Match Report Premier League

ပဲလေ့စ်ကွင်းမှာ ရှိတဲ့လူနဲ့ပဲ အမှားအယွင်းမရှိ နိုင်ပွဲရယူခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဆောင်းရာသီကာလမှာ အမှတ်မလျော့ဖို့နဲ့ မန်စီးတီးကို လွှတ်မပေးလိုက်ရဖို့အတွက် လူစုံထုတ်လာခဲ့ပြီး အယ်လစ်ဆန်၊ ဗန်ဒိုက်၊ မာတစ်ပ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ရောဘတ်ဆန်တို့ကို ခံစစ်မှာ ထားခဲ့သလို ဖာဘင်ညို၊ ဟန်ဒါဆန်၊ ချိမ်ဘာလိန်၊ ကားတစ်ဂျုံးစ်၊ ဂျိုတာနဲ့ ဖာမီနိုတို့ကိုတော့ ကွင်းလယ်နဲ့ တိုက်စစ်မှာ စုဖွဲ့ခဲ့ပြီး အဝေးကွင်း ဆဲလ်ဟာ့စ်ပါ့ခ်ကို အလည်သွားခဲ့တာဖြစ်ပါတယ်။

ပဲလေ့စ်တို့ကတော့ အာဖရိကသွားနေတဲ့ ဇာဟာနဲ့ ကူယာတေးတို့ မပါနိုင်ခဲ့ချိန်မှာ ကွင်းလယ်ကို ရှလု(ပ်)၊ ဟယူးချ်တို့နဲ့ ကျားကန်ခဲ့ပြီး စတားမန်း ဂယ်လာဂါ မရှိမဖြစ် ပါဝင်လာခဲ့သလို တိုက်စစ်မှာတော့ ဒီရာသီ ငွေသုံးခေါ်ယူမှုဖြစ်တဲ့ ပြင်သစ်သား အေဒူယာနဲ့အတူ အိုလီဆေးနဲ့ မာတီတာတို့ ပါဝင်ကစားခဲ့ကြပါတယ်။

ယာဂန် ကလော့ပ်အနေနဲ့ သူ့ရဲ့ မြန်နှုန်းမြင့်ကစားသမားနှစ်ယောက်ဖြစ်ကြတဲ့ ဆာလားနဲ့ မာနေးတို့ မပါနိုင်ချိန်မှာ အသင်းကို စိတ်ရှည်ရှည်နဲ့ ဘောလုံးကိုင်ပြီးမှာ နောက်ထပ် လက်နက်တွေဖြစ်တဲ့ ရောဘတ်ဆန်၊ အာနိုးလ်ဒ်တို့ရဲ့ ဖောက်ထွက်မှုတွေနဲ့ ပေါင်းစပ်သွားခဲ့ပြီး ပဲလေ့စ်ကတော့ အလယ်နဲ့ ခံစစ်တွေမှာ ပိုမိုပိတ်ဆို့ပြီး ကစားသွားခဲ့တာပါ။

ပွဲချိန် ၈ မိနစ်မှာတော့ ဟန်ဒါဆန်ရဲ့ ကန်ချက်ကို ဂိုးသမား ဂွိုက်တာ ပုတ်ထုတ်လို့ ရတဲ့ ထောင့်ကန်ဘောကနေ ရောဘတ်ဆန်က ကန်တင် ပေးတာကို ဗဟိုခံစစ်မှူး ဗန်ဒိုက်က အမြင့်ခုန်ပြီး ခေါင်းတိုက်ချက်ပြင်းပြင်းနဲ့ သွင်းယူနိုင်ခဲ့လို့ လီဗာပူးလ်တို့ အဖွင့်ဂိုး စတင်ရှာဖွေနိုင်ခဲ့ပါတယ်။

ဆာလားနဲ့ မာနေးတို့လို ဂိုးသွင်းပြိုင်ခြင်း မရှိဘဲ Team Work နဲ့ လိုသလို ရွေ့လျားပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေတဲ့ ချိမ်ဘာလိန်၊ ဖာမီနိုနဲ့ ဂျိုတာတို့ရဲ့ မူသေမရှိတဲ့ နေရာယူမှုတွေက ပဲလေ့စ်ခံစစ်ကို ထိန်းချုပ်ဖို့ ခက်ခဲစေသလို ပွဲချိန် ၂၁ မိနစ်မှာတော့ လူကျွံအနေအထားကနေ အိမ်ရှင်တိုက်စစ်မှူး မာတီတာ ကန်ခွင့်ရခဲ့ပေမယ့် အယ်လစ်ဆန်က ကာကွယ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၂ မိနစ်မှာတော့ လီဗာပူးလ်တို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ပြီး ဘယ်ခြမ်းက ရောဘတ်ဆန်ရဲ့ ဖြတ်တင်ဘောကို ဖာမီနို ခေါင်းခုန်တိုက်တာ မထိဘဲ နောက်ကို ကျလာတာကနေ အဆင်သင့် နေရာယူထားခဲ့တဲ့ ချိမ်ဘာလိန်က ထောင့်ကျဉ်းထဲကို ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းပြီး ဂိုးသမား ဂွိုက်တာကို အနိုင်ယူခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာ မာတစ်ပ် လူပေးမှားတာကနေ အိုလီဆေး ဖြတ်ယူသွားပြီး ဗန်ဒိုက်ကို တစ်ချက်ခေါက်ပြီး ကန်သွင်းနိုင်ခဲ့ပေမယ့် ဂိုးသမား အယ်လစ်ဆန်ပဲ ကာကွယ်သွားနိုင်ခဲ့သလို အနည်းငယ်နှေးနေတဲ့ လီဗာပူးလ်ခံစစ်ကြားကနေ နောက်ထပ် ၂ မိနစ်အကြာမှာ မာတီတာက အခွင့်အရေး ထပ်ရခဲ့ပေမယ့် ချိုးတာများသွားခဲ့ပြီး တိုင်ဘေးကပဲ ထွက်သွားခဲ့လို့ ပထမပိုင်းမှာ ဧည့်သည်တွေပဲ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စအပြီး ပွဲချိန် ၄၆ မိနစ်မှာတော့ အိုလီဆေး တစ်ကိုယ်တော် ခြေစွမ်းနဲ့ ချိုးပေးခဲ့တာကို မာတီတာနဲ့ ဂယ်လာဂါတို့ မပိတ်နိုင်ခဲ့ဘဲ လွဲချော်သွားခဲ့ကြသလို ပဲလေ့စ်တို့ အပိုင်တစ်ဂိုး နစ်နာခဲ့ရပြီး ရှလု(ပ်)နဲ့ အေဒူယာတို့ရဲ့ ထိုးဖောက်မှုတွေကိုတော့ ဧည့်သည်ခံစစ်နဲ့ ဂိုးသမား အယ်လစ်ဆန် ကာကွယ်သွားနိုင်ခဲ့ကြပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ပဲလေ့စ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး အေဒူယာကို အာရုံစိုက်နေခဲ့တဲ့ လီဗာပူးလ် နောက်တန်းတွေကြားက ပြေးထွက်သွားခဲ့တဲ့ မာတီတာက ဘောလုံးကို လိုက်လံရယူပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ ဘယ်ဘက်ကို ပြန်ချိုးပေးခဲ့ရာမှာ အေဒူယာက အနီးကပ်ပိတ်သွင်းပြီး ဂိုးရယူနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ချေပဂိုးရဖို့ ဘန်တီကီနဲ့ အာယူးတို့ကိုပါ ထည့်ပြီး တိုက်စစ်မြှင့်ကစားလာခဲ့တဲ့ ပဲလေ့စ်ရဲ့ ဖိအားကို လီဗာပူးလ်တို့ မနည်းကိုင်တွယ်ခဲ့ရပြီး ပွဲချိန် ၈၃ မိနစ်မှာ အိုလီဆေးရဲ့ ပါးနပ်တဲ့ ကျော်ချမှုကို အယ်လစ်ဆန် ကြိုးစားပုတ်ထုတ်ခဲ့ရသလို ပွဲချိန် ၈၅ မိနစ်မှာတော့ ဂျိုတာကို ဘောလုံးမထိဘဲ ဝင်တိုက်မိခဲ့တဲ့ ဂိုးသမား ဂွိုက်တာကြောင့် ပင်နယ်တီ ပေးခဲ့ရပါတယ်။

VAR ကြည့်ပြီးမှ ဆုံးဖြတ်ခဲ့ရတဲ့ ပင်နယ်တီကိုတော့ ဒိုင်လူကြီး ကီဗင် ဖရန့်က အတည်ပြုပေးခဲ့ရာမှာတော့ ကွင်းလယ်လူ ဖာဘင်ညိုက ဂိုးသမား ဂွိုင်တာ ဒိုက်ပစ်တဲ့ဘက်နဲ့ ဆန့်ကျင်ဘက် ညာဘက်တိုင်ခြေကို ကန်သွင်းယူနိုင်ခဲ့လို့ လီဗာပူးလ်တို့ တတိယဂိုး ရရှိခဲ့ပြီး အနိုင်သုံးမှတ်အတွက် စိတ်အေးခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ၂၂ ပွဲ ကစားပြီးချိန်မှာ တစ်ပွဲပိုကစားထားခဲ့တဲ့ မန်ချက်စတာစီးတီးရဲ့ နောက်က ၉ မှတ်အကွာကို ပြန်ရောက်လာနိုင်ခဲ့သလို ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်လျှော့စရာ မလိုသေးဘဲ လက်ရှိချန်ပီယံနဲ့ ဦးဆောင်သူတွေ ခြေချော်ရင် ပြန်လည်လိုက်မီနိုင်ဖို့ ကြိုးစားချဉ်းကပ်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ေဆာင္းရာသီကာလမွာ အမွတ္မေလ်ာ့ဖို႔နဲ႔ မန္စီးတီးကို လႊတ္မေပးလိုက္ရဖို႔အတြက္ လူစုံထုတ္လာခဲ့ၿပီး အယ္လစ္ဆန္၊ ဗန္ဒိုက္၊ မာတစ္ပ္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ေရာဘတ္ဆန္တို႔ကို ခံစစ္မွာ ထားခဲ့သလို ဖာဘင္ညိဳ၊ ဟန္ဒါဆန္၊ ခ်ိမ္ဘာလိန္၊ ကားတစ္ဂ်ဳံးစ္၊ ဂ်ိဳတာနဲ႔ ဖာမီႏိုတို႔ကိုေတာ့ ကြင္းလယ္နဲ႔ တိုက္စစ္မွာ စုဖြဲ႕ခဲ့ၿပီး အေဝးကြင္း ဆဲလ္ဟာ့စ္ပါ့ခ္ကို အလည္သြားခဲ့တာျဖစ္ပါတယ္။

ပဲေလ့စ္တို႔ကေတာ့ အာဖရိကသြားေနတဲ့ ဇာဟာနဲ႔ ကူယာေတးတို႔ မပါႏိုင္ခဲ့ခ်ိန္မွာ ကြင္းလယ္ကို ရွလု(ပ္)၊ ဟယူးခ်္တို႔နဲ႔ က်ားကန္ခဲ့ၿပီး စတားမန္း ဂယ္လာဂါ မရွိမျဖစ္ ပါဝင္လာခဲ့သလို တိုက္စစ္မွာေတာ့ ဒီရာသီ ေငြသုံးေခၚယူမႈျဖစ္တဲ့ ျပင္သစ္သား ေအဒူယာနဲ႔အတူ အိုလီေဆးနဲ႔ မာတီတာတို႔ ပါဝင္ကစားခဲ့ၾကပါတယ္။

ယာဂန္ ကေလာ့ပ္အေနနဲ႔ သူ႔ရဲ႕ ျမန္ႏႈန္းျမင့္ကစားသမားႏွစ္ေယာက္ျဖစ္ၾကတဲ့ ဆာလားနဲ႔ မာေနးတို႔ မပါႏိုင္ခ်ိန္မွာ အသင္းကို စိတ္ရွည္ရွည္နဲ႔ ေဘာလုံးကိုင္ၿပီးမွာ ေနာက္ထပ္ လက္နက္ေတြျဖစ္တဲ့ ေရာဘတ္ဆန္၊ အာႏိုးလ္ဒ္တို႔ရဲ႕ ေဖာက္ထြက္မႈေတြနဲ႔ ေပါင္းစပ္သြားခဲ့ၿပီး ပဲေလ့စ္ကေတာ့ အလယ္နဲ႔ ခံစစ္ေတြမွာ ပိုမိုပိတ္ဆို႔ၿပီး ကစားသြားခဲ့တာပါ။

ပြဲခ်ိန္ ၈ မိနစ္မွာေတာ့ ဟန္ဒါဆန္ရဲ႕ ကန္ခ်က္ကို ဂိုးသမား ဂြိဳက္တာ ပုတ္ထုတ္လို႔ ရတဲ့ ေထာင့္ကန္ေဘာကေန ေရာဘတ္ဆန္က ကန္တင္ ေပးတာကို ဗဟိုခံစစ္မႉး ဗန္ဒိုက္က အျမင့္ခုန္ၿပီး ေခါင္းတိုက္ခ်က္ျပင္းျပင္းနဲ႔ သြင္းယူႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ အဖြင့္ဂိုး စတင္ရွာေဖြႏိုင္ခဲ့ပါတယ္။

ဆာလားနဲ႔ မာေနးတို႔လို ဂိုးသြင္းၿပိဳင္ျခင္း မရွိဘဲ Team Work နဲ႔ လိုသလို ေ႐ြ႕လ်ားၿပီး ကိုယ့္အလုပ္ကိုယ္လုပ္ေနတဲ့ ခ်ိမ္ဘာလိန္၊ ဖာမီႏိုနဲ႔ ဂ်ိဳတာတို႔ရဲ႕ မူေသမရွိတဲ့ ေနရာယူမႈေတြက ပဲေလ့စ္ခံစစ္ကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲေစသလို ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ လူကြၽံအေနအထားကေန အိမ္ရွင္တိုက္စစ္မႉး မာတီတာ ကန္ခြင့္ရခဲ့ေပမယ့္ အယ္လစ္ဆန္က ကာကြယ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၿပီး ဘယ္ျခမ္းက ေရာဘတ္ဆန္ရဲ႕ ျဖတ္တင္ေဘာကို ဖာမီႏို ေခါင္းခုန္တိုက္တာ မထိဘဲ ေနာက္ကို က်လာတာကေန အဆင္သင့္ ေနရာယူထားခဲ့တဲ့ ခ်ိမ္ဘာလိန္က ေထာင့္က်ဥ္းထဲကို ဘယ္ေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းၿပီး ဂိုးသမား ဂြိဳက္တာကို အႏိုင္ယူခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာ မာတစ္ပ္ လူေပးမွားတာကေန အိုလီေဆး ျဖတ္ယူသြားၿပီး ဗန္ဒိုက္ကို တစ္ခ်က္ေခါက္ၿပီး ကန္သြင္းႏိုင္ခဲ့ေပမယ့္ ဂိုးသမား အယ္လစ္ဆန္ပဲ ကာကြယ္သြားႏိုင္ခဲ့သလို အနည္းငယ္ေႏွးေနတဲ့ လီဗာပူးလ္ခံစစ္ၾကားကေန ေနာက္ထပ္ ၂ မိနစ္အၾကာမွာ မာတီတာက အခြင့္အေရး ထပ္ရခဲ့ေပမယ့္ ခ်ိဳးတာမ်ားသြားခဲ့ၿပီး တိုင္ေဘးကပဲ ထြက္သြားခဲ့လို႔ ပထမပိုင္းမွာ ဧည့္သည္ေတြပဲ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္စအၿပီး ပြဲခ်ိန္ ၄၆ မိနစ္မွာေတာ့ အိုလီေဆး တစ္ကိုယ္ေတာ္ ေျခစြမ္းနဲ႔ ခ်ိဳးေပးခဲ့တာကို မာတီတာနဲ႔ ဂယ္လာဂါတို႔ မပိတ္ႏိုင္ခဲ့ဘဲ လြဲေခ်ာ္သြားခဲ့ၾကသလို ပဲေလ့စ္တို႔ အပိုင္တစ္ဂိုး နစ္နာခဲ့ရၿပီး ရွလု(ပ္)နဲ႔ ေအဒူယာတို႔ရဲ႕ ထိုးေဖာက္မႈေတြကိုေတာ့ ဧည့္သည္ခံစစ္နဲ႔ ဂိုးသမား အယ္လစ္ဆန္ ကာကြယ္သြားႏိုင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ပဲေလ့စ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၿပီး ေအဒူယာကို အာ႐ုံစိုက္ေနခဲ့တဲ့ လီဗာပူးလ္ ေနာက္တန္းေတြၾကားက ေျပးထြက္သြားခဲ့တဲ့ မာတီတာက ေဘာလုံးကို လိုက္လံရယူၿပီး ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ ဘယ္ဘက္ကို ျပန္ခ်ိဳးေပးခဲ့ရာမွာ ေအဒူယာက အနီးကပ္ပိတ္သြင္းၿပီး ဂိုးရယူႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ေခ်ပဂိုးရဖို႔ ဘန္တီကီနဲ႔ အာယူးတို႔ကိုပါ ထည့္ၿပီး တိုက္စစ္ျမႇင့္ကစားလာခဲ့တဲ့ ပဲေလ့စ္ရဲ႕ ဖိအားကို လီဗာပူးလ္တို႔ မနည္းကိုင္တြယ္ခဲ့ရၿပီး ပြဲခ်ိန္ ၈၃ မိနစ္မွာ အိုလီေဆးရဲ႕ ပါးနပ္တဲ့ ေက်ာ္ခ်မႈကို အယ္လစ္ဆန္ ႀကိဳးစားပုတ္ထုတ္ခဲ့ရသလို ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ဂ်ိဳတာကို ေဘာလုံးမထိဘဲ ဝင္တိုက္မိခဲ့တဲ့ ဂိုးသမား ဂြိဳက္တာေၾကာင့္ ပင္နယ္တီ ေပးခဲ့ရပါတယ္။

VAR ၾကည့္ၿပီးမွ ဆုံးျဖတ္ခဲ့ရတဲ့ ပင္နယ္တီကိုေတာ့ ဒိုင္လူႀကီး ကီဗင္ ဖရန႔္က အတည္ျပဳေပးခဲ့ရာမွာေတာ့ ကြင္းလယ္လူ ဖာဘင္ညိဳက ဂိုးသမား ဂြိဳင္တာ ဒိုက္ပစ္တဲ့ဘက္နဲ႔ ဆန႔္က်င္ဘက္ ညာဘက္တိုင္ေျခကို ကန္သြင္းယူႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ တတိယဂိုး ရရွိခဲ့ၿပီး အႏိုင္သုံးမွတ္အတြက္ စိတ္ေအးခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔ သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ၂၂ ပြဲ ကစားၿပီးခ်ိန္မွာ တစ္ပြဲပိုကစားထားခဲ့တဲ့ မန္ခ်က္စတာစီးတီးရဲ႕ ေနာက္က ၉ မွတ္အကြာကို ျပန္ေရာက္လာႏိုင္ခဲ့သလို ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ လက္ေလွ်ာ့စရာ မလိုေသးဘဲ လက္ရွိခ်န္ပီယံနဲ႔ ဦးေဆာင္သူေတြ ေျခေခ်ာ္ရင္ ျပန္လည္လိုက္မီႏိုင္ဖို႔ ႀကိဳးစားခ်ဥ္းကပ္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.