Bundesliga Ligue1

ဖီဖာရဲ့အကောင်းဆုံးဆုပေးပွဲက မဲပေးရွေးချယ်မှုကြောင့် ဂျာမန်သတင်းစာတွေ ဝိုင်းဆော်တာ ခံနေရတဲ့ မက်ဆီ

ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ တနင်္လာနေ့ညက ၂၀၂၁ ခုနှစ် ဖီဖာရဲ့အကောင်းဆုံးအမျိုးသားကစားသမားဆုကို လီယွန်နယ် မက်ဆီနဲ့ မိုဟာမက် ဆာလားတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို အသာစီး ရရှိခဲ့တာဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဘလွန်ဒေါဆုပေးပွဲမှာ ပိုလန်တိုက်စစ်မှူးကို ကျော်ဖြတ်ပြီး ၇ ကြိမ်မြောက် ဘလွန်ဒေါဆုကို စံချိန်တင် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ဖီဖာရဲ့အကောင်းဆုံးဆုပေးပွဲအတွက် မဲပေးရွေးချယ်မှုမှာ လီဗန်ဒေါ့ဗ်စကီးကို ငြင်းပယ်ခဲ့တဲ့အတွက် ဂျာမန်သတင်းဌာနတွေရဲ့ ပြစ်တင်ကြိမ်းမောင်းခြင်းကို ခံနေရပြီး ဘိုင်ယန်မြူးနစ်ကြယ်ပွင့်က အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင်ထက် ၄ မှတ်အသာနဲ့ ၂ နှစ်ဆက်တိုက် ဖီဖာရဲ့အကောင်းဆုံးအမျိုးသားကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က ဆုပေးပွဲအပြီး သိပ်မကြာခင်မှာပဲ ကစားသမားတွေက ဘယ်သူတွေကို မဲပေးခဲ့လဲဆိုတာကို ထုတ်ဖော်ခဲ့တာဖြစ်ပြီး နိုင်ငံအသင်းနည်းပြတွေနဲ့ အသင်းခေါင်းဆောင်တွေ အများစုဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးကို ပထမရွေးချယ်မှု ပြုလုပ်ခဲ့ကြပေမယ့် မက်ဆီက ၎င်းရဲ့ ထိပ်ဆုံး ၃ ဦးရွေးချယ်မှုမှာ လီဗန်ဒေါ့ဗ်စကီးကို ရွေးချယ်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဂျာမန်သတင်းစာ Bild က လီယွန်နယ် မက်ဆီရဲ့ မဲပေးမှုနဲ့ပတ်သက်ပြီး အရှက်ရသင့်တယ်လို့ ခေါင်းစည်းမှာ ဖော်ပြခဲ့ပြီး ဖီဖာရဲ့အကောင်းဆုံးဆုအတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ထိပ်တန်းရွေးချယ်မှုဟာ လီဗန်ဒေါ့ဗ်စကီးဖြစ်ခဲ့တာကိုလည်း ထောက်ပြပြီး ဝေဖန်ခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ၎င်းရဲ့ ထိပ်တန်းရွေးချယ်မှု ၃ ဦးစာရင်းမှာ ပီအက်စ်ဂျီအသင်းဖော် နေမာ၊ အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကာရင် ဘန်ဇီးမားတို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ လီဗန်ဒေါ့ဗ်စကီးက မက်ဆီရဲ့ မဲပေးရွေးချယ်မှုနဲ့ပတ်သက်ပြီး ၎င်းရဲ့ထင်မြင်ချက်ကို ပြောပြဖို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ “ဘလွန်ဒေါဆုပေးပွဲတုန်းက မက်ဆီဆီက စကားလုံးတွေက အရမ်းကောင်းတဲ့စကားလုံးတွေ ဖြစ်ခဲ့ပါတယ်။ အခု သူ့ရဲ့ ရွေးချယ်မှုနဲ့ပတ်သက်ပြီး ခင်ဗျား သူ့ကို မေးခွန်းမေးရမှာပါ။ ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ သူ ကျွန်တော့်ရဲ့ အားကစားနဲ့ဆိုင်တဲ့ အားထုတ်မှုတွေကလွဲရင် ကျွန်တော့်ကို စိတ်ဆိုးနိုင်ပါတယ်။ ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ကျွန်တော် ဘာမှမကောင်းတာ မပြောချင်ပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ၎င်းရဲ့ MIM ဟိုတယ်လုပ်ငန်းစုထဲမှာ နောက်ထပ် ဟိုတယ်တစ်ခုကို ထပ်မံ ထည့်သွင်းခဲ့တယ်လို့ သိရပြီး အဲဒီဟိုတယ်ဟာ ၂၀၁၇ ခုနှစ်ကတည်းက Majestic Hotel Group ကနေ လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ မက်ဆီအတွက် ဒီဟိုတယ်ဟာ ၆ လုံးမြောက် ဟိုတယ်ဖြစ်လာခဲ့ပြီး စပိန်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်း ကဒစ်ဇ်မြို့က Puerto Deportivo de Sotogrande မှာ တည်ရှိတာဖြစ်ပါတယ်။

မက်ဆီရဲ့ဟိုတယ်လုပ်ငန်းစုဟာ ခရီးသွားတွေကို ဂေါက်၊ ပိုလိုနဲ့ အဏ္ဏဝါအားကစား ချစ်သူတွေအတွက် နေရာအဖြစ် ကိုယ်စားပြုပြီး အဆင့်မြင့်ဟိုတယ်ကဏ္ဍအပေါ် အာရုံစိုက် ဆက်လက် လုပ်ဆောင်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ Hotel MIM Sitges၊ Hotel MIM Ibiza၊ Hotel MIM Mallorca၊ Hotel MIM Baqueira၊ Hotel MIM Andorra တို့ကို ပိုင်ဆိုင်ထားပြီးဖြစ်ပြီး လက်ရှိနောက်ဆုံးဟိုတယ်ဖြစ်တဲ့ MIM Sotogrande Club Marítimo ကို လာမယ့် ဧပြီလ ၂၂ ရက်နေ့မှာ ဖွင့်လှစ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

MIM Sotogrande Club Marítimo ဟိုတယ်မှာ ကျယ်ဝန်းပြီး ခေတ်မီလှပတဲ့ အခန်းပေါင်း ၄၅ ခန်း ပါဝင်မှာဖြစ်ပြီး အပြင်ဘက် လေဟာပြင်မှာ ညစာစားသောက်နိုင်တဲ့ စားသောက်ဆိုင် ၂ ဆိုင်နဲ့ spa လည်း ပါဝင်တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးဟာ တနလၤာေန႔ညက ၂၀၂၁ ခုႏွစ္ ဖီဖာရဲ့အေကာင္းဆုံးအမ်ိဳးသားကစားသမားဆုကို လီယြန္နယ္ မက္ဆီနဲ႔ မိုဟာမက္ ဆာလားတို႔ကို ေက်ာ္ျဖတ္ၿပီး ဆြတ္ခူးနိုင္ခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီကို အသာစီး ရရွိခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ နိုဝင္ဘာလက ဘလြန္ေဒါဆုေပးပြဲမွာ ပိုလန္တိုက္စစ္မႉးကို ေက်ာ္ျဖတ္ၿပီး ၇ ႀကိမ္ေျမာက္ ဘလြန္ေဒါဆုကို စံခ်ိန္တင္ ဆြတ္ခူးနိုင္ခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ဖီဖာရဲ့အေကာင္းဆုံးဆုေပးပြဲအတြက္ မဲေပးေရြးခ်ယ္မႈမွာ လီဗန္ေဒါ့ဗ္စကီးကို ျငင္းပယ္ခဲ့တဲ့အတြက္ ဂ်ာမန္သတင္းဌာနေတြရဲ့ ျပစ္တင္ႀကိမ္းေမာင္းျခင္းကို ခံေနရၿပီး ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္က အာဂ်င္တီးနားလက္ေရြးစင္အသင္းေခါင္းေဆာင္ထက္ ၄ မွတ္အသာနဲ႔ ၂ ႏွစ္ဆက္တိုက္ ဖီဖာရဲ့အေကာင္းဆုံးအမ်ိဳးသားကစားသမားဆုကို ရရွိခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့တနလၤာေန႔က ဆုေပးပြဲအၿပီး သိပ္မၾကာခင္မွာပဲ ကစားသမားေတြက ဘယ္သူေတြကို မဲေပးခဲ့လဲဆိုတာကို ထုတ္ေဖာ္ခဲ့တာျဖစ္ၿပီး နိုင္ငံအသင္းနည္းျပေတြနဲ႔ အသင္းေခါင္းေဆာင္ေတြ အမ်ားစုဟာ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးကို ပထမေရြးခ်ယ္မႈ ျပဳလုပ္ခဲ့ၾကေပမယ့္ မက္ဆီက ၎ရဲ့ ထိပ္ဆုံး ၃ ဦးေရြးခ်ယ္မႈမွာ လီဗန္ေဒါ့ဗ္စကီးကို ေရြးခ်ယ္ခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ ဂ်ာမန္သတင္းစာ Bild က လီယြန္နယ္ မက္ဆီရဲ့ မဲေပးမႈနဲ႔ပတ္သက္ၿပီး အရွက္ရသင့္တယ္လို႔ ေခါင္းစည္းမွာ ေဖာ္ျပခဲ့ၿပီး ဖီဖာရဲ့အေကာင္းဆုံးဆုအတြက္ ခရစၥတီယာနို ေရာ္နယ္လ္ဒိုရဲ့ ထိပ္တန္းေရြးခ်ယ္မႈဟာ လီဗန္ေဒါ့ဗ္စကီးျဖစ္ခဲ့တာကိုလည္း ေထာက္ျပၿပီး ေဝဖန္ခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၎ရဲ့ ထိပ္တန္းေရြးခ်ယ္မႈ ၃ ဦးစာရင္းမွာ ပီအက္စ္ဂ်ီအသင္းေဖာ္ ေနမာ၊ အမ္ဘာေပနဲ႔ ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး ကာရင္ ဘန္ဇီးမားတို႔ကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ လီဗန္ေဒါ့ဗ္စကီးက မက္ဆီရဲ့ မဲေပးေရြးခ်ယ္မႈနဲ႔ပတ္သက္ၿပီး ၎ရဲ့ထင္ျမင္ခ်က္ကို ေျပာျပဖို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ “ဘလြန္ေဒါဆုေပးပြဲတုန္းက မက္ဆီဆီက စကားလုံးေတြက အရမ္းေကာင္းတဲ့စကားလုံးေတြ ျဖစ္ခဲ့ပါတယ္။ အခု သူ႔ရဲ့ ေရြးခ်ယ္မႈနဲ႔ပတ္သက္ၿပီး ခင္ဗ်ား သူ႔ကို ေမးခြန္းေမးရမွာပါ။ ကၽြန္ေတာ္ ဘာအမွားမွ မလုပ္ခဲ့ပါဘူး။ သူ ကၽြန္ေတာ့္ရဲ့ အားကစားနဲ႔ဆိုင္တဲ့ အားထုတ္မႈေတြကလြဲရင္ ကၽြန္ေတာ့္ကို စိတ္ဆိုးနိုင္ပါတယ္။ ဒါက သူ႔ရဲ့ ဆုံးျဖတ္ခ်က္ျဖစ္ၿပီး ကၽြန္ေတာ္ ဘာမွမေကာင္းတာ မေျပာခ်င္ပါဘူး”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၎ရဲ့ MIM ဟိုတယ္လုပ္ငန္းစုထဲမွာ ေနာက္ထပ္ ဟိုတယ္တစ္ခုကို ထပ္မံ ထည့္သြင္းခဲ့တယ္လို႔ သိရၿပီး အဲဒီဟိုတယ္ဟာ ၂၀၁၇ ခုႏွစ္ကတည္းက Majestic Hotel Group ကေန လုပ္ကိုင္ေနခဲ့တာျဖစ္ပါတယ္။ မက္ဆီအတြက္ ဒီဟိုတယ္ဟာ ၆ လုံးေျမာက္ ဟိုတယ္ျဖစ္လာခဲ့ၿပီး စပိန္နိုင္ငံေတာင္ပိုင္းကမ္းရိုးတန္း ကဒစ္ဇ္ၿမိဳ႕က Puerto Deportivo de Sotogrande မွာ တည္ရွိတာျဖစ္ပါတယ္။

မက္ဆီရဲ့ဟိုတယ္လုပ္ငန္းစုဟာ ခရီးသြားေတြကို ေဂါက္၊ ပိုလိုနဲ႔ အဏၰဝါအားကစား ခ်စ္သူေတြအတြက္ ေနရာအျဖစ္ ကိုယ္စားျပဳၿပီး အဆင့္ျမင့္ဟိုတယ္က႑အေပၚ အာ႐ုံစိုက္ ဆက္လက္ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ Hotel MIM Sitges၊ Hotel MIM Ibiza၊ Hotel MIM Mallorca၊ Hotel MIM Baqueira၊ Hotel MIM Andorra တို႔ကို ပိုင္ဆိုင္ထားၿပီးျဖစ္ၿပီး လက္ရွိေနာက္ဆုံးဟိုတယ္ျဖစ္တဲ့ MIM Sotogrande Club Marítimo ကို လာမယ့္ ဧၿပီလ ၂၂ ရက္ေန႔မွာ ဖြင့္လွစ္သြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

MIM Sotogrande Club Marítimo ဟိုတယ္မွာ က်ယ္ဝန္းၿပီး ေခတ္မီလွပတဲ့ အခန္းေပါင္း ၄၅ ခန္း ပါဝင္မွာျဖစ္ၿပီး အျပင္ဘက္ ေလဟာျပင္မွာ ညစာစားေသာက္နိုင္တဲ့ စားေသာက္ဆိုင္ ၂ ဆိုင္နဲ႔ spa လည္း ပါဝင္တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.