Ligue1 Match Report

ကိုဗစ်နလန်ထ ထက်မြက်နေတဲ့ မက်ဆီနဲ့ နိုးထလာတဲ့ စပိန်ဘီလူးကြီးတို့ကြောင့် ဂိုးပြတ်နိုင်ပွဲဆက်တဲ့ PSG

ပီအက်စ်ဂျီအသင်းဟာ တနင်္ဂနွေနေ့က ရိမ်းစ်နဲ့ပွဲစဉ်မှာ ဗာရက်တီ၊ ဆာဂျီယို ရာမို့စ်၊ ဒါနီလို ပါရဲရားတို့ရဲ့ သွင်းဂိုးတွေကြောင့် ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီး လိဂန်းမှာ နိုင်ပွဲဆက်နိုင်ခဲ့ပါတယ်။

ပွဲစဉ်ရဲ့ အချိန်အများစုမှာ ပီအက်စ်ဂျီအသင်းက တစ်ဖက်သတ် လွှမ်းမိုးကစားနိုင်ခဲ့တာဖြစ်ပြီး ဧည့်သည် ရိမ်းစ်အသင်းဟာ ဒုတိယပိုင်းမှာ တစ်ချက်တစ်ချက် ပီအက်စ်ဂျီရဲ့ ခံစစ်ကို ထိုးဖောက်ဖို့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ကိုဗစ်-၁၉ ကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် အရန်ခုံကနေ ပါဝင်ခဲ့ပြီး ကေလာ နားဗက်စ်လည်း ပွဲထွက်ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။

အီကာဒီဟာ ရိမ်းစ်နဲ့ပွဲစဉ်မှာ ၂ ဂိုးအထိ ငြင်းပယ်ခံခဲ့ရတာကြောင့် တိုက်စစ်မှာ ၎င်းရဲ့ ဆိုးရွားတဲ့ခြေစွမ်းကို အဆုံးမသတ်နိုင်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီအသင်းဟာ နိစ်အသင်းထက် ၁၁ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ့် သက်တောင့်သက်သာ နိုင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ မှတ်မှတ်ရရ ပြောစရာအချက် ၅ ချက်အထိ ရှိနေခဲ့ပြီး အဲဒီအချက် ၅ ချက်ကတော့…

စပိန်ဘီလူးကြီး သက်ဝင်နိုးထလာမှု

ဆာဂျီယို ရာမို့စ်ဟာ တနင်္ဂနွေနေ့က ရိမ်းစ်နဲ့ပွဲစဉ်မှာ ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး စပိန်ဝါရင့်နောက်ခံကစားသမားအတွက် ဂိုးသွင်းယူတာက ရီးရဲလ်မက်ဒရစ်အသင်းမှာဆိုရင် ပုံမှန်မြင်ကွင်း ဖြစ်ခဲ့တာဖြစ်ပါတယ်။ ရာမို့စ်အနေနဲ့ ပီအက်စ်ဂျီအသင်းအတွက် ဂိုးသွင်းယူနိုင်ဖို့အတွက် ၄ ပွဲသာ အချိန်ယူခဲ့ပြီး ကြံ့ခိုင်မှု ပြည့်ဝနေတဲ့အချိန်မှာ ဘာတွေ လုပ်ပြနိုင်လဲဆိုတာကို ဒုတိယမြောက် ပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ ပွဲစဉ်မှာ သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။

၅ နှစ်နီးပါးကြာမှ ပထမဆုံး လိဂန်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဗာရက်တီ

မာကို ဗာရက်တီဟာ ရိမ်းစ်နဲ့ပွဲစဉ် ပထမပိုင်းမပြီးဆုံးမီ မိနစ်ပိုင်းအလိုမှာ ပီအက်စ်ဂျီအသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး အီကာဒီရဲ့ ကန်ချက်ကို ရာ့ဂျ်ကိုဗစ် ပိတ်ဆို့ခဲ့ပြီးနောက် အီတလီကွင်းလယ်ကြယ်ပွင့်က လွတ်လွတ်လပ်လပ် ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဗာရက်တီအတွက် ရိမ်းစ်နဲ့ပွဲစဉ်က သွင်းဂိုးဟာ ယခုရာသီရဲ့ ပထမဆုံးသွင်းဂိုးလည်းဖြစ်သလို ၂၀၁၆-၂၀၁၇ ရာသီနောက်ပိုင်း ပထမဆုံး လိဂန်းသွင်းဂိုးလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကနေ နာလန်ထလာတဲ့သူမှ ဟုတ်ရဲ့လားလို့ ထင်မှတ်ခဲ့ရတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ တနင်္ဂနွေနေ့က ရိမ်းစ်နဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် နှစ်သစ်မှာ ပထမဆုံးအကြိမ် ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး မကြာသေးမီကမှ ကိုဗစ်-၁၉ ကူးစက်ခံထားရာကနေ ပြန်လည်သက်သာလာခဲ့တာကြောင့် ဒီပွဲမှာ ပါဝင်ကစားပေးလိမ့်မယ်လို့ မျှော်မှန်းထားခြင်းမခံခဲ့ရတာဖြစ်ပါတယ်။ အာဂျင်တီးနားကြယ်ပွင့်ဟာ ၆၃ မိနစ်မှာ ဒီမာရီယာရဲ့နေရာမှာ လူစားဝင်ကစားပေးခဲ့ပြီးနောက် ထက်မြက်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဗာရက်တီရဲ့ သွင်းဂိုးမှာ ပါဝင်ပတ်သက်ဖို့အတွက် ၄ မိနစ်သာ အချိန်ယူခဲ့ရတာဖြစ်ပါတယ်။ အနီးကပ်အပေးအယူလုပ်ခဲ့တဲ့ ထောင့်ကန်ဘောအပြီးမှာ မက်ဆီက ပင်နယ်တီဧရိယာထဲကို ဗာရက်တီ ပြေးဝင်သွားတာကို မြင်တွေ့ခဲ့ရပြီးနောက် ပေးပို့မှု ပြုလုပ်ခဲ့ရာမှာ အီတလီကွင်းလယ်ကစားသမားက ယခုပွဲအတွက် သူရဲ့ ဒုတိယမြောက်ဂိုးကို ဂိုးကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်တိုက်နိုင်ပွဲတွေနဲ့ အထင်ကြီးစရာကောင်းခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ ရိမ်းစ်နဲ့ပွဲမှာ တိုးတက်လာခဲ့တဲ့အသင်းပုံစံပေါ်ခဲ့ပြီး ရှေ့ဆက်သွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။ အိမ်ရှင် ပီအက်စ်ဂျီဟာ ရိမ်းစ်အသင်းဘက်ကို တောက်လျှောက် ဂိုးပေါက်ခြိမ်းခြောက်ပြီး ဖိအားတွေ ပေးထားနိုင်ခဲ့သလို ဧည်သည့်အသင်းရဲ့ တိုက်စစ်ကစားသမားတွေကိုလည်း ကောင်းကောင်း ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်ဟာ ယခုရာသီ လိဂန်းမှာ စိတ်ဒုန်းဒုန်းချထားလို့မရတဲ့ စွမ်းဆောင်ရည်အတွက် ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပြီး ရိမ်းစ်နဲ့ပွဲစဉ်မှာတော့ ကစားသမားတွေဟာ စုပေါင်းအဖွဲ့တစ်ဖွဲ့အဖြစ် အလုပ်လုပ်နိုင်ခဲ့တာကို မြင်ရတာ ပရိသတ်တွေအတွက် အားရစရာဖြစ်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ ခံစစ်ပိုင်း လစ်ဟာမှုတွေ ရှိခဲ့ပေမယ့်လည်း ပီအက်စ်ဂျီကစားသမားတွေဟာ အားလုံးခြုံပြောရရင် အထင်ကြီးဖွယ် စွမ်းဆောင်ရည်ကို လှစ်ဟပြနိုင်ခဲ့ပါတယ်။

ပွဲကြပ်တွေမတိုင်ခင် ယုံကြည်ချက်ကို တိုးမြှင့်ပေးနိုင်ခဲ့တဲ့ သက်တောင့်သက်သာနိုင်ပွဲ

ရိမ်းစ်နဲ့ပွဲစဉ်က အနိုင်ရရှိမှုကနေ ပီအက်စ်ဂျီအသင်းအတွက် အကောင်းဘက်က တွေးစရာတွေ အများကြီးရှိနေခဲ့ပြီး အဲဒီထဲမှာ မက်ဆီ ပြန်လည်ပါဝင်လာမှု၊ အမ်ဘာပေရဲ့ တောက်ပတဲ့ပုံစံနဲပ ယခုရာသီ ဂိုးဖန်တီးမှု ၉ ကြိမ်မြောက် ရယူနိုင်ခဲ့မှုတို့ အပါအဝင်ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနိုင်ပွဲပေါ်မှာ အဓိကအားယူတည်ဆောက်ရမှာဖြစ်ပြီး လာမယ့်ရက်အနည်းငယ်အတွင်း ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်တာကြောင့် စိတ်အေးလက်အေး နေလို့မရနိုင်တော့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လိဂန်းအမှတ်ပေးဇယား ဒုတိယနေရာက နိစ်နဲ့ ဖလားပွဲစဉ်အဖြစ် ကစားရမှာဖြစ်သလို နောက်ထပ်လိဂန်းပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ လိုင်လီအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာတော့ ဒီရာသီ လိဂန်းမှာ ပီအက်စ်ဂျီအသင်းကို အနိုင်ယူထားနိုင်တဲ့ တစ်သင်းတည်းသောအသင်းဖြစ်တဲ့ ရင်းနေးစ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ လက်ရှိအချိန်က ရေတွက်ရင် ခက်ခဲကြမ်းတမ်းတဲ့ ၃ ပတ်ကို ဖြတ်ကျော်ရမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီ ၁၅ မှာလည်း ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်ပွဲစဉ်ကိုကစားသွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီအသင္းဟာ တနဂၤေႏြေန႔က ရိမ္းစ္နဲ႔ပြဲစဥ္မွာ ဗာရက္တီ၊ ဆာဂ်ီယို ရာမို႔စ္၊ ဒါနီလို ပါရဲရားတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၄-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး လိဂန္းမွာ ႏိုင္ပြဲဆက္ႏိုင္ခဲ့ပါတယ္။

ပြဲစဥ္ရဲ႕ အခ်ိန္အမ်ားစုမွာ ပီအက္စ္ဂ်ီအသင္းက တစ္ဖက္သတ္ လႊမ္းမိုးကစားႏိုင္ခဲ့တာျဖစ္ၿပီး ဧည့္သည္ ရိမ္းစ္အသင္းဟာ ဒုတိယပိုင္းမွာ တစ္ခ်က္တစ္ခ်က္ ပီအက္စ္ဂ်ီရဲ႕ ခံစစ္ကို ထိုးေဖာက္ဖို႔ စမ္းသပ္ခဲ့တာျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီဟာ ကိုဗစ္-၁၉ ကေန ျပန္လည္သက္သာလာခဲ့ၿပီးေနာက္ အရန္ခုံကေန ပါဝင္ခဲ့ၿပီး ေကလာ နားဗက္စ္လည္း ပြဲထြက္ပါဝင္ကစားေပးႏိုင္ခဲ့ပါတယ္။

အီကာဒီဟာ ရိမ္းစ္နဲ႔ပြဲစဥ္မွာ ၂ ဂိုးအထိ ျငင္းပယ္ခံခဲ့ရတာေၾကာင့္ တိုက္စစ္မွာ ၎ရဲ႕ ဆိုး႐ြားတဲ့ေျခစြမ္းကို အဆုံးမသတ္ႏိုင္ခဲ့ေပမယ့္လည္း ပီအက္စ္ဂ်ီအသင္းဟာ နိစ္အသင္းထက္ ၁၁ မွတ္အသာနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္မယ့္ သက္ေတာင့္သက္သာ ႏိုင္ပြဲကို ရရွိခဲ့တာျဖစ္ပါတယ္။ ဒီပြဲစဥ္မွာ မွတ္မွတ္ရရ ေျပာစရာအခ်က္ ၅ ခ်က္အထိ ရွိေနခဲ့ၿပီး အဲဒီအခ်က္ ၅ ခ်က္ကေတာ့…

စပိန္ဘီလူးႀကီး သက္ဝင္ႏိုးထလာမႈ

ဆာဂ်ီယို ရာမို႔စ္ဟာ တနဂၤေႏြေန႔က ရိမ္းစ္နဲ႔ပြဲစဥ္မွာ ဒုတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး စပိန္ဝါရင့္ေနာက္ခံကစားသမားအတြက္ ဂိုးသြင္းယူတာက ရီးရဲလ္မက္ဒရစ္အသင္းမွာဆိုရင္ ပုံမွန္ျမင္ကြင္း ျဖစ္ခဲ့တာျဖစ္ပါတယ္။ ရာမို႔စ္အေနနဲ႔ ပီအက္စ္ဂ်ီအသင္းအတြက္ ဂိုးသြင္းယူႏိုင္ဖို႔အတြက္ ၄ ပြဲသာ အခ်ိန္ယူခဲ့ၿပီး ႀကံ့ခိုင္မႈ ျပည့္ဝေနတဲ့အခ်ိန္မွာ ဘာေတြ လုပ္ျပႏိုင္လဲဆိုတာကို ဒုတိယေျမာက္ ပြဲထြက္ပါဝင္ကစားေပးခဲ့တဲ့ ပြဲစဥ္မွာ သက္ေသျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

၅ ႏွစ္နီးပါးၾကာမွ ပထမဆုံး လိဂန္းဂိုးကို သြင္းယူႏိုင္ခဲ့တဲ့ ဗာရက္တီ

မာကို ဗာရက္တီဟာ ရိမ္းစ္နဲ႔ပြဲစဥ္ ပထမပိုင္းမၿပီးဆုံးမီ မိနစ္ပိုင္းအလိုမွာ ပီအက္စ္ဂ်ီအသင္းအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး အီကာဒီရဲ႕ ကန္ခ်က္ကို ရာ့ဂ်္ကိုဗစ္ ပိတ္ဆို႔ခဲ့ၿပီးေနာက္ အီတလီကြင္းလယ္ၾကယ္ပြင့္က လြတ္လြတ္လပ္လပ္ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ ဗာရက္တီအတြက္ ရိမ္းစ္နဲ႔ပြဲစဥ္က သြင္းဂိုးဟာ ယခုရာသီရဲ႕ ပထမဆုံးသြင္းဂိုးလည္းျဖစ္သလို ၂၀၁၆-၂၀၁၇ ရာသီေနာက္ပိုင္း ပထမဆုံး လိဂန္းသြင္းဂိုးလည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

ကိုဗစ္ကေန နာလန္ထလာတဲ့သူမွ ဟုတ္ရဲ႕လားလို႔ ထင္မွတ္ခဲ့ရတဲ့ မက္ဆီ

လီယြန္နယ္ မက္ဆီဟာ တနဂၤေႏြေန႔က ရိမ္းစ္နဲ႔ပြဲစဥ္မွာ ပီအက္စ္ဂ်ီအသင္းအတြက္ ႏွစ္သစ္မွာ ပထမဆုံးအႀကိမ္ ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး မၾကာေသးမီကမွ ကိုဗစ္-၁၉ ကူးစက္ခံထားရာကေန ျပန္လည္သက္သာလာခဲ့တာေၾကာင့္ ဒီပြဲမွာ ပါဝင္ကစားေပးလိမ့္မယ္လို႔ ေမွ်ာ္မွန္းထားျခင္းမခံခဲ့ရတာျဖစ္ပါတယ္။ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ၆၃ မိနစ္မွာ ဒီမာရီယာရဲ႕ေနရာမွာ လူစားဝင္ကစားေပးခဲ့ၿပီးေနာက္ ထက္ျမက္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ဗာရက္တီရဲ႕ သြင္းဂိုးမွာ ပါဝင္ပတ္သက္ဖို႔အတြက္ ၄ မိနစ္သာ အခ်ိန္ယူခဲ့ရတာျဖစ္ပါတယ္။ အနီးကပ္အေပးအယူလုပ္ခဲ့တဲ့ ေထာင့္ကန္ေဘာအၿပီးမွာ မက္ဆီက ပင္နယ္တီဧရိယာထဲကို ဗာရက္တီ ေျပးဝင္သြားတာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ေပးပို႔မႈ ျပဳလုပ္ခဲ့ရာမွာ အီတလီကြင္းလယ္ကစားသမားက ယခုပြဲအတြက္ သူရဲ႕ ဒုတိယေျမာက္ဂိုးကို ဂိုးကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆက္တိုက္ႏိုင္ပြဲေတြနဲ႔ အထင္ႀကီးစရာေကာင္းခဲ့တဲ့ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီအသင္းဟာ ရိမ္းစ္နဲ႔ပြဲမွာ တိုးတက္လာခဲ့တဲ့အသင္းပုံစံေပၚခဲ့ၿပီး ေရွ႕ဆက္သြားဖို႔ စိတ္ပိုင္းျဖတ္ထားတယ္ဆိုတာကို ျပသခဲ့တာျဖစ္ပါတယ္။ အိမ္ရွင္ ပီအက္စ္ဂ်ီဟာ ရိမ္းစ္အသင္းဘက္ကို ေတာက္ေလွ်ာက္ ဂိုးေပါက္ၿခိမ္းေျခာက္ၿပီး ဖိအားေတြ ေပးထားႏိုင္ခဲ့သလို ဧည္သည့္အသင္းရဲ႕ တိုက္စစ္ကစားသမားေတြကိုလည္း ေကာင္းေကာင္း ထိန္းထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္ဟာ ယခုရာသီ လိဂန္းမွာ စိတ္ဒုန္းဒုန္းခ်ထားလို႔မရတဲ့ စြမ္းေဆာင္ရည္အတြက္ ေဝဖန္မႈေတြ ခံခဲ့ရတာျဖစ္ၿပီး ရိမ္းစ္နဲ႔ပြဲစဥ္မွာေတာ့ ကစားသမားေတြဟာ စုေပါင္းအဖြဲ႕တစ္ဖြဲ႕အျဖစ္ အလုပ္လုပ္ႏိုင္ခဲ့တာကို ျမင္ရတာ ပရိသတ္ေတြအတြက္ အားရစရာျဖစ္ခဲ့တာျဖစ္ပါတယ္။ ပထမပိုင္းမွာ ခံစစ္ပိုင္း လစ္ဟာမႈေတြ ရွိခဲ့ေပမယ့္လည္း ပီအက္စ္ဂ်ီကစားသမားေတြဟာ အားလုံးၿခဳံေျပာရရင္ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ကို လွစ္ဟျပႏိုင္ခဲ့ပါတယ္။

ပြဲၾကပ္ေတြမတိုင္ခင္ ယုံၾကည္ခ်က္ကို တိုးျမႇင့္ေပးႏိုင္ခဲ့တဲ့ သက္ေတာင့္သက္သာႏိုင္ပြဲ

ရိမ္းစ္နဲ႔ပြဲစဥ္က အႏိုင္ရရွိမႈကေန ပီအက္စ္ဂ်ီအသင္းအတြက္ အေကာင္းဘက္က ေတြးစရာေတြ အမ်ားႀကီးရွိေနခဲ့ၿပီး အဲဒီထဲမွာ မက္ဆီ ျပန္လည္ပါဝင္လာမႈ၊ အမ္ဘာေပရဲ႕ ေတာက္ပတဲ့ပုံစံနဲပ ယခုရာသီ ဂိုးဖန္တီးမႈ ၉ ႀကိမ္ေျမာက္ ရယူႏိုင္ခဲ့မႈတို႔ အပါအဝင္ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီႏိုင္ပြဲေပၚမွာ အဓိကအားယူတည္ေဆာက္ရမွာျဖစ္ၿပီး လာမယ့္ရက္အနည္းငယ္အတြင္း ခက္ခဲတဲ့ ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရေတာ့မွာျဖစ္တာေၾကာင့္ စိတ္ေအးလက္ေအး ေနလို႔မရႏိုင္ေတာ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ လိဂန္းအမွတ္ေပးဇယား ဒုတိယေနရာက နိစ္နဲ႔ ဖလားပြဲစဥ္အျဖစ္ ကစားရမွာျဖစ္သလို ေနာက္ထပ္လိဂန္းပြဲစဥ္အျဖစ္ လက္ရွိခ်န္ပီယံ လိုင္လီအသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွာေတာ့ ဒီရာသီ လိဂန္းမွာ ပီအက္စ္ဂ်ီအသင္းကို အႏိုင္ယူထားႏိုင္တဲ့ တစ္သင္းတည္းေသာအသင္းျဖစ္တဲ့ ရင္းေနးစ္ကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္က ေရတြက္ရင္ ခက္ခဲၾကမ္းတမ္းတဲ့ ၃ ပတ္ကို ျဖတ္ေက်ာ္ရမွာျဖစ္ၿပီး လာမယ့္ ေဖေဖာ္ဝါရီ ၁၅ မွာလည္း ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ပြဲစဥ္ကိုကစားသြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.