La Liga Ligue1

ပီအက်စ်ဂျီက မက်ဆီရဲ့ခြေစွမ်းကို ရမ်းသမ်းဝေဖန်နေကြလို့ ကြားထဲက မခံနိုင်ဖြစ်ပြီး တုံ့ပြန်ခဲ့တဲ့ ဘန်ဇီးမား

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်တိုက်စစ်မှူး ကာရင် ဘန်ဇီးမားက ဝေဖန်ပြစ်တင်မှုတွေ ခံနေရတဲ့ ပီအက်စ်ဂျီကြယ်ပွင့် လီယွန်နယ် မက်ဆီဘက်ကနေ ရပ်တည် ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

မက်ဆီရဲ့ လိဂန်းထိပ်သီးအသင်းကြီးနဲ့ ဘဝသစ်စတင်မှုဟာ ဘာစီလိုနာအသင်းမှာရှိခဲ့တဲ့ နေ့ရက်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကို ရောက်ရှိချိန်ကတည်းက ကြီးကြီးမားမား ဆိုးရွားနေခဲ့တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်မှာ ၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၅ ဂိုးအထိ အထင်ကြီးဖွယ် သွင်းယူထားနိုင်ပေမယ့် လိဂန်းမှာတော့ အသားကျဖို့အတွက် ရုန်းကန်နေရတာဖြစ်ပြီး လိဂ်ပွဲစဉ် ၁၁ ပွဲမှာ ၁ ဂိုးသာ သွင်းယူထားနိုင်သေးတာဖြစ်ပါတယ်

ဒါပေမယ့် အာဂျင်တီးနားကြယ်ပွင့်ဟာ လက်ရှိမှာတော့ မကြုံစဖူး ၎င်းရဲ့ ဆယ်စုနှစ်တစ်ခုကြာ အယ်လ်ကလက်စီကိုပြိုင်ဘက် ဘန်ဇီးမားဆီကနေ အားပေးထောက်ခံမှုတွေ ရရှိခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးဟာ မက်ဆီအပေါ် ပြစ်တင်ဝေဖန်မှုတွေကို စိတ်ပျက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူ ဘယ်လိုလုပ်ပြီး အောင်မြင်ဦးမှာလဲ။ အခုက အသားကျဖို့ ကြိုးစားနေရတဲ့ ကာလပဲ ရှိပါသေးတယ်။ ဘာလို့လဲဆိုတော့ သူ ဂိုးတွေ အများကြီး မသွင်းယူနေလို့ပါ။ ဒါပေမယ့် သူ ကွင်းထဲမှာ ဘာတွေ လုပ်နေလဲဆိုတာကို စောင့်ကြည့်လိုက်ပါ။ ဘယ်လိုအကြောင်းနဲ့မှ ခင်ဗျား ကစားသမားတွေကို ဒီလိုမျိုး ဝေဖန်ပြစ်တင်လို့ မရပါဘူး။ မက်ဆီကို ဝေဖန်နေတဲ့သူတွေက ဘောလုံးကြောင်း နကန်းတစ်လုံးမှတောင် မသိတဲ့သူတွေပါ”

မက်ဆီအနေနဲ့ လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ၎င်းရဲ့ ထိပ်တန်းခြေစွမ်းကို ပြန်လည်ရှာတွေ့နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲစဉ်အကြောင်း မေးမြန်းခံရချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စောစောစီးစီး ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ကျရောက်နေမှုကို စိတ်ပျက်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့ပါတယ်။

“ပီအက်စ်ဂျီနဲ့ပွဲက လုံးဝကို လွယ်ကူမှာမဟုတ်ပါဘူး။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျွန်တော် တခြားပြိုင်ဘက်နဲ့ပဲ ပိုပြီး တွေ့ဆုံချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး မန်ချက်စတာစီးတီးကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ မက်ဆီနဲ့အတူ ခီလီယန် အမ်ဘာပေနဲ့ နေမာတို့လည်း ရီးရဲလ်မက်ဒရစ်နောက်ခံကစားသမားတွေနဲ့ ခက်ခဲတဲ့ စမ်းသပ်မှုကို ခံယူသွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္တိုက္စစ္မႉး ကာရင္ ဘန္ဇီးမားက ေဝဖန္ျပစ္တင္မႈေတြ ခံေနရတဲ့ ပီအက္စ္ဂ်ီၾကယ္ပြင့္ လီယြန္နယ္ မက္ဆီဘက္ကေန ရပ္တည္ ကာကြယ္ေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။

မက္ဆီရဲ့ လိဂန္းထိပ္သီးအသင္းႀကီးနဲ႔ ဘဝသစ္စတင္မႈဟာ ဘာစီလိုနာအသင္းမွာရွိခဲ့တဲ့ ေန႔ရက္ေတြနဲ႔ ႏွိုင္းယွဥ္လိုက္ရင္ ၿပီးခဲ့တဲ့ေႏြရာသီမွာ အသင္းကို ေရာက္ရွိခ်ိန္ကတည္းက ႀကီးႀကီးမားမား ဆိုးရြားေနခဲ့တာျဖစ္ပါတယ္။ အသက္ ၃၄ ႏွစ္အရြယ္တိုက္စစ္မႉးဟာ ခ်န္ပီယံလိဂ္မွာ ၅ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၅ ဂိုးအထိ အထင္ႀကီးဖြယ္ သြင္းယူထားနိုင္ေပမယ့္ လိဂန္းမွာေတာ့ အသားက်ဖို႔အတြက္ ႐ုန္းကန္ေနရတာျဖစ္ၿပီး လိဂ္ပြဲစဥ္ ၁၁ ပြဲမွာ ၁ ဂိုးသာ သြင္းယူထားနိုင္ေသးတာျဖစ္ပါတယ္

ဒါေပမယ့္ အာဂ်င္တီးနားၾကယ္ပြင့္ဟာ လက္ရွိမွာေတာ့ မၾကဳံစဖူး ၎ရဲ့ ဆယ္စုႏွစ္တစ္ခုၾကာ အယ္လ္ကလက္စီကိုၿပိဳင္ဘက္ ဘန္ဇီးမားဆီကေန အားေပးေထာက္ခံမႈေတြ ရရွိခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ မက္ဆီအေပၚ ျပစ္တင္ေဝဖန္မႈေတြကို စိတ္ပ်က္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူ ဘယ္လိုလုပ္ၿပီး ေအာင္ျမင္ဦးမွာလဲ။ အခုက အသားက်ဖို႔ ႀကိဳးစားေနရတဲ့ ကာလပဲ ရွိပါေသးတယ္။ ဘာလို႔လဲဆိုေတာ့ သူ ဂိုးေတြ အမ်ားႀကီး မသြင္းယူေနလို႔ပါ။ ဒါေပမယ့္ သူ ကြင္းထဲမွာ ဘာေတြ လုပ္ေနလဲဆိုတာကို ေစာင့္ၾကည့္လိုက္ပါ။ ဘယ္လိုအေၾကာင္းနဲ႔မွ ခင္ဗ်ား ကစားသမားေတြကို ဒီလိုမ်ိဳး ေဝဖန္ျပစ္တင္လို႔ မရပါဘူး။ မက္ဆီကို ေဝဖန္ေနတဲ့သူေတြက ေဘာလုံးေၾကာင္း နကန္းတစ္လုံးမွေတာင္ မသိတဲ့သူေတြပါ”

မက္ဆီအေနနဲ႔ လာမယ့္ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔မွာ ရီးရဲလ္မက္ဒရစ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ ၎ရဲ့ ထိပ္တန္းေျခစြမ္းကို ျပန္လည္ရွာေတြ႕နိုင္ဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီနဲ႔ပြဲစဥ္အေၾကာင္း ေမးျမန္းခံရခ်ိန္မွာ ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္က ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေစာေစာစီးစီး ခက္ခဲတဲ့ ၿပိဳင္ဘက္ေတြနဲ႔ က်ေရာက္ေနမႈကို စိတ္ပ်က္ေၾကာင္း ပြင့္ပြင့္လင္းလင္း ထုတ္ေျပာခဲ့ပါတယ္။

“ပီအက္စ္ဂ်ီနဲ႔ပြဲက လုံးဝကို လြယ္ကူမွာမဟုတ္ပါဘူး။ ရိုးရိုးသားသား ေျပာရမယ္ဆိုရင္ ကၽြန္ေတာ္ တျခားၿပိဳင္ဘက္နဲ႔ပဲ ပိုၿပီး ေတြ႕ဆုံခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္နိုင္ခဲ့ၿပီး မန္ခ်က္စတာစီးတီးေၾကာင့္ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ မက္ဆီနဲ႔အတူ ခီလီယန္ အမ္ဘာေပနဲ႔ ေနမာတို႔လည္း ရီးရဲလ္မက္ဒရစ္ေနာက္ခံကစားသမားေတြနဲ႔ ခက္ခဲတဲ့ စမ္းသပ္မႈကို ခံယူသြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.