Premier League

ခံစစ်ပြဿနာကို အမြန်ဖြေရှင်းဖို့ အသင်းရဲ့စည်းမျဉ်းကို ချိုးဖောက်ဖို့ စဉ်းစားနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဝါရင့်နောက်ခံကစားသမား အက်ဇ်ပီလီကွေတာကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် အသက် ၃၀ ကျော်ကစားသမားတွေနဲ့ပတ်သက်တဲ့ ၎င်းတို့ရဲ့ စည်းမျဉ်းကို ကိုယ်တိုင် ပြန်ချိုးဖောက်ရမလားဆိုတာကို စဉ်းစားနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ ပုံမှန်အားဖြင့် အသက် ၃၀ ကျော် ကစာသမားတွေကို တစ်နှစ်စာချုပ်သက်တမ်းထက် ပိုတဲ့ စာချုပ် မကမ်းလှမ်းဖို့ တင်းကြပ်တဲ့ မူဝါဒ ချမှတ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီ အသင်းကို ချန်ပီယံလိဂ်အောင်ပွဲရရှိအောင် ဦးဆောင်ခဲ့တဲ့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာက စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဆက်ရှိနေဖို့အတွက် ၂ နှစ်စာချုပ် လိုချင်နေတာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် စပိန်နောက်ခံကစားသမားရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ယခုလာမယ့် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အက်ဇ်ပီလီကွေတာကို ဘာစီလိုနာအသင်းရော အက်သလက်တီကို မက်ဒရစ်အသင်းကပါ ခေါ်ယူဖို့အတွက် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ချဲလ်ဆီးအသင်းခေါင်းဆောင်ကို တစ်နှစ်သက်တမ်းတိုးခွင့် ပါဝင်တဲ့ ၂ နှစ် စာချုပ် ကမ်းလှမ်းခဲ့ပြီးဖြစ်ပြီး ၎င်းတို့အနေနဲ့ လာမယ့်နွေရာသီမှာ စပိန်ဝါရင့်နောက်ခံကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းကတော့ ယခုလ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မပိတ်ခင် အက်ဇ်ပီလီကွေတာကို ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေးတောင် ပေးချေလိုတဲ့ဆန္ဒရှိနေတာဖြစ်ပေမယ့် ချဲလ်ဆီးအသင်းဟာ အသင်းရဲ့အားထားရတဲ့ ဝါရင့်နောက်ခံကစားသမားကို ထွက်ခွာခွင့်ပေးချင်တဲ့ဆန္ဒမရှိဘူးလို့ နားလည်ရပါတယ်။ အက်ဇ်ပီလီကွေတာဟာ ၂၀၁၈ ခုနှစ်မှာ ချဲလ်ဆီးအသင်းနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အသင်းမှာ အရေးအကြီးဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ရှိနေခဲ့တာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်နောက်ခံကစားသမားဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ရှိနေခဲ့တဲ့ ကာလအတွင်း ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် အပါအဝင် အဓိကဆုဖလားအားလုံးကို အနိုင်ရရှိခဲ့တာဖြစ်ပြီး ၎င်းရဲ့ ကစားသမားဘဝကိုလည်း ချဲလ်ဆီးအသင်းမှာသာ ကုန်ဆုံးသွားချင်နေတာဖြစ်ပါတယ်။ အက်ဇ်ပီလီကွေတာရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုတွေဟာ အလေးအနက် စတင်ပြုလုပ်နေခြင်းမရှိသေးဘဲ ချဲလ်ဆီးအသင်းဟာ ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် အလျင်စလို ဖြစ်နေခြင်းမရှိတာ ဖြစ်ပါတယ်။

ဒါပေမယ့် အန်တိုနီယို ရူဒီဂါနဲ့ ခရစ္စတင်ဆန်တို့ကလည်း လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်ခြေရှိနေတာကြောင့် ချဲလ်ဆီးအသင်းဟာ အထူးသဖြင့် ၎င်းတို့ရဲ့ အရေးကြီးတဲ့ နောက်ထပ်ခံစစ်ကစားသမားကို ဆုံးရှုံးချင်မှာ မဟုတ်ပါဘူး။ စပိန်လက်ရွေးစင်နောက်ခံကစားသမားဟာ ရိုးရိုးရှင်းရှင်းနေတတ်တဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ပေမယ့်လည်း အဝတ်လဲခန်းအတွင်းမှာ သြဇာကြီးမားသူဖြစ်ပြီး အသင်းရဲ့ လူငယ်ကစားသမားအများအကြားကို ကူညီပေးခဲ့တဲ့အတွက် ချီးကျူးခြင်း ခံခဲ့ရတဲ့ ကစားသမားဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ၎င်းတို့ရဲ့ အသက် ၃၀ ကျော်ကစားသမားတွေနဲ့ပတ်သက်တဲ့ စည်းမျဉ်းကို အတိတ်ကာလတုန်းက ရှားရှားပါးပါး ချိုးဖောက်ခဲ့ဖူးပေမယ့် နောက်ထပ်တစ်ကြိမ် ထပ်မံ ချိုးဖောက်ဦးမလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။ အက်ဇ်ပီလီကွေတာဟာ ရီးစ် ဂျိမ်းစ် ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေတာကြောင့် မကြာသေးမီကမှ ပွဲထွက်လူစာရင်းထဲမှာ ပြန်လည်ပါဝင်ခဲ့သူဖြစ်ပြီး အင်္ဂလန်လူငယ်ကြယ်ပွင့်ဟာ ချဲလ်ဆီးရဲ့ ပထမဦးစားပေး ညာနောက်ခံကစားသမားအဖြစ် သတ်မှတ်ခြင်း ခံထားရသူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ ဝါရင့္ေနာက္ခံကစားသမား အက္ဇ္ပီလီေကြတာကို အသင္းမွာ ဆက္လက္ထိန္းသိမ္းထားနိုင္ဖို႔အတြက္ အသက္ ၃၀ ေက်ာ္ကစားသမားေတြနဲ႔ပတ္သက္တဲ့ ၎တို႔ရဲ့ စည္းမ်ဥ္းကို ကိုယ္တိုင္ ျပန္ခ်ိဳးေဖာက္ရမလားဆိုတာကို စဥ္းစားေနတယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးဟာ ပုံမွန္အားျဖင့္ အသက္ ၃၀ ေက်ာ္ ကစာသမားေတြကို တစ္ႏွစ္စာခ်ဳပ္သက္တမ္းထက္ ပိုတဲ့ စာခ်ဳပ္ မကမ္းလွမ္းဖို႔ တင္းၾကပ္တဲ့ မူဝါဒ ခ်မွတ္ထားတာျဖစ္ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ရာသီ အသင္းကို ခ်န္ပီယံလိဂ္ေအာင္ပြဲရရွိေအာင္ ဦးေဆာင္ခဲ့တဲ့ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာက စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ဆက္ရွိေနဖို႔အတြက္ ၂ ႏွစ္စာခ်ဳပ္ လိုခ်င္ေနတာ ျဖစ္ပါတယ္။

အသက္ ၃၂ ႏွစ္အရြယ္ စပိန္ေနာက္ခံကစားသမားရဲ့ လက္ရွိစာခ်ဳပ္သက္တမ္းဟာ ယခုလာမယ့္ ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး အက္ဇ္ပီလီေကြတာကို ဘာစီလိုနာအသင္းေရာ အက္သလက္တီကို မက္ဒရစ္အသင္းကပါ ေခၚယူဖို႔အတြက္ ႀကိဳးပမ္းေနၾကတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းက ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ကို တစ္ႏွစ္သက္တမ္းတိုးခြင့္ ပါဝင္တဲ့ ၂ ႏွစ္ စာခ်ဳပ္ ကမ္းလွမ္းခဲ့ၿပီးျဖစ္ၿပီး ၎တို႔အေနနဲ႔ လာမယ့္ေႏြရာသီမွာ စပိန္ဝါရင့္ေနာက္ခံကစားသမားကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူနိုင္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းကေတာ့ ယခုလ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ခင္ အက္ဇ္ပီလီေကြတာကို ေခၚယူနိုင္ဖို႔ ေျပာင္းေရႊ႕ေၾကးေတာင္ ေပးေခ်လိုတဲ့ဆႏၵရွိေနတာျဖစ္ေပမယ့္ ခ်ဲလ္ဆီးအသင္းဟာ အသင္းရဲ့အားထားရတဲ့ ဝါရင့္ေနာက္ခံကစားသမားကို ထြက္ခြာခြင့္ေပးခ်င္တဲ့ဆႏၵမရွိဘူးလို႔ နားလည္ရပါတယ္။ အက္ဇ္ပီလီေကြတာဟာ ၂၀၁၈ ခုႏွစ္မွာ ခ်ဲလ္ဆီးအသင္းနဲ႔ ၄ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး အသင္းမွာ အေရးအႀကီးဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ ရွိေနခဲ့တာျဖစ္ပါတယ္။

စပိန္လက္ေရြးစင္ေနာက္ခံကစားသမားဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ရွိေနခဲ့တဲ့ ကာလအတြင္း ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္ အပါအဝင္ အဓိကဆုဖလားအားလုံးကို အနိုင္ရရွိခဲ့တာျဖစ္ၿပီး ၎ရဲ့ ကစားသမားဘဝကိုလည္း ခ်ဲလ္ဆီးအသင္းမွာသာ ကုန္ဆုံးသြားခ်င္ေနတာျဖစ္ပါတယ္။ အက္ဇ္ပီလီေကြတာရဲ့ အနာဂတ္နဲ႔ပတ္သက္ၿပီး ေျပာဆိုေဆြးေႏြးမႈေတြဟာ အေလးအနက္ စတင္ျပဳလုပ္ေနျခင္းမရွိေသးဘဲ ခ်ဲလ္ဆီးအသင္းဟာ ဒီအေျခအေနကို ေျဖရွင္းဖို႔အတြက္ အလ်င္စလို ျဖစ္ေနျခင္းမရွိတာ ျဖစ္ပါတယ္။

ဒါေပမယ့္ အန္တိုနီယို ႐ူဒီဂါနဲ႔ ခရစၥတင္ဆန္တို႔ကလည္း လာမယ့္ေႏြရာသီမွာ အသင္းကေန ထြက္ခြာနိုင္ေျခရွိေနတာေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ အထူးသျဖင့္ ၎တို႔ရဲ့ အေရးႀကီးတဲ့ ေနာက္ထပ္ခံစစ္ကစားသမားကို ဆုံးရႈံးခ်င္မွာ မဟုတ္ပါဘူး။ စပိန္လက္ေရြးစင္ေနာက္ခံကစားသမားဟာ ရိုးရိုးရွင္းရွင္းေနတတ္တဲ့ ပေရာ္ဖက္ရွင္နယ္ကစားသမားျဖစ္ေပမယ့္လည္း အဝတ္လဲခန္းအတြင္းမွာ ၾသဇာႀကီးမားသူျဖစ္ၿပီး အသင္းရဲ့ လူငယ္ကစားသမားအမ်ားအၾကားကို ကူညီေပးခဲ့တဲ့အတြက္ ခ်ီးက်ဴးျခင္း ခံခဲ့ရတဲ့ ကစားသမားျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၎တို႔ရဲ့ အသက္ ၃၀ ေက်ာ္ကစားသမားေတြနဲ႔ပတ္သက္တဲ့ စည္းမ်ဥ္းကို အတိတ္ကာလတုန္းက ရွားရွားပါးပါး ခ်ိဳးေဖာက္ခဲ့ဖူးေပမယ့္ ေနာက္ထပ္တစ္ႀကိမ္ ထပ္မံ ခ်ိဳးေဖာက္ဦးမလားဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။ အက္ဇ္ပီလီေကြတာဟာ ရီးစ္ ဂ်ိမ္းစ္ ဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔ လုပ္ေဆာင္ေနတာေၾကာင့္ မၾကာေသးမီကမွ ပြဲထြက္လူစာရင္းထဲမွာ ျပန္လည္ပါဝင္ခဲ့သူျဖစ္ၿပီး အဂၤလန္လူငယ္ၾကယ္ပြင့္ဟာ ခ်ဲလ္ဆီးရဲ့ ပထမဦးစားေပး ညာေနာက္ခံကစားသမားအျဖစ္ သတ္မွတ္ျခင္း ခံထားရသူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.