Premier League

ခရွန်ကီနဲ့သွားဆွေးနွေးနေတဲ့ အာတီတာအတွက် ရွေးချယ်သင့်တဲ့ တိုက်စစ်မှူးတွေက ဘယ်သူတွေလဲ

အာဆင်နယ်နည်းပြ အာတီတာဟာ တိုက်စစ်မှူးအသစ် ခေါ်ယူဖို့ကိစ္စနဲ့ပတ်သက်ပြီး အာဆင်နယ်အသင်းပိုင်ရှင် စတန် ခရွန်ကီနဲ့ တွေ့ဆုံ စကားပြောဆိုဖို့အတွက် ဒန်ဗာကို လေယာဉ်နဲ့ ထွက်ခွာခဲ့ပြီး သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဇန်နဝါရီလမှာ ဂိုးသွင်းယူနိုင်ဖို့အတွက် အပြင်းအထန် ရုန်းကန်နေခဲ့ရပြီး ၅ ပွဲမှာ တစ်ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ အဆင်နယ်အသင်းရဲ့ အထက်မှာ ရပ်တည်နေတဲ့ အသင်းတွေအားလုံးဟာ တွေ့ဆုံယှဉ်ပြိုင်တဲ့ အချိန်တိုင်း သက်တောင့်သက်သာနဲ့ ဂိုးတွေ ပိုမိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဖီအိုရင်တီးနား ကြယ်ပွင့်တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ချ်ကို တစ်လလုံး သည်းကြီးမည်းကြီးနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် 90min ရဲ့ ဖော်ပြချက်အရ ဆားဘီးယားတိုက်စစ်မှူးဟာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့အတွက် ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘဲ ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ The Telegraph ရဲ့ သတင်းအရ အာတီတာဟာ ခရွန်ကီနဲ့ တွေ့ဆုံပြီး အသင်းရဲ့ အပြောင်းအရွှေ့စျေးကွက်ထဲက နောက်ထပ်ခြေလှမ်းအတွက် အစီအစဉ်ဆွဲဖို့ ဒန်ဗာမြို့ကို လေယာဉ်နဲ့ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ဗလာဟိုဗစ်ချ်ကို ခေါ်ယူဖို့ကိစ္စဟာ မဖြစ်နိုင်တော့တာကြောင့် အာဆင်နယ်အသင်းဟာ လက်ရှိမှာ ဂျော်နသန် ဒေးဗစ်၊ အလက်ဇန်းဒါး အိုင်းဆက်၊ ဒေါမနစ် ကဲလ်ဗတ်-လူဝင်တို့လို တိုက်စစ်မှူးတွေနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ဒူဆန် ဗလာဟိုဗစ်ချ်ရဲ့ ပြောင်းရွှေ့ကြေးအဖြစ် ဂျူဗင်တပ်အသင်းဟာ ပေါင် ၅၈.၈ သန်းပေးချေသွားဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်တာကြောင့် အာဆင်နယ်အတွက်တော့ ဖီအိုရင်တီးနားကြယ်ပွင့်ကို ခေါ်ယူဖို့ ပိုပြီးအလှမ်းဝေးလာတဲ့ပုံ ပေါ်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လာကာဇက်နဲ့ အူဘာမီယန်းတို့ ၂ ဦးစလုံးရဲ့ အနာဂတ်ဟာ အလွန်အမင်း မရေမရာဖြစ်နေတာကြောင့် တိုက်စစ်မှူး မဖြစ်မနေ လိုအပ်နေတာဖြစ်ပြီး မြောက်လန်ဒန်ကလပ်နဲ့ နောက်ဆုံး သတင်းထွက်နေတဲ့ တိုက်စစ်မှူးတွေက ဘယ်သူတွေလဲ၊ ဘယ်လိုတိုက်စစ်မှူးတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

အလက်ဇန်းဒါး အိုင်းဆက်

ရီးရဲလ်ဆိုစီဒက်အသင်းအနေနဲ့ ၎င်းတို့ရဲ့ ဆွီဒင်တိုက်စစ်မှူး အလက်ဇန်းဒါး အိုင်းဆက်ကို စိတ်ဝင်စားနေမှုအတွက် စိုးရိမ်နေမှာဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးရဲ့ စာချုပ်လျော်ကြေးဟာ ပေါင် ၇၅ သန်း သတ်မှတ်ထားတာဖြစ်ပါတယ်။ အရပ် ၆ ပေ ၄ လက်မရှိတဲ့ ဒေါ့မွန်တိုက်စစ်မှူးဟောင်းဟာ ဇလာတန် အီဘရာဟီမိုဗစ်နဲ့ နှိုင်းယှဉ်ခြင်းခံခဲ့ရသူဖြစ်ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲက ၎င်းရဲ့ စွမ်းဆောင်ရည်အရ ပြောရမယ်ဆိုရင်တော့ အမ်းမရိတ်စ်ကို အရည်အသွေးကောင်းတွေ ယူဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

ရီးရဲလ်ဆိုစီဒက်ဟာ အပြောင်းအရွှေ့ပြုလုပ်ဖို့ မြင့်တက်လာတဲ့ ၎င်းတို့ရဲ့ လူငယ်ကြယ်ပွင့်ကစားသမားကို ဆက်လက်ထိန်းသိမ်းဖို့ အနည်းငယ်သာ လုပ်နိုင်ဖွယ်ရှိပြီး အာဆင်နယ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိဖို့အတွက် ဒီအပြောင်းအရွှေ့ကို ဖြစ်အောင်လုပ်သွားဖွယ်ရှိနေပါတယ်။ အိုင်းဆက်ဟာ ပြီးခဲ့တဲ့ရာသီ လာလီဂါ ၃၄ ပွဲမှာ ၁၇ ဂိုးအထိ သွင်းယူခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပေမယ့် ယခုရာသီမှာတော့ ၁၇ ပွဲမှာ ၄ ဂိုးသာ သွင်းယူထားနိုင်ပြီး ရုန်းကန်နေရပါတယ်။

လူကာ ဂျိုဗစ်

ဆားဘီးယားတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တာကြောင့် ရီးရဲလ်မက်ဒရစ်ကနေ အငှားနဲ့ ထွက်ကစားနိုင်ခြေရှိနေတဲ့ နောက်ထပ် ဆားဘီးယားတိုက်စစ်မှူးဖြစ်တဲ့ လူကာ ဂျိုဗစ်က သင့်တော်တဲ့ နောက်ထပ်ရွေးချယ်စရာဖြစ်လာဖွယ်ရှိပါတယ်။ ဖရန့်ဖွတ်ကြယ်ပွင့်ဟောင်းဟာ စပိန်မှာ ရုန်းကန်နေရပြီး ၄၇ ပွဲမှာ ၃ ဂိုးသာ သွင်းယူထားနိုင်သေးပေမယ့် ပါရမီရှိတဲ့ ကစားသမားဖြစ်နေဆဲဖြစ်ပါတယ်။

လူကာ ဂျိုဗစ်ဟာ ဖရန့်ဖွတ်မှာ ဆီဘက်စတီယန် အဲလားနဲ့အတူ ကစားခဲ့သူဖြစ်ပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရာသီမှာ ၂ ဦးပေါင်း ၄၇ ဂိုးအထိ သွင်းယူခဲ့ကြတာဖြစ်ပါတယ်။ လူကာ ဂျိုဗစ်က ပြိုင်ပွဲစုံမှာ ၂၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အလားအလာတွေ အများကြီးရှိတဲ့ အသက် ၂၄ နှစ်အရွယ် ကစားသမားအတွက် အငှားနဲ့ ထွက်ကစားတာက သိပ်အရဲမစွန့်ရာကျမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္နည္းၿပ အာတီတာဟာ တိုက္စစ္မႉးအသစ္ ေခၚယူဖို႔ကိစၥနဲ႔ပတ္သက္ၿပီး အာဆင္နယ္အသင္းပိုင္ရွင္ စတန္ ခရြန္ကီနဲ႔ ေတြ႕ဆုံ စကားေျပာဆိုဖို႔အတြက္ ဒန္ဗာကို ေလယာဥ္နဲ႔ ထြက္ခြာခဲ့ၿပီး သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ဇန္နဝါရီလမွာ ဂိုးသြင္းယူနိုင္ဖို႔အတြက္ အျပင္းအထန္ ႐ုန္းကန္ေနခဲ့ရၿပီး ၅ ပြဲမွာ တစ္ဂိုးသာ သြင္းယူထားနိုင္ခဲ့တာျဖစ္ပါတယ္။ အဆင္နယ္အသင္းရဲ့ အထက္မွာ ရပ္တည္ေနတဲ့ အသင္းေတြအားလုံးဟာ ေတြ႕ဆုံယွဥ္ၿပိဳင္တဲ့ အခ်ိန္တိုင္း သက္ေတာင့္သက္သာနဲ႔ ဂိုးေတြ ပိုမိုသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဖီအိုရင္တီးနား ၾကယ္ပြင့္တိုက္စစ္မႉး ဒူဆန္ ဗလာဟိုဗစ္ခ်္ကို တစ္လလုံး သည္းႀကီးမည္းႀကီးနဲ႔ ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ 90min ရဲ့ ေဖာ္ျပခ်က္အရ ဆားဘီးယားတိုက္စစ္မႉးဟာ အမ္းမရိတ္စ္ကို ေျပာင္းေရႊ႕ဖို႔အတြက္ ဘယ္တုန္းကမွ စိတ္မကူးခဲ့ဘဲ ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။ The Telegraph ရဲ့ သတင္းအရ အာတီတာဟာ ခရြန္ကီနဲ႔ ေတြ႕ဆုံၿပီး အသင္းရဲ့ အေျပာင္းအေရႊ႕ေစ်းကြက္ထဲက ေနာက္ထပ္ေျခလွမ္းအတြက္ အစီအစဥ္ဆြဲဖို႔ ဒန္ဗာၿမိဳ႕ကို ေလယာဥ္နဲ႔ ထြက္ခြာသြားခဲ့တယ္လို႔ သိရပါတယ္။

ဗလာဟိုဗစ္ခ်္ကို ေခၚယူဖို႔ကိစၥဟာ မျဖစ္နိုင္ေတာ့တာေၾကာင့္ အာဆင္နယ္အသင္းဟာ လက္ရွိမွာ ေဂ်ာ္နသန္ ေဒးဗစ္၊ အလက္ဇန္းဒါး အိုင္းဆက္၊ ေဒါမနစ္ ကဲလ္ဗတ္-လူဝင္တို႔လို တိုက္စစ္မႉးေတြနဲ႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ ဒူဆန္ ဗလာဟိုဗစ္ခ်္ရဲ့ ေျပာင္းေရႊ႕ေၾကးအျဖစ္ ဂ်ဴဗင္တပ္အသင္းဟာ ေပါင္ ၅၈.၈ သန္းေပးေခ်သြားဖို႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီျဖစ္တာေၾကာင့္ အာဆင္နယ္အတြက္ေတာ့ ဖီအိုရင္တီးနားၾကယ္ပြင့္ကို ေခၚယူဖို႔ ပိုၿပီးအလွမ္းေဝးလာတဲ့ပုံ ေပၚေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ လာကာဇက္နဲ႔ အူဘာမီယန္းတို႔ ၂ ဦးစလုံးရဲ့ အနာဂတ္ဟာ အလြန္အမင္း မေရမရာျဖစ္ေနတာေၾကာင့္ တိုက္စစ္မႉး မျဖစ္မေန လိုအပ္ေနတာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္နဲ႔ ေနာက္ဆုံး သတင္းထြက္ေနတဲ့ တိုက္စစ္မႉးေတြက ဘယ္သူေတြလဲ၊ ဘယ္လိုတိုက္စစ္မႉးေတြလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

အလက္ဇန္းဒါး အိုင္းဆက္

ရီးရဲလ္ဆိုစီဒက္အသင္းအေနနဲ႔ ၎တို႔ရဲ့ ဆြီဒင္တိုက္စစ္မႉး အလက္ဇန္းဒါး အိုင္းဆက္ကို စိတ္ဝင္စားေနမႈအတြက္ စိုးရိမ္ေနမွာျဖစ္ၿပီး အသက္ ၂၂ ႏွစ္အရြယ္ တိုက္စစ္မႉးရဲ့ စာခ်ဳပ္ေလ်ာ္ေၾကးဟာ ေပါင္ ၇၅ သန္း သတ္မွတ္ထားတာျဖစ္ပါတယ္။ အရပ္ ၆ ေပ ၄ လက္မရွိတဲ့ ေဒါ့မြန္တိုက္စစ္မႉးေဟာင္းဟာ ဇလာတန္ အီဘရာဟီမိုဗစ္နဲ႔ ႏွိုင္းယွဥ္ျခင္းခံခဲ့ရသူျဖစ္ၿပီး ယူရို ၂၀၂၀ ၿပိဳင္ပြဲက ၎ရဲ့ စြမ္းေဆာင္ရည္အရ ေျပာရမယ္ဆိုရင္ေတာ့ အမ္းမရိတ္စ္ကို အရည္အေသြးေကာင္းေတြ ယူေဆာင္ေပးနိုင္မွာျဖစ္ပါတယ္။

ရီးရဲလ္ဆိုစီဒက္ဟာ အေျပာင္းအေရႊ႕ျပဳလုပ္ဖို႔ ျမင့္တက္လာတဲ့ ၎တို႔ရဲ့ လူငယ္ၾကယ္ပြင့္ကစားသမားကို ဆက္လက္ထိန္းသိမ္းဖို႔ အနည္းငယ္သာ လုပ္နိုင္ဖြယ္ရွိၿပီး အာဆင္နယ္ကလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ ျပန္လည္ရရွိဖို႔အတြက္ ဒီအေျပာင္းအေရႊ႕ကို ျဖစ္ေအာင္လုပ္သြားဖြယ္ရွိေနပါတယ္။ အိုင္းဆက္ဟာ ၿပီးခဲ့တဲ့ရာသီ လာလီဂါ ၃၄ ပြဲမွာ ၁၇ ဂိုးအထိ သြင္းယူခဲ့တဲ့ တိုက္စစ္မႉးျဖစ္ေပမယ့္ ယခုရာသီမွာေတာ့ ၁၇ ပြဲမွာ ၄ ဂိုးသာ သြင္းယူထားနိုင္ၿပီး ႐ုန္းကန္ေနရပါတယ္။

လူကာ ဂ်ိဳဗစ္

ဆားဘီးယားတိုက္စစ္မႉးတစ္ဦးကို ေခၚယူဖို႔ မျဖစ္နိုင္ေတာ့တာေၾကာင့္ ရီးရဲလ္မက္ဒရစ္ကေန အငွားနဲ႔ ထြက္ကစားနိုင္ေျခရွိေနတဲ့ ေနာက္ထပ္ ဆားဘီးယားတိုက္စစ္မႉးျဖစ္တဲ့ လူကာ ဂ်ိဳဗစ္က သင့္ေတာ္တဲ့ ေနာက္ထပ္ေရြးခ်ယ္စရာျဖစ္လာဖြယ္ရွိပါတယ္။ ဖရန႔္ဖြတ္ၾကယ္ပြင့္ေဟာင္းဟာ စပိန္မွာ ႐ုန္းကန္ေနရၿပီး ၄၇ ပြဲမွာ ၃ ဂိုးသာ သြင္းယူထားနိုင္ေသးေပမယ့္ ပါရမီရွိတဲ့ ကစားသမားျဖစ္ေနဆဲျဖစ္ပါတယ္။

လူကာ ဂ်ိဳဗစ္ဟာ ဖရန႔္ဖြတ္မွာ ဆီဘက္စတီယန္ အဲလားနဲ႔အတူ ကစားခဲ့သူျဖစ္ၿပီး ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္နိုင္ခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရာသီမွာ ၂ ဦးေပါင္း ၄၇ ဂိုးအထိ သြင္းယူခဲ့ၾကတာျဖစ္ပါတယ္။ လူကာ ဂ်ိဳဗစ္က ၿပိဳင္ပြဲစုံမွာ ၂၇ ဂိုးအထိ သြင္းယူနိုင္ခဲ့တာျဖစ္ၿပီး အလားအလာေတြ အမ်ားႀကီးရွိတဲ့ အသက္ ၂၄ ႏွစ္အရြယ္ ကစားသမားအတြက္ အငွားနဲ႔ ထြက္ကစားတာက သိပ္အရဲမစြန႔္ရာက်မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.