Premier League

ပစ္စည်းကောင်းလေးတွေရှိတဲ့ အန်းဖီးကို ရှော့ပင်းထွက်ဖို့ စီစဉ်နေတဲ့ စတီဗင် ဂျရတ်

အက်စတန် ဗီလာနည်းပြ စတီဗင် ဂျရတ်ဟာ လာမယ့်အပတ် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက် မပိတ်မီ လူအင်အားဖြည့်တင်းချင်နေတာကြောင့် အသင်းဟောင်း လီဗာပူးလ်ဆီက ကစားသမားကို အရခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အက်စတန် ဗီလာဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လှုပ်ရှားမှုအပြုလုပ်ဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ခဲ့ပြီး ကော်တင်ညိုနဲ့ လူးကပ်စ် ဒီညီတို့ကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပေမယ့်လည်း ငွေကြေးသုံးစွဲမှုက မပြီးဆုံးသေးတဲ့ပုံစံ ပေါ်ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ စတီဗင် ဂျရတ်ဟာ လီဗာပူးလ်နောက်ခံကစားသမား ဂျိုး ဂိုးမက်ဇ်ရဲ့ အမာခံပရိသတ်ဖြစ်ပြီး ၎င်းကို ဗီလာပါ့ခ် အရောက်ခေါ်ယူချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားဟာ ယခုရာသီမှာ ကလော့ပ်ရဲ့ ဗဟိုခံစစ်နေရာအတွက် ဗန်ဒိုက်နဲ့ မာတစ်ပ်တို့ ၂ ဦးစလုံး ကြံ့ခိုင်မှု ပြည့်ဝနေခဲ့တာကြောင့် ပွဲထွက်ကစားသမားနေရာရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ကိုနာတေရောက်ရှိလာပြီးကတည်းက ပွဲထွက်ခွင့်နေရာမှာ ပိုပြီးတောင် နောက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ ဂိုးမက်ဇ်ဟာ ကာလရှည်အနားယူခဲ့ရတဲ့ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့သူဖြစ်ပေမယ့် ယခုရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အတွက် ၄ ကြိမ်သာ ပါဝင်ကစားပေးခွင့်ရရှိခဲ့တာကြောင့် မပျော်မရွှင်ဖြစ်ကောင်း ဖြစ်နေဖွယ်ရှိပါတယ်။

ချာလ်တန်နောက်ခံကစားသမားဟောင်းဟာ ၂၀၁၉-၂၀၂၀ ရာသီ လီဗာပူးလ်ရဲ့ ဆုဖလား ရရှိဖို့ ကြိုးပမ်းခဲ့တဲ့ကာလအတွင်း အသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားဖြစ်ခဲ့ပေမယ့်လည်း မာတစ်ပ် ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးကတည်းက နေရာပျောက်သွားခဲ့တာဖြစ်ပါတယ်။

အက်စတန် ဗီလာ ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ တိုင်ရုန်း မင်းစ်နဲ့ ခွန်ဆာတို့ဟာ ယခုရာသီမှာ ပုံစံကောင်း ရရှိနေခဲ့ပေမယ့်လည်း စတီဗင် ဂျရတ်က ၎င်းရဲ့ ခံစစ်မှာ မရှိမဖြစ် လိုအပ်တဲ့ အရည်အသွေးရှိတဲ့ နောက်ခံကစားသမားတစ်ဦးကို ထပ်မံ ဖြည့်တင်းချင်နေတာဖြစ်ပြီး အထူးသဖြင့် ယခုလအစမှာ အငှားစာချုပ်ကို စောစောဖျက်သိမ်းပြီး နာပိုလီကို ပြောင်းရွှေ့သွားခဲ့တဲ့ တွမ်ဇီဘီကြောင့်ဖြစ်ပါတယ်။

ဂျရတ်ရဲ့ ဂိုးမက်ဇ်ကို စိတ်ဝင်စားမှုဟာ အသက် ၂၄ နှစ်အရွယ် ဗဟိုနောက်ခံကစားသမားရဲ့ နေရာစုံကစားနိုင်မှုကြောင့် ဖြစ်ပြီး တကယ်လို့ လိုအပ်တယ်ဆိုရင် လီဗာပူးလ်နောက်ခံကစားသမားအနေနဲ့ နောက်ခံတောင်ပံနေရာမှာပါ အသုံးပြုနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ယခုလအစောပိုင်းမှာ ဂိုးမက်ဇ်ရဲ့အခြေအနေအပေါ် မှတ်ချက်ပေးဖို့ မေးမြန်းခဲ့ရာမှာ ကလော့ပ်က “ဒဏ်ရာရခဲ့ပြီးနောက် ပြန်လာနိုင်ခဲ့တဲ့ ဂျိုးအတွက်တော့ အကောင်းဆုံးနှစ်တစ်နှစ် မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ သူ့ရဲ့ ပြန်လည်ကုစားမှု သို့မဟုတ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို အလျင်မလိုပါဘူး။ ခင်ဗျား စကစားပြီး လေ့ကျင့်ရေး နောက်ထပ်တစ်ကြိမ် ဆင်းရတဲ့အခါမှာ ကျွန်တော်တို့မှာက ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုပြည့်ဝနေတဲ့ ဗဟိုခံစစ်ကစားသမား ၃ ဦး ဒါမှမဟုတ် ၄ ဦးအထိ ရှိနေပါတယ်”

“ကျွန်တော်တို့ စိတ်ရှည်သည်းခံနိုင်ပြီး ဂျိုးကလည်း စိတ်ရှည်ပါတယ်။ ဆောင်းရာသီမှာ ကျွန်တော့်အနေနဲ့ဘယ်သူ့ကိုမှ အငှားနဲ့ ထွက်ကစားစေဖို့ အစီအစဉ်မရှိပါဘူး။ ကျွန်တော် ဘယ်လိုနည်းနဲ့မှ အတင်းအကြပ် ထွက်ကစားခိုင်းမှာလည်း မဟုတ်ပါဘူး။ သူ အရင်တုန်းက ပုံစံမျိုး ပြန်ရဖို့အတွက် လေ့ကျင့်ရေးပြုလုပ်ဖို့ သူ့အတွက် အချိန်လိုအပ်ပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အက္စတန္ ဗီလာနည္းၿပ စတီဗင္ ဂ်ရတ္ဟာ လာမယ့္အပတ္ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္ မပိတ္မီ လူအင္အားျဖည့္တင္းခ်င္ေနတာေၾကာင့္ အသင္းေဟာင္း လီဗာပူးလ္ဆီက ကစားသမားကို အရေခၚယူဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

အက္စတန္ ဗီလာဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ လႈပ္ရွားမႈအျပဳလုပ္ဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ခဲ့ၿပီး ေကာ္တင္ညိဳနဲ႔ လူးကပ္စ္ ဒီညီတို႔ကို ေခၚယူနိုင္ခဲ့ၿပီးျဖစ္ေပမယ့္လည္း ေငြေၾကးသုံးစြဲမႈက မၿပီးဆုံးေသးတဲ့ပုံစံ ေပၚပါတယ္။ သတင္းေတြရဲ့ ေဖာ္ျပခ်က္အရ စတီဗင္ ဂ်ရတ္ဟာ လီဗာပူးလ္ေနာက္ခံကစားသမား ဂ်ိဳး ဂိုးမက္ဇ္ရဲ့ အမာခံပရိသတ္ျဖစ္ၿပီး ၎ကို ဗီလာပါ့ခ္ အေရာက္ေခၚယူခ်င္တဲ့ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

အဂၤလန္လက္ေရြးစင္ေနာက္ခံကစားသမားဟာ ယခုရာသီမွာ ကေလာ့ပ္ရဲ့ ဗဟိုခံစစ္ေနရာအတြက္ ဗန္ဒိုက္နဲ႔ မာတစ္ပ္တို႔ ၂ ဦးစလုံး ႀကံ့ခိုင္မႈ ျပည့္ဝေနခဲ့တာေၾကာင့္ ပြဲထြက္ကစားသမားေနရာရဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ ကိုနာေတေရာက္ရွိလာၿပီးကတည္းက ပြဲထြက္ခြင့္ေနရာမွာ ပိုၿပီးေတာင္ ေနာက္ေရာက္သြားခဲ့တာျဖစ္ပါတယ္။ ဂိုးမက္ဇ္ဟာ ကာလရွည္အနားယူခဲ့ရတဲ့ ဒူးဒဏ္ရာကေန ျပန္လည္သက္သာလာခဲ့သူျဖစ္ေပမယ့္ ယခုရာသီ ပရီးမီးယားလိဂ္မွာ လီဗာပူးလ္အတြက္ ၄ ႀကိမ္သာ ပါဝင္ကစားေပးခြင့္ရရွိခဲ့တာေၾကာင့္ မေပ်ာ္မရႊင္ျဖစ္ေကာင္း ျဖစ္ေနဖြယ္ရွိပါတယ္။

ခ်ာလ္တန္ေနာက္ခံကစားသမားေဟာင္းဟာ ၂၀၁၉-၂၀၂၀ ရာသီ လီဗာပူးလ္ရဲ့ ဆုဖလား ရရွိဖို႔ ႀကိဳးပမ္းခဲ့တဲ့ကာလအတြင္း အသင္းရဲ့ ပုံမွန္ပြဲထြက္ခြင့္ရ ကစားသမားျဖစ္ခဲ့ေပမယ့္လည္း မာတစ္ပ္ ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီးကတည္းက ေနရာေပ်ာက္သြားခဲ့တာျဖစ္ပါတယ္။

အက္စတန္ ဗီလာ ဗဟိုခံစစ္ကစားသမားေတြျဖစ္တဲ့ တိုင္႐ုန္း မင္းစ္နဲ႔ ခြန္ဆာတို႔ဟာ ယခုရာသီမွာ ပုံစံေကာင္း ရရွိေနခဲ့ေပမယ့္လည္း စတီဗင္ ဂ်ရတ္က ၎ရဲ့ ခံစစ္မွာ မရွိမျဖစ္ လိုအပ္တဲ့ အရည္အေသြးရွိတဲ့ ေနာက္ခံကစားသမားတစ္ဦးကို ထပ္မံ ျဖည့္တင္းခ်င္ေနတာျဖစ္ၿပီး အထူးသျဖင့္ ယခုလအစမွာ အငွားစာခ်ဳပ္ကို ေစာေစာဖ်က္သိမ္းၿပီး နာပိုလီကို ေျပာင္းေရႊ႕သြားခဲ့တဲ့ တြမ္ဇီဘီေၾကာင့္ျဖစ္ပါတယ္။

ဂ်ရတ္ရဲ့ ဂိုးမက္ဇ္ကို စိတ္ဝင္စားမႈဟာ အသက္ ၂၄ ႏွစ္အရြယ္ ဗဟိုေနာက္ခံကစားသမားရဲ့ ေနရာစုံကစားနိုင္မႈေၾကာင့္ ျဖစ္ၿပီး တကယ္လို႔ လိုအပ္တယ္ဆိုရင္ လီဗာပူးလ္ေနာက္ခံကစားသမားအေနနဲ႔ ေနာက္ခံေတာင္ပံေနရာမွာပါ အသုံးျပဳနိုင္မယ္လို႔ ေမၽွာ္လင့္ေနတာျဖစ္ပါတယ္။

ယခုလအေစာပိုင္းမွာ ဂိုးမက္ဇ္ရဲ့အေျခအေနအေပၚ မွတ္ခ်က္ေပးဖို႔ ေမးျမန္းခဲ့ရာမွာ ကေလာ့ပ္က “ဒဏ္ရာရခဲ့ၿပီးေနာက္ ျပန္လာနိုင္ခဲ့တဲ့ ဂ်ိဳးအတြက္ေတာ့ အေကာင္းဆုံးႏွစ္တစ္ႏွစ္ မဟုတ္ခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ သူ႔ရဲ့ ျပန္လည္ကုစားမႈ သို႔မဟုတ္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္ေတြကို အလ်င္မလိုပါဘူး။ ခင္ဗ်ား စကစားၿပီး ေလ့က်င့္ေရး ေနာက္ထပ္တစ္ႀကိမ္ ဆင္းရတဲ့အခါမွာ ကၽြန္ေတာ္တို႔မွာက ၁၀၀ ရာခိုင္ႏႈန္း ႀကံ့ခိုင္မႈျပည့္ဝေနတဲ့ ဗဟိုခံစစ္ကစားသမား ၃ ဦး ဒါမွမဟုတ္ ၄ ဦးအထိ ရွိေနပါတယ္”

“ကၽြန္ေတာ္တို႔ စိတ္ရွည္သည္းခံနိုင္ၿပီး ဂ်ိဳးကလည္း စိတ္ရွည္ပါတယ္။ ေဆာင္းရာသီမွာ ကၽြန္ေတာ့္အေနနဲ႔ဘယ္သူ႔ကိုမွ အငွားနဲ႔ ထြက္ကစားေစဖို႔ အစီအစဥ္မရွိပါဘူး။ ကၽြန္ေတာ္ ဘယ္လိုနည္းနဲ႔မွ အတင္းအၾကပ္ ထြက္ကစားခိုင္းမွာလည္း မဟုတ္ပါဘူး။ သူ အရင္တုန္းက ပုံစံမ်ိဳး ျပန္ရဖို႔အတြက္ ေလ့က်င့္ေရးျပဳလုပ္ဖို႔ သူ႔အတြက္ အခ်ိန္လိုအပ္ပါေသးတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.