Ligue1

ကာရေဂါကို အင်စတာဂရမ်မှာ မက်ဆေ့ပို့ပြီး ဖြဲခဲ့တဲ့ လီယွန်နယ် မက်ဆီ

လီယွန်နယ် မက်ဆီဟာဟာ ပီအက်စ်ဂျီအသင်းမှာ လွယ်လွယ်ကူကူ အသားကျနေခြင်းမရှိခဲ့တာ သေချာပြီး ဘာစီလိုနာဂန္တဝင် ၂၀၂၁-၂၀၂၂ လိဂန်းရာသီမှာ လိဂ်ဂိုး ၁ ဂိုးသာ သွင်းယူထားနိုင်သေးတာကြောင့် ၎င်းရဲ့အကောင်းဆုံးပုံစံနဲ့ တော်တော်လေးအလှမ်းကွာနေတာဖြစ်ပါတယ်။

အများစုက မက်ဆီအနေနဲ့ ပီအက်စ်ဂျီအသင်းဝတ်စုံနဲ့အတူ ပြိုင်ဘက်အသင်း ခံစစ်တွေကို အေးအေးဆေးဆေး ဖျက်ဆီးပစ်နိုင်မယ်လို့ မျှော်လင့်ထားခဲ့ကြပေမယ့်လည်း လက်ရှိအချိန်အထိတော့ အခုအထိ ဖြစ်မလာသေးတာ အသေအချာပဲ ဖြစ်ပါတယ်။ အာဂျင်တီးနားကြယ်ပွင့်ဟာ ပီအက်စ်ဂျီအသင်းအတွက် အကောင်းဆုံးခေါ်ယူမှုမဟုတ်ဘူးလို့ ယုံကြည်နေတဲ့သူတွေ ရှိနေပြီး အဲဒီထဲမှာ လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါကလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

Sky Sports ရဲ့ Monday Night Football ပြီးခဲ့တဲ့အပိုင်းမှာ လီဗာပူးလ်နောက်ခံကစားသမားဟောင်းက မက်ဆီရဲ့ အပြောင်းအရွှေ့ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့မှုအတိုင်းပဲ ပိုချက်တီနိုရဲ့အသင်းအတွက် အကောင်းဆုံးအပြောင်းအရွှေ့မဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ကာရေဂါရဲ့ ပြောကြားချက်အရ လီယွန်နယ် မက်ဆီဟာ ၎င်းရဲ့ မှတ်ချက်စကားကို တိုက်ခိုက်ခဲ့ပြီး အင်စတာဂရမ် မက်ဆေ့ကနေတဆင့် စာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

Sky Sports ဘောလုံးဝေဖန်သုံးသပ်သူက ဂယ်ရီ နဗီးနဲ့အတူ ၎င်းရဲ့ ဖီဖာ ၂၂ တစ်နှစ်တာအကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့တဲ့ ဗီဒီယိုထဲမှာ လီယွန်နယ် မက်ဆီနဲ့အကြောင်းကို ထုတ်ဖော် ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ အင်စတာဂရမ်က သီးသန့် စကားပြောဆိုရာမှာ ကာရေဂါကို မြည်းသတ္တဝါလို့ ခေါ်ဝေါ်ခဲ့ပြီး ကာရေဂါရဲ့ ထုတ်ဖော်ပြောကြားချက်ဟာ တကယ်ရော ဟုတ်တာ သေချာရဲ့လားဆိုတာ တွေးစရာ ဖြစ်လာပါတယ်။

နှိမ့်ချတတ်တဲ့ ကစားသမားအဖြစ် ကျော်ကြားလှတဲ့ လီယွန်နယ် မက်ဆီက အချိန်တော်တော်များများမှာ ၎င်းကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ Sky Sports ဘောလုံးဝေဖန်သုံးသပ်သူဆီက သေးငယ်တဲ့ ပြစ်တင်ဝေဖန်မှုလောက်ကို တကယ်ရော ဂရုစိုက်ပါ့မလား။ တကယ်လို့သာ ဘလွန်ဒေါ ၇ ဆုရှင်ဟာ အဲဒီ ဝေဖန်မှုကို ဂရုစိုက်တယ်ဆိုရင်တော့ တကယ်ပဲ တော်တော်လေး ရယ်စရာ ကောင်းမှာဖြစ်ပြီး ကာရေဂါဟာ ၎င်းရဲ့ ဖီဖာ ၂၂ တစ်နှစ်တာအကောင်းဆုံးအသင်းမှာ မက်ဆီထက် ဆာလားကို ရွေးချယ်ခဲ့ပါတယ်။

နောက်ထပ် ပိုပြီး အံ့အားသင့်စရာကောင်းတဲ့ ရွေးချယ်မှုကတော့ ယူရို ၂၀၂၀ ကွာတားဖိုင်နယ်အဆင့်မှာ ပြင်းထန်တဲ့ ဒဏ်ရာ မရရှိခင် အီတလီသတင်းနဲ့ အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့တဲ့ ရိုးမားဘယ်နောက်ခံလူ စမီနက်ဇ်ဇိုလာ ပါဝင်လာမှု ဖြစ်ပါတယ်။ စပီနက်ဇ်ဇိုလာရဲ့ လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ မာကို ဗာရက်တီ၊ ခီလီနီတို့လည်း ပါဝင်နေခဲ့ပြီး ရော်နယ်လ်ဒိုကတော့ လီယွန်နယ် မက်ဆီနဲ့အတူ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ထရင့် အလက်ဇန်းဒါး-အာနိုးလ်ကလည်း ဟာကီမီနဲ့ ကန်ဆယ်လိုတို့ကို ကျော်ဖြတ်ပြီး ရွေးချယ်ခံခဲ့ရပြီး ကာရေဂါအနေနဲ့ ၎င်းရဲ့အသင်းကို ရွေးချယ်တာဖြစ်တဲ့အတွက် လီဗာပူးလ်ညာနောက်ခံကစားသမားကို ၎င်းထက်ပိုပြီး နှစ်သက်တဲ့သူဆိုလို့ ကမ္ဘာပေါ်မှာ အနည်းငယ်သာ ရှိမှာဖြစ်တာကြောင့် အံ့အားသင့်စရာတော့ မဟုတ်တော့ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီယြန္နယ္ မက္ဆီဟာဟာ ပီအက္စ္ဂ်ီအသင္းမွာ လြယ္လြယ္ကူကူ အသားက်ေနျခင္းမရွိခဲ့တာ ေသခ်ာၿပီး ဘာစီလိုနာဂႏၲဝင္ ၂၀၂၁-၂၀၂၂ လိဂန္းရာသီမွာ လိဂ္ဂိုး ၁ ဂိုးသာ သြင္းယူထားနိုင္ေသးတာေၾကာင့္ ၎ရဲ့အေကာင္းဆုံးပုံစံနဲ႔ ေတာ္ေတာ္ေလးအလွမ္းကြာေနတာျဖစ္ပါတယ္။

အမ်ားစုက မက္ဆီအေနနဲ႔ ပီအက္စ္ဂ်ီအသင္းဝတ္စုံနဲ႔အတူ ၿပိဳင္ဘက္အသင္း ခံစစ္ေတြကို ေအးေအးေဆးေဆး ဖ်က္ဆီးပစ္နိုင္မယ္လို႔ ေမၽွာ္လင့္ထားခဲ့ၾကေပမယ့္လည္း လက္ရွိအခ်ိန္အထိေတာ့ အခုအထိ ျဖစ္မလာေသးတာ အေသအခ်ာပဲ ျဖစ္ပါတယ္။ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ပီအက္စ္ဂ်ီအသင္းအတြက္ အေကာင္းဆုံးေခၚယူမႈမဟုတ္ဘူးလို႔ ယုံၾကည္ေနတဲ့သူေတြ ရွိေနၿပီး အဲဒီထဲမွာ လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါကလည္း တစ္ဦးအပါအဝင္ ျဖစ္ပါတယ္။

Sky Sports ရဲ့ Monday Night Football ၿပီးခဲ့တဲ့အပိုင္းမွာ လီဗာပူးလ္ေနာက္ခံကစားသမားေဟာင္းက မက္ဆီရဲ့ အေျပာင္းအေရႊ႕ဟာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုရဲ့ မန္ခ်က္စတာယူနိုက္တက္ကို ေျပာင္းေရႊ႕မႈအတိုင္းပဲ ပိုခ်က္တီနိုရဲ့အသင္းအတြက္ အေကာင္းဆုံးအေျပာင္းအေရႊ႕မဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ကာေရဂါရဲ့ ေျပာၾကားခ်က္အရ လီယြန္နယ္ မက္ဆီဟာ ၎ရဲ့ မွတ္ခ်က္စကားကို တိုက္ခိုက္ခဲ့ၿပီး အင္စတာဂရမ္ မက္ေဆ့ကေနတဆင့္ စာေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။

Sky Sports ေဘာလုံးေဝဖန္သုံးသပ္သူက ဂယ္ရီ နဗီးနဲ႔အတူ ၎ရဲ့ ဖီဖာ ၂၂ တစ္ႏွစ္တာအေကာင္းဆုံးအသင္းကို ေရြးခ်ယ္ခဲ့တဲ့ ဗီဒီယိုထဲမွာ လီယြန္နယ္ မက္ဆီနဲ႔အေၾကာင္းကို ထုတ္ေဖာ္ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီဟာ အင္စတာဂရမ္က သီးသန႔္ စကားေျပာဆိုရာမွာ ကာေရဂါကို ျမည္းသတၱဝါလို႔ ေခၚေဝၚခဲ့ၿပီး ကာေရဂါရဲ့ ထုတ္ေဖာ္ေျပာၾကားခ်က္ဟာ တကယ္ေရာ ဟုတ္တာ ေသခ်ာရဲ့လားဆိုတာ ေတြးစရာ ျဖစ္လာပါတယ္။

ႏွိမ့္ခ်တတ္တဲ့ ကစားသမားအျဖစ္ ေက်ာ္ၾကားလွတဲ့ လီယြန္နယ္ မက္ဆီက အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ၎ကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တဲ့ Sky Sports ေဘာလုံးေဝဖန္သုံးသပ္သူဆီက ေသးငယ္တဲ့ ျပစ္တင္ေဝဖန္မႈေလာက္ကို တကယ္ေရာ ဂ႐ုစိုက္ပါ့မလား။ တကယ္လို႔သာ ဘလြန္ေဒါ ၇ ဆုရွင္ဟာ အဲဒီ ေဝဖန္မႈကို ဂ႐ုစိုက္တယ္ဆိုရင္ေတာ့ တကယ္ပဲ ေတာ္ေတာ္ေလး ရယ္စရာ ေကာင္းမွာျဖစ္ၿပီး ကာေရဂါဟာ ၎ရဲ့ ဖီဖာ ၂၂ တစ္ႏွစ္တာအေကာင္းဆုံးအသင္းမွာ မက္ဆီထက္ ဆာလားကို ေရြးခ်ယ္ခဲ့ပါတယ္။

ေနာက္ထပ္ ပိုၿပီး အံ့အားသင့္စရာေကာင္းတဲ့ ေရြးခ်ယ္မႈကေတာ့ ယူရို ၂၀၂၀ ကြာတားဖိုင္နယ္အဆင့္မွာ ျပင္းထန္တဲ့ ဒဏ္ရာ မရရွိခင္ အီတလီသတင္းနဲ႔ အထင္ႀကီးဖြယ္ေျခစြမ္းျပသနိုင္ခဲ့တဲ့ ရိုးမားဘယ္ေနာက္ခံလူ စမီနက္ဇ္ဇိုလာ ပါဝင္လာမႈ ျဖစ္ပါတယ္။ စပီနက္ဇ္ဇိုလာရဲ့ လက္ေရြးစင္အသင္းေဖာ္ေတြျဖစ္တဲ့ မာကို ဗာရက္တီ၊ ခီလီနီတို႔လည္း ပါဝင္ေနခဲ့ၿပီး ေရာ္နယ္လ္ဒိုကေတာ့ လီယြန္နယ္ မက္ဆီနဲ႔အတူ ေပ်ာက္ဆုံးေနခဲ့တာျဖစ္ပါတယ္။

ထရင့္ အလက္ဇန္းဒါး-အာနိုးလ္ကလည္း ဟာကီမီနဲ႔ ကန္ဆယ္လိုတို႔ကို ေက်ာ္ျဖတ္ၿပီး ေရြးခ်ယ္ခံခဲ့ရၿပီး ကာေရဂါအေနနဲ႔ ၎ရဲ့အသင္းကို ေရြးခ်ယ္တာျဖစ္တဲ့အတြက္ လီဗာပူးလ္ညာေနာက္ခံကစားသမားကို ၎ထက္ပိုၿပီး ႏွစ္သက္တဲ့သူဆိုလို႔ ကမၻာေပၚမွာ အနည္းငယ္သာ ရွိမွာျဖစ္တာေၾကာင့္ အံ့အားသင့္စရာေတာ့ မဟုတ္ေတာ့ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.