Analysis Premier League

ပွဲကြမ်းနေတဲ့ ဇီးယက်ရှ်နဲ့ ချဲလ်ဆီး 2-0 စပါးစ် ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

၃-၄-၃ ကို စွန့်လွှတ်ပြီး ရလဒ်ကောင်းတဲ့ တူဟယ်လ်
ချဲလ်ဆီးနည်းပြ တူဟယ်လ်အနေနဲ့ ဒီနေ့မှာ ကစားကွက်နဲ့ အံဝင်တဲ့ ကစားသမားတွေ ရှားပါးနေတဲ့ ၃-၄-၃ ကစားကွက်ကို စွန့်လွှတ်ပြီး ၄-၃-၃ ကစားကွက်ကို ပြောင်းကစားခဲ့သလို အိမ်ကွင်းမှာ ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်မှုကို ရပ်တန့်နိုင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးတို့ရဲ့ 4 Back ပုံစံက သွက်သွက်လက်လက် ရှိခဲ့သလို မာလန်းဆားရ်နဲ့ အက်ဇ်ပီလီကွေတာတို့လည်း အင်အားအလွန်အကျွံ သုံးစရာမလိုဘဲ ဇီးယက်ရှ်၊ ဟဒ်ဆန်-အိုဒွိုင်း၊ မေဆန်မောင့်တို့ရဲ့ ကစားကွက်ပုံဖော် တိုက်စစ်ဆင်မှုတွေနဲ့ ထိန်းချုပ်ကစားနိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

လည်တော့လည်ပြီး တစ်ပတ်မပြည့်တဲ့ ကွန်တီ
စပါးစ်နည်းပြ ကွန်တီကလည်း ဒီနေ့ပွဲမှာ သူ့ရဲ့ ကစားနေကျ ၃-၅-၂ ကစားကွက်ကို စွန့်လွှတ်ပြီး ၄-၄-၂ ဆန်ဆန် ကစားကွက်နဲ့ လူစာရင်းကို တင်သွင်းခဲ့တာပါ။ ခံစစ်ကစားချိန်မှာ နောက်ခံလူ ၆ ယောက်အထိ ရှိခဲ့တဲ့ ကစားကွက်က ဖန်တီးနိုင်တဲ့သူတွေ မပါဝင်ခဲ့ချိန်မှာ ဒုတိယဦးစားပေး နောက်ခံလူတွေဖြစ်ကြတဲ့ ဒိုဟာတီနဲ့ ဆီဆက်ညွန်တို့ကိုတော့ လန်ဒန်ဒါဘီ အဝေးကွင်းပွဲစဉ်မှာ ထုတ်သုံးခဲ့တာက ပြိုင်ဘက် ချဲလ်ဆီးကို လျှော့တွက်လွန်းရာရောက်ခဲ့ပြီး တစ်ဖက်အသင်းကို မျက်စိလည်အောင် ကြိုးစားမှုက ကျရှုံးခဲ့တာလည်းဖြစ်ပါတယ်။ တိုက်စစ်ရော ခံစစ်ပါ လူထုတ်ပုံက မပြည့်စုံခဲ့ဘဲ စတမ်းဖို့ဒ်ဘရစ်ချ်မှာ စပါးစ်တို့ မျှော်လင့်ချက်တွေ ပွန်းပဲ့သွားခဲ့ရပါတယ်။

ပွဲကြမ်းနေတဲ့ ဇီးယက်ရှ်
ဘရိုက်တန်နဲ့ပွဲမှာလည်း အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ မော်ရိုကိုသားကတော့ အာဖရိကကို မလွှတ်လိုက်ရတာ ကံကောင်းလွန်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ဒီနေ့ပွဲမှာလည်း လက်ရွေးစင်အသင်းက မရွေးခဲ့တာအတွက် ထပ်မံပေါက်ကွဲပြခဲ့တာဖြစ်ပါတယ်။ ခံစစ်မှာ လူတွေ ထပ်ပြီး တိုင်ပတ်နေတဲ့ စပါးစ်တို့ရဲ့ ဂိုးဧရိယာထိပ်ကနေ မကြာခဏ ခြိမ်းခြောက်နေခဲ့ပြီး ပြင်သစ်သားကြီး လိုရစ်ကို ထိုးနှက်တိုက်ခိုက်နေခဲ့တဲ့ ဇီးယက်ရှ် အနေနဲ့ ပွဲချိန် ၄၇ မိနစ်မှာတော့ လှပလွန်းတဲ့ သွင်းဂိုးတစ်ဂိုးကို ရယူပေးခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်သည်တွေတင် မဟုတ်ဘဲ အိမ်ရှင်တွေကိုပါ မင်သက်မိစေခဲ့တာပါ။

VAR မှာ အချိုရော အချဉ်ပါ စားခဲ့ရတဲ့ စပါးစ်
ပွဲချိန် ၁၉ မိနစ်မှာ မာလန်းဆားရ်ရဲ့ ခြေကျင်းဝတ်ကို တက်နင်းခဲ့တဲ့ စပါးစ်နောက်ခံလူ ဒိုဟာတီက နဘယံ ဘေးမရှိဘဲ အဝါတောင် မထိခဲ့ချိန်မှာ စတမ်းဖို့ဒ်ဘရစ်ချ်ပရိသတ်တွေကတော့ ဒိုင်လူကြီး ပေါလ် တီယာနီကို အော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး တစ်ကွင်းလုံး ဘူးသံလွှမ်းခဲ့တုန်းက အချိုကြိုက်ပြီး မှိန်းခံလို့ ကောင်းနေတဲ့ ဧည့်သည်တွေအနေနဲ့ ပွဲချိန် မိနစ် ၄၀ မှာမှ အချဉ်စားခဲ့ရတာပါ။ ဆီဆက်ညွန်ရဲ့ ဖြတ်တင်ဘောကို ဂိုးသွင်းဖို့ ကြိုးစားချိန်မှာ လက်ဆန့်ပြီး သီယာဂို ဆေးလ်ဗားကို ထောက်လိုက်တဲ့ ဟာရီကိန်းက ဂိုးပိုက်ထဲအရောက် ဘောလုံးကို ပို့နိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ပြစ်ဒဏ်ဘောအဖြစ် ပယ်ဖျက်ခံခဲ့ရပြီး စပါးစ်တို့ ရင်ခံခဲ့ရတာဖြစ်ပါတယ်။

အသက်ကြီးဆုံး စံချိန်ကို ထပ်တိုးတဲ့ ဘရာဇီးလ်သား
ဒီနေ့ပွဲရဲ့ ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားကတော့ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ စံချိန်သစ်အဖြစ် တိုက်စစ်မှူးဟောင်းကြီး ဒီဒီယေး ဒရော့ဘာရဲ့ စံချိန်ကို ချိုးဖျက်ထားခဲ့မှုကို ဘယ်သူမှ လိုက်မမီအောင် ထပ်ပြီး လုံးကြီးတင်မှာ ဆန်ခတ်လိုက်တာပါ။ ပွဲချိန် ၅၅ မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့တဲ့ ဂိုးက သူ့ရဲ့ အသက် ၃၇ နှစ်နဲ့ ၁၂၃ ရက်နဲ့ ချဲလ်ဆီးအသင်းသမိုင်းတစ်လျှောက် အသက်အကြီးဆုံးဂိုးစံချိန်ကို ပြီးခဲ့တဲ့ စံချိန်ထက် နောက်ထပ် ရက် ၅၀ တိုးမြှင့်နိုင်ခဲ့သလို အသက်ကြီးပေမယ့် မပျက်စီးသေးကြောင်းကို ပြသနေတာလည်းဖြစ်ပါတယ်။

တိုက်စစ်အတွဲ မှားခဲ့တဲ့ စပါးစ်
လက်စတာနဲ့ပွဲမှာ နာကျင်အချိန်ပို ၂ ဂိုးသွင်းယူလိုက်ရုံနဲ့ ပွဲထွက်ကစားသမားဖြစ်သင့်ပြီလားဆိုတာကို နိုးလို့ပဲ ဖြေရမှာပါ။ နည်းစနစ်ပိုင်းထက် အမြန်နှုန်းနဲ့ ပေါက်ကွဲအားကို အားကိုးလေ့ရှိတဲ့ ဒတ်ချ်တောင်ပံကစားသမား ဘာ့ဂ်ဗိုင်းဟာ ဟာရီကိန်းရဲ့ အတွဲအဖက်အဖြစ် ပွဲထွက်လူစာရင်းမှာ တစ်ပွဲလုံး အာရုံစူးစိုက်နိုင်ဖို့ကတော့ ဆွန်ဟောင်မင်ကို မပြောနဲ့၊ လူးကပ်စ် မော်ရာကိုတောင် မမီသေးတာဖြစ်ပြီး အင်္ဂလန်ကပ္ပတိန်ရဲ့ အနားမှာ ကစားကွက်အတွက် တွဲဖက်ပေးရမယ့်အစား ခပ်ဝေးဝေးမှာပဲ ပြေးလွှားနေခဲ့လို့ ကွန်တီအတွက်တော့ စိတ်ပျက်ခဲ့ရတာဖြစ်ပါတယ်။

ပွဲကြီးမတိုးခဲ့တဲ့ တိုက်စစ်မှူးတွေ
ဧည့်သည် စပါးစ်အသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းရော အိမ်ရှင် ချဲလ်ဆီးအသင်းရဲ့ ရိုမီလူ လူကာကူးပါ ဒီနေ့ပွဲမှာ ထင်သလောက် မမြင်ရဘဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့တာပါ။ အင်္ဂလန်တိုက်စစ်မှူးတစ်ယောက် VAR အတွက် စိတ်ပျက်ခဲ့ရချိန်မှာ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးကတော့ ယုံကြည်မှု ပျောက်ဆုံးနေခဲ့ပြီး ထိပ်တန်းတိုက်စစ်မှူးတွေအတွက်ဆို ဂိုးသွင်းယူနိုင်သင့်တဲ့ အခွင့်အရေးမျိုးတွေကို အသုံးမချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီနွေရာသီမှာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူးအတွက် ပေးထားရတဲ့ ငွေပမာဏနဲ့ သွင်းဂိုးအချိုးကတော့ အားမရနိုင်သေးတာဖြစ်ပြီး ဟာရီကိန်းကတော့ အရင်ရာသီက ခြေစွမ်းကို လိုက်မမီသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၃-၄-၃ ကို စြန႔္လႊတ္ၿပီး ရလဒ္ေကာင္းတဲ့ တူဟယ္လ္
ခ်ဲလ္ဆီးနည္းျပ တူဟယ္လ္အေနနဲ႔ ဒီေန႔မွာ ကစားကြက္နဲ႔ အံဝင္တဲ့ ကစားသမားေတြ ရွားပါးေနတဲ့ ၃-၄-၃ ကစားကြက္ကို စြန႔္လႊတ္ၿပီး ၄-၃-၃ ကစားကြက္ကို ေျပာင္းကစားခဲ့သလို အိမ္ကြင္းမွာ ပရီးမီးယားလိဂ္ ၄ ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္မႈကို ရပ္တန႔္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးတို႔ရဲ႕ 4 Back ပုံစံက သြက္သြက္လက္လက္ ရွိခဲ့သလို မာလန္းဆားရ္နဲ႔ အက္ဇ္ပီလီေကြတာတို႔လည္း အင္အားအလြန္အကြၽံ သုံးစရာမလိုဘဲ ဇီးယက္ရွ္၊ ဟဒ္ဆန္-အိုဒြိဳင္း၊ ေမဆန္ေမာင့္တို႔ရဲ႕ ကစားကြက္ပုံေဖာ္ တိုက္စစ္ဆင္မႈေတြနဲ႔ ထိန္းခ်ဳပ္ကစားႏိုင္ခဲ့သလို ေဘာလုံးပိုင္ဆိုင္မႈ ၆၅ ရာခိုင္ႏႈန္းအထိ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

လည္ေတာ့လည္ၿပီး တစ္ပတ္မျပည့္တဲ့ ကြန္တီ
စပါးစ္နည္းျပ ကြန္တီကလည္း ဒီေန႔ပြဲမွာ သူ႔ရဲ႕ ကစားေနက် ၃-၅-၂ ကစားကြက္ကို စြန႔္လႊတ္ၿပီး ၄-၄-၂ ဆန္ဆန္ ကစားကြက္နဲ႔ လူစာရင္းကို တင္သြင္းခဲ့တာပါ။ ခံစစ္ကစားခ်ိန္မွာ ေနာက္ခံလူ ၆ ေယာက္အထိ ရွိခဲ့တဲ့ ကစားကြက္က ဖန္တီးႏိုင္တဲ့သူေတြ မပါဝင္ခဲ့ခ်ိန္မွာ ဒုတိယဦးစားေပး ေနာက္ခံလူေတြျဖစ္ၾကတဲ့ ဒိုဟာတီနဲ႔ ဆီဆက္ၫြန္တို႔ကိုေတာ့ လန္ဒန္ဒါဘီ အေဝးကြင္းပြဲစဥ္မွာ ထုတ္သုံးခဲ့တာက ၿပိဳင္ဘက္ ခ်ဲလ္ဆီးကို ေလွ်ာ့တြက္လြန္းရာေရာက္ခဲ့ၿပီး တစ္ဖက္အသင္းကို မ်က္စိလည္ေအာင္ ႀကိဳးစားမႈက က်ရႈံးခဲ့တာလည္းျဖစ္ပါတယ္။ တိုက္စစ္ေရာ ခံစစ္ပါ လူထုတ္ပုံက မျပည့္စုံခဲ့ဘဲ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ စပါးစ္တို႔ ေမွ်ာ္လင့္ခ်က္ေတြ ပြန္းပဲ့သြားခဲ့ရပါတယ္။

ပြဲၾကမ္းေနတဲ့ ဇီးယက္ရွ္
ဘ႐ိုက္တန္နဲ႔ပြဲမွာလည္း အသင္းအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တဲ့ ေမာ္႐ိုကိုသားကေတာ့ အာဖရိကကို မလႊတ္လိုက္ရတာ ကံေကာင္းလြန္းခဲ့တယ္လို႔ ဆိုရမွာျဖစ္ၿပီး ဒီေန႔ပြဲမွာလည္း လက္ေ႐ြးစင္အသင္းက မေ႐ြးခဲ့တာအတြက္ ထပ္မံေပါက္ကြဲျပခဲ့တာျဖစ္ပါတယ္။ ခံစစ္မွာ လူေတြ ထပ္ၿပီး တိုင္ပတ္ေနတဲ့ စပါးစ္တို႔ရဲ႕ ဂိုးဧရိယာထိပ္ကေန မၾကာခဏ ၿခိမ္းေျခာက္ေနခဲ့ၿပီး ျပင္သစ္သားႀကီး လိုရစ္ကို ထိုးႏွက္တိုက္ခိုက္ေနခဲ့တဲ့ ဇီးယက္ရွ္ အေနနဲ႔ ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ လွပလြန္းတဲ့ သြင္းဂိုးတစ္ဂိုးကို ရယူေပးခဲ့ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဧည့္သည္ေတြတင္ မဟုတ္ဘဲ အိမ္ရွင္ေတြကိုပါ မင္သက္မိေစခဲ့တာပါ။

VAR မွာ အခ်ိဳေရာ အခ်ဥ္ပါ စားခဲ့ရတဲ့ စပါးစ္
ပြဲခ်ိန္ ၁၉ မိနစ္မွာ မာလန္းဆားရ္ရဲ႕ ေျခက်င္းဝတ္ကို တက္နင္းခဲ့တဲ့ စပါးစ္ေနာက္ခံလူ ဒိုဟာတီက နဘယံ ေဘးမရွိဘဲ အဝါေတာင္ မထိခဲ့ခ်ိန္မွာ စတမ္းဖို႔ဒ္ဘရစ္ခ်္ပရိသတ္ေတြကေတာ့ ဒိုင္လူႀကီး ေပါလ္ တီယာနီကို ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၾကၿပီး တစ္ကြင္းလုံး ဘူးသံလႊမ္းခဲ့တုန္းက အခ်ိဳႀကိဳက္ၿပီး မွိန္းခံလို႔ ေကာင္းေနတဲ့ ဧည့္သည္ေတြအေနနဲ႔ ပြဲခ်ိန္ မိနစ္ ၄၀ မွာမွ အခ်ဥ္စားခဲ့ရတာပါ။ ဆီဆက္ၫြန္ရဲ႕ ျဖတ္တင္ေဘာကို ဂိုးသြင္းဖို႔ ႀကိဳးစားခ်ိန္မွာ လက္ဆန႔္ၿပီး သီယာဂို ေဆးလ္ဗားကို ေထာက္လိုက္တဲ့ ဟာရီကိန္းက ဂိုးပိုက္ထဲအေရာက္ ေဘာလုံးကို ပို႔ႏိုင္ခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ ျပစ္ဒဏ္ေဘာအျဖစ္ ပယ္ဖ်က္ခံခဲ့ရၿပီး စပါးစ္တို႔ ရင္ခံခဲ့ရတာျဖစ္ပါတယ္။

အသက္ႀကီးဆုံး စံခ်ိန္ကို ထပ္တိုးတဲ့ ဘရာဇီးလ္သား
ဒီေန႔ပြဲရဲ႕ ဒုတိယဂိုးကို သြင္းယူေပးႏိုင္ခဲ့တဲ့ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားကေတာ့ ၿပီးခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ပြဲမွာ စံခ်ိန္သစ္အျဖစ္ တိုက္စစ္မႉးေဟာင္းႀကီး ဒီဒီေယး ဒေရာ့ဘာရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ထားခဲ့မႈကို ဘယ္သူမွ လိုက္မမီေအာင္ ထပ္ၿပီး လုံးႀကီးတင္မွာ ဆန္ခတ္လိုက္တာပါ။ ပြဲခ်ိန္ ၅၅ မိနစ္မွာ ေခါင္းတိုက္သြင္းယူခဲ့တဲ့ ဂိုးက သူ႔ရဲ႕ အသက္ ၃၇ ႏွစ္နဲ႔ ၁၂၃ ရက္နဲ႔ ခ်ဲလ္ဆီးအသင္းသမိုင္းတစ္ေလွ်ာက္ အသက္အႀကီးဆုံးဂိုးစံခ်ိန္ကို ၿပီးခဲ့တဲ့ စံခ်ိန္ထက္ ေနာက္ထပ္ ရက္ ၅၀ တိုးျမႇင့္ႏိုင္ခဲ့သလို အသက္ႀကီးေပမယ့္ မပ်က္စီးေသးေၾကာင္းကို ျပသေနတာလည္းျဖစ္ပါတယ္။

တိုက္စစ္အတြဲ မွားခဲ့တဲ့ စပါးစ္
လက္စတာနဲ႔ပြဲမွာ နာက်င္အခ်ိန္ပို ၂ ဂိုးသြင္းယူလိုက္႐ုံနဲ႔ ပြဲထြက္ကစားသမားျဖစ္သင့္ၿပီလားဆိုတာကို ႏိုးလို႔ပဲ ေျဖရမွာပါ။ နည္းစနစ္ပိုင္းထက္ အျမန္ႏႈန္းနဲ႔ ေပါက္ကြဲအားကို အားကိုးေလ့ရွိတဲ့ ဒတ္ခ်္ေတာင္ပံကစားသမား ဘာ့ဂ္ဗိုင္းဟာ ဟာရီကိန္းရဲ႕ အတြဲအဖက္အျဖစ္ ပြဲထြက္လူစာရင္းမွာ တစ္ပြဲလုံး အာ႐ုံစူးစိုက္ႏိုင္ဖို႔ကေတာ့ ဆြန္ေဟာင္မင္ကို မေျပာနဲ႔၊ လူးကပ္စ္ ေမာ္ရာကိုေတာင္ မမီေသးတာျဖစ္ၿပီး အဂၤလန္ကပၸတိန္ရဲ႕ အနားမွာ ကစားကြက္အတြက္ တြဲဖက္ေပးရမယ့္အစား ခပ္ေဝးေဝးမွာပဲ ေျပးလႊားေနခဲ့လို႔ ကြန္တီအတြက္ေတာ့ စိတ္ပ်က္ခဲ့ရတာျဖစ္ပါတယ္။

ပြဲႀကီးမတိုးခဲ့တဲ့ တိုက္စစ္မႉးေတြ
ဧည့္သည္ စပါးစ္အသင္းရဲ႕ တိုက္စစ္မႉး ဟာရီကိန္းေရာ အိမ္ရွင္ ခ်ဲလ္ဆီးအသင္းရဲ႕ ႐ိုမီလူ လူကာကူးပါ ဒီေန႔ပြဲမွာ ထင္သေလာက္ မျမင္ရဘဲ တိတ္ဆိတ္ၿငိမ္သက္ေနခဲ့တာပါ။ အဂၤလန္တိုက္စစ္မႉးတစ္ေယာက္ VAR အတြက္ စိတ္ပ်က္ခဲ့ရခ်ိန္မွာ ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးကေတာ့ ယုံၾကည္မႈ ေပ်ာက္ဆုံးေနခဲ့ၿပီး ထိပ္တန္းတိုက္စစ္မႉးေတြအတြက္ဆို ဂိုးသြင္းယူႏိုင္သင့္တဲ့ အခြင့္အေရးမ်ိဳးေတြကို အသုံးမခ်ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒီေႏြရာသီမွာ ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူထားခဲ့တဲ့ တိုက္စစ္မႉးအတြက္ ေပးထားရတဲ့ ေငြပမာဏနဲ႔ သြင္းဂိုးအခ်ိဳးကေတာ့ အားမရႏိုင္ေသးတာျဖစ္ၿပီး ဟာရီကိန္းကေတာ့ အရင္ရာသီက ေျခစြမ္းကို လိုက္မမီေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.