Premier League

ဖလွိုက် မေဝယ်သာကတောင် အလုပ်တွဲလုပ်ချင်တဲ့ စီးပွားရေးသမားဖြစ်နေတဲ့ ဟာဇက် ကန်တာခံခဲ့ရတဲ့ ဘောကောက်လေး

လွန်ခဲ့တဲ့ ၉ နှစ်က ဒီနေ့လို နေ့မျိုးမှာ ချဲလ်ဆီးအသင်းဟာ လိဂ်ဖလား ဆီမီးဖိုင်နယ်မှာ ဆွမ်ဆီးစီးတီးအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ပွဲကစားချိန်ပြည့်ဖို့ ဘယ်လောက်မှ မလိုတော့တဲ့အချိန်မှာ ဆွမ်ဆီးစီးတီးပရိသတ်ဖြစ်တဲ့ ဘောကောက်ကလေးငယ် ချားလ်စ် မော်ဂန်က အဖိုးတန်တဲ့ အချိန်တွေကို ဖြုန်းတီးဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဘောလုံးကို ၎င်းရဲ့ ခန္ဓာကိုယ်နဲ့ ကာကွယ်ထားခဲ့တာကြောင့် အီဒင် ဟာဇက်ဟာ ဘောကောက်ကလေးငယ်ရဲ့ ဝမ်းဗိုက်အောက်က ဘောလုံးကို ခြေထောက်နဲ့ ကန်ထုတ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဟာဇက်ရဲ့ ကန်ချက်ဟာ မော်ဂန်ရဲ့ နံကြားကို ထိသွားခဲ့တာကြောင့် ဆွမ်ဆီးဘောကောက် ကလေးငယ်ဟာ နာကျင်မှုနဲ့ ရှုံ့မဲ့သွားခဲ့ပြီး လေဘာတီကွင်းထဲမှာရှိနေတဲ့ ဆွမ်ဆီးပရိသတ်တွေ့လည်း ဒေါသပေါက်ကွဲခဲ့ကြမယ်ဆိုတာ ပြောစရာတောင် လိုမယ်မငထ်ပါဘူး။

ဟာဇက်ဟာ ဘောကောက် ကလေးငယ်ကို ပြုမူခဲ့တဲ့ အပြုအမူကြောင့် ထုတ်ပယ်ခြင်း ခံခဲ့ရပြီး ဆွမ်းဆီးအသင်းကလည်း အနိုင်ရရှိသွားခဲ့ပြီးနောက် မော်ဂန်ရဲ့အကြောင်းကို မကြားရတော့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မော်ဂန်ဟာ ဘောလုံးကို ဘယ်သူမှ ရယူနိုင်ခြင်းမရှိအောင် ကိုယ်ခန္ဓာနဲ့ အုပ်မိုးခဲ့တဲ့အတိုင်းပဲ ဗော့ဒ်ကာစျေးကွက်ကို လွှမ်းမိုးထားခဲ့ပြီး လက်ရှိမှာတော့ ဘောက်ဆင်ဂန္တဝင် ဖလွိုက် မေဝယ်သာကတောင် အလုပ်တွဲလုပ်ချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေပြီဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချားလ်စ် မော်ဂန်ဟာ အကောင်းမြင်စိတ်၊ မဟာဗျူဟာမြောက် တွေးခေါ်နိုင်စွမ်း၊ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်တဲ့ ဗီဇတို့ကြောင့် ကမ္ဘာ့ စီးပွားရေးကို ထိုးဖောက်နေပြီ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ်မှာပဲ မော်ဂန်က ‘Au vodka’ အမှတ်တံဆိပ် အထူးထုတ်လုပ်ထားတဲ့ ဗော့ဒ်ကာကို ပူးတွဲတည်ထောင်ခဲ့ပြီး အခုဆိုရင် အဲဒီအမှတ်တံဆိပ်ဟာ မေဝယ်သာနဲ့ အခြား ထင်ပေါ်ကျော်ကြားသူအများအပြားရဲ့ အာရုံစိုက်ခြင်းကိုတောင် ရရှိနေပြီ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အသက် ၁၈၊ ၁၉၊ ၂၀ လောက်တုန်းက ကျွန်တော်တို့ သူငယ်ချင်းတွေထဲက တစ်ယောက်စီတိုင်းက သူတို့ရဲ့ မွေးနေ့မှာ အမြဲတမ်း တူညီတဲ့ ဗော့ဒ်ကာပုလင်းဟောင်းတစ်လုံး ရခဲ့တယ်။ ကျွန်တော်တို့က ဒါက နည်းနည်း ပျင်းစရာကောင်းတယ်လို့ ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့ အဲဒါကို နည်းနည်း ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ခံစားခဲ့ရပါတယ်”လို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတုန်းက WalesOnline နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

မော်ဂန်ဟာ ဆွမ်ဆီးစီးတီးအသင်းသမိုင်းမှာ အဓိကဆုဖလားတွေထဲက တစ်ခုမှာ သေးငယ်တဲ့အခန်းကဏ္ဍကနေသာ ပါဝင်ကောင်း ပါဝင်ခဲ့ရပေမယ့်လည်း ၎င်းရဲ့ ဗော့ဒ်ကာ အမှတ်တံဆိပ်ဟာ အမြင်အာရုံကို ဖမ်းစားနိုင်တဲ့ ရွှေရောင်ဒီဇိုင်းကြောင့် လူသိများခဲ့တာဖြစ်ပါတယ်။

ဒီဂျေနဲ့ တီဗွီအစီအစဉ်တင်ဆက်သူ ချာလီ ဆလော့သ်က မော်ဂန်ရဲ့ ဗော့ဒ်ကာ အမှတ်တံဆိပ်မှာ ရင်းနှီးမြှုပ်နှံတဲ့ ပထမဆုံး ထင်ပေါ်ကျော်ကြားသူဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း စုစုပေါင်း ပုလင်းအရေအတွက် ၁.၇ သန်းအထိ အံ့အားသင့်ဖွယ် ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ Smirnoff အမှတ်တံဆိပ် ဗော့ဒ်ကာ တစ်ခုတည်းကသာ တူညီတဲ့ကာလအတွင်း Au Vodka ထက် ပုလင်းရေ ပိုမိုရောင်းချနိုင်ခဲ့တာဖြစ်ပေမယ့် မော်ဂန်ကတော့ ၎င်းရဲ့ အမှတ်တံဆိပ်ကို ယူကေမှာ အကြီးမားဆုံး တန်ဖိုးကြီး ဗော့ဒ်ကာအမှတ်တံဆိပ်တွေထဲက တစ်ခုဖြစ်လာစေချင်နေသေးတာဖြစ်ပါတယ််။

ဖလွိုက် မေဝယ်သာရဲ့ အံ့အားသင့်ဖွယ် ဓာတ်ပုံဟာ Au Vodka ရဲ့ ကြီးမားတဲ့ တိုးတက်လာမှုရဲ့ တစိတ်တပိုင်းဖြစ်ခဲ့ပြီး Au Vodka ပုလင်းတွေနဲ့အတူ ရိုက်ကူးခဲ့တဲ့ ဘောက်ဆင်ဂန္တဝင်ရဲ့ ဓာတ်ပုံက အမေရိကားမှာ မော်ဂန်ရဲ့ ဗော့ဒ်ကာ အမှတ်တံဆိပ်ကို ကြီးထွားလာအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ ဖလွိုက်ကို ဆက်သွယ်ဖို့ အဆက်အသွယ်ရခဲ့တယ်။ သီချင်းထုတ်လုပ်သူနဲ့ သိတဲ့ သူငယ်ချင်းဆီကနေတဆင့်ပေါ့။ ဖလွိုက်က ကျွန်တော်တို့ရဲ့ ဗော့ဒ်ကာ အမှတ်တံဆိပ်ကို လုံးဝကို နှစ်သက်ပြီး စပျစ်နက်အရသာကို ကြိုက်တယ်လို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။ သူ အိမ်မပြန်ခင် ပုလင်းအနည်းငယ်လောက် ရနိုင်မလားလို့ ကျွန်တော်တို့ကို မေးခဲ့ပါတယ်”

“ကျွန်တော်တို့ကလည်း ရတာပေါ့။ ရမှာ သေချာတယ်လို့ ပြောခဲ့တယ်။ ပြီးတော့ ဖလွိုက်က ကျွန်တော်တို့ အမေရိကားမှာ ကြီးမားတဲ့တစ်စုံတရာကို လုပ်တဲ့အခါကျရင် သူ ပါဝင်နေသရွေ့ အင်စတာဂရမ်မှာ သူ ပုလင်းပုံ တင်ပေးမယ်လို့ ပြောခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ပြန်မေးခွန်းထုတ်ခဲ့တယ်။ ပုလင်းကို ကိုင်ပေးမယ့် အကောင်းဆုံး သံတမန်က ဘယ်သူဖြစ်နိုင်မလဲဆိုပြီးပေါ့။ ကျွန်တော်တို့ရဲ့ အဖြေက ဖလွိုက် ဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီတော့ သူ့အလိုလို ပေါ်လာခဲ့တာကတော့ အံ့အားသင့်စရာပါပဲ။ ခင်ဗျား လေးစားအားကျရတဲ့တစ်စုံတယောက်ရဲ့ လက်ထဲမှာ ကိုယ့်အမှတ်တံဆိပ်ကို မြင်ရတာက ရူးသွပ်ချင်စရာပါပဲ”လို့ မော်ဂန်က ပြောကြားခဲ့ပါတယ်။

Au Vodka ရဲ့ အင်စတာဂရမ်က ပရိသတ်ဦးရေဟာ လက်ရှိအချိန်မှာ မနှစ်က အရေအတွက် ၁၀၄၀၀၀ ထက် ၂ ဆ ၂၁၉၀၀၀ အထိ မြင့်တက်လာခဲ့ပြီဖြစ်ပြီး ဘလွန်ဒေါနဲ့ ကမ္ဘာ့ဖလားချန်ပီယံဟောင်း ရော်နယ်လ်ဒင်ညိုကလည်း Au Vodka အတွက် ဓာတ်ပုံရိုက်ကူးရာမှာ အခြား မတူညီတဲ့ ဂီတအနုပညာရှင်တွေနည်းတူ ပါဝင်ပေးခဲ့ပါတယ်။ ဆွမ်ဆီးစီးတီးအသင်းဟာ ချဲလ်ဆီးနဲ့ပွဲမှာ မော်ဂန်ရဲ့ အံ့အားသင့်ဖွယ် ကြားဝင်နှောင့်ယှက်မှုနောက်ပိုင်း ဘယ်လိုဆုဖလားမျိုးမှာ ကိုင်မြှောက်နိုင်ခြင်းမရှိခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ထက်မြက်တဲ့ စွန့်ဦးတီထွင်သူ မော်ဂန်ကတော့ ဗော့ဒ်ကာထုတ်လုပ်တဲ့ နယ်ပယ်မှာ ရွှေဖြစ်နေပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လြန္ခဲ့တဲ့ ၉ ႏွစ္က ဒီေန႔လို ေန႔မ်ိဳးမွာ ခ်ဲလ္ဆီးအသင္းဟာ လိဂ္ဖလား ဆီမီးဖိုင္နယ္မွာ ဆြမ္ဆီးစီးတီးအသင္းကို ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရပါတယ္။

ပြဲကစားခ်ိန္ျပည့္ဖို႔ ဘယ္ေလာက္မွ မလိုေတာ့တဲ့အခ်ိန္မွာ ဆြမ္ဆီးစီးတီးပရိသတ္ျဖစ္တဲ့ ေဘာေကာက္ကေလးငယ္ ခ်ားလ္စ္ ေမာ္ဂန္က အဖိုးတန္တဲ့ အခ်ိန္ေတြကို ျဖဳန္းတီးဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ ေဘာလုံးကို ၎ရဲ့ ခႏၶာကိုယ္နဲ႔ ကာကြယ္ထားခဲ့တာေၾကာင့္ အီဒင္ ဟာဇက္ဟာ ေဘာေကာက္ကေလးငယ္ရဲ့ ဝမ္းဗိုက္ေအာက္က ေဘာလုံးကို ေျခေထာက္နဲ႔ ကန္ထုတ္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

ဟာဇက္ရဲ့ ကန္ခ်က္ဟာ ေမာ္ဂန္ရဲ့ နံၾကားကို ထိသြားခဲ့တာေၾကာင့္ ဆြမ္ဆီးေဘာေကာက္ ကေလးငယ္ဟာ နာက်င္မႈနဲ႔ ရႈံ႔မဲ့သြားခဲ့ၿပီး ေလဘာတီကြင္းထဲမွာရွိေနတဲ့ ဆြမ္ဆီးပရိသတ္ေတြ႕လည္း ေဒါသေပါက္ကြဲခဲ့ၾကမယ္ဆိုတာ ေျပာစရာေတာင္ လိုမယ္မငထ္ပါဘူး။

ဟာဇက္ဟာ ေဘာေကာက္ ကေလးငယ္ကို ျပဳမူခဲ့တဲ့ အျပဳအမူေၾကာင့္ ထုတ္ပယ္ျခင္း ခံခဲ့ရၿပီး ဆြမ္းဆီးအသင္းကလည္း အနိုင္ရရွိသြားခဲ့ၿပီးေနာက္ ေမာ္ဂန္ရဲ့အေၾကာင္းကို မၾကားရေတာ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေမာ္ဂန္ဟာ ေဘာလုံးကို ဘယ္သူမွ ရယူနိုင္ျခင္းမရွိေအာင္ ကိုယ္ခႏၶာနဲ႔ အုပ္မိုးခဲ့တဲ့အတိုင္းပဲ ေဗာ့ဒ္ကာေစ်းကြက္ကို လႊမ္းမိုးထားခဲ့ၿပီး လက္ရွိမွာေတာ့ ေဘာက္ဆင္ဂႏၲဝင္ ဖလြိဳက္ ေမဝယ္သာကေတာင္ အလုပ္တြဲလုပ္ခ်င္တဲ့ စီးပြားေရးလုပ္ငန္းရွင္ျဖစ္ေနၿပီျဖစ္ပါတယ္။

လက္ရွိမွာ အသက္ ၂၆ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ခ်ားလ္စ္ ေမာ္ဂန္ဟာ အေကာင္းျမင္စိတ္၊ မဟာဗ်ဴဟာေျမာက္ ေတြးေခၚနိုင္စြမ္း၊ ယွဥ္ၿပိဳင္လိုစိတ္ျပင္းထန္တဲ့ ဗီဇတို႔ေၾကာင့္ ကမၻာ့ စီးပြားေရးကို ထိုးေဖာက္ေနၿပီ ျဖစ္ပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္မွာပဲ ေမာ္ဂန္က ‘Au vodka’ အမွတ္တံဆိပ္ အထူးထုတ္လုပ္ထားတဲ့ ေဗာ့ဒ္ကာကို ပူးတြဲတည္ေထာင္ခဲ့ၿပီး အခုဆိုရင္ အဲဒီအမွတ္တံဆိပ္ဟာ ေမဝယ္သာနဲ႔ အျခား ထင္ေပၚေက်ာ္ၾကားသူအမ်ားအျပားရဲ့ အာ႐ုံစိုက္ျခင္းကိုေတာင္ ရရွိေနၿပီ ျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ အသက္ ၁၈၊ ၁၉၊ ၂၀ ေလာက္တုန္းက ကၽြန္ေတာ္တို႔ သူငယ္ခ်င္းေတြထဲက တစ္ေယာက္စီတိုင္းက သူတို႔ရဲ့ ေမြးေန႔မွာ အျမဲတမ္း တူညီတဲ့ ေဗာ့ဒ္ကာပုလင္းေဟာင္းတစ္လုံး ရခဲ့တယ္။ ကၽြန္ေတာ္တို႔က ဒါက နည္းနည္း ပ်င္းစရာေကာင္းတယ္လို႔ ခံစားခဲ့ရပါတယ္။ ကၽြန္ေတာ္တို႔ အဲဒါကို နည္းနည္း ပိုေကာင္းေအာင္ လုပ္နိုင္မယ္လို႔ ခံစားခဲ့ရပါတယ္”လို႔ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလတုန္းက WalesOnline နဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။

ေမာ္ဂန္ဟာ ဆြမ္ဆီးစီးတီးအသင္းသမိုင္းမွာ အဓိကဆုဖလားေတြထဲက တစ္ခုမွာ ေသးငယ္တဲ့အခန္းက႑ကေနသာ ပါဝင္ေကာင္း ပါဝင္ခဲ့ရေပမယ့္လည္း ၎ရဲ့ ေဗာ့ဒ္ကာ အမွတ္တံဆိပ္ဟာ အျမင္အာ႐ုံကို ဖမ္းစားနိုင္တဲ့ ေရႊေရာင္ဒီဇိုင္းေၾကာင့္ လူသိမ်ားခဲ့တာျဖစ္ပါတယ္။

ဒီေဂ်နဲ႔ တီဗြီအစီအစဥ္တင္ဆက္သူ ခ်ာလီ ဆေလာ့သ္က ေမာ္ဂန္ရဲ့ ေဗာ့ဒ္ကာ အမွတ္တံဆိပ္မွာ ရင္းႏွီးျမႇုပ္ႏွံတဲ့ ပထမဆုံး ထင္ေပၚေက်ာ္ၾကားသူျဖစ္ၿပီး ကိုဗစ္-၁၉ ကပ္ေရာဂါျဖစ္ပြားေနတဲ့ကာလအတြင္း စုစုေပါင္း ပုလင္းအေရအတြက္ ၁.၇ သန္းအထိ အံ့အားသင့္ဖြယ္ ေရာင္းခ်နိုင္ခဲ့တာျဖစ္ပါတယ္။ Smirnoff အမွတ္တံဆိပ္ ေဗာ့ဒ္ကာ တစ္ခုတည္းကသာ တူညီတဲ့ကာလအတြင္း Au Vodka ထက္ ပုလင္းေရ ပိုမိုေရာင္းခ်နိုင္ခဲ့တာျဖစ္ေပမယ့္ ေမာ္ဂန္ကေတာ့ ၎ရဲ့ အမွတ္တံဆိပ္ကို ယူေကမွာ အႀကီးမားဆုံး တန္ဖိုးႀကီး ေဗာ့ဒ္ကာအမွတ္တံဆိပ္ေတြထဲက တစ္ခုျဖစ္လာေစခ်င္ေနေသးတာျဖစ္ပါတယ္္။

ဖလြိဳက္ ေမဝယ္သာရဲ့ အံ့အားသင့္ဖြယ္ ဓာတ္ပုံဟာ Au Vodka ရဲ့ ႀကီးမားတဲ့ တိုးတက္လာမႈရဲ့ တစိတ္တပိုင္းျဖစ္ခဲ့ၿပီး Au Vodka ပုလင္းေတြနဲ႔အတူ ရိုက္ကူးခဲ့တဲ့ ေဘာက္ဆင္ဂႏၲဝင္ရဲ့ ဓာတ္ပုံက အေမရိကားမွာ ေမာ္ဂန္ရဲ့ ေဗာ့ဒ္ကာ အမွတ္တံဆိပ္ကို ႀကီးထြားလာေအာင္ ကူညီေပးနိုင္ခဲ့တာျဖစ္ပါတယ္။ “ကၽြန္ေတာ္တို႔ ဖလြိဳက္ကို ဆက္သြယ္ဖို႔ အဆက္အသြယ္ရခဲ့တယ္။ သီခ်င္းထုတ္လုပ္သူနဲ႔ သိတဲ့ သူငယ္ခ်င္းဆီကေနတဆင့္ေပါ့။ ဖလြိဳက္က ကၽြန္ေတာ္တို႔ရဲ့ ေဗာ့ဒ္ကာ အမွတ္တံဆိပ္ကို လုံးဝကို ႏွစ္သက္ၿပီး စပ်စ္နက္အရသာကို ႀကိဳက္တယ္လို႔ ကၽြန္ေတာ္တို႔ကို ေျပာခဲ့ပါတယ္။ သူ အိမ္မျပန္ခင္ ပုလင္းအနည္းငယ္ေလာက္ ရနိုင္မလားလို႔ ကၽြန္ေတာ္တို႔ကို ေမးခဲ့ပါတယ္”

“ကၽြန္ေတာ္တို႔ကလည္း ရတာေပါ့။ ရမွာ ေသခ်ာတယ္လို႔ ေျပာခဲ့တယ္။ ၿပီးေတာ့ ဖလြိဳက္က ကၽြန္ေတာ္တို႔ အေမရိကားမွာ ႀကီးမားတဲ့တစ္စုံတရာကို လုပ္တဲ့အခါက်ရင္ သူ ပါဝင္ေနသေရြ႕ အင္စတာဂရမ္မွာ သူ ပုလင္းပုံ တင္ေပးမယ္လို႔ ေျပာခဲ့တယ္။ လြန္ခဲ့တဲ့ ႏွစ္ေတြတုန္းက ကၽြန္ေတာ္တို႔ဘာသာ ကၽြန္ေတာ္တို႔ ျပန္ေမးခြန္းထုတ္ခဲ့တယ္။ ပုလင္းကို ကိုင္ေပးမယ့္ အေကာင္းဆုံး သံတမန္က ဘယ္သူျဖစ္နိုင္မလဲဆိုၿပီးေပါ့။ ကၽြန္ေတာ္တို႔ရဲ့ အေျဖက ဖလြိဳက္ ျဖစ္ခဲ့တယ္လို႔ ကၽြန္ေတာ္ထင္တယ္။ အဲဒီေတာ့ သူ႔အလိုလို ေပၚလာခဲ့တာကေတာ့ အံ့အားသင့္စရာပါပဲ။ ခင္ဗ်ား ေလးစားအားက်ရတဲ့တစ္စုံတေယာက္ရဲ့ လက္ထဲမွာ ကိုယ့္အမွတ္တံဆိပ္ကို ျမင္ရတာက ႐ူးသြပ္ခ်င္စရာပါပဲ”လို႔ ေမာ္ဂန္က ေျပာၾကားခဲ့ပါတယ္။

Au Vodka ရဲ့ အင္စတာဂရမ္က ပရိသတ္ဦးေရဟာ လက္ရွိအခ်ိန္မွာ မႏွစ္က အေရအတြက္ ၁၀၄၀၀၀ ထက္ ၂ ဆ ၂၁၉၀၀၀ အထိ ျမင့္တက္လာခဲ့ၿပီျဖစ္ၿပီး ဘလြန္ေဒါနဲ႔ ကမၻာ့ဖလားခ်န္ပီယံေဟာင္း ေရာ္နယ္လ္ဒင္ညိဳကလည္း Au Vodka အတြက္ ဓာတ္ပုံရိုက္ကူးရာမွာ အျခား မတူညီတဲ့ ဂီတအႏုပညာရွင္ေတြနည္းတူ ပါဝင္ေပးခဲ့ပါတယ္။ ဆြမ္ဆီးစီးတီးအသင္းဟာ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ေမာ္ဂန္ရဲ့ အံ့အားသင့္ဖြယ္ ၾကားဝင္ေႏွာင့္ယွက္မႈေနာက္ပိုင္း ဘယ္လိုဆုဖလားမ်ိဳးမွာ ကိုင္ေျမႇာက္နိုင္ျခင္းမရွိခဲ့တာ ျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ ထက္ျမက္တဲ့ စြန႔္ဦးတီထြင္သူ ေမာ္ဂန္ကေတာ့ ေဗာ့ဒ္ကာထုတ္လုပ္တဲ့ နယ္ပယ္မွာ ေရႊျဖစ္ေနၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.