Bundesliga Other Leagues Premier League Transfer News

BREAKING NEWS: ဘယ္လင္ဂမ္အတြက္ သေဘာတူညီမွဳ ရရွိသြားၿပီျဖစ္တဲ့ ေဒါ့မြန္

ဂ်ာမန္ကလပ္ ဘို႐ုရွားေဒါ့မြန္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းက စိတ္ဝင္စားေနခဲ့တဲ့ ဘာမင္ဂမ္ကြင္းလယ္ကစားသမား ဂ်ဳဒ္ ဘယ္လင္ဂမ္ကို ေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၃ သန္းတည္းနဲ႔ သေဘာတူညီႏိုင္ခဲ့ၿပီျဖစ္ၿပီး ဒီရာသီကုန္မွာ ေခၚယူသြားေတာ့မယ္လို႔ ဂ်ာမန္အားကစား သတင္းဌာန BILD က ေဖာ္ျပလုိက္ပါတယ္။

ဆန္ခ်ဳိကို ဆက္လက္ထိန္းသိမ္းထားႏုိင္ေတာ့မွာ မဟုတ္လို႔ ဘယ္လင္ဂမ္ကို ေခၚယူမယ္ဆုိတဲ့ ေဒါ့မြန္ရဲ႕ ရည္ရြယ္ခ်က္ကို သိရွိေနၾကတာကေတာ့ လေပါင္းအေတာ္ၾကာျမင့္ခဲ့ၿပီျဖစ္ေပမယ့္ ဒီၾကားထဲမွာေတာ့ ကိုဗစ္-၁၉ ကပ္ေရာဂါျဖစ္ပြားမွဳအပါအဝင္ အေျပာင္းအလဲမ်ားစြာ ရွိခဲ့ၿပီး ဘဏၰာေရး အေျခအေနေတြေၾကာင့္ ထင္သလို မျဖစ္ခဲ့တာေတြလည္း မ်ားခဲ့ပါတယ္။

ဘာမင္ဂမ္စီးတီးအေနနဲ႔ ဘယ္လင္ဂမ္ကို ေခၚခ်င္ရင္ ေပါင္ ၃၅ သန္းေပးရမယ္လို႔ ေဈးကိုင္ထားၿပီး ျပည္တြင္းအင္အားႀကီးကလပ္ မန္ခ်က္စတာယူႏိုက္တက္ကို အေၾကာင္းျပန္ခဲ့ေပမယ့္ အဂၤလန္ကစားသမားေတြရဲ႕ Home Grown မဟုတ္တဲ့ ျပည္ပမွာ ဘာမွ ေဈးမတန္တဲ့ အေနအထားအရ လက္ရွိမွာေတာ့ ယူ႐ို ၂၃ သန္း (ေပါင္ ၂၀.၇ သန္း)တည္းနဲ႔ ေရာင္းခ်ရေတာ့မွာလည္းျဖစ္ပါတယ္။

ဒါဟာ ကိုဗစ္-၁၉ ေၾကာင့္ ဘဏၰာေရးအက်ပ္အတည္းမွာ ေလွ်ာ့ခ်ခဲ့ရတဲ့ ေဈးလည္းျဖစ္ႏုိင္သလို ပရီးမီးယားလိဂ္အသင္းေတြအတြက္ေတာ့ ေဒါသထြက္စရာ ပမာဏနဲ႔ ေရာင္းခ်လုိက္တာလည္းျဖစ္ခဲ့ၿပီး နီးစပ္ရာ အသိုင္းအဝိုင္းကေတာ့ အသက္ ၁၇ ႏွစ္အရြယ္ ကစားသမားရဲ႕ ဆႏၵေၾကာင့္လို႔ ဆုိခဲ့သလို ငါးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိသြားမယ္လို႔ ဆုိပါတယ္။

ဘယ္လင္ဂမ္အေနနဲ႔ ေဒါ့မြန္ကို ေရာက္ရွိသြားမယ္ဆုိရင္ေတာ့ ဆန္ခ်ဳိကို ျပန္လည္ေရာင္းခ်ဖို႔ ခန္႔မွန္းမွဳေတြကေတာ့ ျပန္လည္ျမင့္တက္လာမွာ ျဖစ္ေပမယ့္ ေဈးဆစ္ၾကမ္းေနၾကတဲ့ ပရီးမီးယားလိဂ္အသင္းေတြဆီ အဂၤလန္လက္ေရြးစင္ေတာင္ပံသမားကို မေရာင္းခ်ဘဲေနႏိုင္တဲ့ ဘဏၰာေရး အေျခအေနကို သူတုိ႔အေနနဲ႔ ပိုင္ဆုိင္ထားလို႔ အဂၤလန္သားႏွစ္ေယာက္ရဲ႕ တြဲဖက္ကစားမွဳကိုပဲ ျမင္ရမယ္ဆုိရင္လည္း အံ့ၾသစရာမရွိဘူးလို႔ သုံးသပ္ရပါတယ္။

REF: BILD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဂျာမန်ကလပ် ဘိုရုရှားဒေါ့မွန်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားနေခဲ့တဲ့ ဘာမင်ဂမ်ကွင်းလယ်ကစားသမား ဂျုဒ် ဘယ်လင်ဂမ်ကို ပြောင်းရွှေ့ကြေး ယူရို ၂၃ သန်းတည်းနဲ့ သဘောတူညီနိုင်ခဲ့ပြီဖြစ်ပြီး ဒီရာသီကုန်မှာ ခေါ်ယူသွားတော့မယ်လို့ ဂျာမန်အားကစား သတင်းဌာန BILD က ဖော်ပြလိုက်ပါတယ်။

ဆန်ချိုကို ဆက်လက်ထိန်းသိမ်းထားနိုင်တော့မှာ မဟုတ်လို့ ဘယ်လင်ဂမ်ကို ခေါ်ယူမယ်ဆိုတဲ့ ဒေါ့မွန်ရဲ့ ရည်ရွယ်ချက်ကို သိရှိနေကြတာကတော့ လပေါင်းအတော်ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် ဒီကြားထဲမှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုအပါအဝင် အပြောင်းအလဲများစွာ ရှိခဲ့ပြီး ဘဏ္ဏာရေး အခြေအနေတွေကြောင့် ထင်သလို မဖြစ်ခဲ့တာတွေလည်း များခဲ့ပါတယ်။

ဘာမင်ဂမ်စီးတီးအနေနဲ့ ဘယ်လင်ဂမ်ကို ခေါ်ချင်ရင် ပေါင် ၃၅ သန်းပေးရမယ်လို့ ဈေးကိုင်ထားပြီး ပြည်တွင်းအင်အားကြီးကလပ် မန်ချက်စတာယူနိုက်တက်ကို အကြောင်းပြန်ခဲ့ပေမယ့် အင်္ဂလန်ကစားသမားတွေရဲ့ Home Grown မဟုတ်တဲ့ ပြည်ပမှာ ဘာမှ ဈေးမတန်တဲ့ အနေအထားအရ လက်ရှိမှာတော့ ယူရို ၂၃ သန်း (ပေါင် ၂၀.၇ သန်း)တည်းနဲ့ ရောင်းချရတော့မှာလည်းဖြစ်ပါတယ်။

ဒါဟာ ကိုဗစ်-၁၉ ကြောင့် ဘဏ္ဏာရေးအကျပ်အတည်းမှာ လျှော့ချခဲ့ရတဲ့ ဈေးလည်းဖြစ်နိုင်သလို ပရီးမီးယားလိဂ်အသင်းတွေအတွက်တော့ ဒေါသထွက်စရာ ပမာဏနဲ့ ရောင်းချလိုက်တာလည်းဖြစ်ခဲ့ပြီး နီးစပ်ရာ အသိုင်းအဝိုင်းကတော့ အသက် ၁၇ နှစ်အရွယ် ကစားသမားရဲ့ ဆန္ဒကြောင့်လို့ ဆိုခဲ့သလို ငါးနှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ ဆိုပါတယ်။

ဘယ်လင်ဂမ်အနေနဲ့ ဒေါ့မွန်ကို ရောက်ရှိသွားမယ်ဆိုရင်တော့ ဆန်ချိုကို ပြန်လည်ရောင်းချဖို့ ခန့်မှန်းမှုတွေကတော့ ပြန်လည်မြင့်တက်လာမှာ ဖြစ်ပေမယ့် ဈေးဆစ်ကြမ်းနေကြတဲ့ ပရီးမီးယားလိဂ်အသင်းတွေဆီ အင်္ဂလန်လက်ရွေးစင်တောင်ပံသမားကို မရောင်းချဘဲနေနိုင်တဲ့ ဘဏ္ဏာရေး အခြေအနေကို သူတို့အနေနဲ့ ပိုင်ဆိုင်ထားလို့ အင်္ဂလန်သားနှစ်ယောက်ရဲ့ တွဲဖက်ကစားမှုကိုပဲ မြင်ရမယ်ဆိုရင်လည်း အံ့သြစရာမရှိဘူးလို့ သုံးသပ်ရပါတယ်။

REF: BILD
PHOTOS CREDIT TO OWNERS
SPORTS A2Z.