအေထိပ်သီးအသင်းကြီးက ဥရုဂွေးကွင်းလယ်ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားချင်တဲ့ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဘန်တန်ကာဟာ စတီဗင် ဂျရတ် လိုချင်တဲ့ ကွင်းလယ်ခံစစ်နေရာအတွက် သင့်တော်တဲ့ကစားသမားဖြစ်နေတာဖြစ်ပြီး ဗီလာဟာ ကော်တင်ညို၊ ဒီညီနဲ့ ရော်ဘင် အိုလ်ဆင်တို့ကို ယခုလမှာ ခေါ်ယူခဲ့ပြီးဖြစ်ပေမယ့်လည်း နောက်ထပ် ငွေကြေးသုံးစွဲသွားဖို့ ရှိနေသေးတာဖြစ်ပါတယ်။

၁၀။ ဒေါမနစ် ကဲလ်ဗတ်-လူဝင်(အဲဗာတန်မှ ဝက်စ်ဟမ်း- ပေါင်သန်း ၆၀)

ဒီအပြောင်းအရွှေ့ဟာ ထူးခြားတဲ့ဇန်နဝါရီအပြောင်းအရွှေ့ဖြစ်လာမှာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းဟာ အဲဗာတန်တိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗတ်-လူဝင်ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ကဲလ်ဗတ်-လူဝင်အတွက် ဒဏ်ရာပြဿနာတွေရဲ့ နှောင့်ယှက်ခြင်းခံခဲ့ရတဲ့ ရာသီဖြစ်ခဲ့ပြီး ၆ ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့ရာမှာ ၃ ဂိုး သွင်းယူပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီက အလွန်ကောင်းမွန်တဲ့ ခြေစွမ်းကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် အင်္ဂလန်လူစာရင်းထဲမှာ တစ်နေရာရရှိခဲ့သူဖြစ်ပြီး ဝက်စ်ဟမ်းအသင်းကို အပြောင်းအရွှေ့ပြုလုပ်ချင်လာအောင် ဆွဲဆောင်နိုင်ခဲ့တာ ထင်ရှားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္ဟာ ပိတ္သိမ္းဖို႔အတြက္ အခ်ိန္ သိပ္မလိုေတာ့ေပမယ့္လည္း အၿပီးသတ္ရမယ့္ အေျပာင္းအေရႊ႕ေတြ အမ်ားႀကီး က်န္ရွိေနေသးတာျဖစ္ပါတယ္။

ဇန္နဝါရီလဟာ လက္ရွိအခ်ိန္အထိေတာ့ အရႈပ္ေထြးဆုံး ရာသီလယ္ အေျပာင္းအေရႊ႕ေစ်းကြက္ မဟုတ္ခဲ့ေပမယ့္လည္း ႀကီးမားတဲ့ ေငြေၾကးနဲ႔ အေျပာင္းအေရႊ႕အမ်ားအျပားနဲ႔အတူ အရာအားလုံး ေျပာင္းလဲသြားနိုင္တာျဖစ္ပါတယ္။ နယူးကာဆယ္လ္အသင္းဟာ ေဆာ္ဒီအုပ္စုရဲ့ လက္လႊဲဝယ္ယူျခင္းခံခဲ့ရၿပီးေနာက္ပိုင္း ေငြကို ေရလိုသုံးစြဲေနၿပီး တန္းဆင္းရမယ့္အႏၲရာယ္နဲ႔ ကင္းလြတ္ေအာင္ ေနာက္ထပ္လူအင္အားျဖည့္တင္းဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း နယူးကာဆယ္လ္ဟာ ယခုအပတ္မွာ ေအာင္ျမင္တဲ့ အေျပာင္းအေရႊ႕ေစ်းကြက္အျဖစ္ အဆုံးသတ္ဖို႔ ေငြေၾကးအခ်ိဳ႕ သုံးစြဲသြားခ်င္တဲ့တစ္သင္းတည္းေသာ အသင္းေတာ့မဟုတ္ဘဲ လာမယ့္ တနလၤာေန႔ ည ၁၁ နာရီ အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္ခ်ိန္မတိုင္မီ ျဖစ္နိုင္ေျခရွိတဲ့ အေျပာင္းအေရႊ႕ ၁၀ ခု ရွိေနပါေသးတယ္။

၁။ ယူလီယန္ အဲလ္ဗားရက္ဇ္(ေရးဗားပလိတ္မွ မန္စီးတီးသို႔-ေပါင္သန္း ၂၀)

အသက္ ၂၁ ႏွစ္အရြယ္တိုက္စစ္မႉးဟာ ၂၀၂၁ ခုႏွစ္ရာသီအတြင္း အထင္ႀကီးဖြယ္ေကာင္းေလာက္ေအာင္ ၄၅ ပြဲမွာ ၂၂ ဂိုးအထိ သြင္းယူနိုင္ခဲ့တဲ့ စိတ္လႈပ္ရွားစရာအေကာင္းဆုံး လူငယ္ပါရမီရွင္ တိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ အဲလ္ဗားရက္ဇ္ရဲ့ စာခ်ဳပ္ေလ်ာ္ေၾကးဟာ ေပါင္သန္း ၂၀ သာ ရွိတာေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအေနနဲ႔ ယခုလမကုန္ခင္ အၿပီးသတ္သေဘာတူညီမႈ ရရွိေအာင္ အလြယ္တကူလုပ္ေဆာင္သြားနိုင္ဖြယ္ရွိပါတယ္။ ဒါေပမယ့္လည္း ေရးဗားပလိတ္က ေနာက္ထပ္တစ္ရာသီေလာက္အထိ အငွားနဲ႔ ျပန္ေခၚထားဖို႔ ေရြးခ်ယ္စရာရွိေနတာေၾကာင့္ အီတီဟတ္မွာ အာဂ်င္တီးနားတိုက္စစ္မႉးကိုေတာ့ ခ်က္ခ်င္း ျမင္ေတြ႕ရဦးမွာမဟုတ္တာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ မန္စီးတီးဟာ အေဂြရိုရဲ့ေနရာမွာ ဆက္ခံမယ့္သူကို ရွာေဖြေနတာျဖစ္ၿပီး အဲလ္ဗားရက္ဇ္က မန္စီးတီးဂႏၲဝင္နဲ႔ ႏွိုင္းယွဥ္ျခင္း ခံေနခဲ့ရသူျဖစ္ပါတယ္။

၂။ ဂ်က္ဆီ လင္ဂတ္(မန္ခ်က္စတာယူနိုက္တက္မွ နယူးကာဆယ္လ္သို႔-အငွား)

လင္ဂတ္အေနနဲ႔ ပြဲထြက္ကစားခ်ိန္မရွိတာေၾကာင့္ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခ်င္ေနတယ္ဆိုတာကို အားလုံးလည္း သိၾကမွာျဖစ္ၿပီး ၎ရဲ့စာခ်ဳပ္သက္တမ္းကလည္း လာမယ့္ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္ အဂၤလန္လက္ေရြးစင္ကြင္းလယ္ကစားသမားရဲ့ နယူးကာဆယ္လ္ကို ေျပာင္းေရႊ႕ဖို႔ကိစၥဟာ ပ်က္စီးသြားနိုင္တဲ့ အႏၲရာယ္ရွိေနတာျဖစ္ပါတယ္။ အသင္းအမ်ားအျပားက ယူနိုက္တက္ကြင္းလယ္ကစားသမားနဲ႔ သတင္းထြက္ေပၚေနခဲ့ၿပီး နယူးကာဆယ္လ္အသင္းဟာ အဂၤလန္လက္ေရြးစင္ကစားသမားအတြက္ ဒုတိယအႀကိမ္ အငွားစာခ်ဳပ္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ မန္ခ်က္စတာယူနိုက္တက္က လင္ဂတ္အတြက္ အငွားခ်ေၾကးလိုခ်င္သလို နယူးကာဆယ္လ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္မွာ တင္က်န္ခဲ့မယ္ဆိုရင္ ဆုေၾကးေငြအျဖစ္ ေပါင္ ၁၂ သန္း ေပးဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ လင္ဂတ္ဟာ ၎ရဲ့မိခင္ကလပ္အသင္းကို ေဒါသထြက္ခဲ့ရပါတယ္။ ယူနိုက္တက္ဟာ စပါးစ္နဲ႔ ဝက္စ္ဟမ္းတို႔ဆီကေန ခ်ဥ္းကပ္မႈေတြကိုလည္း ပယ္ခ်ခဲ့ၿပီးျဖစ္ၿပီးျဖစ္တယ္လို႔ သိရၿပီး ထိပ္ဆုံး ၄ ေနရာအတြက္ ယွဥ္ၿပိဳင္မယ့္ ၿပိဳင္ဘက္အသင္းေတြကို အားေကာင္းသြားမွာစိုးရိမ္တာေၾကာင့္ ျဖစ္ပါတယ္။ ျပင္သစ္က သတင္းေတြအရ လိဂန္းအသင္းျဖစ္တဲ့ နိစ္အသင္းကလည္း အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားကို ေခၚယူခ်င္ေနတယ္လို႔ သိရၿပီး လင္ဂတ္ဟာ တစ္ရာသီလုံး ပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲမွ ပြဲထြက္ပါဝင္ကစားေပးရျခင္းမရွိေသးတာျဖစ္ပါတယ္။

၃။ နတ္ ဖိလစ္(လီဗာပူးလ္မွ ဝက္စ္ဟမ္းသို႔-ေပါင္ ၁၅ သန္း)

လီဗာပူးလ္ဗဟိုခံစစ္ကစားသမားဟာ ပြဲကစားခ်ိန္ ပိုမိုရရွိခ်င္ေနတာေၾကာင့္ အန္းဖီးကေန ထြက္ခြာဖို႔ ႀကိဳးစားေနၿပီး အသင္းအမ်ားအျပားဆီကေန စိတ္ဝင္စားမႈေတြ ရရွိေနသူျဖစ္ပါတယ္။ ဖိလစ္ဟာ ဝက္စ္ဟမ္းအသင္းက ေခၚယူဖို႔ စဥ္းစားျခင္းကို ခံေနရၿပီး လီဗာပူးလ္ရဲ့ခံစစ္မွာ ဗန္ဒိုက္၊ မာတစ္ပ္၊ ဂ်ိဳး ဂိုးမက္ဇ္၊ ကိုနာေတတို႔ရဲ့ေနာက္မွာ ပဥၥမေျမာက္ပြဲထြက္ကစားသမားအျဖစ္ ရပ္တည္ေနရတဲ့ လီဗာပူးလ္ေနာက္ခံလူရဲ့ ေျပာင္းေရႊ႕ေၾကးဟာ ေပါင္ ၁၅ သန္းသတ္မွတ္ထားတယ္လို႔ သိရပါတယ္။

၄။ ဒူဆန္ ဗလာဟိုဗစ္ခ်္(ဖီအိုရင္တီးနားမွ အာဆင္နယ္(သို႔)စပါးစ္(သို႔)ဂ်ဴဗင္တပ္ သို႔- ေပါင္သန္း ၅၀)

ဗလာဟိုဗစ္ခ်္ဟာ ယခုလမွာ အာဆင္နယ္နဲ႔ ေတာ့တင္ဟင္ေဟာ့စပါးတို႔ ၂ သင္းစလုံးနဲ႔ သတင္းေတြ ဆက္တိုက္ထြက္ေပၚေနခဲ့သူျဖစ္ၿပီး အသက္ ၂၁ ႏွစ္အရြယ္တိုက္စစ္မႉးဟာ ယခုရာသီမွာ ၂၃ ပြဲကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၀ အထိ သြင္းယူထားတာေၾကာင့္ ဒီေလာက္အထိ စိတ္ဝင္စားျခင္းခံေနရတာျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိမွာေတာ့ ဂ်ဴဗင္တပ္အသင္းဟာ ယခုအပတ္မွာ ေပါင္သန္း ၅၀ နဲ႔ ကမ္းလွမ္းၿပီး ေျမာက္လန္ဒန္ၿပိဳင္ဘက္ ၂ သင္းကို ေနာက္ေကာက္ခ်သြားေတာ့မယ့္ပုံ ေပၚပါတယ္။ အာဆင္နယ္နဲ႔ စပါးစ္တို႔ဟာ တိုက္စစ္မွာ ေနာက္ထပ္ေရြးခ်ယ္စရာေတြ မျဖစ္မေန လိုအပ္ေနတာေၾကာင့္ အီတလီက သတင္းေတြေၾကာင့္ စိတ္ပ်က္သြားမွာ ေသခ်ာပါတယ္။

၅။ ဒီလီ အယ္လီ(ေတာ့တင္ဟမ္မွ နယူးကာဆယ္လ္(သို႔)ဘရိုက္တန္(သို႔)အဲဗာတန္သို႔-အငွား)

အဂၤလန္လက္ေရြးစင္ကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္ေလာက္ကတည္းက စပါးစ္အတြက္ ေျခစြမ္းမျပသနိုင္ခဲ့ပုံ ေပၚေနခဲ့သူျဖစ္ၿပီး ၎ရဲ့အေကာင္းဆုံးပုံစံကို ရွာေတြ႕ဖို႔ ဆက္လက္႐ုန္းကန္ေနရတာေၾကာင့္ ယခုလမွာ ၎ကို ေခၚယူမယ့္အသင္းကို ေနာက္ဆုံးမွာ ရွာေတြ႕သြားနိုင္ပါ့မလား။ ယခုလမွာ နယူးကာဆယ္လ္အသင္းက ဒီလီ အယ္လီကို ေခၚယူဖို႔ ႀကိဳးပမ္းေနေပမယ့္ အျခားပရီးမီးယားလိဂ္အသင္းအခ်ိဳ႕ကလည္း အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။ တစ္ခါတုန္းက စပါးစ္အတြက္ ပုံမွန္ပြဲထြက္ကစားေပးၿပီး အားထားရတဲ့ ဂိုးသြင္းရွင္ျဖစ္ခဲ့ဖူးတဲ့ အယ္လီဟာ ၂၀၁၉ ခုႏွစ္မွာ နည္းၿပ ပိုခ်က္တီနို ထြက္ခြာသြားၿပီးကတည္းက နည္းၿပ ၃ ဦးလက္ေအာက္မွာ အထင္ႀကီးဖြယ္ေျခစြမ္းမျပသနိုင္ခဲ့တာေၾကာင့္ အသင္းကထြက္ဖို႔ ပိုမ်ားေနတဲ့ပုံေပၚေနတာျဖစ္ပါတယ္။ ဘရိုက္တန္နဲ႔ အဲဗာတန္တို႔ကလည္း စပါးစ္ကြင္းလယ္ကစားသမားကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနသလို ဘန္ေလကလည္း ေခၚယူခ်င္ေနတာျဖစ္ၿပီး စပါးစ္နည္းၿပ ကြန္တီက ၎ရဲ့အစီအစဥ္ထဲမွာ အဂၤလန္ကြင္းလယ္ကစားသမား ပါဝင္ျခင္းမရွိေၾကာင္း ရွင္းရွင္းလင္းလင္း သိေအာင္ ျပဳလုပ္ထားတာျဖစ္ပါတယ္။

၆။ အမာဒူ ဟိုင္းဒါရာ(လိုက္ပ္ဇစ္မွ နယူးကာဆယ္လ္(သို႔)မန္ခ်က္စတာယူနိုက္တက္သို႔-ေပါင္သန္း ၈၀ အထိ ျမင့္တက္နိုင္)

ဟိုင္းဒါရာဟာ ဥေရာပေဘာလုံးေလာကမွာ အေကာင္းဆုံးကြင္းလယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ကြင္းလယ္ကို အင္အားျဖည့္တင္းခ်င္ေနတဲ့ မန္ယူနိုက္တက္နဲ႔ သတင္းေတြထြက္ေနခဲ့တာၾကာပါၿပီ။ ဒါေပမယ့္ ဒီလသတင္းေတြအရ နယူးကာဆယ္လ္အသင္းကလည္း မာလီလက္ေရြးစင္ကြင္းလယ္ၾကယ္ပြင့္ကို ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြကို ကတုံးေပၚထိပ္ကြက္ၿပီး ေခၚယူဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိတယ္လို႔ သိရပါတယ္။ လိုက္ပ္ဇစ္အသင္းနဲ႔ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေသးတဲ့ ဟိုင္းဒါရာရဲ့ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၃၃ သန္းဟာ ယခုလာမယ့္ေႏြရာသီမွာ အသက္ဝင္လာေတာ့မွာျဖစ္ေပမယ့္ နယူးကာဆယ္လ္အသင္းဟာ ယခုအပတ္မွာပဲ အလုပ္ျဖစ္ေအာင္ လုပ္သြားဖို႔ကို ပိုၿပီး စဥ္းစားထားတာေၾကာင့္ အေျပာင္းအေရႊ႕သေဘာတူညီမႈဟာ ေပါင္သန္း ၈၀ ေလာက္အထိ ကုန္က်နိုင္ဖြယ္ ရွိေနပါတယ္။

၇။ အူဘာမီယန္း(အာဆင္နယ္မွ ပီအက္စ္ဂ်ီ(သို႔)ဂ်ဴဗင္တပ္- အငွား)

အူဘာမီယန္းဟာ စည္းကမ္းေဖာက္ဖ်က္မႈေၾကာင့္ အသင္းေခါင္းေဆာင္ရာထူးကေန ဖယ္ရွားျခင္းခံခဲ့ရၿပီးေနာက္ အာဆင္နယ္အသင္းမွာ ျပန္လည္ပါဝင္ကစားေပးနိုင္မယ့္ လမ္းမျမင္ေတာ့သူျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ဂါဘြန္တိုက္စစ္မႉးရဲ့ တစ္ပတ္လုပ္ခလစာ ေပါင္ ၃၅၀၀၀၀ ကို ေပးေခ်လိုျခင္းမရွိေတာ့တာေၾကာင့္ ယခုလမွာ ေရာင္းထုတ္သြားခ်င္ေနတာျဖစ္ၿပီး ေဆာ္ဒီအာေရဗ်အသင္းျဖစ္တဲ့ အယ္လ္ ဟီလာလ္အသင္းက အသက္ ၃၂ ႏွစ္အရြယ္တိုက္စစ္မႉးကို အၿပီးသတ္ဝယ္ယူခြင့္ပါဝင္တဲ့ အငွားစာခ်ဳပ္နဲ႔ ေခၚယူဖို႔ ကမ္းလွမ္းခဲ့တဲ့အျပင္ အာဆင္နယ္အသင္းက ေပးေခ်ရမယ့္လစာေတြကိုလည္း ေပးေခ်သြားမယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း ကစားသမားက အေရွ႕အလယ္ပိုင္းကို မေျပာင္းေရႊ႕ခ်င္တာေၾကာင့္ ဂ်ဴဗင္တပ္၊ ပီအက္စ္ဂ်ီတို႔နဲ႔ သတင္းေတြ ထြက္လာခဲ့တာျဖစ္ေပမယ့္လည္း ဒီလိုအခ်ိန္မွာ ဘ႑ာေရးဝန္ထုပ္ဝန္ပိုးျဖစ္ေစမယ့္ ကစားသမားကို ေခၚယူခ်င္တဲ့ဆႏၵရွိမွာမဟုတ္ဘူးလို႔ ယူဆရပါတယ္။

၈။ အာရြန္ ရမ္းေဆး(ဂ်ဴဗင္တပ္မွ ဘန္ေလသို႔-အငွား)

ယခုအပတ္အတြက္ အံ့အားသင့္စရာအေကာင္းဆုံးအေျပာင္းအေရႊ႕ဇာတ္လမ္းေတြထဲက တစ္ခုဟာ ဂ်ဴဗင္တပ္ကြင္းလယ္ကစားသမား အာရြန္ ရမ္းေဆးအေနနဲ႔ ႐ုန္းကန္ေနရတဲ့ ဘန္ေလအသင္းကို ေျပာင္းေရႊ႕ဖို႔ ပရီးမီးယားလိဂ္ကို ျပန္လာဖို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ဟာ ေဝးလ္လက္ေရြးစင္ကြင္းလယ္ကစားရဲ့ ႀကီးမားတဲ့လစာပမာဏေၾကာင့္ ယခုလမွာ ေရာင္းထုတ္သြားခ်င္ေပမယ့္ အငွားနဲ႔ အေျပာင္းအေရႊ႕ျပဳလုပ္ဖို႔ ႀကီးမားတဲ့ ေထာက္ပံ့မႈေတြ လိုအပ္မယ္ဆိုတာကို သိရွိေနတာျဖစ္ပါတယ္။ ရမ္းေဆးဟာ နယူးကာဆယ္လ္အသင္းကို ေျပာင္းေရႊ႕ဖို႔ ျငင္းပယ္ခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ၿပီးေနာက္ အနည္းဆုံးေတာ့ လအနည္းငယ္ေလာက္ အဂၤလိပ္ေဘာလုံးၿပိဳင္ပြဲမွာ ေနာက္ထပ္အခြင့္အေရးေပးသြားဖို႔ ဘန္ေလအသင္းက ဆႏၵရွိေနတာျဖစ္ပါတယ္။

 

၉။ ရိုဒရီဂို ဘန္တန္ကာ(ဂ်ဴဗင္တပ္မွ အက္စတန္ ဗီလာ)

အက္စတန္ ဗီလာအသင္းက ဂ်ဴဗင္တပ္ကြင္းလယ္ကစားသမား ရိုဒရီဂို ဘန္တန္ကာကို ယခုအပတ္မွာ ခ်ဥ္းကပ္လာတယ္လို႔ Sportsmail က ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး စီးရီးေအထိပ္သီးအသင္းႀကီးက ဥ႐ုေဂြးကြင္းလယ္ကစားသမားအတြက္ ကမ္းလွမ္းမႈေတြကို နားေထာင္သြားခ်င္တဲ့ဆႏၵရွိေနတာျဖစ္ပါတယ္။ ဘန္တန္ကာဟာ စတီဗင္ ဂ်ရတ္ လိုခ်င္တဲ့ ကြင္းလယ္ခံစစ္ေနရာအတြက္ သင့္ေတာ္တဲ့ကစားသမားျဖစ္ေနတာျဖစ္ၿပီး ဗီလာဟာ ေကာ္တင္ညိဳ၊ ဒီညီနဲ႔ ေရာ္ဘင္ အိုလ္ဆင္တို႔ကို ယခုလမွာ ေခၚယူခဲ့ၿပီးျဖစ္ေပမယ့္လည္း ေနာက္ထပ္ ေငြေၾကးသုံးစြဲသြားဖို႔ ရွိေနေသးတာျဖစ္ပါတယ္။

၁၀။ ေဒါမနစ္ ကဲလ္ဗတ္-လူဝင္(အဲဗာတန္မွ ဝက္စ္ဟမ္း- ေပါင္သန္း ၆၀)

ဒီအေျပာင္းအေရႊ႕ဟာ ထူးျခားတဲ့ဇန္နဝါရီအေျပာင္းအေရႊ႕ျဖစ္လာမွာျဖစ္ၿပီး ဝက္စ္ဟမ္းအသင္းဟာ အဲဗာတန္တိုက္စစ္မႉး ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ကို ေပါင္သန္း ၆၀ နဲ႔ ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ ကဲလ္ဗတ္-လူဝင္အတြက္ ဒဏ္ရာျပႆနာေတြရဲ့ ေႏွာင့္ယွက္ျခင္းခံခဲ့ရတဲ့ ရာသီျဖစ္ခဲ့ၿပီး ၆ ပြဲသာ ပါဝင္ကစားေပးထားနိုင္ခဲ့ရာမွာ ၃ ဂိုး သြင္းယူေပးထားတာျဖစ္ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ရာသီက အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းေၾကာင့္ ယူရို ၂၀၂၀ ၿပိဳင္ပြဲအတြက္ အဂၤလန္လူစာရင္းထဲမွာ တစ္ေနရာရရွိခဲ့သူျဖစ္ၿပီး ဝက္စ္ဟမ္းအသင္းကို အေျပာင္းအေရႊ႕ျပဳလုပ္ခ်င္လာေအာင္ ဆြဲေဆာင္နိုင္ခဲ့တာ ထင္ရွားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.