Match Report Premier League

ဘရမ္းေမာလ္လိန္းမွာ ေမာ္ရင္ညဳိကို မ်က္ႏွာပ်က္ေစခဲ့တဲ့ ဝိုင္လ္ဒါရဲ႕ ရွက္ဖီးလ္ဒ္ယူႏုိက္တက္

ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းတုိ႔ဟာ ဒီတစ္ပတ္မွာေတာ့ ရွက္ဖီးလ္ဒ္ရဲ႕ ဘရမ္းေမာလ္လိန္းမွာ ေတြ႕ဆုံခဲ့ၾကၿပီး ခံစစ္အသားေပးနည္းျပလုိ႔ နာမည္ႀကီးခဲ့တဲ့ ေမာ္ရင္ညဳိကို သြင္းဂိုးသုံးဂိုးနဲ႔ မ်က္ႏွာပ်က္ခဲ့ရေစၿပီး ခရစၥ ဝိုင္လ္ဒါအေနနဲ႔ သူ႕အသင္းရဲ႕ စည္းလုံးမွဳကို ျပန္လည္ရွာေဖြႏိုင္ခဲ့ပါတယ္။

ကြင္းလယ္လူ လန္းစထရမ္ မပါဝင္ႏုိင္ခဲ့ေပမယ့္ တုိက္စစ္မွာ မက္ဂိုးလ္ဒရစ္ ဆက္လက္ပါဝင္လာၿပီး ခံစစ္မွာလည္း အိုကြန္နဲလ္ကလြဲလို႔ လူစုံပါဝင္လာခဲ့တဲ့ ရွက္ဖီးလ္ဒ္တုိ႔အတြက္ ဒီေန႔မွာ လူစြမ္းေကာင္းျဖစ္ခဲ့သူကေတာ့ အသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ့ၿပီး မထိုက္တန္ဘူးလို႔ ေဝဖန္ခံေနခဲ့ရတဲ့ ဆန္ဒါ ဘာဂါပဲျဖစ္ပါတယ္။

စပါးစ္ေနာက္တန္းကေတာ့ ေမာ္ရင္ညဳိကိုင္တြယ္တဲ့အသင္းမွ ဟုတ္ရဲ႕လားလို႔ ထင္ရေလာက္ေအာင္ အာ႐ုံစူးစိုက္မွဳ ပ်ံ႕လြင့္လြန္းေနၿပီး အထူးသျဖင့္ ေဒဗင္ဆန္ ဆန္းခ်က္ဇ္ဟာ ေတာ္ေတာ္ေလး ေနရာယူမွဳနဲ႔ လူကပ္ကစားပုံေတြ ဆုိးရြားေနခဲ့သလို ကြင္းလယ္မွာလည္း ဘယ္သူက ဦးေဆာင္ပုံေဖာ္မွန္း မသိေအာင္ျဖစ္ေနခဲ့လို႔ ဆြန္ေဟာင္မင္နဲ႔ ဟာရီကိန္းတုိ႔ ႐ုန္းကန္ခဲ့ရပါတယ္။

ရွက္ဖီးလ္ဒ္တုိ႔ကေတာ့ အေတာ္ေလး ျပန္လည္အေျခက်လာတာကို ေတြ႕ျမင္ခဲ့ရၿပီး ညာျခမ္းမွာ ညာေတာင္ပံ Wing Back နဲ႔ သုံးေယာက္တန္း ညာအတြင္းလူတို႔ဟာ တစ္ဖက္ဂိုးဧရိယာထဲအထိ လုိက္ပါကစားတဲ့ ပုံစံကို သုံးခဲ့ရာမွာ တုိက္စစ္ဆင္သူ ပုိမ်ားလာလို႔ စပါးစ္တုိ႔ အခက္ေတြ႕ခဲ့ရသလို ဒီကေန တက္လာခဲ့တဲ့ ဘာရွမ္က ခ်ဳိးေပးတာကို ဘာဂါက တစ္ခ်က္ထိန္းၿပီး ကန္သြင္းခဲ့လို႔ ပြဲခ်ိန္ ၃၂ မိနစ္မွာ အဖြင့္ဂိုးရရွိခဲ့ပါတယ္။

ဒီဂိုးသြင္းၿပီး မၾကာခင္မွာပဲ တန္ျပန္တုိက္စစ္ကေန စပါးစ္ေတာင္ပံကစားသမား လူးကပ္စ္ ေမာ္ရာ ျပန္ဆြဲယူသြားရာကေန ရွက္ဖီးလ္ဒ္တို႔ ဖ်က္ထုတ္ရာက လဲက်ၿပီး ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဟာရီကိန္းက ေခ်ပခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာ လဲက်ခဲ့တဲ့ ေမာ္ရာရဲ႕ လက္နဲ႔ ထိခဲ့တယ္ဆုိၿပီး ျပန္လည္ပယ္ဖ်က္ခဲ့လုိ႔ ပထမပုိင္းမွာ အိမ္ရွင္တုိ႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏုိင္ခဲ့တာပါ။

ဒုတိယပုိင္းမွာလည္း ေမာ္ရင္ညဳိအေနနဲ႔ အသင္းကို ျပင္ဆင္ႏုိင္ျခင္းမရွိဘဲ ညာေနာက္ခံလူ အိုရီေယးဟာ ေတာ္ေတာ္ေလး ခံစစ္ကစားရာမွာ ဆုိးရြားေနခဲ့လို႔ သူ႕ဘက္ျခမ္းကေန ရွက္ဖီးလ္ဒ္တုိ႔ အဓိက ထိုးေဖာက္ေနခဲ့ၿပီး ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ေအာ့စ္ဘြန္းနဲ႔ စတီဗင္စ္တုိ႔ ပူးေပါင္းၿပီး ခ်ဳိးေပးတာကို လူစားဝင္လာတဲ့ မူးေဆးက လြတ္လြတ္ကၽြတ္ကၽြတ္ ေစာင့္ၿပီး ပိတ္သြင္းယူခဲ့လို႔ စပါးစ္တို႔ ဒုတိယဂိုး ထပ္ေပးခဲ့ရျပန္ပါတယ္။

ကိုယ့္ဘက္က ၆ ေယာက္ သူ႕ဘက္က ၄ ေယာက္အေနအထားမွာ စပါးစ္တုိ႔ ဂိုးေပးခဲ့ရတာကေတာ့ ေတာ္ေတာ္ေလး စိတ္ပ်က္စရာ ေကာင္းခဲ့ၿပီး ဆန္ခ်က္ဇ္နဲ႔ အဲရစ္ ဒိုင္ယာတုိ႔ အၿပဳိင္ဆုိင္ညံ့ခဲ့ၾကသလို ဂိုးသမား ဟူဂို လိုရစ္ကေတာ့ ဒီေန႔ပြဲမွာ ေတာ္ေတာ္ေလး အထီးက်န္စြာနဲ႔ ရွက္ဖီးလ္ဒ္တုိက္စစ္ကို ရင္ဆုိင္ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ရွက္ဖီးလ္ဒ္ကပဲ တတိယေျမာက္အႏုိင္ဂိုးကို သြင္းယူႏုိင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ေျခစြမ္းျပေနတဲ့ ဆန္ဒါ ဘာဂါက ညာျခမ္းကေန ဂိုးဧရိယာထဲ ဆြဲဝင္ၿပီး ခ်ဳိးေပးတာကို မက္ဘာနီက စပါးစ္ေနာက္ခံလူ ဆန္ခ်က္ဇ္ရဲ႕ လူကပ္ပုံ ညံ့ဖ်င္းမွဳကို အခြင့္ေကာင္းယူၿပီး အနီးကပ္ ပိတ္သြင္းသြားႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ကြင္းလယ္ကေန လာမယ္လာ ေက်ာ္ခ်ေပးတဲ့ ေဘာလုံးကို ဂိုးဧရိယာထဲ ခ်ိန္သားကိုက္ ေျပးဝင္ခဲ့တဲ့ ဆြန္ေဟာင္မင္က ေျမမက် ျပန္ခ်ဳိးေပးခဲ့တာကို တိုက္စစ္မွဴး ဟာရီကိန္းက ေျမေထာက္သြင္းယူသြားခဲ့လို႔ အရွက္ေျပတစ္ဂိုး ျပန္ရခဲ့ၿပီး ဒီဂိုးမွာ ဟာရီကိန္း အေနနဲ႔ ေအာင္ပြဲေတာင္ မခံႏုိင္ခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

ဒီပြဲကို အႏုိင္ရခဲ့တဲ့ ရွက္ဖီးလ္ကေတာ့ ရမွတ္ ၄၇ မွတ္နဲ႔ အဆင့္ ၇ ေနရာကို ဥေရာပဝင္ခြင့္ၿပဳိင္ဘက္ အာဆင္နယ္လက္ထဲက ျပန္လည္လုယူႏုိင္ခဲ့ၿပီး ဖ႐ိုဖရဲ ေနာက္တန္းနဲ႔ စိတ္မပါတဲ့ ခံစစ္ကစားဟန္ကို ျပသေနတဲ့ စပါးစ္ကေတာ့ ဒီပုံစံအတုိင္းဆုိရင္ ဥေရာပဝင္ခြင့္ကို ႏွဳတ္ဆက္ရဖို႔ပဲရွိေတာ့ေၾကာင္း သုံးသပ္လုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ တော့တင်ဟမ် ဟော့စပါးစ်အသင်းတို့ဟာ ဒီတစ်ပတ်မှာတော့ ရှက်ဖီးလ်ဒ်ရဲ့ ဘရမ်းမောလ်လိန်းမှာ တွေ့ဆုံခဲ့ကြပြီး ခံစစ်အသားပေးနည်းပြလို့ နာမည်ကြီးခဲ့တဲ့ မော်ရင်ညိုကို သွင်းဂိုးသုံးဂိုးနဲ့ မျက်နှာပျက်ခဲ့ရစေပြီး ခရစ္စ ဝိုင်လ်ဒါအနေနဲ့ သူ့အသင်းရဲ့ စည်းလုံးမှုကို ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။

ကွင်းလယ်လူ လန်းစထရမ် မပါဝင်နိုင်ခဲ့ပေမယ့် တိုက်စစ်မှာ မက်ဂိုးလ်ဒရစ် ဆက်လက်ပါဝင်လာပြီး ခံစစ်မှာလည်း အိုကွန်နဲလ်ကလွဲလို့ လူစုံပါဝင်လာခဲ့တဲ့ ရှက်ဖီးလ်ဒ်တို့အတွက် ဒီနေ့မှာ လူစွမ်းကောင်းဖြစ်ခဲ့သူကတော့ အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး မထိုက်တန်ဘူးလို့ ဝေဖန်ခံနေခဲ့ရတဲ့ ဆန်ဒါ ဘာဂါပဲဖြစ်ပါတယ်။

စပါးစ်နောက်တန်းကတော့ မော်ရင်ညိုကိုင်တွယ်တဲ့အသင်းမှ ဟုတ်ရဲ့လားလို့ ထင်ရလောက်အောင် အာရုံစူးစိုက်မှု ပျံ့လွင့်လွန်းနေပြီး အထူးသဖြင့် ဒေဗင်ဆန် ဆန်းချက်ဇ်ဟာ တော်တော်လေး နေရာယူမှုနဲ့ လူကပ်ကစားပုံတွေ ဆိုးရွားနေခဲ့သလို ကွင်းလယ်မှာလည်း ဘယ်သူက ဦးဆောင်ပုံဖော်မှန်း မသိအောင်ဖြစ်နေခဲ့လို့ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ ရုန်းကန်ခဲ့ရပါတယ်။

ရှက်ဖီးလ်ဒ်တို့ကတော့ အတော်လေး ပြန်လည်အခြေကျလာတာကို တွေ့မြင်ခဲ့ရပြီး ညာခြမ်းမှာ ညာတောင်ပံ Wing Back နဲ့ သုံးယောက်တန်း ညာအတွင်းလူတို့ဟာ တစ်ဖက်ဂိုးဧရိယာထဲအထိ လိုက်ပါကစားတဲ့ ပုံစံကို သုံးခဲ့ရာမှာ တိုက်စစ်ဆင်သူ ပိုများလာလို့ စပါးစ်တို့ အခက်တွေ့ခဲ့ရသလို ဒီကနေ တက်လာခဲ့တဲ့ ဘာရှမ်က ချိုးပေးတာကို ဘာဂါက တစ်ချက်ထိန်းပြီး ကန်သွင်းခဲ့လို့ ပွဲချိန် ၃၂ မိနစ်မှာ အဖွင့်ဂိုးရရှိခဲ့ပါတယ်။

ဒီဂိုးသွင်းပြီး မကြာခင်မှာပဲ တန်ပြန်တိုက်စစ်ကနေ စပါးစ်တောင်ပံကစားသမား လူးကပ်စ် မော်ရာ ပြန်ဆွဲယူသွားရာကနေ ရှက်ဖီးလ်ဒ်တို့ ဖျက်ထုတ်ရာက လဲကျပြီး ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဟာရီကိန်းက ချေပခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာ လဲကျခဲ့တဲ့ မော်ရာရဲ့ လက်နဲ့ ထိခဲ့တယ်ဆိုပြီး ပြန်လည်ပယ်ဖျက်ခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း မော်ရင်ညိုအနေနဲ့ အသင်းကို ပြင်ဆင်နိုင်ခြင်းမရှိဘဲ ညာနောက်ခံလူ အိုရီယေးဟာ တော်တော်လေး ခံစစ်ကစားရာမှာ ဆိုးရွားနေခဲ့လို့ သူ့ဘက်ခြမ်းကနေ ရှက်ဖီးလ်ဒ်တို့ အဓိက ထိုးဖောက်နေခဲ့ပြီး ပွဲချိန် ၆၉ မိနစ်မှာတော့ အော့စ်ဘွန်းနဲ့ စတီဗင်စ်တို့ ပူးပေါင်းပြီး ချိုးပေးတာကို လူစားဝင်လာတဲ့ မူးဆေးက လွတ်လွတ်ကျွတ်ကျွတ် စောင့်ပြီး ပိတ်သွင်းယူခဲ့လို့ စပါးစ်တို့ ဒုတိယဂိုး ထပ်ပေးခဲ့ရပြန်ပါတယ်။

ကိုယ့်ဘက်က ၆ ယောက် သူ့ဘက်က ၄ ယောက်အနေအထားမှာ စပါးစ်တို့ ဂိုးပေးခဲ့ရတာကတော့ တော်တော်လေး စိတ်ပျက်စရာ ကောင်းခဲ့ပြီး ဆန်ချက်ဇ်နဲ့ အဲရစ် ဒိုင်ယာတို့ အပြိုင်ဆိုင်ညံ့ခဲ့ကြသလို ဂိုးသမား ဟူဂို လိုရစ်ကတော့ ဒီနေ့ပွဲမှာ တော်တော်လေး အထီးကျန်စွာနဲ့ ရှက်ဖီးလ်ဒ်တိုက်စစ်ကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ ရှက်ဖီးလ်ဒ်ကပဲ တတိယမြောက်အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ခြေစွမ်းပြနေတဲ့ ဆန်ဒါ ဘာဂါက ညာခြမ်းကနေ ဂိုးဧရိယာထဲ ဆွဲဝင်ပြီး ချိုးပေးတာကို မက်ဘာနီက စပါးစ်နောက်ခံလူ ဆန်ချက်ဇ်ရဲ့ လူကပ်ပုံ ညံ့ဖျင်းမှုကို အခွင့်ကောင်းယူပြီး အနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ ကွင်းလယ်ကနေ လာမယ်လာ ကျော်ချပေးတဲ့ ဘောလုံးကို ဂိုးဧရိယာထဲ ချိန်သားကိုက် ပြေးဝင်ခဲ့တဲ့ ဆွန်ဟောင်မင်က မြေမကျ ပြန်ချိုးပေးခဲ့တာကို တိုက်စစ်မှူး ဟာရီကိန်းက မြေထောက်သွင်းယူသွားခဲ့လို့ အရှက်ပြေတစ်ဂိုး ပြန်ရခဲ့ပြီး ဒီဂိုးမှာ ဟာရီကိန်း အနေနဲ့ အောင်ပွဲတောင် မခံနိုင်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒီပွဲကို အနိုင်ရခဲ့တဲ့ ရှက်ဖီးလ်ကတော့ ရမှတ် ၄၇ မှတ်နဲ့ အဆင့် ၇ နေရာကို ဥရောပဝင်ခွင့်ပြိုင်ဘက် အာဆင်နယ်လက်ထဲက ပြန်လည်လုယူနိုင်ခဲ့ပြီး ဖရိုဖရဲ နောက်တန်းနဲ့ စိတ်မပါတဲ့ ခံစစ်ကစားဟန်ကို ပြသနေတဲ့ စပါးစ်ကတော့ ဒီပုံစံအတိုင်းဆိုရင် ဥရောပဝင်ခွင့်ကို နှုတ်ဆက်ရဖို့ပဲရှိတော့ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.