Premier League

ချာကာသာဆို အနီကတ် ဒဘလယ်အပြခံရမယ့် ပြစ်ဒဏ်ကျူးလွန်မှုကို ကျူးလွန်ခဲ့တဲ့ ဝက်စ်ဝုဒ်

အာဆင်နယ်အသင်းပရိသတ်တွေဟာ ကီရန် တီယာနီရဲ့ခြေထောက်ကို ဆောင့်နင်းခဲ့တဲ့ အက်ရှ်လေ ဝက်စ်ဝုဒ်အနေနဲ့ တိုက်ရိုက်အနီကတ်ပြသခံရခြင်းကနေ လွတ်မြောက်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကို ပြစ်တင်ကြိမ်းမောင်းခဲ့ကြပါတယ်။

အာဆင်နယ်ဟာ တနင်္ဂနွေနေ့ညနေက အမ်းမရိတ်စ်မှာ ဘန်လေအသင်းကို လက်ခံယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ၂ သင်းစလုံးဟာ ဂိုးသွင်းယူဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဂိုးမရှိ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဝက်စ်ဝုဒ်က စကော့တလန်လက်ရွေးစင်နောက်ခံကစားသမားကို ဖျက်ထုတ်မှု ပြုလုပ်ခဲ့ပေမယ့်လည်း အာဆင်နယ် နောက်ခံကစားသမားရဲ့ ခြေထောက်ကိုသာ အားရပါးရ ဆောင့်နင်းမိခဲ့တာဖြစ်ပါတယ်

ဘန်လေကစားသမားဟာ ကနဦးမှာ အဝါကတ်ပြားသာ ပြသခြင်းခံခဲ့ရပြီး VAR က အဲဒီဖြစ်စဉ်ကို ပြန်လည် စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် ဝက်စ်ဝုဒ်ရဲ့ တီယာနီကို ဖျက်ထုတ်မှုဟာ အဝါကတ်ပြားပြသတာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေဟာ ဘန်လေကစားသမားရဲ့ ဖျက်ထုတ်မှုနဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့မှုကို လူမှုကွန်ရက်မှာ ဖောက်ခွဲခဲ့ကြပြီး ဘာကြောင့် ဝက်စ်ဝုဒ်ရဲ့အပြစ်ပေးခံရမှုက ပိုပြီး ပြင်းထန်ခဲ့ခြင်းမရှိတာလဲလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

“နောက်ထပ်တစ်ပတ်၊ ဒိုင်လူကြီးရဲ့ နောက်ထပ် ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ကြီးတစ်ခု။ ဘာများ ထူးသလဲ”လို့ ပရိသတ်တစ်ဦးက ဒေါသတကြီး ရေးသားခဲ့ပြီး “အက်ရှ်လေ ဝက်စ်ဝုဒ်က တီယာနီရဲ့ ခြေသလုံးကို တက်နင်းခဲ့ပေမယ့် သူ့အတွက် ကံကောင်းတာက သူက အာဆင်နယ်ရှပ်ထက် ဘန်လေရှပ်ကို ဝတ်ဆင်ထားတာပဲ။ အဲဒီတော့ အဝါကတ်လောက် ပြရင် လုံလောက်တယ်လို့ ယူဆခဲ့ကြတယ်”လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

“သူ့နာမည်ကသာ ချာကာလို့ တွေးကြည့်လိုက်စမ်း။ တီယာနီက ဖျက်ထုတ်ဖို့အတွက် ဝက်စ်ဝုဒ် သူ့ခြေထောက်ကို ဆန့်မထုတ်ခင်ကတည်းက ဘောလုံးကို ကန်ခဲ့တာဖြစ်ပြီး သူ့ခြေထောက်က တီယာနီရဲ့ ခြေထောက်ကို လုံးဝကို တက်နင်းထားပါတယ်။ ဒါက ဘယ်လိုဖြစ်ပြီး အဝါကတ်ပြ သတိပေးရုံပဲဖြစ်ခဲ့လဲဆိုတာ မသေချာပါဘူး။ ဒိုင်လူကြီးကို နားလည်ပေးနိုင်ပေမယ့် VAR မှာ အဲဒီဖြစ်စဉ်ကို ပြန်လည်ကြည့်ရှုတဲ့အချိန်မှာတော့ နားမလည်နိုင်ပါဘူး”လို့ အာဆင်နယ်ပရိသတ်တစ်ဦးဖြစ်သူက ရေးသားခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ မန်ချက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်မှာ စတူးဝပ် အမ်းစထရောင်းရဲ့ ကံကောင်းမှုအပြီးမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အမ်းစထရောင်းဟာ လာပေ့ါတ်ရဲ့ ပေါင်ခြံကို ခြေထောက်နဲ့ တက်နင်းမိခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဝုဒ်လိုမျိုးပဲ အမ်းစထရောင်းဟာ VAR နဲ့ အချိန်တော်တော်ကြာကြာ ပြန်လည်စစ်ဆေးခဲ့ပေမယ့်လည်း အဝါကတ်ပြားသာ ပြသခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းပရိသတ္ေတြဟာ ကီရန္ တီယာနီရဲ့ေျခေထာက္ကို ေဆာင့္နင္းခဲ့တဲ့ အက္ရွ္ေလ ဝက္စ္ဝုဒ္အေနနဲ႔ တိုက္ရိုက္အနီကတ္ျပသခံရျခင္းကေန လြတ္ေျမာက္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ၾကပါတယ္။

အာဆင္နယ္ဟာ တနဂၤေႏြေန႔ညေနက အမ္းမရိတ္စ္မွာ ဘန္ေလအသင္းကို လက္ခံယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး ၂ သင္းစလုံးဟာ ဂိုးသြင္းယူဖို႔ ႐ုန္းကန္ခဲ့ရတာေၾကာင့္ ဂိုးမရွိ သေရရလဒ္နဲ႔သာ ပြဲၿပီးဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ ပထမပိုင္းမွာ ဝက္စ္ဝုဒ္က စေကာ့တလန္လက္ေရြးစင္ေနာက္ခံကစားသမားကို ဖ်က္ထုတ္မႈ ျပဳလုပ္ခဲ့ေပမယ့္လည္း အာဆင္နယ္ ေနာက္ခံကစားသမားရဲ့ ေျခေထာက္ကိုသာ အားရပါးရ ေဆာင့္နင္းမိခဲ့တာျဖစ္ပါတယ္

ဘန္ေလကစားသမားဟာ ကနဦးမွာ အဝါကတ္ျပားသာ ျပသျခင္းခံခဲ့ရၿပီး VAR က အဲဒီျဖစ္စဥ္ကို ျပန္လည္ စစ္ေဆးၾကည့္ရႈခဲ့ၿပီးေနာက္ ဝက္စ္ဝုဒ္ရဲ့ တီယာနီကို ဖ်က္ထုတ္မႈဟာ အဝါကတ္ျပားျပသတာက မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ပရိသတ္ေတြဟာ ဘန္ေလကစားသမားရဲ့ ဖ်က္ထုတ္မႈနဲ႔ပတ္သက္ၿပီး ေဒါသထြက္ခဲ့မႈကို လူမႈကြန္ရက္မွာ ေဖာက္ခြဲခဲ့ၾကၿပီး ဘာေၾကာင့္ ဝက္စ္ဝုဒ္ရဲ့အျပစ္ေပးခံရမႈက ပိုၿပီး ျပင္းထန္ခဲ့ျခင္းမရွိတာလဲလို႔ ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

“ေနာက္ထပ္တစ္ပတ္၊ ဒိုင္လူႀကီးရဲ့ ေနာက္ထပ္ ဆိုးရြားတဲ့ ဆုံးျဖတ္ခ်က္ႀကီးတစ္ခု။ ဘာမ်ား ထူးသလဲ”လို႔ ပရိသတ္တစ္ဦးက ေဒါသတႀကီး ေရးသားခဲ့ၿပီး “အက္ရွ္ေလ ဝက္စ္ဝုဒ္က တီယာနီရဲ့ ေျခသလုံးကို တက္နင္းခဲ့ေပမယ့္ သူ႔အတြက္ ကံေကာင္းတာက သူက အာဆင္နယ္ရွပ္ထက္ ဘန္ေလရွပ္ကို ဝတ္ဆင္ထားတာပဲ။ အဲဒီေတာ့ အဝါကတ္ေလာက္ ျပရင္ လုံေလာက္တယ္လို႔ ယူဆခဲ့ၾကတယ္”လို႔ ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။

“သူ႔နာမည္ကသာ ခ်ာကာလို႔ ေတြးၾကည့္လိုက္စမ္း။ တီယာနီက ဖ်က္ထုတ္ဖို႔အတြက္ ဝက္စ္ဝုဒ္ သူ႔ေျခေထာက္ကို ဆန႔္မထုတ္ခင္ကတည္းက ေဘာလုံးကို ကန္ခဲ့တာျဖစ္ၿပီး သူ႔ေျခေထာက္က တီယာနီရဲ့ ေျခေထာက္ကို လုံးဝကို တက္နင္းထားပါတယ္။ ဒါက ဘယ္လိုျဖစ္ၿပီး အဝါကတ္ၿပ သတိေပး႐ုံပဲျဖစ္ခဲ့လဲဆိုတာ မေသခ်ာပါဘူး။ ဒိုင္လူႀကီးကို နားလည္ေပးနိုင္ေပမယ့္ VAR မွာ အဲဒီျဖစ္စဥ္ကို ျပန္လည္ၾကည့္ရႈတဲ့အခ်ိန္မွာေတာ့ နားမလည္နိုင္ပါဘူး”လို႔ အာဆင္နယ္ပရိသတ္တစ္ဦးျဖစ္သူက ေရးသားခဲ့ပါတယ္။

ဒီျဖစ္စဥ္ဟာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ပြဲစဥ္မွာ စတူးဝပ္ အမ္းစထေရာင္းရဲ့ ကံေကာင္းမႈအၿပီးမွာ ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး အမ္းစထေရာင္းဟာ လာေပ့ါတ္ရဲ့ ေပါင္ၿခံကို ေျခေထာက္နဲ႔ တက္နင္းမိခဲ့တာျဖစ္ပါတယ္။ ဝက္စ္ဝုဒ္လိုမ်ိဳးပဲ အမ္းစထေရာင္းဟာ VAR နဲ႔ အခ်ိန္ေတာ္ေတာ္ၾကာၾကာ ျပန္လည္စစ္ေဆးခဲ့ေပမယ့္လည္း အဝါကတ္ျပားသာ ျပသျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.