Analysis Premier League

အဆင့် ၄ ဝင်ဖို့ တိုင်ပတ်ခဲ့တဲ့ အာဆင်နယ် 0-0 ဘန်လေပွဲအပြီး ပြောစရာ 7 ချက်

အဆင့် ၄ ဝင်ဖို့ တိုင်ပတ်ခြင်း
ဒီပွဲမကစားခင်မှာ အရင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်းအသင်းတွေကြောင့် အာဆင်နယ်တို့ အဆင့် ၆ မှာ ရပ်တည်နေခဲ့ပြီး ဒီနေ့ပွဲမှာ အဆင့် ၄ ကို ပြန်တက်နိုင်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် လုံလောက်တဲ့ လူအင်အားနဲ့ နည်းဗျူဟာ မရှိမှုတွေကြောင့် အိမ်ကွင်းမှာ ခံစစ်ပိတ်ကစားတဲ့ ဘန်လေကို သရေသာ ရခဲ့ပြီး ဘဲဥမကွဲဘဲ တစ်မှတ်သာ ရခဲ့တာဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် ပြိုင်ဘက် စပါးစ်တို့ထက် အမှတ်တူ တစ်ပွဲပိုကစားပြီး ဂိုးကွာခြားချက်နဲ့ အဆင့် ၆ မှာပဲ ရပ်တည်နေသလို ပွဲကျန်မှာ စပါးစ်တို့သာ အမှတ်ထပ်ရခဲ့ရင် အဆင့် ၄ ပြိုင်ဘက်တွေရဲ့ အသာစီးယူမှုကို ခံရဖို့ ဖြစ်လာခဲ့ပါပြီ။

အတွေးအခေါ် မမှန်တဲ့ အာတီတာ
မော်ဒန်ဘောလုံးမှာ Full Back, Side Back, Wing Back ဘယ်လိုပဲ ခေါ်ခေါ် ခံစစ်အစွန်လူတွေရဲ့ တိုက်စစ်နဲ့ လိုက်ပါ ပူးပေါင်းနိုင်စွမ်းက အရေးကြီးပြီး တစ်ဖက်ဂိုးဧရိယာနားမှာ လူတစ်ယောက် အသာရဖို့ အားလုံးက ကြိုးစားကြတာပါ။ ဒါပေမယ့် အာဆင်နယ်တို့အနေနဲ့ လီဗာပူးလ်ကို ရှုံးခဲ့တဲ့ ကာရာဘောင်း ဒုတိယအကျော့ကစပြီး အစွန်လူတွေ ရှေ့မလိုက်ဘဲ ကစားခဲ့သလို ဒီနေ့ပွဲမှာလည်း အားနည်းတဲ့ ပြိုင်ဘက်နဲ့ပေမယ့် ဒီအကျင့်က ဆက်ပြီး ပါလာခဲ့တာလား အာတီတာကပဲ ကွင်းလယ်အဖျက် အားနည်းလို့ ရှေ့မလိုက်ခိုင်းခဲ့တာလားလို့ ဇဝေဇဝါလည်းဖြစ်ခဲ့ရပါတယ်။

အကျိုးဆက်ကတော့ မာတီနယ်လီနဲ့ ဆာကာတို့ ပိတ်မိနေပြီး ဂိုးရဖို့ မဖြစ်နိုင်ခဲ့သလို ညာတောင်ပံ ထွက်ကစားရတဲ့ ဘန်ဝှိုက်က Overlapping Run တွေ တစ်ဖက်ခံစစ်သမားရဲ့ မျက်ကွယ်ကို ပြေးဝင်နေရာယူမှုမျိုးတွေ မလုပ်တတ်ချိန်မှာ အနည်းဆုံးတော့ တီယာနီရဲ့ ဘယ်တောင်ပံတစ်ဖက်က ပီပြင်သင့်ခဲ့တာလည်းဖြစ်ပါတယ်။ ဥပမာ ပေးရရင် လီဗာပူးလ်တို့ တစ်ဖက်ခံစစ်ကို ဘယ်လိုချိတ်ဆက်ထိုးနှက်သလဲဆိုတာနဲ့ ယှဉ်ကြည့်သင့်ပြီး ဒီအချိန်မှာ အာဆင်နယ်တို့က ကလေးကွက်ပဲဖြစ်နေခဲ့တာပါ။

စွတ်စက်ချီးကျူးနေလည်း သုံးမရသေးတဲ့ လိုကွန်ဂါ
အာတီတာကတော့ ပွဲအပြီးမှာ သူ့ရဲ့ ဘယ်လ်ဂျီယမ်ကွင်းလယ်လူက တော်တော်တိုးတက်လာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်အဆင့်ကနေ ဘယ်လောက်တိုးတက်လာသလဲတော့ မသိဘဲ ဆမ်ဘီ လိုကွန်ဂါဟာ ဘောလုံးယူဖို့ ကြောက်နေသလို ဘန်လေကစားသမားတွေနောက်မှာ ဝင်ပုန်းပြီး ကိုယ့်အသင်းဖော်တွေကို ပထမတစ်ပိုင်းလုံး ဒုက္ခပေးသွားခဲ့တာပါ။ ဒုတိယပိုင်း ပြီးခါနီး ဂိုးရဖို့ ကြိုးစားတုန်း ဘန်လေတစ်သင်းလုံး နောက်ဆင်းချိန်မှာမှ သူ့ကို ဖိအားပေးသူ မရှိတော့လို့ ဘောလုံးကိုင်ရဲခဲ့တဲ့ ၂၂ နှစ်သားဟာ အသက်အရွယ်နဲ့စာရင် တော်တော်လေး မရင့်ကျက်ဘဲ ယုံကြည်မှု မရှိသေးတဲ့ ပုံစံကိုပဲ ပြသနေခဲ့ပြီး သူဟာ အသင်းရဲ့ ကွင်းလယ်ကို ကျားကန်ပေးဖို့ ဝေလာဝေးနေခဲ့တာလည်းဖြစ်ပါတယ်။

ကိုယ့်အတိုင်းအထွာ ကိုယ်မသိတဲ့ အာတီတာနဲ့ အီဒူး
ဘောလုံးတစ်သင်းမှာ အရေးအကြီးဆုံးကတော့ ကိုယ့်လူအင်အား Squad Depth ကို အမှန်အတိုင်း သိဖို့ပါပဲ။ အာဆင်နယ်အသင်းမှာ ရာသီအစက ချာကာနဲ့ ပါတေးတို့ကလွဲရင် ဘုရားစူးလွတ်ရုံ သုံးလို့ရတဲ့ အယ်လ်နန်နီ၊ မိတ်လန်းနိုင်းလ်စ်နဲ့ ဆမ်ဘီ လိုကွန်ဂါတို့ ၃ ဦး၊ စုစုပေါင်း ကွင်းလယ် ၅ ဦးသာ ရှိချိန်မှာ လီဗာပူးလ်မှာ ၉ ဦး၊ မန်စီးတီးမှာ ၇ ဦး၊ မန်ယူနိုက်တက်မှာ ၈ ဦး၊ ချဲလ်ဆီးမှာ ၈ ဦး ပိုင်ဆိုင်ထားပြီး ကိုယ်နဲ့ ပိန်မသာ လိန်မသာ ပြိုင်ဘက် စပါးစ်မှာတောင် ၇ ဦး ပိုင်ဆိုင်ထားချိန်မှာ လက်ရှိအင်အားကတော့ အားလုံးသိတဲ့အတိုင်း ၃ ဦးသာ ရှိနေချိန်မှာ ၂ ဦးက ပွဲပယ်ခံခဲ့ရတာပါ။

နည်းပြ အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့အနေနဲ့ ကိုယ့်ရဲ့ အချိန်မရွေး ထိခိုက်သွားနိုင်တဲ့ ကွင်းလယ်ကို အပြောင်းအရွှေ့ ၂၃ ရက် လွန်ခဲ့တာတောင် အင်အားဖြည့်ဖို့ မလုပ်နိုင်ခဲ့ကြတာကတော့ အသုံးမကျလွန်းဘူးလို့ပဲ ဆိုရမှာဖြစ်ပြီး ကိုယ့်အတိုင်းအထွာ ကိုယ်မသိခဲ့မှုကတော့ လက်ရှိမှာ ဘန်လေကို နော့တင်ဟမ် ဖောရက်စ်နဲ့ လီဗာပူးလ်ကို ရှုံးပြီး ဘန်လေကို သရေကျလိုက်တာနဲ့ ရပ်ချင်မှ ရပ်လိမ့်ဦးမှာဖြစ်ပြီး အခန့်မသင့်ရင် အဆင့် ၄ ဝင်ခွင့်နဲ့ပါ ပေးဆပ်လိုက်ရနိုင်တာလည်းဖြစ်ပါတယ်။

စွမ်းဆောင်ရည်ကျလာတဲ့ ရမ်းစ်ဒေးလ်
အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ကတော့ ပြီးခဲ့တဲ့ လတွေတုန်းက လျှမ်းလျှမ်းတောက် ကောင်းမွန်ခဲ့ပြီး ပြောစရာမလိုလောက်အောင် ကစားပြနိုင်ခဲ့ပေမယ့် ဒီဆောင်းရာသီမှာတော့ ရုန်းကန်လာရတာဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ တည်ငြိမ်မှု ကျဆင်းလာခဲ့တာဖြစ်သလို ဆုံးဖြတ်ချက်နဲ့ တုံ့ပြန်မှုပိုင်းတွေမှာ အနည်းငယ် နှေးကွေးနေပြီး ဘောလုံးဖြန့်ဝေမှုအပိုင်းမှာလည်း တုံ့ဆိုင်းနေခဲ့လို့ Clean Sheet ရခဲ့ပေမယ့် တစ်ဖက်တိုက်စစ်တွေရဲ့ ဖိအားပေးမှုနဲ့လည်း ရင်ဆိုင်ခဲ့ရတာပါ။ ဖြန့်ဝေမှုအပိုင်းမှာ အောင်မြင်မှု ကျဆင်းလာခဲ့သလို တစ်ဖက်တိုက်စစ်ရဲ့ ဖြတ်တင်ဘောတွေကို ဖမ်းယူရာမှာလည်း အနည်းငယ် အားနည်းနေခဲ့လို့ အသင်းရလဒ်ကို မထိခိုက်ခင် နည်းပြအဖွဲ့ဝင်တွေအနေနဲ့ သတိပြုမိပြီး အဖြေရှာသင့်နေပြီလည်းဖြစ်ပါတယ်။

စမစ်ရိုးကို လူစားလဲတဲ့ အမှား
ဒီနေ့ပွဲမှာ အာတီတာရဲ့ ပြောစရာအဖြစ်ဆုံး ညံ့ဖျင်းမှုကတော့ ဂိုးလိုနေချိန်မှာ စမစ်ရိုးကို နကီးတီးယားနဲ့ လူစားလဲလိုက်တာဖြစ်ပါတယ်။ အသင်းအတွက် ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး ၈ ဂိုးအထိ သွင်းယူထားခဲ့တဲ့ စမစ်ရိုးဟာ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ ပွဲကတည်းက မာတီနယ်လီနဲ့ နေရာချင်း ထပ်နေပြီး လျှောက်ပြေးနေတဲ့ ဘရာဇီးလ်သားကြောင့် သူ့ရဲ့ ရွေ့လျားရမယ့် လမ်းကြောင်းတွေကို ကန့်သတ်ခံခဲ့ရသလို ဒီနေ့ပွဲမှာလည်း ရုန်းခဲ့ရပေမယ့် လာကာဇက်ကို ဖန်တီးပေးတာမျိုးက ကွင်းထဲမှာ ဆက်သုံးပြီး ဂိုးရှာဖွေခိုင်းဖို့သင့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဧရိယာထဲလည်း မဝင်နိုင်၊ ကိုယ်လုံးလည်း မရှိ၊ ဘောလုံးလည်း မပေးနိုင်၊ ကန်ခွင့်လည်း မရတဲ့ ပိစိညှောက်တောက် တိုက်စစ်မှူး နကီးတီးယားကို ကာယအား သုံးလွန်းတဲ့ ဘန်လေခံစစ်နဲ့ တွေ့ခိုင်းလိုက်တာကတော့ အာတီတာ ဘယ်လောက်မှားပြီး ကြံရာမရဖြစ်ခဲ့သလဲဆိုတာ သိသာလွန်းခဲ့တာပါ။

ပြန်ထိုင်ခိုင်းသင့်နေတဲ့ မာတီနယ်လီ
ယာဂန် ကလော့ပ်ရဲ့ အကောင်းဆုံးဆိုတဲ့ ဆေးမိနေတဲ့ မာတီနယ်လီကတော့ အာဆင်နယ်ဘယ်ခြမ်းမှာ တလွဲဆံပင်ကောင်းနေခဲ့ပါတယ်။ မလိုအပ်ဘဲ ဘောလုံးကိုင်ပြီး ဆွဲပြေးနေတာတွေက အသင်းတိုက်စစ်တွဲလုံးတွေကို ပျက်ပြားစေခဲ့သလို တီယာနီ၊ စမစ်ရိုးနဲ့ လာကာဇက်တို့ကို စိတ်ပျက်စေခဲ့ပြီး ဘယ်တောင်ပံမှာ သူ့နေရာကို အာမခံချက်ရထားလို့ ငါတကောကောနေတဲ့ ပုံစံလည်း ဖြစ်နေခဲ့တာပါ။ ကွင်းလယ်မှာ လူပြန်စုံလာခဲ့ရင် စမစ်ရိုးကို ဘယ်ခြမ်းမှာ ပြန်သုံးပြီး ဘရာဇီးလ်သားကို အရန်ခုံမှာ ပြန်ထိုင်ခိုင်းပြီး ပုံစံပေးသင့်နေပြီဖြစ်သလို ဒီနေ့ပွဲမှာလည်း လူစားလဲခဲ့သင့်ပေမယ့် ဆက်ထားခဲ့တာက အလုပ်မဖြစ်စေသလို အနည်းဆုံးတော့ နူနို တာဗာရက်စ်နဲ့ လဲစမ်းကြည့်ခဲ့သင့်တာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဆင့္ ၄ ဝင္ဖို႔ တိုင္ပတ္ျခင္း
ဒီပြဲမကစားခင္မွာ အရင္ကစားခဲ့ၾကတဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဝက္စ္ဟမ္းအသင္းေတြေၾကာင့္ အာဆင္နယ္တို႔ အဆင့္ ၆ မွာ ရပ္တည္ေနခဲ့ၿပီး ဒီေန႔ပြဲမွာ အဆင့္ ၄ ကို ျပန္တက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ လုံေလာက္တဲ့ လူအင္အားနဲ႔ နည္းဗ်ဴဟာ မရွိမႈေတြေၾကာင့္ အိမ္ကြင္းမွာ ခံစစ္ပိတ္ကစားတဲ့ ဘန္ေလကို သေရသာ ရခဲ့ၿပီး ဘဲဥမကြဲဘဲ တစ္မွတ္သာ ရခဲ့တာျဖစ္ပါတယ္။ ဒီရလဒ္ေၾကာင့္ ၿပိဳင္ဘက္ စပါးစ္တို႔ထက္ အမွတ္တူ တစ္ပြဲပိုကစားၿပီး ဂိုးကြာျခားခ်က္နဲ႔ အဆင့္ ၆ မွာပဲ ရပ္တည္ေနသလို ပြဲက်န္မွာ စပါးစ္တို႔သာ အမွတ္ထပ္ရခဲ့ရင္ အဆင့္ ၄ ၿပိဳင္ဘက္ေတြရဲ႕ အသာစီးယူမႈကို ခံရဖို႔ ျဖစ္လာခဲ့ပါၿပီ။

အေတြးအေခၚ မမွန္တဲ့ အာတီတာ
ေမာ္ဒန္ေဘာလုံးမွာ Full Back, Side Back, Wing Back ဘယ္လိုပဲ ေခၚေခၚ ခံစစ္အစြန္လူေတြရဲ႕ တိုက္စစ္နဲ႔ လိုက္ပါ ပူးေပါင္းႏိုင္စြမ္းက အေရးႀကီးၿပီး တစ္ဖက္ဂိုးဧရိယာနားမွာ လူတစ္ေယာက္ အသာရဖို႔ အားလုံးက ႀကိဳးစားၾကတာပါ။ ဒါေပမယ့္ အာဆင္နယ္တို႔အေနနဲ႔ လီဗာပူးလ္ကို ရႈံးခဲ့တဲ့ ကာရာေဘာင္း ဒုတိယအေက်ာ့ကစၿပီး အစြန္လူေတြ ေရွ႕မလိုက္ဘဲ ကစားခဲ့သလို ဒီေန႔ပြဲမွာလည္း အားနည္းတဲ့ ၿပိဳင္ဘက္နဲ႔ေပမယ့္ ဒီအက်င့္က ဆက္ၿပီး ပါလာခဲ့တာလား အာတီတာကပဲ ကြင္းလယ္အဖ်က္ အားနည္းလို႔ ေရွ႕မလိုက္ခိုင္းခဲ့တာလားလို႔ ဇေဝဇဝါလည္းျဖစ္ခဲ့ရပါတယ္။

အက်ိဳးဆက္ကေတာ့ မာတီနယ္လီနဲ႔ ဆာကာတို႔ ပိတ္မိေနၿပီး ဂိုးရဖို႔ မျဖစ္ႏိုင္ခဲ့သလို ညာေတာင္ပံ ထြက္ကစားရတဲ့ ဘန္ဝႈိက္က Overlapping Run ေတြ တစ္ဖက္ခံစစ္သမားရဲ႕ မ်က္ကြယ္ကို ေျပးဝင္ေနရာယူမႈမ်ိဳးေတြ မလုပ္တတ္ခ်ိန္မွာ အနည္းဆုံးေတာ့ တီယာနီရဲ႕ ဘယ္ေတာင္ပံတစ္ဖက္က ပီျပင္သင့္ခဲ့တာလည္းျဖစ္ပါတယ္။ ဥပမာ ေပးရရင္ လီဗာပူးလ္တို႔ တစ္ဖက္ခံစစ္ကို ဘယ္လိုခ်ိတ္ဆက္ထိုးႏွက္သလဲဆိုတာနဲ႔ ယွဥ္ၾကည့္သင့္ၿပီး ဒီအခ်ိန္မွာ အာဆင္နယ္တို႔က ကေလးကြက္ပဲျဖစ္ေနခဲ့တာပါ။

စြတ္စက္ခ်ီးက်ဴးေနလည္း သုံးမရေသးတဲ့ လိုကြန္ဂါ
အာတီတာကေတာ့ ပြဲအၿပီးမွာ သူ႔ရဲ႕ ဘယ္လ္ဂ်ီယမ္ကြင္းလယ္လူက ေတာ္ေတာ္တိုးတက္လာတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ဘယ္အဆင့္ကေန ဘယ္ေလာက္တိုးတက္လာသလဲေတာ့ မသိဘဲ ဆမ္ဘီ လိုကြန္ဂါဟာ ေဘာလုံးယူဖို႔ ေၾကာက္ေနသလို ဘန္ေလကစားသမားေတြေနာက္မွာ ဝင္ပုန္းၿပီး ကိုယ့္အသင္းေဖာ္ေတြကို ပထမတစ္ပိုင္းလုံး ဒုကၡေပးသြားခဲ့တာပါ။ ဒုတိယပိုင္း ၿပီးခါနီး ဂိုးရဖို႔ ႀကိဳးစားတုန္း ဘန္ေလတစ္သင္းလုံး ေနာက္ဆင္းခ်ိန္မွာမွ သူ႔ကို ဖိအားေပးသူ မရွိေတာ့လို႔ ေဘာလုံးကိုင္ရဲခဲ့တဲ့ ၂၂ ႏွစ္သားဟာ အသက္အ႐ြယ္နဲ႔စာရင္ ေတာ္ေတာ္ေလး မရင့္က်က္ဘဲ ယုံၾကည္မႈ မရွိေသးတဲ့ ပုံစံကိုပဲ ျပသေနခဲ့ၿပီး သူဟာ အသင္းရဲ႕ ကြင္းလယ္ကို က်ားကန္ေပးဖို႔ ေဝလာေဝးေနခဲ့တာလည္းျဖစ္ပါတယ္။

ကိုယ့္အတိုင္းအထြာ ကိုယ္မသိတဲ့ အာတီတာနဲ႔ အီဒူး
ေဘာလုံးတစ္သင္းမွာ အေရးအႀကီးဆုံးကေတာ့ ကိုယ့္လူအင္အား Squad Depth ကို အမွန္အတိုင္း သိဖို႔ပါပဲ။ အာဆင္နယ္အသင္းမွာ ရာသီအစက ခ်ာကာနဲ႔ ပါေတးတို႔ကလြဲရင္ ဘုရားစူးလြတ္႐ုံ သုံးလို႔ရတဲ့ အယ္လ္နန္နီ၊ မိတ္လန္းႏိုင္းလ္စ္နဲ႔ ဆမ္ဘီ လိုကြန္ဂါတို႔ ၃ ဦး၊ စုစုေပါင္း ကြင္းလယ္ ၅ ဦးသာ ရွိခ်ိန္မွာ လီဗာပူးလ္မွာ ၉ ဦး၊ မန္စီးတီးမွာ ၇ ဦး၊ မန္ယူႏိုက္တက္မွာ ၈ ဦး၊ ခ်ဲလ္ဆီးမွာ ၈ ဦး ပိုင္ဆိုင္ထားၿပီး ကိုယ္နဲ႔ ပိန္မသာ လိန္မသာ ၿပိဳင္ဘက္ စပါးစ္မွာေတာင္ ၇ ဦး ပိုင္ဆိုင္ထားခ်ိန္မွာ လက္ရွိအင္အားကေတာ့ အားလုံးသိတဲ့အတိုင္း ၃ ဦးသာ ရွိေနခ်ိန္မွာ ၂ ဦးက ပြဲပယ္ခံခဲ့ရတာပါ။

နည္းျပ အာတီတာနဲ႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးတို႔အေနနဲ႔ ကိုယ့္ရဲ႕ အခ်ိန္မေ႐ြး ထိခိုက္သြားႏိုင္တဲ့ ကြင္းလယ္ကို အေျပာင္းအေ႐ႊ႕ ၂၃ ရက္ လြန္ခဲ့တာေတာင္ အင္အားျဖည့္ဖို႔ မလုပ္ႏိုင္ခဲ့ၾကတာကေတာ့ အသုံးမက်လြန္းဘူးလို႔ပဲ ဆိုရမွာျဖစ္ၿပီး ကိုယ့္အတိုင္းအထြာ ကိုယ္မသိခဲ့မႈကေတာ့ လက္ရွိမွာ ဘန္ေလကို ေနာ့တင္ဟမ္ ေဖာရက္စ္နဲ႔ လီဗာပူးလ္ကို ရႈံးၿပီး ဘန္ေလကို သေရက်လိုက္တာနဲ႔ ရပ္ခ်င္မွ ရပ္လိမ့္ဦးမွာျဖစ္ၿပီး အခန႔္မသင့္ရင္ အဆင့္ ၄ ဝင္ခြင့္နဲ႔ပါ ေပးဆပ္လိုက္ရႏိုင္တာလည္းျဖစ္ပါတယ္။

စြမ္းေဆာင္ရည္က်လာတဲ့ ရမ္းစ္ေဒးလ္
အာဆင္နယ္ဂိုးသမား ရမ္းစ္ေဒးလ္ကေတာ့ ၿပီးခဲ့တဲ့ လေတြတုန္းက လွ်မ္းလွ်မ္းေတာက္ ေကာင္းမြန္ခဲ့ၿပီး ေျပာစရာမလိုေလာက္ေအာင္ ကစားျပႏိုင္ခဲ့ေပမယ့္ ဒီေဆာင္းရာသီမွာေတာ့ ႐ုန္းကန္လာရတာျဖစ္ပါတယ္။ အဓိကအားျဖင့္ေတာ့ တည္ၿငိမ္မႈ က်ဆင္းလာခဲ့တာျဖစ္သလို ဆုံးျဖတ္ခ်က္နဲ႔ တုံ႔ျပန္မႈပိုင္းေတြမွာ အနည္းငယ္ ေႏွးေကြးေနၿပီး ေဘာလုံးျဖန႔္ေဝမႈအပိုင္းမွာလည္း တုံ႔ဆိုင္းေနခဲ့လို႔ Clean Sheet ရခဲ့ေပမယ့္ တစ္ဖက္တိုက္စစ္ေတြရဲ႕ ဖိအားေပးမႈနဲ႔လည္း ရင္ဆိုင္ခဲ့ရတာပါ။ ျဖန႔္ေဝမႈအပိုင္းမွာ ေအာင္ျမင္မႈ က်ဆင္းလာခဲ့သလို တစ္ဖက္တိုက္စစ္ရဲ႕ ျဖတ္တင္ေဘာေတြကို ဖမ္းယူရာမွာလည္း အနည္းငယ္ အားနည္းေနခဲ့လို႔ အသင္းရလဒ္ကို မထိခိုက္ခင္ နည္းျပအဖြဲ႕ဝင္ေတြအေနနဲ႔ သတိျပဳမိၿပီး အေျဖရွာသင့္ေနၿပီလည္းျဖစ္ပါတယ္။

စမစ္႐ိုးကို လူစားလဲတဲ့ အမွား
ဒီေန႔ပြဲမွာ အာတီတာရဲ႕ ေျပာစရာအျဖစ္ဆုံး ညံ့ဖ်င္းမႈကေတာ့ ဂိုးလိုေနခ်ိန္မွာ စမစ္႐ိုးကို နကီးတီးယားနဲ႔ လူစားလဲလိုက္တာျဖစ္ပါတယ္။ အသင္းအတြက္ ပရီးမီးယားလိဂ္မွာ ဂိုးအမ်ားဆုံး ၈ ဂိုးအထိ သြင္းယူထားခဲ့တဲ့ စမစ္႐ိုးဟာ ၿပီးခဲ့တဲ့ လီဗာပူးလ္နဲ႔ ပြဲကတည္းက မာတီနယ္လီနဲ႔ ေနရာခ်င္း ထပ္ေနၿပီး ေလွ်ာက္ေျပးေနတဲ့ ဘရာဇီးလ္သားေၾကာင့္ သူ႔ရဲ႕ ေ႐ြ႕လ်ားရမယ့္ လမ္းေၾကာင္းေတြကို ကန႔္သတ္ခံခဲ့ရသလို ဒီေန႔ပြဲမွာလည္း ႐ုန္းခဲ့ရေပမယ့္ လာကာဇက္ကို ဖန္တီးေပးတာမ်ိဳးက ကြင္းထဲမွာ ဆက္သုံးၿပီး ဂိုးရွာေဖြခိုင္းဖို႔သင့္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဧရိယာထဲလည္း မဝင္ႏိုင္၊ ကိုယ္လုံးလည္း မရွိ၊ ေဘာလုံးလည္း မေပးႏိုင္၊ ကန္ခြင့္လည္း မရတဲ့ ပိစိေညႇာက္ေတာက္ တိုက္စစ္မႉး နကီးတီးယားကို ကာယအား သုံးလြန္းတဲ့ ဘန္ေလခံစစ္နဲ႔ ေတြ႕ခိုင္းလိုက္တာကေတာ့ အာတီတာ ဘယ္ေလာက္မွားၿပီး ႀကံရာမရျဖစ္ခဲ့သလဲဆိုတာ သိသာလြန္းခဲ့တာပါ။

ျပန္ထိုင္ခိုင္းသင့္ေနတဲ့ မာတီနယ္လီ
ယာဂန္ ကေလာ့ပ္ရဲ႕ အေကာင္းဆုံးဆိုတဲ့ ေဆးမိေနတဲ့ မာတီနယ္လီကေတာ့ အာဆင္နယ္ဘယ္ျခမ္းမွာ တလြဲဆံပင္ေကာင္းေနခဲ့ပါတယ္။ မလိုအပ္ဘဲ ေဘာလုံးကိုင္ၿပီး ဆြဲေျပးေနတာေတြက အသင္းတိုက္စစ္တြဲလုံးေတြကို ပ်က္ျပားေစခဲ့သလို တီယာနီ၊ စမစ္႐ိုးနဲ႔ လာကာဇက္တို႔ကို စိတ္ပ်က္ေစခဲ့ၿပီး ဘယ္ေတာင္ပံမွာ သူ႔ေနရာကို အာမခံခ်က္ရထားလို႔ ငါတေကာေကာေနတဲ့ ပုံစံလည္း ျဖစ္ေနခဲ့တာပါ။ ကြင္းလယ္မွာ လူျပန္စုံလာခဲ့ရင္ စမစ္႐ိုးကို ဘယ္ျခမ္းမွာ ျပန္သုံးၿပီး ဘရာဇီးလ္သားကို အရန္ခုံမွာ ျပန္ထိုင္ခိုင္းၿပီး ပုံစံေပးသင့္ေနၿပီျဖစ္သလို ဒီေန႔ပြဲမွာလည္း လူစားလဲခဲ့သင့္ေပမယ့္ ဆက္ထားခဲ့တာက အလုပ္မျဖစ္ေစသလို အနည္းဆုံးေတာ့ ႏူႏို တာဗာရက္စ္နဲ႔ လဲစမ္းၾကည့္ခဲ့သင့္တာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.