Premier League

ဆောက်သမ်တန်နဲ့ သရေကျခဲ့တာကို မဆီမဆိုင် အာဆင်နယ်နဲ့ လီဗာပူးလ်ကိုပါ လေတိုက်သွားခဲ့တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက စနေနေ့ညက ဆောက်သမ်တန်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာကို ပြသခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်း ဆောက်သမ်တန်အသင်းနောက်ကနေ လိုက်ကစားခဲ့ရပြီးနောက် ပရီးမီးယားလိဂ် ၁၃ ပွဲဆက်တိုက် နိုင်ပွဲကို တိုးမြှင့်နိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ အေးမရစ် လာပေါ့တ်ရဲ့ ၆၅ မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့တဲ့သွင်းဂိုးက ပထမပိုင်းအစောပိုင်းမှာ အံ့အားသင့်ဖွယ် အဖွင့်ဂိုးသွင်းယူခဲ့တဲ့ ဆောက်သမ်တန်နောက်ခံကစားသမား ကိုင်လီ ဝေါ်ကာ-ပီတာစ်ရဲ့ ဦးဆောင်ဂိုးကို ချေဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်စီးတီးဟာ နောက်ထပ် အနိုင်ဂိုး သွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ရမှတ်လျော့ကျခဲ့ပြီး ဒုတိယနေရာက ၂ ပွဲလျော့နေတဲ့ လီဗာပူးလ်နဲ့ ၁၂ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။ သရေ ၁ မှတ်သာ ရရှိခဲ့ပေမယ့်လည်း ဂွါဒီယိုလာက မန်ချက်စတာစီးတီးကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စောဒကတက်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

“အဲဒါကြောင့် ပရီးမီးယားလိဂ်ဖလားက ရာသီတိုင်းမှာ ရရှိဖို့အတွက် အခက်ခဲဆုံး ဆုတံဆိပ်ဖြစ်နေတာပါ။ အရေးအကြီးဆုံး ဆုဖလားတစ်ခုပါ။ အဲဒါက အရမ်းခက်ခဲပါတယ်။ မတူညီတဲ့ စိန်ခေါ်သူတွေ အားလုံးက အဆင်သင့်ဖြစ်နေကြတဲ့သူတွေပ။ ကျွန်တော်တို့က လက်ရှိ ချန်ပီယံဖြစ်ပြီး အရင်တုန်းက အများကြီး အနိုင်ရခဲ့ပါတယ်။ အဲဒါက ကျန်တဲ့အသင်းတွေက အပျော်ကစားနေတဲ့ ဖလားမဟုတ်တဲ့အတွက် ဖလားရဖို့ ပိုပြီးတော့ ခက်ခဲပါတယ်”

“အဲဒါကြောင့်ပဲ ၂ နှစ်ဆက်တိုက် ချန်ပီယံဖြစ်တာမျိုးက ပြီးခဲ့တဲ့ ၁၂ နှစ်၊ ၁၃ နှစ်မှာ တစ်ခါပဲ ရှိခဲ့တာပေါ့။ အခု ကျွန်တော်တို့ အဲဒါကို ထပ်လုပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ပရီးမီးယားလိဂ်ဖလားရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ကျွန်တော်တို့ သိပြီး ကျွန်တော်တို့မှာ ကစားဖို့ ပွဲစဉ်တွေ အများကြီး ကျန်သေးတယ်ဆိုတာကို သိဖို့ ဒီနေ့မှာ နိုင်ဖို့၊ သရေကျဖို့ ဒါမှမဟုတ် ရှုံးနိမ့်ဖို့ မလိုအပ်ပါဘူး။ ကျွန်တော်တို့လုပ်ရမှာက ဒီနေ့ကစားခဲ့တဲ့ ပုံစံအတိုင်း ကစားပြီး အဲဒီအတိုင်း ပြုမူဖို့ပါ။ ဒီနေ့ အနိုင်ရခဲ့ရင်တောင်မှ ပြိုင်ပွဲက မပြီးသေးပါဘူး။ ဇန်နဝါရီမှာ ဘယ်သူကမှ ချန်ပီယံမဟုတ်ပါဘူး။ ကစားရမယ့်ပွဲတွေ အများကြီး ကျန်ပါသေးတယ်”

မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဒီဘရိုင်းနားကို ဆောက်သမ်တန်ကစားသမားတွေဖြစ်တဲ့ မိုဟာမက် ဆာလီဆူနဲ့ အိုရီအို ရိုမြူတို့ ပင်နယ်တီဧရိယာထိပ်နားမှာ လဲကျသွားအောင် ဖျက်ထုတ်ခဲ့ပြီးနောက် VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပေမယ့် ကွင်းလယ်ဒိုင် ဆိုင်မွန် ဟူပါက ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ တကယ်ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ကံဆိုးစွာနဲပ ပထမပိုင်းမှာ ဂိုးပေးခဲ့ရတယ်။ ဒါပေမယ့် ဒီပွဲက အခုရာသီ ကစားခဲ့သမျှထဲမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေထဲက တစ်ခုလို့ ကျွန်တော် ထင်တယ်။ သူတို့တွေက မယုံနိုင်ဖွယ်ကောင်းလောက်အောင် စုဖွဲ့နိုင်ခဲ့ပြီး သူတို့နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေထဲမှာ ဒီပွဲက အကောင်းဆုံးစွမ်းဆောင်ရည်တွေထဲက တစ်ခုပါ။ ဟုတ်ပါတယ်။ ရလဒ်ကတော့ မကောင်းခဲ့ဘူး။ ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်းနဲ့ ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံကတော့ အရမ်းကောင်းမွန်ခဲ့ပါတယ်”

“ကျွန်တော်တို့ အနိုင်ရခဲ့တဲ့ အာဆင်နယ်နဲ့ပွဲကထက် ပိုကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ဒီနေ့ ကျွန်တော်တို့ သရေကျခဲ့တယ်။ တစ်ခါတလေ ခင်ဗျား သရေနဲ့ထိုက်တန်ပြီး အနိုင်မရနိုင်ပါဘူး။ ဒါပေမယ့် ဒီနေ့ပွဲမှာ ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံက အရမ်းကောင်းမွန်ခဲ့ပါတယ်။ ဆောက်သမ်တန်က တကယ်ကောင်းတဲ့အသင်းပါ။ သူတို့တွေက စုဖွဲ့နိုင်ခဲ့ပြီး ၄-၄-၂ နဲ့ ကစားခဲ့တယ်။ အဝေးဘောတွေ၊ တန်ပြန်တိုက်စစ်မှာ ကောင်းမွန်တဲ့မြန်နှုန်း၊ ကောင်းမွန်တဲ့ တိုက်စစ်စတင်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ကျွန်တော်တို့ ဒီနေ့ အရမ်းကောင်းမွန်ခဲ့ပါတယ််”

“ကျွန်တော်တို့ လုပ်နိုင်ခဲ့တဲ့အရာတွေမှာ ဘာကြောင့် ယုံကြည်မှု ဆုံးရှုံးရမှာလဲ။ အဲဒါက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပါ။ ကျွန်တော်တို့ ရမှတ်တွေ လျော့ကျနေပေမယ့် ကျွန်တော်တို့ ပြုမူတဲ့ပုံံက အရမ်းကောင်းမွန်ပါတယ်။ ကျွန်တော်တို့ နောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ ၂ ပတ်အချိန်ရတယ်။ လူတွေက ပရီးမီးယားလိဂ်ပြိုင်ပွဲက မပြီးသေးဘူးလို့ ပြောကြမှာဖြစ်ပြီး အဲဒီလို မြင်တာလည်း ကောင်းပါတယ်။ ကျွန်တော်တို့အတွက် ရှေ့မှာ ခက်ခဲတဲ့ပွဲစဉ်တွေအများကြီးရှိပေမယ့် ကျွန်တော်တို့ အဆုံးအထိ ပြုမူနိုင်ဖို့ ကြိုးပမ်းသွားမှာပါ”

“ကျွန်တော် လီဗာပူးလ်အသင်းထက် ရမှတ် ၄၀ လောက် အသာစီးရယူပြီး ဦးဆောင်ထားချင်ပေမယ့် ဇန်နဝါရီလမှာတော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော် ဒီလို ဦးဆောင်မှုမျိုး ရဖို့ မမျှော်မှန်းထားခဲ့ပေမယ့် လက်ရှိမှာတော့ ကျွန်တော်တို့ အနားယူပြီး ကောင်းနိုင်သမျှ အကောင်းဆုံးပုံစံနဲ့ ပြန်လာရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးနည္းၿပ ပက္ ဂြါဒီယိုလာက စေနေန႔ညက ေဆာက္သမ္တန္နဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္ဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကို ကာကြယ္နိုင္ဖို႔ ဘယ္ေလာက္ခက္ခဲလဲဆိုတာကို ျပသခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လက္ရွိ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္ခ်က္စတာစီးတီးအသင္း ေဆာက္သမ္တန္အသင္းေနာက္ကေန လိုက္ကစားခဲ့ရၿပီးေနာက္ ပရီးမီးယားလိဂ္ ၁၃ ပြဲဆက္တိုက္ နိုင္ပြဲကို တိုးျမႇင့္နိုင္ျခင္း မရွိခဲ့တာျဖစ္ပါတယ္။ ေအးမရစ္ လာေပါ့တ္ရဲ့ ၆၅ မိနစ္မွာ ေခါင္းတိုက္သြင္းယူခဲ့တဲ့သြင္းဂိုးက ပထမပိုင္းအေစာပိုင္းမွာ အံ့အားသင့္ဖြယ္ အဖြင့္ဂိုးသြင္းယူခဲ့တဲ့ ေဆာက္သမ္တန္ေနာက္ခံကစားသမား ကိုင္လီ ေဝၚကာ-ပီတာစ္ရဲ့ ဦးေဆာင္ဂိုးကို ေခ်ဖ်က္နိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ မန္စီးတီးဟာ ေနာက္ထပ္ အနိုင္ဂိုး သြင္းယူနိုင္ခဲ့ျခင္းမရွိတာေၾကာင့္ ေအာက္တိုဘာလေနာက္ပိုင္း ပထမဆုံးအႀကိမ္ ရမွတ္ေလ်ာ့က်ခဲ့ၿပီး ဒုတိယေနရာက ၂ ပြဲေလ်ာ့ေနတဲ့ လီဗာပူးလ္နဲ႔ ၁၂ မွတ္သာ ကြာဟေတာ့တာ ျဖစ္ပါတယ္။ သေရ ၁ မွတ္သာ ရရွိခဲ့ေပမယ့္လည္း ဂြါဒီယိုလာက မန္ခ်က္စတာစီးတီးကစားသမားေတြရဲ့ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ေစာဒကတက္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

“အဲဒါေၾကာင့္ ပရီးမီးယားလိဂ္ဖလားက ရာသီတိုင္းမွာ ရရွိဖို႔အတြက္ အခက္ခဲဆုံး ဆုတံဆိပ္ျဖစ္ေနတာပါ။ အေရးအႀကီးဆုံး ဆုဖလားတစ္ခုပါ။ အဲဒါက အရမ္းခက္ခဲပါတယ္။ မတူညီတဲ့ စိန္ေခၚသူေတြ အားလုံးက အဆင္သင့္ျဖစ္ေနၾကတဲ့သူေတြပ။ ကၽြန္ေတာ္တို႔က လက္ရွိ ခ်န္ပီယံျဖစ္ၿပီး အရင္တုန္းက အမ်ားႀကီး အနိုင္ရခဲ့ပါတယ္။ အဲဒါက က်န္တဲ့အသင္းေတြက အေပ်ာ္ကစားေနတဲ့ ဖလားမဟုတ္တဲ့အတြက္ ဖလားရဖို႔ ပိုၿပီးေတာ့ ခက္ခဲပါတယ္”

“အဲဒါေၾကာင့္ပဲ ၂ ႏွစ္ဆက္တိုက္ ခ်န္ပီယံျဖစ္တာမ်ိဳးက ၿပီးခဲ့တဲ့ ၁၂ ႏွစ္၊ ၁၃ ႏွစ္မွာ တစ္ခါပဲ ရွိခဲ့တာေပါ့။ အခု ကၽြန္ေတာ္တို႔ အဲဒါကို ထပ္လုပ္နိုင္ဖို႔ ႀကိဳးပမ္းေနပါတယ္။ ပရီးမီးယားလိဂ္ဖလားရဖို႔ ဘယ္ေလာက္ခက္ခဲလဲဆိုတာ ကၽြန္ေတာ္တို႔ သိၿပီး ကၽြန္ေတာ္တို႔မွာ ကစားဖို႔ ပြဲစဥ္ေတြ အမ်ားႀကီး က်န္ေသးတယ္ဆိုတာကို သိဖို႔ ဒီေန႔မွာ နိုင္ဖို႔၊ သေရက်ဖို႔ ဒါမွမဟုတ္ ရႈံးနိမ့္ဖို႔ မလိုအပ္ပါဘူး။ ကၽြန္ေတာ္တို႔လုပ္ရမွာက ဒီေန႔ကစားခဲ့တဲ့ ပုံစံအတိုင္း ကစားၿပီး အဲဒီအတိုင္း ျပဳမူဖို႔ပါ။ ဒီေန႔ အနိုင္ရခဲ့ရင္ေတာင္မွ ၿပိဳင္ပြဲက မၿပီးေသးပါဘူး။ ဇန္နဝါရီမွာ ဘယ္သူကမွ ခ်န္ပီယံမဟုတ္ပါဘူး။ ကစားရမယ့္ပြဲေတြ အမ်ားႀကီး က်န္ပါေသးတယ္”

မန္ခ်က္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ ဒီဘရိုင္းနားကို ေဆာက္သမ္တန္ကစားသမားေတြျဖစ္တဲ့ မိုဟာမက္ ဆာလီဆူနဲ႔ အိုရီအို ရိုျမဴတို႔ ပင္နယ္တီဧရိယာထိပ္နားမွာ လဲက်သြားေအာင္ ဖ်က္ထုတ္ခဲ့ၿပီးေနာက္ VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ေပမယ့္ ကြင္းလယ္ဒိုင္ ဆိုင္မြန္ ဟူပါက ပင္နယ္တီအျဖစ္ သတ္မွတ္ေပးခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ တကယ္ေကာင္းေကာင္း ကစားနိုင္ခဲ့တယ္။ ကံဆိုးစြာနဲပ ပထမပိုင္းမွာ ဂိုးေပးခဲ့ရတယ္။ ဒါေပမယ့္ ဒီပြဲက အခုရာသီ ကစားခဲ့သမၽွထဲမွာ အေကာင္းဆုံးစြမ္းေဆာင္ရည္ေတြထဲက တစ္ခုလို႔ ကၽြန္ေတာ္ ထင္တယ္။ သူတို႔ေတြက မယုံနိုင္ဖြယ္ေကာင္းေလာက္ေအာင္ စုဖြဲ႕နိုင္ခဲ့ၿပီး သူတို႔နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္ေတြထဲမွာ ဒီပြဲက အေကာင္းဆုံးစြမ္းေဆာင္ရည္ေတြထဲက တစ္ခုပါ။ ဟုတ္ပါတယ္။ ရလဒ္ကေတာ့ မေကာင္းခဲ့ဘူး။ ဒါေပမယ့္ စြမ္းေဆာင္ရည္ပိုင္းနဲ႔ ကၽြန္ေတာ္တို႔ ကစားခဲ့တဲ့ပုံစံကေတာ့ အရမ္းေကာင္းမြန္ခဲ့ပါတယ္”

“ကၽြန္ေတာ္တို႔ အနိုင္ရခဲ့တဲ့ အာဆင္နယ္နဲ႔ပြဲကထက္ ပိုေကာင္းေကာင္း ကစားနိုင္ခဲ့တယ္။ ဒီေန႔ ကၽြန္ေတာ္တို႔ သေရက်ခဲ့တယ္။ တစ္ခါတေလ ခင္ဗ်ား သေရနဲ႔ထိုက္တန္ၿပီး အနိုင္မရနိုင္ပါဘူး။ ဒါေပမယ့္ ဒီေန႔ပြဲမွာ ကၽြန္ေတာ္တို႔ ကစားခဲ့တဲ့ပုံစံက အရမ္းေကာင္းမြန္ခဲ့ပါတယ္။ ေဆာက္သမ္တန္က တကယ္ေကာင္းတဲ့အသင္းပါ။ သူတို႔ေတြက စုဖြဲ႕နိုင္ခဲ့ၿပီး ၄-၄-၂ နဲ႔ ကစားခဲ့တယ္။ အေဝးေဘာေတြ၊ တန္ျပန္တိုက္စစ္မွာ ေကာင္းမြန္တဲ့ျမန္ႏႈန္း၊ ေကာင္းမြန္တဲ့ တိုက္စစ္စတင္မႈေတြ ျပဳလုပ္နိုင္ခဲ့ေပမယ့္ ကၽြန္ေတာ္တို႔ ဒီေန႔ အရမ္းေကာင္းမြန္ခဲ့ပါတယ္္”

“ကၽြန္ေတာ္တို႔ လုပ္နိုင္ခဲ့တဲ့အရာေတြမွာ ဘာေၾကာင့္ ယုံၾကည္မႈ ဆုံးရႈံးရမွာလဲ။ အဲဒါက ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ပါ။ ကၽြန္ေတာ္တို႔ ရမွတ္ေတြ ေလ်ာ့က်ေနေပမယ့္ ကၽြန္ေတာ္တို႔ ျပဳမူတဲ့ပုံံက အရမ္းေကာင္းမြန္ပါတယ္။ ကၽြန္ေတာ္တို႔ ေနာက္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ဖို႔ ၂ ပတ္အခ်ိန္ရတယ္။ လူေတြက ပရီးမီးယားလိဂ္ၿပိဳင္ပြဲက မၿပီးေသးဘူးလို႔ ေျပာၾကမွာျဖစ္ၿပီး အဲဒီလို ျမင္တာလည္း ေကာင္းပါတယ္။ ကၽြန္ေတာ္တို႔အတြက္ ေရွ႕မွာ ခက္ခဲတဲ့ပြဲစဥ္ေတြအမ်ားႀကီးရွိေပမယ့္ ကၽြန္ေတာ္တို႔ အဆုံးအထိ ျပဳမူနိုင္ဖို႔ ႀကိဳးပမ္းသြားမွာပါ”

“ကၽြန္ေတာ္ လီဗာပူးလ္အသင္းထက္ ရမွတ္ ၄၀ ေလာက္ အသာစီးရယူၿပီး ဦးေဆာင္ထားခ်င္ေပမယ့္ ဇန္နဝါရီလမွာေတာ့ မျဖစ္နိုင္ပါဘူး။ ကၽြန္ေတာ္ ဒီလို ဦးေဆာင္မႈမ်ိဳး ရဖို႔ မေမၽွာ္မွန္းထားခဲ့ေပမယ့္ လက္ရွိမွာေတာ့ ကၽြန္ေတာ္တို႔ အနားယူၿပီး ေကာင္းနိုင္သမၽွ အေကာင္းဆုံးပုံစံနဲ႔ ျပန္လာရပါမယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.