Match Report Premier League

အဆင့် ၄ မျှော်တဲ့ အာကြီးတို့ရဲ့ အိမ်ကွင်းမှာ ဘန်လေကို တစ်မှတ်ခွဲပေးခဲ့ရတဲ့ပွဲ

အာဆင်နယ်တို့အနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ ပွဲပယ်နဲ့ ဒဏ်ရာကစားသမားတွေကြားက အကောင်းဆုံးလူစာရင်းကို စိစစ်ရွေးထုတ်လာခဲ့ပြီး ခံစစ်မှာ ဘန်ဝှိုက်က ညာခြမ်းထွက်ကစားခဲ့ပြီး ဟိုးလ်ဒင်းနဲ့ ဂါဘရီယယ်လ်တို့ အလယ်မှာ တွဲကစားခဲ့ကြသလို ကွင်းလယ်မှာ ဆမ်ဘီ လိုကွန်ဂါကို လီဗာပူးလ်နဲ့ ပွဲကအတိုင်း အော်ဒီဂွါဒ်၊ စမစ်ရိုးတို့နဲ့ တွဲပေးခဲ့ပြီး တိုက်စစ်မှာတော့ လာကာဇက်၊ မာတီနယ်လီနဲ့ ဆာကာတို့ ကစားနေခဲ့ကြပါတယ်။

ဘန်လေကတော့ အဝေးကွင်းမှာ ပိတ်ကစားဖို့ပဲ ရည်ရွယ်လာခဲ့ပြီး တိုက်စစ်ဦးစားပေးကစားသမား ဂွတ်ဒ်မွန်ဆန်ကို အရန်ခုံမှာ ထားခဲ့တာက သိသာခဲ့သလို ပီးတားစ်၊ ဘန်မီး၊ တာကော့ဗ်စကီး၊ ဝက်စ်ဝုဒ်၊ ဘရောင်းဟေးလ်တို့နဲ့ ခံစစ်ဦးစားပေးလာခဲ့သလို တိုက်စစ်မှာတော့ ဗစ်ဒရာ၊ မက်နီးလ်နဲ့ ဂျေး ရိုဒရီရက်ဇ်တို့ ပွဲထွက်လာခဲ့ကြတာပါ။

အာဆင်နယ်နည်းပြ အာတီတာကတော့ အမှတ်မရှိသေးဘူးလို့ပဲ ပြောရမလို ကွင်းလယ်မှာ ဘောလုံးလက်ခံဖို့ မရဲဘဲ ရှောင်ပြေးနေတဲ့ ဆမ်ဘီ လိုကွန်ဂါဆီက ဘာတွေ လိုချင်မှန်း မသိဘဲဖြစ်နေပြီး ခံစစ်ဇုန်ကနေ ဘောလုံးဖြန့်နိုင်တဲ့သူမျိုးလည်း မရှိတဲ့အခါ ရှိတဲ့သူနဲ့ ပေါင်းလုပ်ကြလို့ပဲ မှာထားသလို ထင်ခဲ့ရပြီး ဘန်ဝှိုက်ကို ထည့်မပြောရင်တောင် ဘယ်ခြမ်းက တီယာနီဟာ Full Back တစ်ယောက်လိုမျိုး မကစားဘဲ ရှေ့သိပ်မလိုက်ခဲ့တာကို တွေ့ရပါတယ်။

မော်ဒန်ဘောလုံးမှာ နောက်ခံအစွန်လူ မပါတဲ့ တိုက်စစ်ဆိုတာ မရှိချိန်မှာ အာတီတာကတော့ ရှေ့မှာ အလုပ်မဖြစ်တဲ့ မာတီနယ်လီ၊ ဆာကာနဲ့ စမစ်ရိုးတို့ကို အော်ဒီဂွါဒ်ရှေ့က ပတ်ပြေးခိုင်းထားခဲ့ပြီး ဘရာဇီးလ်သားကတော့ သူ့ကို နေရာလုမယ့်သူ မရှိချိန်မှာ ထရိန်နင်မှာတောင် မလုပ်ဖူးတဲ့ ကန်ချက်မျိုးတွေနဲ့ ဖြုန်းတီးနေခဲ့တာကိုလည်း တွေ့ရပါတယ်။

လုပ်ချင်ကိုင်ချင်စိတ် များလွန်းနေတဲ့ မာတီနယ်လီအနေနဲ့ တီယာနီနဲ့ ချိတ်ဆက်ကစားဖို့ကိုလည်း မသိတော့ဘဲ နှစ်ယောက်က တဖြည်းဖြည်း အစေးမကပ်ဘဲ ဖြစ်လာခဲ့သလို သူတို့နှစ်ဦးစလုံးဟာ လီဗာပူးလ်ရဲ့ မာနေးနဲ့ ရောဘတ်ဆန်တို့ စတိုင်မျိုး ကစားနိုင်တဲ့ အရည်အသွေးကို လှေကြီးထိုး ရိုးရိုးအကွက်တွေနဲ့သာ အချိန်ကုန်ပြီး ဘယ်သူ့အတွက်မှ အကျိုးမရှိခဲ့ရတာပါ။

အာဆင်နယ်တို့ မျှော်လင့်တဲ့ အဝေးတိုင်ဘက်ဆီ ကန်ချက်တွေကို မပေးရဖို့ ဘန်လေခံစစ်က တတ်နိုင်သလောက် ပိတ်ဆို့သွားခဲ့ချိန်မှာ လူငယ်တွေ မပြောနဲ့ လာကာဇက်တောင်မှ ဘာလုပ်ရမှန်းမသိဘဲ ဖြစ်နေခဲ့ပြီး ဘောလုံးကို အဆင်သင့် ဖြန့်ပေးနိုင်တဲ့ ချာကာ မပါခဲ့တာက သိသာလွန်းသလို အပြစ်တင်နေတဲ့ ဂန်းနားဖန်တွေအတွက်တော့ ကိုယ့်လူစာရင်းမှာ ဘယ်သူက ဖားလားငါးလားဆိုတာ သိသွားခဲ့တဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာ အော်ဒီဂွါဒ်နဲ့ လာကာဇက်တို့ တန်ပြန်တိုက်စစ်ကနေ နှစ်ကြိမ်ဆက်တိုက် ကန်ခွင့်ရခဲ့တာလောက်ပဲ အိမ်ရှင်တွေအတွက် ပြောစရာကောင်းကောင်းရှိခဲ့ပြီး ညာခြမ်းက ဘန်ဝှိုက်ကလည်း ဆာကာကို မကူနိုင်တာနဲ့ Overlapping Sense မရှိတာတွေရယ်ကြောင့် ပထမပိုင်းမှာ ဂိုးမရှိ သရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ပဲ ၇၆ ရာခိုင်နှုန်းအထိ ဘောလုံးကိုင်ကစားခဲ့ပေမယ့် ဘန်လေခံစစ်ကို အပေါက်ရှာမတွေ့ခဲ့သလို နောက်ခံလူတွေရဲ့ Blind Side ကို ထိုးဖောက်ဖို့ကို သူတို့တွေ လုံးဝမတတ်နိုင်ခဲ့ကြဘဲ ပွဲချိန် ၆၄ မိနစ်မှာ ထောင့်ကန်ဘောကနေ နောက်ချန်နေခဲ့တဲ့ စမစ်ရိုးရဲ့ အနိမ့်ဘော ကန်ချက်ကိုလည်း ဂိုးသမား နစ်ခ် ပုပ် ကာကွယ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ စမစ်ရိုးက တာကော့ဗ်စကီးကို တစ်ဦးချင်း ဖြတ်ကျော်သွားခဲ့ပြီး ဂိုးစည်းနားကနေ Cut Back ပြန်ချိုးပေးတာကို လာကာဇက်က နောက်ခံလူ ဘန်မီးရဲ့ ဖိအားပေးမှုအောက်မှာ ဝင်အောင်မကန်နိုင်ခဲ့လို့ အာဆင်နယ်တို့ ကြီးကြီးမားမား နစ်နာခဲ့ရသလို ကျန်တဲ့ အချိန်တွေမှာတော့ ဘန်လေရဲ့ ဘော်ဒီစားမှုတွေကို မခံနိုင်ကြလို့ တိုက်စစ်က ရပ်တန့်ခဲ့ရတာဖြစ်ပါတယ်။

ဂိုးပေါက် အကြိမ် ၂၀ ကန်ပြီး ၅ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တဲ့ ပွဲမှာ တိုက်စစ်ကို ကုစားဖို့ လျှောက်ပြေးနေတဲ့ မာတီနယ်လီကို လဲရမယ့်အစား ပါးနပ်တဲ့ စမစ်ရိုးကို နကီးတီးယားနဲ့ လဲခဲ့လို့ တိုက်စစ်က ပိုတိုင်ပတ်သွားခဲ့သလို အသင်းက ထွက်ခွာမယ့်လို့ သတင်းပြေးနေတဲ့ အင်္ဂလန် ယူ-၂၁ တိုက်စစ်မှူးဟောင်းဟာ ဘန်လေရဲ့ ဘော်ဒီကြီးတဲ့ ဂိုးဧရိယာထဲကို တိုးဝင်ဖို့နေနေသာသာ ကွင်းလယ်လူလား မှတ်ရအောင်ပဲ နောက်ဆင်းပြီး ကစားနေခဲ့တာကြောင့် အာတီတာရဲ့ လူစားလဲမှုက မအောင်မြင်ဘဲဖြစ်ခဲ့ရတာပါ။

အရန်ခုံက နူနို တာဗာရက်စ်နဲ့ တီယာနီ သို့မဟုတ် ဟိုးလ်ဒင်းကို လဲပြီး အခွင့်အရေး ရှာဖွေသင့်ပေမယ့် မလုပ်နိုင်ခဲ့တာ၊ ဇန်နဝါရီမှာ လူစောစော မခေါ်ဘဲ ရှိသမျှ အငှားနဲ့ ထွက်ခွင့်ပေးလိုက်တာ၊ အပြောင်းအရွှေ့တွေကို ဆောင်ရွက်တဲ့ အီဒူး အသုံးမကျဘဲ ကိုယ့်လူစာရင်းအင်အား Squad Depth ကို မသိတာတွေက အာဆင်နယ်တို့အတွက် အထိနာခဲ့ပြီး သူများအသင်းတွေမှာ ကွင်းလယ်လူ ဘယ်နှစ်ယောက်လောက် စုဆောင်းထားသလဲဆိုတာကို သူတို့တွေ မလေ့လာခဲ့ပုံလည်း ရပါတယ်။

ပွဲသိမ်းခါနီးအချိန်တွေမှာတော့ ဂိုးသမား နစ်ခ် ပုပ်ဆီကို အနားသီဖို့ နေနေသာသာ ဘန်လေဘက်က တောင်ပံကစားသမား မက်နီးလ်ရဲ့ တန်ပြန်တိုက်စစ်က ခြိမ်းခြောက်မှုတွေနဲ့တောင် အသည်းအသန်ဖြစ်ခဲ့ရသေးပြီး နာကျင်အချိန်ပို ၄ မိနစ်အပြီးမှာတော့ တောင်ကန်မြောက်ကန်နဲ့ ထိန်းကျောင်းသူ မရှိတဲ့ အာတီတာရဲ့အသင်းက တန်းဆင်းဇုန် အဆင့် ၂၀ က အသင်းကို ဘဲဥမကွဲဘဲ သရေကျခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ပရီးမီးယားလိဂ် ခရီးကြမ်းနဲ့ ရေရှည်ပြိုင်ပွဲတွေအတွက် စီမံခန့်ခွဲမှုဆိုတာ ဘာလဲလို့ အာဆင်နယ်တို့ သင်ခန်းစာအဖြစ် သဘောပေါက်ကောင်း ပေါက်သွားနိုင်ပေမယ့် အိမ်ကွင်းမှာ တစ်မှတ်တည်းနဲ့ နစ်နာခဲ့ရသလို ဥရောပဝင်ခွင့်အတွက် အလေးပေးမှုတွေမှာ တော့တင်ဟမ် ဟော့စပါးစ်နဲ့ မန်ချက်စတာယူနိုက်တက်တို့နောက် ထားလိုက်လို့ရပြီဖြစ်တဲ့ အသင်းအနေနဲ့ လက်ရှိခြေစွမ်းက ဝက်စ်ဟမ်းကို ကျော်နိုင်ဖို့တောင်မှ မနည်းကြိုးစားရမှာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ ပြဲပယ္နဲ႔ ဒဏ္ရာကစားသမားေတြၾကားက အေကာင္းဆုံးလူစာရင္းကို စိစစ္ေ႐ြးထုတ္လာခဲ့ၿပီး ခံစစ္မွာ ဘန္ဝႈိက္က ညာျခမ္းထြက္ကစားခဲ့ၿပီး ဟိုးလ္ဒင္းနဲ႔ ဂါဘရီယယ္လ္တို႔ အလယ္မွာ တြဲကစားခဲ့ၾကသလို ကြင္းလယ္မွာ ဆမ္ဘီ လိုကြန္ဂါကို လီဗာပူးလ္နဲ႔ ပြဲကအတိုင္း ေအာ္ဒီဂြါဒ္၊ စမစ္႐ိုးတို႔နဲ႔ တြဲေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ လာကာဇက္၊ မာတီနယ္လီနဲ႔ ဆာကာတို႔ ကစားေနခဲ့ၾကပါတယ္။

ဘန္ေလကေတာ့ အေဝးကြင္းမွာ ပိတ္ကစားဖို႔ပဲ ရည္႐ြယ္လာခဲ့ၿပီး တိုက္စစ္ဦးစားေပးကစားသမား ဂြတ္ဒ္မြန္ဆန္ကို အရန္ခုံမွာ ထားခဲ့တာက သိသာခဲ့သလို ပီးတားစ္၊ ဘန္မီး၊ တာေကာ့ဗ္စကီး၊ ဝက္စ္ဝုဒ္၊ ဘေရာင္းေဟးလ္တို႔နဲ႔ ခံစစ္ဦးစားေပးလာခဲ့သလို တိုက္စစ္မွာေတာ့ ဗစ္ဒရာ၊ မက္နီးလ္နဲ႔ ေဂ်း ႐ိုဒရီရက္ဇ္တို႔ ပြဲထြက္လာခဲ့ၾကတာပါ။

အာဆင္နယ္နည္းျပ အာတီတာကေတာ့ အမွတ္မရွိေသးဘူးလို႔ပဲ ေျပာရမလို ကြင္းလယ္မွာ ေဘာလုံးလက္ခံဖို႔ မရဲဘဲ ေရွာင္ေျပးေနတဲ့ ဆမ္ဘီ လိုကြန္ဂါဆီက ဘာေတြ လိုခ်င္မွန္း မသိဘဲျဖစ္ေနၿပီး ခံစစ္ဇုန္ကေန ေဘာလုံးျဖန႔္ႏိုင္တဲ့သူမ်ိဳးလည္း မရွိတဲ့အခါ ရွိတဲ့သူနဲ႔ ေပါင္းလုပ္ၾကလို႔ပဲ မွာထားသလို ထင္ခဲ့ရၿပီး ဘန္ဝႈိက္ကို ထည့္မေျပာရင္ေတာင္ ဘယ္ျခမ္းက တီယာနီဟာ Full Back တစ္ေယာက္လိုမ်ိဳး မကစားဘဲ ေရွ႕သိပ္မလိုက္ခဲ့တာကို ေတြ႕ရပါတယ္။

ေမာ္ဒန္ေဘာလုံးမွာ ေနာက္ခံအစြန္လူ မပါတဲ့ တိုက္စစ္ဆိုတာ မရွိခ်ိန္မွာ အာတီတာကေတာ့ ေရွ႕မွာ အလုပ္မျဖစ္တဲ့ မာတီနယ္လီ၊ ဆာကာနဲ႔ စမစ္႐ိုးတို႔ကို ေအာ္ဒီဂြါဒ္ေရွ႕က ပတ္ေျပးခိုင္းထားခဲ့ၿပီး ဘရာဇီးလ္သားကေတာ့ သူ႔ကို ေနရာလုမယ့္သူ မရွိခ်ိန္မွာ ထရိန္နင္မွာေတာင္ မလုပ္ဖူးတဲ့ ကန္ခ်က္မ်ိဳးေတြနဲ႔ ျဖဳန္းတီးေနခဲ့တာကိုလည္း ေတြ႕ရပါတယ္။

လုပ္ခ်င္ကိုင္ခ်င္စိတ္ မ်ားလြန္းေနတဲ့ မာတီနယ္လီအေနနဲ႔ တီယာနီနဲ႔ ခ်ိတ္ဆက္ကစားဖို႔ကိုလည္း မသိေတာ့ဘဲ ႏွစ္ေယာက္က တျဖည္းျဖည္း အေစးမကပ္ဘဲ ျဖစ္လာခဲ့သလို သူတို႔ႏွစ္ဦးစလုံးဟာ လီဗာပူးလ္ရဲ႕ မာေနးနဲ႔ ေရာဘတ္ဆန္တို႔ စတိုင္မ်ိဳး ကစားႏိုင္တဲ့ အရည္အေသြးကို ေလွႀကီးထိုး ႐ိုး႐ိုးအကြက္ေတြနဲ႔သာ အခ်ိန္ကုန္ၿပီး ဘယ္သူ႔အတြက္မွ အက်ိဳးမရွိခဲ့ရတာပါ။

အာဆင္နယ္တို႔ ေမွ်ာ္လင့္တဲ့ အေဝးတိုင္ဘက္ဆီ ကန္ခ်က္ေတြကို မေပးရဖို႔ ဘန္ေလခံစစ္က တတ္ႏိုင္သေလာက္ ပိတ္ဆို႔သြားခဲ့ခ်ိန္မွာ လူငယ္ေတြ မေျပာနဲ႔ လာကာဇက္ေတာင္မွ ဘာလုပ္ရမွန္းမသိဘဲ ျဖစ္ေနခဲ့ၿပီး ေဘာလုံးကို အဆင္သင့္ ျဖန႔္ေပးႏိုင္တဲ့ ခ်ာကာ မပါခဲ့တာက သိသာလြန္းသလို အျပစ္တင္ေနတဲ့ ဂန္းနားဖန္ေတြအတြက္ေတာ့ ကိုယ့္လူစာရင္းမွာ ဘယ္သူက ဖားလားငါးလားဆိုတာ သိသြားခဲ့တဲ့ပြဲလည္းျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာ ေအာ္ဒီဂြါဒ္နဲ႔ လာကာဇက္တို႔ တန္ျပန္တိုက္စစ္ကေန ႏွစ္ႀကိမ္ဆက္တိုက္ ကန္ခြင့္ရခဲ့တာေလာက္ပဲ အိမ္ရွင္ေတြအတြက္ ေျပာစရာေကာင္းေကာင္းရွိခဲ့ၿပီး ညာျခမ္းက ဘန္ဝႈိက္ကလည္း ဆာကာကို မကူႏိုင္တာနဲ႔ Overlapping Sense မရွိတာေတြရယ္ေၾကာင့္ ပထမပိုင္းမွာ ဂိုးမရွိ သေရပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း အာဆင္နယ္တို႔ပဲ ၇၆ ရာခိုင္ႏႈန္းအထိ ေဘာလုံးကိုင္ကစားခဲ့ေပမယ့္ ဘန္ေလခံစစ္ကို အေပါက္ရွာမေတြ႕ခဲ့သလို ေနာက္ခံလူေတြရဲ႕ Blind Side ကို ထိုးေဖာက္ဖို႔ကို သူတို႔ေတြ လုံးဝမတတ္ႏိုင္ခဲ့ၾကဘဲ ပြဲခ်ိန္ ၆၄ မိနစ္မွာ ေထာင့္ကန္ေဘာကေန ေနာက္ခ်န္ေနခဲ့တဲ့ စမစ္႐ိုးရဲ႕ အနိမ့္ေဘာ ကန္ခ်က္ကိုလည္း ဂိုးသမား နစ္ခ္ ပုပ္ ကာကြယ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန စမစ္႐ိုးက တာေကာ့ဗ္စကီးကို တစ္ဦးခ်င္း ျဖတ္ေက်ာ္သြားခဲ့ၿပီး ဂိုးစည္းနားကေန Cut Back ျပန္ခ်ိဳးေပးတာကို လာကာဇက္က ေနာက္ခံလူ ဘန္မီးရဲ႕ ဖိအားေပးမႈေအာက္မွာ ဝင္ေအာင္မကန္ႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ ႀကီးႀကီးမားမား နစ္နာခဲ့ရသလို က်န္တဲ့ အခ်ိန္ေတြမွာေတာ့ ဘန္ေလရဲ႕ ေဘာ္ဒီစားမႈေတြကို မခံႏိုင္ၾကလို႔ တိုက္စစ္က ရပ္တန႔္ခဲ့ရတာျဖစ္ပါတယ္။

ဂိုးေပါက္ အႀကိမ္ ၂၀ ကန္ၿပီး ၅ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တဲ့ ပြဲမွာ တိုက္စစ္ကို ကုစားဖို႔ ေလွ်ာက္ေျပးေနတဲ့ မာတီနယ္လီကို လဲရမယ့္အစား ပါးနပ္တဲ့ စမစ္႐ိုးကို နကီးတီးယားနဲ႔ လဲခဲ့လို႔ တိုက္စစ္က ပိုတိုင္ပတ္သြားခဲ့သလို အသင္းက ထြက္ခြာမယ့္လို႔ သတင္းေျပးေနတဲ့ အဂၤလန္ ယူ-၂၁ တိုက္စစ္မႉးေဟာင္းဟာ ဘန္ေလရဲ႕ ေဘာ္ဒီႀကီးတဲ့ ဂိုးဧရိယာထဲကို တိုးဝင္ဖို႔ေနေနသာသာ ကြင္းလယ္လူလား မွတ္ရေအာင္ပဲ ေနာက္ဆင္းၿပီး ကစားေနခဲ့တာေၾကာင့္ အာတီတာရဲ႕ လူစားလဲမႈက မေအာင္ျမင္ဘဲျဖစ္ခဲ့ရတာပါ။

အရန္ခုံက ႏူႏို တာဗာရက္စ္နဲ႔ တီယာနီ သို႔မဟုတ္ ဟိုးလ္ဒင္းကို လဲၿပီး အခြင့္အေရး ရွာေဖြသင့္ေပမယ့္ မလုပ္ႏိုင္ခဲ့တာ၊ ဇန္နဝါရီမွာ လူေစာေစာ မေခၚဘဲ ရွိသမွ် အငွားနဲ႔ ထြက္ခြင့္ေပးလိုက္တာ၊ အေျပာင္းအေ႐ႊ႕ေတြကို ေဆာင္႐ြက္တဲ့ အီဒူး အသုံးမက်ဘဲ ကိုယ့္လူစာရင္းအင္အား Squad Depth ကို မသိတာေတြက အာဆင္နယ္တို႔အတြက္ အထိနာခဲ့ၿပီး သူမ်ားအသင္းေတြမွာ ကြင္းလယ္လူ ဘယ္ႏွစ္ေယာက္ေလာက္ စုေဆာင္းထားသလဲဆိုတာကို သူတို႔ေတြ မေလ့လာခဲ့ပုံလည္း ရပါတယ္။

ပြဲသိမ္းခါနီးအခ်ိန္ေတြမွာေတာ့ ဂိုးသမား နစ္ခ္ ပုပ္ဆီကို အနားသီဖို႔ ေနေနသာသာ ဘန္ေလဘက္က ေတာင္ပံကစားသမား မက္နီးလ္ရဲ႕ တန္ျပန္တိုက္စစ္က ၿခိမ္းေျခာက္မႈေတြနဲ႔ေတာင္ အသည္းအသန္ျဖစ္ခဲ့ရေသးၿပီး နာက်င္အခ်ိန္ပို ၄ မိနစ္အၿပီးမွာေတာ့ ေတာင္ကန္ေျမာက္ကန္နဲ႔ ထိန္းေက်ာင္းသူ မရွိတဲ့ အာတီတာရဲ႕အသင္းက တန္းဆင္းဇုန္ အဆင့္ ၂၀ က အသင္းကို ဘဲဥမကြဲဘဲ သေရက်ခဲ့ရတာလည္းျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ပရီးမီးယားလိဂ္ ခရီးၾကမ္းနဲ႔ ေရရွည္ၿပိဳင္ပြဲေတြအတြက္ စီမံခန႔္ခြဲမႈဆိုတာ ဘာလဲလို႔ အာဆင္နယ္တို႔ သင္ခန္းစာအျဖစ္ သေဘာေပါက္ေကာင္း ေပါက္သြားႏိုင္ေပမယ့္ အိမ္ကြင္းမွာ တစ္မွတ္တည္းနဲ႔ နစ္နာခဲ့ရသလို ဥေရာပဝင္ခြင့္အတြက္ အေလးေပးမႈေတြမွာ ေတာ့တင္ဟမ္ ေဟာ့စပါးစ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ေနာက္ ထားလိုက္လို႔ရၿပီျဖစ္တဲ့ အသင္းအေနနဲ႔ လက္ရွိေျခစြမ္းက ဝက္စ္ဟမ္းကို ေက်ာ္ႏိုင္ဖို႔ေတာင္မွ မနည္းႀကိဳးစားရမွာျဖစ္ပါေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.