Match Report Premier League

စပါးစ်ကို အိမ်ကွင်းမှာ တောက်ချပြီး အဆင့် ၃ ကို မထိနဲ့လို့ ပညာပေးလိုက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့လန်ဒန်ဒါဘီမှာ သူတို့ရဲ့ ဗြဲလယမ်းဖြစ်နေခဲ့တဲ့ ၃-၄-၃ ကစားကွက်ကို စွန့်လွှတ်ပြီး ၄-၃-၃ ပုံစံကို ပြန်ခင်းခဲ့သလို ခံစစ်မှာ ရူဒီဂါ၊ သီယာဂို ဆေးလ်ဗား၊ အက်ဇ်ပီလီကွေတာနဲ့ မာလန်းဆားရ်တို့ ကစားခဲကြသလို ကွင်းလယ်မှာ ဂျော်ဂျင်ညို၊ ကိုဗာချစ်နဲ့ မေဆန်မောင့်တို့ကို ပွဲထုတ်ခဲ့ချိန်မှာ တိုက်စစ်မှာတော့ လူကာကူးကို ဟဒ်ဆန်-အိုဒွိုင်းနဲ့ ဇီးယက်ရှ်တို့က ဘယ်ညာရံပြီး ပွဲထွက်လာခဲ့ကြပါတယ်။

စပါးစ်အသင်းကတော့ ဒီနေ့ပွဲမှာ လူစာရင်း အပြောင်းအလဲလုပ်ပုံ များလွန်းနေခဲ့ပြီး ခံစစ်မှာ ဒေးဗီးစ်၊ ဆန်ချက်ဇ်၊ တန်ဂန်ဂါတို့ ကစားခဲ့ချိန်မှာ ရိုယဲလ်နဲ့ ရက်ဂီယွန်တို့ကို တောင်ပံတွေမှာ သုံးရမယ့်အစား ဒိုဟာတီနဲ့ ဆီဆက်ညွန်တို့ကို သုံးခဲ့တာကတော့ မခန့်လေးစားပုံစံဖြစ်ခဲ့သလို တိုက်စစ်မှာလည်း ဟာရီကိန်းကို ဘာ့ဂ်ဗိုင်းနဲ့ တွဲပေးခဲ့တာပါ။

ကွန်တီအနေနဲ့ ချဲလ်ဆီးခံစစ်ကို အရှိထက် ပိုလျှော့တွက်ပြီး တိုက်စစ်ကိုတော့ ကြောက်သင့်တာထက် ပိုကြောက်နေခဲ့တာကို တွေ့ခဲ့ရပြီး သူ့ရဲ့ ပွဲအပေါ် ချဉ်းကပ်ပုံက ပြောင်းပြန်ဖြစ်နေခဲ့သလို ကွင်းလယ်အဖျက်ဖြစ်တဲ့ အဲရစ် ဒိုင်ယာ အပါအဝင် ဗဟိုခံစစ်ကစားမယ့်သူ ၄ ဦးအထိ သုံးခဲ့သလို တိုက်စစ်ရော ခံစစ်ပါ မပိုင်တဲ့ ဆီဆက်ညွန်ကတော့ ဇီးယက်ရှ်ကို ထိန်းချုပ်ဖို့လည်း ရုန်းကန်နေခဲ့ရပါတယ်။

ချဲလ်ဆီးရဲ့ ဇီးယက်ရှ်က ခြေစွမ်းပြပြီး စပါးစ်ရဲ့ လိုရစ်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နေခဲ့ချိန်မှာ ကွန်တီရဲ့ လူတွေကတော့ ဘောလုံးပိုင်ဆိုင်မှုကို လက်လွှတ်ခဲ့ရပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရုန်းကန်ခဲ့ရသလို ပွဲချိန် ၁၈ မိနစ်မှာ မာလန်းဆားရ်ရဲ့ ခြေထောက်ကို ကျိုးသွားနိုင်တဲ့ အနေအထားကနေ တက်နင်းတဲ့ ဒိုဟာတီ အနီမထိခဲ့တာကတော့ ပရိသတ်တွေ ပေါက်ကွဲစရာလည်းဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင် တီယာနီကို လှောင်ပြောင်အော်ဟစ်ခဲ့ကြတာပါ။

ပွဲချိန် ၃၁ မိနစ်မှာတော့ အနီးကပ်ရတဲ့ အခွင့်အရေးကို လူကာကူး လွဲချော်ခဲ့သလို ဟဒ်ဆန်-အိုဒွိုင်းကတော့ ဘယ်ခြမ်းကနေ ဖြုန်းတီးနေခဲ့ပြီး ပွဲချိန် မိနစ် ၄၀ မှာတော့ ဘယ်ခြမ်းကနေ ဆီဆက်ညွန် ချိုးပေးတဲ့ ဘောလုံးကို ဟာရီကိန်းက ကီပါရဲ့ ဂိုးပေါက်ထဲ ကန်ထည့်နိုင်ခဲ့ပေမယ့် မကန်သွင်းခင်မှာ သီယာဂို ဆေးလ်ဗားကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဂိုးအဖြစ်ကနေ ပယ်ဖျက်ခံခဲ့ရပြီး ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၂ မိနစ် မပြည့်ခင်မှာပဲ ချဲလ်ဆီးတို့ အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီး ဘယ်တောင်ပံကနေ ဟဒ်ဆန်-အိုဒွိုင်းက ဆွဲလာပြီး အတွင်းကို ချိုးပြီးမှ ညာခြမ်းကို ပေးခဲ့တာကို ဇီးယက်ရှ်က သူ့ကို ပိတ်ဆို့ဖို့ နောက်ကျနေတဲ့ စပါးစ်ခံစစ်သမားတွေကို အခွင့်ကောင်းယူပြီး ဖရီးကစ်ဆန်ဆန် စိတ်ကြိုက်ကန်သွင်းခဲ့ရာမှာ အဝေးတိုင်အပေါ်ထောင့်ကို တိတိကျကျ ဝင်သွားခဲ့လို့ ပွဲချိန် ၄၇ မိနစ်မှာ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၄၉ မိနစ်မှာတော့ မေဆန်မောင့် ကန်တာကို ဆန်းချက်ဇ် ပိတ်တာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဇီးယက်ရှ်က အပြင်းကန်သွင်းခဲ့ပေမယ့် ဂိုးသမား လိုရစ် ပုတ်ထုတ်သွားနိုင်ခဲ့လို့ ချဲလ်ဆီးနဲ့ မော်ရိုကိုသားတို့ ဒုတိယဂိုးကို ဆက်တိုက်ရရှိနိုင်မယ့် အခွင့်အရေး ငြင်းပယ်ခံခဲ့ရပြီး လက်စတာကို အဝေးကွင်းမှာ ဝုန်းခဲ့လို့ အထင်ကြီးခဲ့ရတဲ့ ဆရာကြီး ကွန်တီရဲ့ ခံစစ်ကတော့ စိတ်ပျက်စရာကြီးကို ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေနိုင်ခဲ့ကြပြီး ဘယ်ခြမ်းမှာ ရတဲ့ ဖရီးကစ်ကို မေဆန်မောင့် ကန်တင်ခဲ့ရာမှာ စပါးစ်ခံစစ်ကြားကနေ လွတ်သွားခဲ့တဲ့ နောက်ခံလူ သီယာဂို ဆေးလ်ဗားက မြေထောက်ခေါင်းတိုက်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဒီဒီယေး ဒရော့ဘာကို ကျော်ဖြတ်ပြီး တင်ရှိခဲ့တဲ့ အသင်းအတွက် အသက်အကြီးဆုံး ဂိုးသွင်းတဲ့ စံချိန်ကို ၃၇ နှစ်နဲ့ ၁၂၃ ရက်အရွယ်နဲ့ ထပ်ချိုးခဲ့တာလည်းဖြစ်ပါတယ်။

ဂိုးပေးလိုက်ရအပြီးမှာ တန်ဂန်ဂါနဲ့ ဆီဆက်ညွန်တို့အစား စကစ်ပ်နဲ့ လူးကပ်စ် မော်ရာကို ထည့်ပြီး ကွန်တီက တိုက်စစ်မြှင့်ခဲ့သလို ပွဲချိန် ၅၈ မိနစ်မှာ တန်ပြန်တိုက်စစ်က ဖြတ်တင်ဘောကနေ ပြန်ကျလာတာကို ဘာ့ဂ်ဗိုင်းက ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ကီပါ ဖမ်းယူသွားနိုင်ခဲ့ပြီး ပွဲချိန် ၆၇ မိနစ်မှာတော့ အက်ဇ်ပီလီကွေတာကို ဧရိယာထဲမှာ ဆွဲလှဲခံခဲ့ရပေမယ့် ပင်နယ်တီပေးဖို့ ဒိုင်ဘက်က ငြင်းပယ်သွားခဲ့တာပါ။

ပွဲချိန် ၆၇ မိနစ်မှာ လိုရစ် ဘောလုံးထွက်ရှင်းတာက ဟဒ်ဆန်-အိုဒွိုင်းနဲ့ ထိခဲ့ပေမယ့် ဂိုးလွန်ဘောဖြစ်သွားခဲ့လို့ စပါးစ်တို့ သက်သာခဲ့ရသလို တစ်မိနစ်အကြာမှာ လူကာကူးရဲ့ ဘယ်ခြေကန်ချက်ကိုတော့ လိုရစ် ပုတ်ထုတ်နိုင်ခဲ့ပြီး စပါးစ်တို့ကတော့ တန်ပြန်တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးရှေ့နားမှာ နားလည်မှု နည်းနေခဲ့တာကြောင့် ဘဲဥကွဲဖို့ ခက်ခဲခဲ့ပြီး အိမ်ရှင်တွေဘက်က ဂျော်ဂျင်ညိုအစား ကွန်တေနဲ့ လူစားလဲကစားခဲ့ပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဟာရီကိန်းရဲ့ ခေါင်းတိုက်ချက်ကို ကီပါ ပုတ်ထုတ်သွားနိုင်ခဲ့သလို လက်ကျန်ပွဲချိန်တွေမှာတော့ ချဲလ်ဆီးနည်းပြ တူဟယ်လ်က မားကို့စ် အလွန်ဆိုနဲ့ ဆာအူးလ် ညီးရက်ဇ်တို့ကို ဟဒ်ဆန်-အိုဒွိုင်းနဲ့ ဇီးယက်ရှ်တို့အစား လူစားလဲပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းသွားခဲ့ကြလို့ ပွဲချိန် အပြည့်မှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဒီနေ့ပွဲရလဒ်ကြောင့် ချဲလ်ဆီးတို့အနေနဲ့ အမှတ်ပေးဇယားမှာ ဦးဆောင်သူ မန်စီးတီးနဲ့ တစ်ပွဲပိုကစားပြီး ၁၀ မှတ်၊ ဒုတိယနေရာက လီဗာပူးလ်နဲ့ နှစ်ပွဲပိုကစားပြီး ၁ မှတ် ကွာဟနေခဲ့ပေမယ့် စပါးစ်တို့ရဲ့ အဆင့် ၃ နေရာကို ခြိမ်းခြောက်မှုကိုတော့ အိမ်ကွင်းမှာ တောက်ချပြီး တားဆီးသွားနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်မှတ်တမ်းကိုလည်း ရပ်တန့်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔လန္ဒန္ဒါဘီမွာ သူတို႔ရဲ႕ ၿဗဲလယမ္းျဖစ္ေနခဲ့တဲ့ ၃-၄-၃ ကစားကြက္ကို စြန႔္လႊတ္ၿပီး ၄-၃-၃ ပုံစံကို ျပန္ခင္းခဲ့သလို ခံစစ္မွာ ႐ူဒီဂါ၊ သီယာဂို ေဆးလ္ဗား၊ အက္ဇ္ပီလီေကြတာနဲ႔ မာလန္းဆားရ္တို႔ ကစားခဲၾကသလို ကြင္းလယ္မွာ ေဂ်ာ္ဂ်င္ညိဳ၊ ကိုဗာခ်စ္နဲ႔ ေမဆန္ေမာင့္တို႔ကို ပြဲထုတ္ခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ လူကာကူးကို ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ဇီးယက္ရွ္တို႔က ဘယ္ညာရံၿပီး ပြဲထြက္လာခဲ့ၾကပါတယ္။

စပါးစ္အသင္းကေတာ့ ဒီေန႔ပြဲမွာ လူစာရင္း အေျပာင္းအလဲလုပ္ပုံ မ်ားလြန္းေနခဲ့ၿပီး ခံစစ္မွာ ေဒးဗီးစ္၊ ဆန္ခ်က္ဇ္၊ တန္ဂန္ဂါတို႔ ကစားခဲ့ခ်ိန္မွာ ႐ိုယဲလ္နဲ႔ ရက္ဂီယြန္တို႔ကို ေတာင္ပံေတြမွာ သုံးရမယ့္အစား ဒိုဟာတီနဲ႔ ဆီဆက္ၫြန္တို႔ကို သုံးခဲ့တာကေတာ့ မခန႔္ေလးစားပုံစံျဖစ္ခဲ့သလို တိုက္စစ္မွာလည္း ဟာရီကိန္းကို ဘာ့ဂ္ဗိုင္းနဲ႔ တြဲေပးခဲ့တာပါ။

ကြန္တီအေနနဲ႔ ခ်ဲလ္ဆီးခံစစ္ကို အရွိထက္ ပိုေလွ်ာ့တြက္ၿပီး တိုက္စစ္ကိုေတာ့ ေၾကာက္သင့္တာထက္ ပိုေၾကာက္ေနခဲ့တာကို ေတြ႕ခဲ့ရၿပီး သူ႔ရဲ႕ ပြဲအေပၚ ခ်ဥ္းကပ္ပုံက ေျပာင္းျပန္ျဖစ္ေနခဲ့သလို ကြင္းလယ္အဖ်က္ျဖစ္တဲ့ အဲရစ္ ဒိုင္ယာ အပါအဝင္ ဗဟိုခံစစ္ကစားမယ့္သူ ၄ ဦးအထိ သုံးခဲ့သလို တိုက္စစ္ေရာ ခံစစ္ပါ မပိုင္တဲ့ ဆီဆက္ၫြန္ကေတာ့ ဇီးယက္ရွ္ကို ထိန္းခ်ဳပ္ဖို႔လည္း ႐ုန္းကန္ေနခဲ့ရပါတယ္။

ခ်ဲလ္ဆီးရဲ႕ ဇီးယက္ရွ္က ေျခစြမ္းျပၿပီး စပါးစ္ရဲ႕ လိုရစ္ကို အႀကိမ္ႀကိမ္ ၿခိမ္းေျခာက္ေနခဲ့ခ်ိန္မွာ ကြန္တီရဲ႕ လူေတြကေတာ့ ေဘာလုံးပိုင္ဆိုင္မႈကို လက္လႊတ္ခဲ့ရၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ႐ုန္းကန္ခဲ့ရသလို ပြဲခ်ိန္ ၁၈ မိနစ္မွာ မာလန္းဆားရ္ရဲ႕ ေျခေထာက္ကို က်ိဳးသြားႏိုင္တဲ့ အေနအထားကေန တက္နင္းတဲ့ ဒိုဟာတီ အနီမထိခဲ့တာကေတာ့ ပရိသတ္ေတြ ေပါက္ကြဲစရာလည္းျဖစ္ခဲ့ၿပီး ကြင္းလယ္ဒိုင္ တီယာနီကို ေလွာင္ေျပာင္ေအာ္ဟစ္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ အနီးကပ္ရတဲ့ အခြင့္အေရးကို လူကာကူး လြဲေခ်ာ္ခဲ့သလို ဟဒ္ဆန္-အိုဒြိဳင္းကေတာ့ ဘယ္ျခမ္းကေန ျဖဳန္းတီးေနခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ ဘယ္ျခမ္းကေန ဆီဆက္ၫြန္ ခ်ိဳးေပးတဲ့ ေဘာလုံးကို ဟာရီကိန္းက ကီပါရဲ႕ ဂိုးေပါက္ထဲ ကန္ထည့္ႏိုင္ခဲ့ေပမယ့္ မကန္သြင္းခင္မွာ သီယာဂို ေဆးလ္ဗားကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ ဂိုးအျဖစ္ကေန ပယ္ဖ်က္ခံခဲ့ရၿပီး ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ၂ မိနစ္ မျပည့္ခင္မွာပဲ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုးကို စတင္သြင္းယူႏိုင္ခဲ့ၿပီး ဘယ္ေတာင္ပံကေန ဟဒ္ဆန္-အိုဒြိဳင္းက ဆြဲလာၿပီး အတြင္းကို ခ်ိဳးၿပီးမွ ညာျခမ္းကို ေပးခဲ့တာကို ဇီးယက္ရွ္က သူ႔ကို ပိတ္ဆို႔ဖို႔ ေနာက္က်ေနတဲ့ စပါးစ္ခံစစ္သမားေတြကို အခြင့္ေကာင္းယူၿပီး ဖရီးကစ္ဆန္ဆန္ စိတ္ႀကိဳက္ကန္သြင္းခဲ့ရာမွာ အေဝးတိုင္အေပၚေထာင့္ကို တိတိက်က် ဝင္သြားခဲ့လို႔ ပြဲခ်ိန္ ၄၇ မိနစ္မွာ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ ေမဆန္ေမာင့္ ကန္တာကို ဆန္းခ်က္ဇ္ ပိတ္တာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ဇီးယက္ရွ္က အျပင္းကန္သြင္းခဲ့ေပမယ့္ ဂိုးသမား လိုရစ္ ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးနဲ႔ ေမာ္႐ိုကိုသားတို႔ ဒုတိယဂိုးကို ဆက္တိုက္ရရွိႏိုင္မယ့္ အခြင့္အေရး ျငင္းပယ္ခံခဲ့ရၿပီး လက္စတာကို အေဝးကြင္းမွာ ဝုန္းခဲ့လို႔ အထင္ႀကီးခဲ့ရတဲ့ ဆရာႀကီး ကြန္တီရဲ႕ ခံစစ္ကေတာ့ စိတ္ပ်က္စရာႀကီးကို ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရွာေဖြႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းမွာ ရတဲ့ ဖရီးကစ္ကို ေမဆန္ေမာင့္ ကန္တင္ခဲ့ရာမွာ စပါးစ္ခံစစ္ၾကားကေန လြတ္သြားခဲ့တဲ့ ေနာက္ခံလူ သီယာဂို ေဆးလ္ဗားက ေျမေထာက္ေခါင္းတိုက္ခ်က္နဲ႔ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဒီဒီေယး ဒေရာ့ဘာကို ေက်ာ္ျဖတ္ၿပီး တင္ရွိခဲ့တဲ့ အသင္းအတြက္ အသက္အႀကီးဆုံး ဂိုးသြင္းတဲ့ စံခ်ိန္ကို ၃၇ ႏွစ္နဲ႔ ၁၂၃ ရက္အ႐ြယ္နဲ႔ ထပ္ခ်ိဳးခဲ့တာလည္းျဖစ္ပါတယ္။

ဂိုးေပးလိုက္ရအၿပီးမွာ တန္ဂန္ဂါနဲ႔ ဆီဆက္ၫြန္တို႔အစား စကစ္ပ္နဲ႔ လူးကပ္စ္ ေမာ္ရာကို ထည့္ၿပီး ကြန္တီက တိုက္စစ္ျမႇင့္ခဲ့သလို ပြဲခ်ိန္ ၅၈ မိနစ္မွာ တန္ျပန္တိုက္စစ္က ျဖတ္တင္ေဘာကေန ျပန္က်လာတာကို ဘာ့ဂ္ဗိုင္းက ကန္သြင္းခဲ့ေပမယ့္ ဂိုးသမား ကီပါ ဖမ္းယူသြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ အက္ဇ္ပီလီေကြတာကို ဧရိယာထဲမွာ ဆြဲလွဲခံခဲ့ရေပမယ့္ ပင္နယ္တီေပးဖို႔ ဒိုင္ဘက္က ျငင္းပယ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၆၇ မိနစ္မွာ လိုရစ္ ေဘာလုံးထြက္ရွင္းတာက ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ထိခဲ့ေပမယ့္ ဂိုးလြန္ေဘာျဖစ္သြားခဲ့လို႔ စပါးစ္တို႔ သက္သာခဲ့ရသလို တစ္မိနစ္အၾကာမွာ လူကာကူးရဲ႕ ဘယ္ေျခကန္ခ်က္ကိုေတာ့ လိုရစ္ ပုတ္ထုတ္ႏိုင္ခဲ့ၿပီး စပါးစ္တို႔ကေတာ့ တန္ျပန္တိုက္စစ္ဆင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဂိုးေရွ႕နားမွာ နားလည္မႈ နည္းေနခဲ့တာေၾကာင့္ ဘဲဥကြဲဖို႔ ခက္ခဲခဲ့ၿပီး အိမ္ရွင္ေတြဘက္က ေဂ်ာ္ဂ်င္ညိဳအစား ကြန္ေတနဲ႔ လူစားလဲကစားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ဟာရီကိန္းရဲ႕ ေခါင္းတိုက္ခ်က္ကို ကီပါ ပုတ္ထုတ္သြားႏိုင္ခဲ့သလို လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ခ်ဲလ္ဆီးနည္းျပ တူဟယ္လ္က မားကို႔စ္ အလြန္ဆိုနဲ႔ ဆာအူးလ္ ညီးရက္ဇ္တို႔ကို ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ဇီးယက္ရွ္တို႔အစား လူစားလဲၿပီး အႏိုင္ရလဒ္ကို ထိန္းသိမ္းသြားခဲ့ၾကလို႔ ပြဲခ်ိန္ အျပည့္မွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဒီေန႔ပြဲရလဒ္ေၾကာင့္ ခ်ဲလ္ဆီးတို႔အေနနဲ႔ အမွတ္ေပးဇယားမွာ ဦးေဆာင္သူ မန္စီးတီးနဲ႔ တစ္ပြဲပိုကစားၿပီး ၁၀ မွတ္၊ ဒုတိယေနရာက လီဗာပူးလ္နဲ႔ ႏွစ္ပြဲပိုကစားၿပီး ၁ မွတ္ ကြာဟေနခဲ့ေပမယ့္ စပါးစ္တို႔ရဲ႕ အဆင့္ ၃ ေနရာကို ၿခိမ္းေျခာက္မႈကိုေတာ့ အိမ္ကြင္းမွာ ေတာက္ခ်ၿပီး တားဆီးသြားႏိုင္ခဲ့သလို ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၄ ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္မွတ္တမ္းကိုလည္း ရပ္တန႔္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.