Premier League

ရော်နယ်လ်ဒိုကိုသာ GOAT လို့ သတ်မှတ်ထားတဲ့ ဂန္တဝင်ကစားသမားနဲ့ နည်းပြ ၅ ဦး

တကယ်လို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုမှာ လိုက်မီဖို့ မလွယ်တဲ့ စံနှုန်းတစ်ခုကို တစ်စုံတယောက်က သတ်မှတ်ခဲ့တယ်ဆိုရင် အဲဒီလူက ခရစ္စတီယာနို ရော်နယ်လ်ဒိုပဲ ဖြစ်ပါလိမ့်မယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ စပို့တင်းလစ္စဘွန်းနဲ့ ကစားသမားဘဝကို စတင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်အသင်းတို့ကို ပြောင်းရွှေ့ကစားရင်း အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီးနောက် ဒုတိယအိမ်ဖြစ်တဲ့ အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

သတိမပြုဘဲ မနေနိုင်တဲ့အချက်က ရော်နယ်လ်ဒိုဟာ သူ ကစားပေးခဲ့တဲ့ ကလပ်အသင်းတိုင်းနီးပါးမှာ စံချိန်တွေကို ရိုက်ချိုးနိုင်ခဲ့တယ်ဆိုတာဖြစ်ပြီး ယူနိုက်တက်မှာ ပထမဆုံးအကြိမ် ကစားခဲ့တုန်းက တစ်နှစ်အတွင်း တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုတို့ကို ရရှိတဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့သူဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း လာလီဂါသမိုင်းမှာ သွင်းဂိုး ၅၀၊ ၁၀၀ နဲ့ ၂၅၀ ကိုတောင် အလျင်မြန်ဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပြီး ဂျူဗင်တပ်မှာလည်း ဒုတိယရာသီမှာ ၃၇ ဂိုးအထိ အံ့အားသင့်ဖွယ် သွင်းယူနိုင်ခဲ့တာကြောင့် ဂျူဗင်တပ်အတွက် စံချိန်သစ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ ထိပ်တန်းအဆင့် ခြေစွမ်းပြသနေတဲ့ ရော်နယ်လ်ဒိုဟာ မကြာသေးမီကမှ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ကစားသမားဘဝ စုစုပေါင်းသွင်းဂိုး ၈၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပြီး ဘောလုံးသမိုင်းမှာ တသက်တာအကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတဲ့ ငြင်းခုံမှုမှာ အဓိကပြိုင်ဘက် မက်ဆီနဲ့အတူ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက ယှဉ်ပြိုင်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာသွင်းဂိုးစံချိန်ကို ၁၁၅ ဂိုးနဲ့ ချိုးဖျက်နိုင်ခဲ့ပြီးနောက် ဂုဏ်သိက္ခာကြီးမားတဲ့ ဖီဖာအထူးဆုကို ဖီဖာရဲ့အကောင်းဆုံးဆုပေးပွဲမှာ ဖီဖာရဲ့ ပေးအပ်ခြင်း ခံခဲ့ရပါတယ်။

မက်ဆီက ဘလွန်ဒေါဆုမှာ ၅ ကြိမ်ရရှိထားတဲ့ ရော်နယ်လ်ဒိုကို ကျော်ဖြတ်ပြီး ၇ ကြိမ်မြောက် ဆွတ်ခူးသွားနိုင်ခဲ့ပြီဖြစ်ပေမယ့် ဂန္တဝင်ကစားသမားတွေဟာ ကမ္ဘာ့အဆင့်တိုက်စစ်မှူး ၂ ဦးကို နှိုင်းယှဉ်ဖို့ ရုန်းကန်နေခဲ့ရပြီး အချို့က မက်ဆီဟာ တသက်တာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။ အခု ဖော်ပြပေးသွားမှာက ရော်နယ်လ်ဒိုကို တသက်တာအကောင်းဆုံးကစားသမားလို့ သတ်မှတ်ထားခဲ့ကြတဲ့ ဂန္တဝင်ကစားသမား ၅ ဦးက ဘယ်သူတွေများလဲဆိုတဲ့ အကြောင်းအရာဖြစ်ပါတယ်။

၅။ ကာလို အန်ဆယ်လော့တီ

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အမြဲတမ်းဂိုးသွင်းယူခဲ့ပေမယ့် ကာလို အန်ဆယ်လော့တီက ပေါ်တူဂီကြယ်ပွင့်ကို အဲဒီထက် ပိုမိုများပြားတဲ့ သွင်းဂိုးတွေ ရရှိအောင် တွန်းအားပေးခဲ့တဲ့အတွက် ကြီးကြီးမားမား အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။ ၂၀၁၄-၂၀၁၅ ရာသီမှာ အီတလီလူမျိုးနည်းပြက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အထောင်တိုက်စစ်မှာ ရော်နယ်လ်ဒိုကို ကစားစေခဲ့ပြီး ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟာ လာလီဂါသွင်းဂိုး ၄၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အန်ဆယ်လော့တီက ၎င်းရဲ့ကစားသမားဟောင်းအတွက် ချီးကျူးစကားတစ်ကြိမ်သာ ပြောကြားခဲ့ပြီး ရော်နယ်လ်ဒိုဟာ မြင်ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံးပဲလို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ရော်နယ်လ်ဒို ကစားတာကို အများကြီး မြင်ခဲ့ဖူးတယ်ဆိုတာ မှန်ပေမယ့် ခင်ဗျား နေ့တိုင်း အနီးကပ်ကြည့်ရင် သူ့ရဲ့ နည်းစနစ်စွမ်းရည်က မယုံနိုင်စရာပါပဲ။ သူက ကျွန်တော်မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ။ သူ ဒီကာလမှာ ပွဲစဉ်တိုင်း ဂိုးသွင်းယူခဲ့ပြီး(၁၈ ပွဲမှာ ၂၅ ဂိုး)ဒီထက်လည်း ပိုသွင်းနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

၄။ ဟာရီ ရက်နက်

ဟာရီ ရက်နက်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို နည်းပြဖို့ အခွင့်အရေးမရရှိခဲ့ပေမယ့်လည်း နာမည်ကျော် အင်္ဂလိပ်လူမျိုးနည်းပြက ယူနိုက်တက်မှာ ပေါ်တူဂီကြယ်ပွင့် ထွန်းတောက်လာတာကို စောင့်ကြည့်ခဲ့ရသူဖြစ်ပါတယ်။ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ထဲက ဘယ်သူ့ကို ရွေးမှာလဲလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ရက်နက်က ချက်ချင်းပဲ မယုံနိုင်ဖွယ်ကောင်းတဲ့ ပေါ်တူဂီဂန္တဝင်ကြယ်ပွင့်ကို ချီးကျူးခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် မက်ဆီထက် ရော်နယ်လ်ဒိုပဲ ရွေးမယ်။ သူတို့ ၂ ယောက်စလုံးကို နှစ်သက်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ရော်နယ်လ်ဒိုပရိသတ်ပါ။ သူရှိမယ်။ မာရာဒိုနာ၊ ပီလီ၊ ဂျော့ဂျ် ဘတ်စ်တ်ကတော့ ဉာဏ်ကြီးရှင်ပါ။ ကျွန်တော်က ဂျော့ဂျ် ဘတ်စ်တ် အမာခံပရိသတ်ပါ။ ဒါပေမယ့် ခင်ဗျား ရော်နယ်လ်ဒိုကို ကြည့်လိုက်တဲ့အခါမှာ သူက ကမ္ဘာ့အဆင့်ပွဲစဉ်တွေမှာ လုပ်ပြနိုင်ခဲ့တယ်။ သူ အရာအားလုံးကို အနိုင်ရခဲ့တယ်။ သူက မယုံနိုင်စရာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

၃။ ကာဆီးလက်စ်

ရီးရဲလ်မက်ဒရစ်ဂန္တဝင်ဂိုးသမား ကာဆီးလက်စ်က ဘောလုံးသမိုင်းမှာ တသက်တာအကောင်းဆုံးကစားသမားအဖြစ် ရော်နယ်လ်ဒိုကို ရွေးချယ်ခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်နဲ့အတူ ဘာနေဗျူးမှာ အောင်မြင်မှုတွေ များစွာရရှိခဲ့သူဖြစ်ပါတယ်။ ကာဆီးလက်စ်ဟာ အယ်လ်ကလက်စီကိုပွဲစဉ်တွေမှာ လီယွန်နယ် မက်ဆီနဲ့ မကြာခဏရင်ဆိုင်ခဲ့ရပေမယ့်လည်း ရော်နယ်လ်ဒိုကသာ အကောင်းဆုံးလို့ ထင်မြင်နေတာဖြစ်ပါတယ်။ “ကျွန်တော် မက်ဆီထက် ရော်နယ်လ်ဒိုကိုပဲ ရွေးချယ်ပါမယ်။ ဘာလို့လဲဆိုတော့ ရာသီတိုင်းမှာ ကျွန်တော်တို့ကို အများကြီး ပေးခဲ့တဲ့ကစားသမားဖြစ်နေလို့ဖြစ်ပြီး နေ့တိုင်း သူနဲ့ အချိန်ကုန်ဆုံးခဲ့ရတာမို့လို့ပါ။ သူ့ကို ကျွန်တော် သိတယ်။ သူက ဘယ်သူလဲဆိုတာ ကျွန်တော် သိတယ်။ သူ ဘယ်လို လေ့ကျင့်လဲဆိုတာ သိတယ်။ သူ ဘာလိုချင်လဲနဲ့ သူ ဘယ်နေရာကို သွားချင်နေတာလဲဆိုတာကို ကျွန်တော် သိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

၂။ ဇီဒန်း

ပြင်သစ်ဂန္တဝင် ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားသမားအဖြစ်ရော နည်းပြအဖြစ်ပါ ကြီးမားတဲ့ ဆုဖလားတွေနဲ့ အောင်မြင်မှုတွေ ရရှိခဲ့သူဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ကို လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ နည်းပြအဖြစ် ကိုင်တွယ်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဇီဒန်းရဲ့ အလွန်ကောင်းမွန်တဲ့နည်းဗျူဟာနဲ့ ရော်နယ်လ်ဒိုရဲ့ လှည့်ကြည့်စရာမလိုတဲ့ ဂိုးသွင်းစွမ်းရည်ပေါင်းစပ်မှုဟာ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆက်တိုက် သမိုင်းဝင်အောင်မြင်မှု ရရှိစေခဲ့တာဖြစ်ပါတယ်။ ဇီဒန်းအနေနဲ့ ရော်နယ်လ်ဒိုလို ကစားသမားမျိုးကို တသက်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်တာလည်း မဆန်းတော့ဘူးလို့ ဆိုရမှာပါ။ “ခရစ္စတီယာနိုက အကောင်းဆုံးပဲ။ မက်ဆီက သူ့ရဲ့ပြိုင်ဘက်ဖြစ်ပြီး အဲဒီယှဉ်ပြိုင်မှုက အားလုံး မြင်တွေ့ချင်ကြတဲ့ ယှဉ်ပြိုင်မှုပါ။ ဒါပေမယ့် ရော်နယ်လ်ဒိုက သူမတူအောင် ထူးခြားပါတယ်။ သူ့ကို ဖော်ပြဖို့အတွက် စကားလုံးမရှိတော့ပါဘူး။ ကျွန်တော်လည်း အရမ်းကောင်းတဲ့ ကစားသမားဘဝ ပိုင်ဆိုင်ခဲ့တယ်ဆိုပေမယ့်လည်း သူက ကျွန်တော့်ထက်တောင် အများကြီး ပိုကောင်းမွန်ပါတယ်။ သူက တသက်တာအကောင်းဆုံးကစားသမားပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

၁။ ရောဘတ်တို ကားလို့စ်

ဘရာဇီးလ်ဂန္တဝင် ရော်ဘတ်တို ကားလို့စ်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ရော လီယွန်နယ် မက်ဆီနဲ့ပါ ဘယ်တုန်းကမှ အတူတူ မကစားခဲ့ရသူဖြစ်ပေမယ့်လည်း နောက်ခံတောင်ပံကစားသမားဆိုတဲ့နေရာကို အဓိပ္ပာယ်ပြန်လည်သတ်မှတ်ခဲ့တဲ့ ဂန္တဝင်ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဂန္တဝင်နောက်ခံကစားသမားက မက်ဆီဟာ သူမတူဘဲ ထူးခြားသူဆိုတာ သိနေပေမယ့် ရော်နယ်လ်ဒိုက အားသာချက်ပိုရှိတယ်လို့ သတိပြုမိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ခရစ္စတီယာနို လေ့ကျင့်တာကို နေ့တိုင်း စောင့်ကြည့်ခဲ့ပြီး သူ အလုပ်လုပ်တဲ့ပုံစံက စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သူက နေ့တိုင်း တိုးတက်အောင် လုပ်ချင်နေတယ်။ ဒါက မက်ဆီနဲ့ ကွာခြားမှုပဲ။ လီယိုကတော့ သူမတူအောင် ထူးခြားပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုဘက်မှာ လေ့ကျင့်မှု၊ ပရော်ဖက်ရှင်နယ်ပီသမှု၊ အာရုံစိုက်မှု၊ စိတ်အားထက်သန်မှု၊ အောင်မြင်မှုတွေရှိပါတယ်။ ခရစ္စတီယာနိုက အဲဒီအချက်တွေနဲ့ တခြားလူတွေအားလုံးထက် အားသာနေတာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:တကယ္လို႔ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ၂ ခုမွာ လိုက္မီဖို႔ မလြယ္တဲ့ စံႏႈန္းတစ္ခုကို တစ္စုံတေယာက္က သတ္မွတ္ခဲ့တယ္ဆိုရင္ အဲဒီလူက ခရစၥတီယာနို ေရာ္နယ္လ္ဒိုပဲ ျဖစ္ပါလိမ့္မယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ စပို႔တင္းလစၥဘြန္းနဲ႔ ကစားသမားဘဝကို စတင္ခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္၊ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္အသင္းတို႔ကို ေျပာင္းေရႊ႕ကစားရင္း ေအာင္ျမင္မႈမ်ားစြာ ရယူနိုင္ခဲ့ၿပီးေနာက္ ဒုတိယအိမ္ျဖစ္တဲ့ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။

သတိမျပဳဘဲ မေနနိုင္တဲ့အခ်က္က ေရာ္နယ္လ္ဒိုဟာ သူ ကစားေပးခဲ့တဲ့ ကလပ္အသင္းတိုင္းနီးပါးမွာ စံခ်ိန္ေတြကို ရိုက္ခ်ိဳးနိုင္ခဲ့တယ္ဆိုတာျဖစ္ၿပီး ယူနိုက္တက္မွာ ပထမဆုံးအႀကိမ္ ကစားခဲ့တုန္းက တစ္ႏွစ္အတြင္း တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုနဲ႔ တစ္ႏွစ္တာအေကာင္းဆုံး လူငယ္ကစားသမားဆုတို႔ကို ရရွိတဲ့ ပထမဆုံး ကစားသမားျဖစ္လာခဲ့သူျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းနဲ႔လည္း လာလီဂါသမိုင္းမွာ သြင္းဂိုး ၅၀၊ ၁၀၀ နဲ႔ ၂၅၀ ကိုေတာင္ အလ်င္ျမန္ဆုံး သြင္းယူနိုင္ခဲ့တဲ့ ကစားသမားျဖစ္လာခဲ့ၿပီး ဂ်ဴဗင္တပ္မွာလည္း ဒုတိယရာသီမွာ ၃၇ ဂိုးအထိ အံ့အားသင့္ဖြယ္ သြင္းယူနိုင္ခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္အတြက္ စံခ်ိန္သစ္ျဖစ္လာခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ထိပ္တန္းအဆင့္ ေျခစြမ္းျပသေနတဲ့ ေရာ္နယ္လ္ဒိုဟာ မၾကာေသးမီကမွ ကလပ္နဲ႔ ႏိုင္ငံအသင္းအတြက္ ကစားသမားဘဝ စုစုေပါင္းသြင္းဂိုး ၈၀၀ ျပည့္ေျမာက္ခဲ့တာျဖစ္ၿပီး ေဘာလုံးသမိုင္းမွာ တသက္တာအေကာင္းဆုံးကစားသမားက ဘယ္သူလဲဆိုတဲ့ ျငင္းခုံမႈမွာ အဓိကၿပိဳင္ဘက္ မက္ဆီနဲ႔အတူ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေလာက္ကတည္းက ယွဥ္ၿပိဳင္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အသက္ ၃၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီလက္ေ႐ြးစင္အသင္းအတြက္ ႏိုင္ငံတကာသြင္းဂိုးစံခ်ိန္ကို ၁၁၅ ဂိုးနဲ႔ ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီးေနာက္ ဂုဏ္သိကၡာႀကီးမားတဲ့ ဖီဖာအထူးဆုကို ဖီဖာရဲ႕အေကာင္းဆုံးဆုေပးပြဲမွာ ဖီဖာရဲ႕ ေပးအပ္ျခင္း ခံခဲ့ရပါတယ္။

မက္ဆီက ဘလြန္ေဒါဆုမွာ ၅ ႀကိမ္ရရွိထားတဲ့ ေရာ္နယ္လ္ဒိုကို ေက်ာ္ျဖတ္ၿပီး ၇ ႀကိမ္ေျမာက္ ဆြတ္ခူးသြားနိုင္ခဲ့ၿပီျဖစ္ေပမယ့္ ဂႏၲဝင္ကစားသမားေတြဟာ ကမၻာ့အဆင့္တိုက္စစ္မႉး ၂ ဦးကို ႏွိုင္းယွဥ္ဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး အခ်ိဳ႕က မက္ဆီဟာ တသက္တာအေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္ခဲ့ၾကပါတယ္။ အခု ေဖာ္ျပေပးသြားမွာက ေရာ္နယ္လ္ဒိုကို တသက္တာအေကာင္းဆုံးကစားသမားလို႔ သတ္မွတ္ထားခဲ့ၾကတဲ့ ဂႏၲဝင္ကစားသမား ၅ ဦးက ဘယ္သူေတြမ်ားလဲဆိုတဲ့ အေၾကာင္းအရာျဖစ္ပါတယ္။

၅။ ကာလို အန္ဆယ္ေလာ့တီ

ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ အျမဲတမ္းဂိုးသြင္းယူခဲ့ေပမယ့္ ကာလို အန္ဆယ္ေလာ့တီက ေပၚတူဂီၾကယ္ပြင့္ကို အဲဒီထက္ ပိုမိုမ်ားျပားတဲ့ သြင္းဂိုးေတြ ရရွိေအာင္ တြန္းအားေပးခဲ့တဲ့အတြက္ ႀကီးႀကီးမားမား အသိအမွတ္ျပဳျခင္းခံခဲ့ရပါတယ္။ ၂၀၁၄-၂၀၁၅ ရာသီမွာ အီတလီလူမ်ိဳးနည္းျပက ရီးရဲလ္မက္ဒရစ္အသင္းရဲ့ အေထာင္တိုက္စစ္မွာ ေရာ္နယ္လ္ဒိုကို ကစားေစခဲ့ၿပီး ေပၚတူဂီလက္ေရြးစင္တိုက္စစ္မႉးဟာ လာလီဂါသြင္းဂိုး ၄၈ ဂိုးအထိ သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။ အန္ဆယ္ေလာ့တီက ၎ရဲ့ကစားသမားေဟာင္းအတြက္ ခ်ီးက်ဴးစကားတစ္ႀကိမ္သာ ေျပာၾကားခဲ့ၿပီး ေရာ္နယ္လ္ဒိုဟာ ျမင္ဖူးသမၽွ ကစားသမားေတြထဲမွာ အေကာင္းဆုံးပဲလို႔ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ ေရာ္နယ္လ္ဒို ကစားတာကို အမ်ားႀကီး ျမင္ခဲ့ဖူးတယ္ဆိုတာ မွန္ေပမယ့္ ခင္ဗ်ား ေန႔တိုင္း အနီးကပ္ၾကည့္ရင္ သူ႔ရဲ့ နည္းစနစ္စြမ္းရည္က မယုံနိုင္စရာပါပဲ။ သူက ကၽြန္ေတာ္ျမင္ဖူးသမၽွထဲမွာ အေကာင္းဆုံးပဲ။ သူ ဒီကာလမွာ ပြဲစဥ္တိုင္း ဂိုးသြင္းယူခဲ့ၿပီး(၁၈ ပြဲမွာ ၂၅ ဂိုး)ဒီထက္လည္း ပိုသြင္းနိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

၄။ ဟာရီ ရက္နက္

ဟာရီ ရက္နက္ဟာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုကို နည္းျပဖို႔ အခြင့္အေရးမရရွိခဲ့ေပမယ့္လည္း နာမည္ေက်ာ္ အဂၤလိပ္လူမ်ိဳးနည္းျပက ယူနိုက္တက္မွာ ေပၚတူဂီၾကယ္ပြင့္ ထြန္းေတာက္လာတာကို ေစာင့္ၾကည့္ခဲ့ရသူျဖစ္ပါတယ္။ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ထဲက ဘယ္သူ႔ကို ေရြးမွာလဲလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ရက္နက္က ခ်က္ခ်င္းပဲ မယုံနိုင္ဖြယ္ေကာင္းတဲ့ ေပၚတူဂီဂႏၲဝင္ၾကယ္ပြင့္ကို ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။ “ကၽြန္ေတာ္ မက္ဆီထက္ ေရာ္နယ္လ္ဒိုပဲ ေရြးမယ္။ သူတို႔ ၂ ေယာက္စလုံးကို ႏွစ္သက္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္က ေရာ္နယ္လ္ဒိုပရိသတ္ပါ။ သူရွိမယ္။ မာရာဒိုနာ၊ ပီလီ၊ ေဂ်ာ့ဂ်္ ဘတ္စ္တ္ကေတာ့ ဉာဏ္ႀကီးရွင္ပါ။ ကၽြန္ေတာ္က ေဂ်ာ့ဂ်္ ဘတ္စ္တ္ အမာခံပရိသတ္ပါ။ ဒါေပမယ့္ ခင္ဗ်ား ေရာ္နယ္လ္ဒိုကို ၾကည့္လိုက္တဲ့အခါမွာ သူက ကမၻာ့အဆင့္ပြဲစဥ္ေတြမွာ လုပ္ျပနိုင္ခဲ့တယ္။ သူ အရာအားလုံးကို အနိုင္ရခဲ့တယ္။ သူက မယုံနိုင္စရာပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

၃။ ကာဆီးလက္စ္

ရီးရဲလ္မက္ဒရစ္ဂႏၲဝင္ဂိုးသမား ကာဆီးလက္စ္က ေဘာလုံးသမိုင္းမွာ တသက္တာအေကာင္းဆုံးကစားသမားအျဖစ္ ေရာ္နယ္လ္ဒိုကို ေရြးခ်ယ္ခဲ့ၿပီး ေပၚတူဂီၾကယ္ပြင့္နဲ႔အတူ ဘာေနဗ်ဴးမွာ ေအာင္ျမင္မႈေတြ မ်ားစြာရရွိခဲ့သူျဖစ္ပါတယ္။ ကာဆီးလက္စ္ဟာ အယ္လ္ကလက္စီကိုပြဲစဥ္ေတြမွာ လီယြန္နယ္ မက္ဆီနဲ႔ မၾကာခဏရင္ဆိုင္ခဲ့ရေပမယ့္လည္း ေရာ္နယ္လ္ဒိုကသာ အေကာင္းဆုံးလို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။ “ကၽြန္ေတာ္ မက္ဆီထက္ ေရာ္နယ္လ္ဒိုကိုပဲ ေရြးခ်ယ္ပါမယ္။ ဘာလို႔လဲဆိုေတာ့ ရာသီတိုင္းမွာ ကၽြန္ေတာ္တို႔ကို အမ်ားႀကီး ေပးခဲ့တဲ့ကစားသမားျဖစ္ေနလို႔ျဖစ္ၿပီး ေန႔တိုင္း သူနဲ႔ အခ်ိန္ကုန္ဆုံးခဲ့ရတာမို႔လို႔ပါ။ သူ႔ကို ကၽြန္ေတာ္ သိတယ္။ သူက ဘယ္သူလဲဆိုတာ ကၽြန္ေတာ္ သိတယ္။ သူ ဘယ္လို ေလ့က်င့္လဲဆိုတာ သိတယ္။ သူ ဘာလိုခ်င္လဲနဲ႔ သူ ဘယ္ေနရာကို သြားခ်င္ေနတာလဲဆိုတာကို ကၽြန္ေတာ္ သိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

၂။ ဇီဒန္း

ျပင္သစ္ဂႏၲဝင္ ဇီဒန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ကစားသမားအျဖစ္ေရာ နည္းျပအျဖစ္ပါ ႀကီးမားတဲ့ ဆုဖလားေတြနဲ႔ ေအာင္ျမင္မႈေတြ ရရွိခဲ့သူျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ကို လြန္ခဲ့တဲ့ ဆယ္စုႏွစ္အတြင္းမွာ နည္းျပအျဖစ္ ကိုင္တြယ္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ ဇီဒန္းရဲ့ အလြန္ေကာင္းမြန္တဲ့နည္းဗ်ဴဟာနဲ႔ ေရာ္နယ္လ္ဒိုရဲ့ လွည့္ၾကည့္စရာမလိုတဲ့ ဂိုးသြင္းစြမ္းရည္ေပါင္းစပ္မႈဟာ ရီးရဲလ္မက္ဒရစ္ကို ခ်န္ပီယံလိဂ္ဖလား ၃ ႀကိမ္ဆက္တိုက္ သမိုင္းဝင္ေအာင္ျမင္မႈ ရရွိေစခဲ့တာျဖစ္ပါတယ္။ ဇီဒန္းအေနနဲ႔ ေရာ္နယ္လ္ဒိုလို ကစားသမားမ်ိဳးကို တသက္တာအေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္တာလည္း မဆန္းေတာ့ဘူးလို႔ ဆိုရမွာပါ။ “ခရစၥတီယာနိုက အေကာင္းဆုံးပဲ။ မက္ဆီက သူ႔ရဲ့ၿပိဳင္ဘက္ျဖစ္ၿပီး အဲဒီယွဥ္ၿပိဳင္မႈက အားလုံး ျမင္ေတြ႕ခ်င္ၾကတဲ့ ယွဥ္ၿပိဳင္မႈပါ။ ဒါေပမယ့္ ေရာ္နယ္လ္ဒိုက သူမတူေအာင္ ထူးျခားပါတယ္။ သူ႔ကို ေဖာ္ျပဖို႔အတြက္ စကားလုံးမရွိေတာ့ပါဘူး။ ကၽြန္ေတာ္လည္း အရမ္းေကာင္းတဲ့ ကစားသမားဘဝ ပိုင္ဆိုင္ခဲ့တယ္ဆိုေပမယ့္လည္း သူက ကၽြန္ေတာ့္ထက္ေတာင္ အမ်ားႀကီး ပိုေကာင္းမြန္ပါတယ္။ သူက တသက္တာအေကာင္းဆုံးကစားသမားပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

၁။ ေရာဘတ္တို ကားလို႔စ္

ဘရာဇီးလ္ဂႏၲဝင္ ေရာ္ဘတ္တို ကားလို႔စ္ဟာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ေရာ လီယြန္နယ္ မက္ဆီနဲ႔ပါ ဘယ္တုန္းကမွ အတူတူ မကစားခဲ့ရသူျဖစ္ေပမယ့္လည္း ေနာက္ခံေတာင္ပံကစားသမားဆိုတဲ့ေနရာကို အဓိပၸာယ္ျပန္လည္သတ္မွတ္ခဲ့တဲ့ ဂႏၲဝင္ကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ဂႏၲဝင္ေနာက္ခံကစားသမားက မက္ဆီဟာ သူမတူဘဲ ထူးျခားသူဆိုတာ သိေနေပမယ့္ ေရာ္နယ္လ္ဒိုက အားသာခ်က္ပိုရွိတယ္လို႔ သတိျပဳမိခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ ခရစၥတီယာနို ေလ့က်င့္တာကို ေန႔တိုင္း ေစာင့္ၾကည့္ခဲ့ၿပီး သူ အလုပ္လုပ္တဲ့ပုံစံက စိတ္လႈပ္ရွားစရာေကာင္းပါတယ္။ သူက ေန႔တိုင္း တိုးတက္ေအာင္ လုပ္ခ်င္ေနတယ္။ ဒါက မက္ဆီနဲ႔ ကြာျခားမႈပဲ။ လီယိုကေတာ့ သူမတူေအာင္ ထူးျခားပါတယ္။ ဒါေပမယ့္ ေရာ္နယ္လ္ဒိုဘက္မွာ ေလ့က်င့္မႈ၊ ပေရာ္ဖက္ရွင္နယ္ပီသမႈ၊ အာ႐ုံစိုက္မႈ၊ စိတ္အားထက္သန္မႈ၊ ေအာင္ျမင္မႈေတြရွိပါတယ္။ ခရစၥတီယာနိုက အဲဒီအခ်က္ေတြနဲ႔ တျခားလူေတြအားလုံးထက္ အားသာေနတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.