Premier League

ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ အတွက် ပေါလ် မာဆန်ရဲ့ ခန့်မှန်းချက်များ

ပရီးမီးယားလိဂ်ဟာ ယခုအပတ်မှာ နောက်ထပ် ကြီးမားတဲ့ပွဲစဉ်တွေနဲ့ ပြည့်နှက်နေပြီး ပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားစရာ ပွဲစဉ်တွေ အများအပြား ပါဝင်နေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက်ရော အောက်ဆုံးနေရာအတွက်ပါ အရေးကြီးတဲ့ပွဲစဉ်တွေ ကစားသွားဖို့ ရှိနေပြီး ပေါလ် မာဆန်က ယခုအပတ်ပွဲစဉ်တွေအတွက် ခန့်မှန်းချက်တွေ ပြုလုပ်ခဲ့တာကို ဖော်ပြပေးလိုက်ပါတယ်။

ဝက်ဖို့ဒ် vs နောဝစ်ချ်

တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေကြတဲ့ အသင်း ၂ သင်းတွေ့ဆုံတဲ့ပွဲစဉ်ဖြစ်တာကြောင့် ကြီးမားတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး တန်းဆင်းဇုန်ထဲက အခြားအသင်းတွေကတော့ သရေရလဒ် ထွက်ပေါ်လာဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ ဝက်ဖို့ဒ်အသင်းဟာ ၎င်းတို့ရဲ့ တန်ပြန်တိုက်စစ်နဲ့အတူ အန္တရာယ်ရှိတဲ့ အသင်းဖြစ်သလို ပိုမိုကောင်းမွန်တဲ့ တိုက်စစ် ၃ ဦးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် တန်းဆင်းဇုန်က အသင်းတွေနဲ့ ရမှတ် ကွာဟမှု ကြီးမားအောင် ဒီပွဲမှာ အနိုင်ရလဒ်ကို ရယူသွားမှာဖြစ်ပါတယ်။

ဝက်ဖို့ဒ် ၂-၀ နောဝစ်ချ်

အဲဗာတန် vs အက်စတန် ဗီလာ

အဲဗာတန်အသင်းဟာ ဒီအပတ်မှာတော့ နည်းပြသစ် ဒန်ကန် ဖာဂူဆန်နဲ့အတူ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး အားကောင်းတဲ့ ဗီလာနဲ့ပွဲမှာ မာမာထန်ထန် တုံ့ပြန်သွားမှာဖြစ်ပါတယ်။ စတီဗင် ဂျရတ်ရဲ့အသင်းမှာ ကော်တင်ညို ပွဲထွက်လူစာရင်းထဲမှာ ပါဝင်လာနိုင်ဖွယ်မရှိပေမယ့် ဝှက်ဖဲအနေနဲ့ လူစားဝင်ကစားသွားနိုင်ပါတယ်။ အက်စတန် ဗီလာဟာ လက်ရှိအချိန်မှာ ကောင်းကောင်း ကစားနိုင်နေပြီး အဲဗာတန်နဲ့ယှဉ်ရင် ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်တာကြောင့် ဒီတစ်ကြိမ်မှာတော့ ဗီလာကပဲ နိုင်ပွဲရသွားနိုင်ပါတယ်။

အဲဗာတန် ၁-၂ အက်စတန် ဗီလာ

ဘရန့်တ်ဖို့ဒ် vs ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်

ဘရန့်တ်ဖို့ဒ်ဟာ မန်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ပထမပိုင်း ကစားပုံ ပိုမိုကောင်းမွန်ခဲ့ပေမယ့် အခွင့်အရေးမယူနိုင်ခဲ့လို့ ရှုံးပွဲတွေ့ခဲ့ရပါတယ်။ ဒီပွဲကတော့ ဘရန့်တ်ဖို့ဒ်အတွက် မန်ယူနိုက်တက်နဲ့ပွဲစဉ်ကထက် ပိုခက်ခဲမယ့်ပွဲစဉ်ဖြစ်လာနိုင်ပြီး လက်ရှိအချိန်မှာ ဝုလ်ဗ်စ်က ပုံစံကောင်း ရရှိနေတာကြောင့်ဖြစ်ပါတယ်။ ဝုလ်ဗ်စ်ဟာ တောင့်တင်းပြီး ဖြိုခွဲဖို့ ခက်ခဲတဲ့အသင်းဖြစ်နေသလို ယခုရာသီ ထိပ်ဆုံး ၄ နေရာအတွက် ဖျက်မျဉ်းလည်း ဖြစ်လာတာကြောင့် ဒီပွဲစဉ်မှာ အဝေးကွင်းနိုင်ပွဲကို ရယူသွားနိုင်မှာပါ။

ဘရန့်တ်ဖို့ဒ် ၀-၂ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်

လိဒ်စ်ယူနိုက်တက် vs နယူးကာဆယ်လ် ယူနိုက်တက်

လိဒ်စ်ဟာ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာ အရမ်းကောင်းမွန်တဲ့ရလဒ် ရယူနိုင်ခဲ့ပြီး နယူးကာဆယ်လ်နဲ့ပွဲက ဖိအားပိုမိုနည်းပါးတဲ့ပွဲဖြစ်လာမှာဖြစ်ပါတယ်။ လိဒ်စ်ဟာ ပြိုင်ဘက်တွေကို အခွင့်အရေးအများကြီးပေးတတ်တာကြောင့် နယူးကာဆယ်လ်ကြယ်ပွင့် အယ်လ်မီရွန်ရဲ့ မြန်နှုန်းက ၎င်းတို့အတွက် နာကျင်စရာဖြစ်စေနိုင်မှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ လိဒ်စ်ကပဲ အနိုင်ရသွားမှာဖြစ်ပြီး နယူးကာဆယ်လ်ဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့အသင်းဖြစ်တာကြောင့် နိုင်ပွဲရဖို့ လမ်းမမြင်ပါဘူး။

လိဒ်စ်ယူနိုက်တက် ၂-၁ နယူးကာဆယ်လ် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် vs ဝက်စ်ဟမ်း ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ကိုတော့ လက်ရှိအချိန်မှာ မှန်းလို့ မရနိုင်ဘဲ ဘရန့်တ်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပြဿနာတွေကို ဖုံးကွယ်ထားခဲ့ပါတယ်။ ဘရန့်တ်ဖို့ဒ်အသင်းဟာ ပထမပိုင်းမှာ ယူနိုက်တက်ကို ဘောလုံးသင်ခန်းစာတွေ ပေးခဲ့ပြီး ယူနိုက်တက်ဟာ နောက်ထပ်တစ်ကြိမ် ဒဟေးယားကို အားကိုးခဲ့ရပြန်ပါတယ်။ အဲဒီလို ဖြစ်ပျက်ခဲ့တာ အကြိမ်များစွာရှိနေပြီဖြစ်ပြီး နယူးကာဆယ်လ်နဲ့ပွဲမှာလည်း ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရသလို အက်စတန် ဗီလာနဲ့ပွဲမှာလည်း ချေပဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။ ဝက်စ်ဟမ်းကလည်း နိုင်ငံတကာပွဲစဉ်အပြီးကတည်းက ခြေမငြိမ်တော့ဘဲ လိဒ်စ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ါတယ်။ ဒီတစ်ကြိမ်မှာတော့ မန်ချက်စတာယူနိုက်တက်အနိုင်ရနိုင်တယ်လို့ မထင်ဘဲ ဝက်စ်ဟမ်းက ပြဿနာဖြစ်စေနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မန်ချက်စတာယူနိုက်တက် ၁-၁ ဝက်စ်ဟမ်း ယူနိုက်တက်

ဆောက်သမ်တန် vs မန်ချက်စတာစီးတီး

ဆောက်သမ်တန်ဟာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ အထင်ကြီးဖွယ် မှတ်တမ်းတွေ အံ့အားသင့်ဖွယ် ပိုင်ဆိုင်ခဲ့ပြီး နောက်ဆုံး ၄ ပွဲမှာ ၂ ပွဲအထိ ရှုံးပွဲမရှိခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်ဟာ မန်စီးတီးကို ပြဿနာ အနည်းငယ်ဖြစ်စေနိုင်ပြီး ၎င်းတို့ရဲ့ တည်ကန်ဘောကစားပုံနဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း ဆောက်သမ်တန်အနေနဲ့ မန်စီးတီးရဲ့ တိုက်စစ်ကို တောင့်ခံနိုင်မှာမဟုတ်ဘဲ ၁၂ ပွဲဆက် ပရီးမီးယားလိဂ်နိုင်ပွဲကို ထပ်မံတိုးမြှင့်သွားနိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မန်စီးတီးကို အနိုင်ယူနိုင်တဲ့အသင်း မရှိသေးဘဲ ဂွါဒီယိုလာအနေနဲ့ ဒီပွဲမှာ အနိုင်ကစားပြီး ၂ ပွဲလျော့နေတဲ့ လီဗာပူးလ် လိုက်မမီနိုင်အောင် ဆက်ပြေးနိုင်ဦးမှာဖြစ်ပါတယ်။

ဆောက်သမ်တန် ၁-၃ မန်ချက်စတာစီးတီး

ခရစ္စတယ်ပဲလေ့စ် vs လီဗာပူးလ်

လီဗာပူးလ်အတွက် ပွဲကြပ်တစ်ပွဲဖြစ်ပြီး ကြာသပတေးနေ့ညနေမှာ အာဆင်နယ်ကို ကာရာဘောင်းဖလားမှာ အနိုင်ရခဲ့ပြီးနောက် ၂ ရက်အကြာမှာပဲ ပဲလေ့စ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပဲလေ့စ်ဟာ ဘရိုက်တန်နဲ့ပွဲစဉ်မှာ ဆိုးရွားခဲ့ပေမယ့် အသင်းကောင်းတစ်သင်းဖြစ်ပြီး နည်းပြ ဗီအဲရာလက်အောက်မှာ အထင်ကြီးဖွယ် ရာသီကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ မာနေးနဲ့ ဆာလားမပါဝင်ဘဲ ဂျိုတာ၊ ဖာမီနိုတို့ကို သွင်းဂိုးတွေအတွက် အဓိကအားထားရမှာဖြစ်တာကြောင့် ပွဲပမ်းထားတဲ့ လီဗာပူးလ်တိုက်စစ်ကို အိမ်ရှင်ပဲလေ့စ်တို့ တောင့်ခံနိုင်ဖွယ်ရှိပါတယ်။

ခရစ္စတယ်ပဲလေ့စ် ၁-၁ လီဗာပူးလ်

အာဆင်နယ် vs ဘန်လေ

၂ သင်းစလုံးအတွက် ပွဲကြီးပွဲကောင်းဖြစ်ပြီး ဘန်လေဟာ ပွဲစဉ် ၂၃ ရောက်နေပြီဖြစ်ပေမယ့် ၁၇ ပွဲသာ ကစားရသေးတာကြောင့် ပွဲကျန်တွေ အများကြီး ရှိနေသေးတာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ လီဗာပူးလ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ၂ ရက်မပြည့်ခင်မှာ နောက်ထပ်တစ်ပွဲ ထပ်မံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဘန်လေဟာ လက်ရှိအချိန်မှာ ဖြေရှင်းရမယ့် ပြဿနာတွေ အများအပြားရှိနေတာကြောင့် အာဆင်နယ်ကို ဘာမှ ဒုက္ခကြီးကြီးမားမား ပေးနိုင်မှာမဟုတ်ဘဲ ဒီပွဲမှာတော့ အာဆင်နယ်ကပဲ လီဗာပူးလ်နဲ့ ရှုံးပွဲကနေ ပြန်လာနိုင်မှာဖြစ်ပါတယ်။

အာဆင်နယ် ၃-၀ ဘန်လေ

လက်စတာစီးတီး vs ဘရိုက်တန်

လက်စတာစီးတီးဟာ ဗုဒ္ဓဟူးနေ့ညက စပါးစ်ကို အိမ်ကွင်းမှာ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီး ဘရိုက်တန်ကတော့ ချဲလ်ဆီးနဲ့ပွဲမှာ နောက်ထပ် ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေရလဒ် ရယူထားနိုင်ခဲ့ပါတယ်။ ဘရိုက်တန်အသင်းဟာ အဲဒီရလဒ်ကောင်းကြောင့် စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ရှေ့ဆက်သွားမှာဖြစ်တာကြောင့် လက်စတာစီးတီးအနေနဲ့ ပေးဂိုးမရှိတဲ့ပွဲစဉ်အဖြစ် ထိန်းသိမ်းနိုင်မယ့်ပုံမပေါ်ပါဘူး။ ၂ သင်းစလုံး ဂိုးသွင်းနိုင်ပြီး သရေကျသွားဖို့ပဲ မြင်ပါတယ်။

လက်စတာစီးတီး ၂-၂ ဘရိုက်တန်

ချဲလ်ဆီး vs တော့တင်ဟမ်ဟော့စပါး

ဒီပွဲစဉ်ဟာ ၂ သင်းစလုံးအတွက် ပွဲကြီးပွဲကောင်းဖြစ်ပြီး စပါးစ်သာ ပွဲကျန်တွေကို နိုင်ခဲ့ရင် အမှတ်ပေးဇယားမှာ ချဲလ်ဆီးကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒီပွဲမှာ စပါးစ်သာ အနိုင်ရသွားခဲ့ရင်တော့ ချဲလ်ဆီး ပရိသတ်တွေအတွက် ဇောချွေးစပြန်စရာ ဖြစ်လာမှာဖြစ်ပြီး အထူးသဖြင့် လက်ရှိအချိန်မှာ ချဲလ်ဆီးက ကောင်းကောင်း မကစားနိုင်တဲ့အနေအထားမှာ ရှိနေတာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ဖလားပြိုင်ပွဲတွေမှာတော့ စပါးစ်ကို သက်တောင့်သက်သာနဲ့ အနိုင်ယူနိုင်ခဲ့ပြီး ၂ ကြိမ်စလုံး အနိုင်ရထားခဲ့တာဖြစ်ပါတယ်။ လူကာကူးအနေနဲ့ ချဲလ်ဆီးရဲ့ ကစားကွက်မှာ လုံလုံလောက်လောက် ပါဝင်နိုင်တယ်လို့ မထင်ဘဲ ခြေစွမ်းအများကြီး မပြသနိုင်ခဲ့တာဖြစ်ပါတယ်။ လူကာကူးက ၎င်းရဲ့အကောင်းဆုံးပုံစံ ရရှိနေတဲ့အချိန်ဆိုရင် ဘောလုံးကို နေရာလွတ်ထဲမှာ ထားပေးလိုက်ရုံနဲ့ မြန်နှုန်းနဲ့ စွမ်းအားကို အသုံးပြုပြီး အဆုံးသတ်သွားမှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ မကြာခဏ ခံစစ်ပိတ်ဆော့တဲ့အသင်းနဲ့တွေ့ရင် အခက်တွေ့လေ့ရှိပြီး လူကာကူးဟာ မကြာခဏ ကြပ်နေတဲ့ နေရာလွတ်ကြားမှာ ဘာမှ လုပ်မရဖြစ်နေခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ပထမရှိနေတဲ့ နေရာကို စွန့်ခွာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ခံစစ်ကစားသမားတွေကို အလုပ်ရှုပ်နေအောင်လုပ်ဖို့ လူကာကူးကို လိုအပ်ပြီး ဒီပွဲမှာ ပါဝင်ကစားသွားမယ်လို့ ထင်ပါတယ်။ ချဲလ်ဆီးအနေနဲ့ ခံစစ် ၃ ဦးကစားကွက်ကို ပြန်ပြောင်းသုံးဖို့ ရှိပြီး ရူဒီဂါဟာ ဖလားပွဲစဉ် ၂ ပွဲစလုံးမှာ ဟာရီ ကိန်းကို လူကပ်ကစားခွင့် ရခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ အဲဒီနည်းဗျူဟာအတိုင်း ဒီပွဲမှာ ဆက်သုံးသွားမှာဖြစ်ပြီး စပါးစ်ဟာ လက်စတာစီးတီးနဲ့ပွဲစဉ်က ရလဒ်ကြောင့် စိတ်ဓာတ်ခွန်အားမြင့်မားနေမှာဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းကပဲ ဒီအပတ်ပရီးမီးယားလိဂ်ပွဲစဉ်ကို အနိုင်ရရှိသွားလိမ့်မယ်လို့ ထင်ပါတယ်။

ချဲလ်ဆီး ၂-၀ တော့တင်ဟမ်ဟော့စပါး

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပရီးမီးယားလိဂ္ဟာ ယခုအပတ္မွာ ေနာက္ထပ္ ႀကီးမားတဲ့ပြဲစဥ္ေတြနဲ႔ ျပည့္ႏွက္ေနၿပီး ပရိသတ္ေတြအတြက္ေတာ့ စိတ္လႈပ္ရွားစရာ ပြဲစဥ္ေတြ အမ်ားအျပား ပါဝင္ေနတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္ဆုံးေနရာအတြက္ေရာ ေအာက္ဆုံးေနရာအတြက္ပါ အေရးႀကီးတဲ့ပြဲစဥ္ေတြ ကစားသြားဖို႔ ရွိေနၿပီး ေပါလ္ မာဆန္က ယခုအပတ္ပြဲစဥ္ေတြအတြက္ ခန႔္မွန္းခ်က္ေတြ ျပဳလုပ္ခဲ့တာကို ေဖာ္ျပေပးလိုက္ပါတယ္။

ဝက္ဖို႔ဒ္ vs ေနာဝစ္ခ်္

တန္းဆင္းဇုန္ကေန ႐ုန္းထြက္ဖို႔ ႀကိဳးစားေနၾကတဲ့ အသင္း ၂ သင္းေတြ႕ဆုံတဲ့ပြဲစဥ္ျဖစ္တာေၾကာင့္ ႀကီးမားတဲ့ပြဲစဥ္ျဖစ္လာမွာျဖစ္ၿပီး တန္းဆင္းဇုန္ထဲက အျခားအသင္းေတြကေတာ့ သေရရလဒ္ ထြက္ေပၚလာဖို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။ ဝက္ဖို႔ဒ္အသင္းဟာ ၎တို႔ရဲ့ တန္ျပန္တိုက္စစ္နဲ႔အတူ အႏၲရာယ္ရွိတဲ့ အသင္းျဖစ္သလို ပိုမိုေကာင္းမြန္တဲ့ တိုက္စစ္ ၃ ဦးကိုလည္း ပိုင္ဆိုင္ထားတာေၾကာင့္ တန္းဆင္းဇုန္က အသင္းေတြနဲ႔ ရမွတ္ ကြာဟမႈ ႀကီးမားေအာင္ ဒီပြဲမွာ အနိုင္ရလဒ္ကို ရယူသြားမွာျဖစ္ပါတယ္။

ဝက္ဖို႔ဒ္ ၂-၀ ေနာဝစ္ခ်္

အဲဗာတန္ vs အက္စတန္ ဗီလာ

အဲဗာတန္အသင္းဟာ ဒီအပတ္မွာေတာ့ နည္းျပသစ္ ဒန္ကန္ ဖာဂူဆန္နဲ႔အတူ ပိုမိုေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ျပသဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး အားေကာင္းတဲ့ ဗီလာနဲ႔ပြဲမွာ မာမာထန္ထန္ တုံ႔ျပန္သြားမွာျဖစ္ပါတယ္။ စတီဗင္ ဂ်ရတ္ရဲ့အသင္းမွာ ေကာ္တင္ညိဳ ပြဲထြက္လူစာရင္းထဲမွာ ပါဝင္လာနိုင္ဖြယ္မရွိေပမယ့္ ဝွက္ဖဲအေနနဲ႔ လူစားဝင္ကစားသြားနိုင္ပါတယ္။ အက္စတန္ ဗီလာဟာ လက္ရွိအခ်ိန္မွာ ေကာင္းေကာင္း ကစားနိုင္ေနၿပီး အဲဗာတန္နဲ႔ယွဥ္ရင္ ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္တာေၾကာင့္ ဒီတစ္ႀကိမ္မွာေတာ့ ဗီလာကပဲ နိုင္ပြဲရသြားနိုင္ပါတယ္။

အဲဗာတန္ ၁-၂ အက္စတန္ ဗီလာ

ဘရန႔္တ္ဖို႔ဒ္ vs ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္

ဘရန႔္တ္ဖို႔ဒ္ဟာ မန္ယူနိုက္တက္နဲ႔ပြဲစဥ္မွာ ပထမပိုင္း ကစားပုံ ပိုမိုေကာင္းမြန္ခဲ့ေပမယ့္ အခြင့္အေရးမယူနိုင္ခဲ့လို႔ ရႈံးပြဲေတြ႕ခဲ့ရပါတယ္။ ဒီပြဲကေတာ့ ဘရန႔္တ္ဖို႔ဒ္အတြက္ မန္ယူနိုက္တက္နဲ႔ပြဲစဥ္ကထက္ ပိုခက္ခဲမယ့္ပြဲစဥ္ျဖစ္လာနိုင္ၿပီး လက္ရွိအခ်ိန္မွာ ဝုလ္ဗ္စ္က ပုံစံေကာင္း ရရွိေနတာေၾကာင့္ျဖစ္ပါတယ္။ ဝုလ္ဗ္စ္ဟာ ေတာင့္တင္းၿပီး ၿဖိဳခြဲဖို႔ ခက္ခဲတဲ့အသင္းျဖစ္ေနသလို ယခုရာသီ ထိပ္ဆုံး ၄ ေနရာအတြက္ ဖ်က္မ်ဥ္းလည္း ျဖစ္လာတာေၾကာင့္ ဒီပြဲစဥ္မွာ အေဝးကြင္းနိုင္ပြဲကို ရယူသြားနိုင္မွာပါ။

ဘရန႔္တ္ဖို႔ဒ္ ၀-၂ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္

လိဒ္စ္ယူနိုက္တက္ vs နယူးကာဆယ္လ္ ယူနိုက္တက္

လိဒ္စ္ဟာ ေနာက္ဆုံး ပရီးမီးယားလိဂ္ပြဲျဖစ္တဲ့ ဝက္စ္ဟမ္းနဲ႔ ပြဲမွာ အရမ္းေကာင္းမြန္တဲ့ရလဒ္ ရယူနိုင္ခဲ့ၿပီး နယူးကာဆယ္လ္နဲ႔ပြဲက ဖိအားပိုမိုနည္းပါးတဲ့ပြဲျဖစ္လာမွာျဖစ္ပါတယ္။ လိဒ္စ္ဟာ ၿပိဳင္ဘက္ေတြကို အခြင့္အေရးအမ်ားႀကီးေပးတတ္တာေၾကာင့္ နယူးကာဆယ္လ္ၾကယ္ပြင့္ အယ္လ္မီရြန္ရဲ့ ျမန္ႏႈန္းက ၎တို႔အတြက္ နာက်င္စရာျဖစ္ေစနိုင္မွာျဖစ္ပါတယ္။ ဒီပြဲစဥ္မွာေတာ့ လိဒ္စ္ကပဲ အနိုင္ရသြားမွာျဖစ္ၿပီး နယူးကာဆယ္လ္ဟာ ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရတဲ့အသင္းျဖစ္တာေၾကာင့္ နိုင္ပြဲရဖို႔ လမ္းမျမင္ပါဘူး။

လိဒ္စ္ယူနိုက္တက္ ၂-၁ နယူးကာဆယ္လ္ ယူနိုက္တက္

မန္ခ်က္စတာယူနိုက္တက္ vs ဝက္စ္ဟမ္း ယူနိုက္တက္

မန္ခ်က္စတာယူနိုက္တက္ကိုေတာ့ လက္ရွိအခ်ိန္မွာ မွန္းလို႔ မရနိုင္ဘဲ ဘရန႔္တ္ဖို႔ဒ္ကို အနိုင္ရခဲ့တဲ့ပြဲစဥ္မွာ ျပႆနာေတြကို ဖုံးကြယ္ထားခဲ့ပါတယ္။ ဘရန႔္တ္ဖို႔ဒ္အသင္းဟာ ပထမပိုင္းမွာ ယူနိုက္တက္ကို ေဘာလုံးသင္ခန္းစာေတြ ေပးခဲ့ၿပီး ယူနိုက္တက္ဟာ ေနာက္ထပ္တစ္ႀကိမ္ ဒေဟးယားကို အားကိုးခဲ့ရျပန္ပါတယ္။ အဲဒီလို ျဖစ္ပ်က္ခဲ့တာ အႀကိမ္မ်ားစြာရွိေနၿပီျဖစ္ၿပီး နယူးကာဆယ္လ္နဲ႔ပြဲမွာလည္း ဦးေဆာင္ဂိုး ခြင့္ျပဳခဲ့ရသလို အက္စတန္ ဗီလာနဲ႔ပြဲမွာလည္း ေခ်ပဂိုးေတြ ျပန္ေပးခဲ့ရပါတယ္။ ဝက္စ္ဟမ္းကလည္း နိုင္ငံတကာပြဲစဥ္အၿပီးကတည္းက ေျခမၿငိမ္ေတာ့ဘဲ လိဒ္စ္ကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ မန္ခ်က္စတာယူနိုက္တက္အနိုင္ရနိုင္တယ္လို႔ မထင္ဘဲ ဝက္စ္ဟမ္းက ျပႆနာျဖစ္ေစနိုင္လိမ့္မယ္လို႔ ထင္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ ၁-၁ ဝက္စ္ဟမ္း ယူနိုက္တက္

ေဆာက္သမ္တန္ vs မန္ခ်က္စတာစီးတီး

ေဆာက္သမ္တန္ဟာ မန္စီးတီးနဲ႔ ယွဥ္ၿပိဳင္ခဲ့ရာမွာ အထင္ႀကီးဖြယ္ မွတ္တမ္းေတြ အံ့အားသင့္ဖြယ္ ပိုင္ဆိုင္ခဲ့ၿပီး ေနာက္ဆုံး ၄ ပြဲမွာ ၂ ပြဲအထိ ရႈံးပြဲမရွိခဲ့တာျဖစ္ပါတယ္။ ေဆာက္သမ္တန္ဟာ မန္စီးတီးကို ျပႆနာ အနည္းငယ္ျဖစ္ေစနိုင္ၿပီး ၎တို႔ရဲ့ တည္ကန္ေဘာကစားပုံနဲ႔ ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္နိုင္ဖြယ္ရွိေနပါတယ္။ ဒါေပမယ့္လည္း ေဆာက္သမ္တန္အေနနဲ႔ မန္စီးတီးရဲ့ တိုက္စစ္ကို ေတာင့္ခံနိုင္မွာမဟုတ္ဘဲ ၁၂ ပြဲဆက္ ပရီးမီးယားလိဂ္နိုင္ပြဲကို ထပ္မံတိုးျမႇင့္သြားနိုင္မွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ မန္စီးတီးကို အနိုင္ယူနိုင္တဲ့အသင္း မရွိေသးဘဲ ဂြါဒီယိုလာအေနနဲ႔ ဒီပြဲမွာ အနိုင္ကစားၿပီး ၂ ပြဲေလ်ာ့ေနတဲ့ လီဗာပူးလ္ လိုက္မမီနိုင္ေအာင္ ဆက္ေျပးနိုင္ဦးမွာျဖစ္ပါတယ္။

ေဆာက္သမ္တန္ ၁-၃ မန္ခ်က္စတာစီးတီး

ခရစၥတယ္ပဲေလ့စ္ vs လီဗာပူးလ္

လီဗာပူးလ္အတြက္ ပြဲၾကပ္တစ္ပြဲျဖစ္ၿပီး ၾကာသပေတးေန႔ညေနမွာ အာဆင္နယ္ကို ကာရာေဘာင္းဖလားမွာ အနိုင္ရခဲ့ၿပီးေနာက္ ၂ ရက္အၾကာမွာပဲ ပဲေလ့စ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ပဲေလ့စ္ဟာ ဘရိုက္တန္နဲ႔ပြဲစဥ္မွာ ဆိုးရြားခဲ့ေပမယ့္ အသင္းေကာင္းတစ္သင္းျဖစ္ၿပီး နည္းၿပ ဗီအဲရာလက္ေအာက္မွာ အထင္ႀကီးဖြယ္ ရာသီကို ပိုင္ဆိုင္ေနတာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ မာေနးနဲ႔ ဆာလားမပါဝင္ဘဲ ဂ်ိဳတာ၊ ဖာမီနိုတို႔ကို သြင္းဂိုးေတြအတြက္ အဓိကအားထားရမွာျဖစ္တာေၾကာင့္ ပြဲပမ္းထားတဲ့ လီဗာပူးလ္တိုက္စစ္ကို အိမ္ရွင္ပဲေလ့စ္တို႔ ေတာင့္ခံနိုင္ဖြယ္ရွိပါတယ္။

ခရစၥတယ္ပဲေလ့စ္ ၁-၁ လီဗာပူးလ္

အာဆင္နယ္ vs ဘန္ေလ

၂ သင္းစလုံးအတြက္ ပြဲႀကီးပြဲေကာင္းျဖစ္ၿပီး ဘန္ေလဟာ ပြဲစဥ္ ၂၃ ေရာက္ေနၿပီျဖစ္ေပမယ့္ ၁၇ ပြဲသာ ကစားရေသးတာေၾကာင့္ ပြဲက်န္ေတြ အမ်ားႀကီး ရွိေနေသးတာျဖစ္ၿပီး အာဆင္နယ္အသင္းကေတာ့ လီဗာပူးလ္ကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၂ ရက္မျပည့္ခင္မွာ ေနာက္ထပ္တစ္ပြဲ ထပ္မံယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ဘန္ေလဟာ လက္ရွိအခ်ိန္မွာ ေျဖရွင္းရမယ့္ ျပႆနာေတြ အမ်ားအျပားရွိေနတာေၾကာင့္ အာဆင္နယ္ကို ဘာမွ ဒုကၡႀကီးႀကီးမားမား ေပးနိုင္မွာမဟုတ္ဘဲ ဒီပြဲမွာေတာ့ အာဆင္နယ္ကပဲ လီဗာပူးလ္နဲ႔ ရႈံးပြဲကေန ျပန္လာနိုင္မွာျဖစ္ပါတယ္။

အာဆင္နယ္ ၃-၀ ဘန္ေလ

လက္စတာစီးတီး vs ဘရိုက္တန္

လက္စတာစီးတီးဟာ ဗုဒၶဟူးေန႔ညက စပါးစ္ကို အိမ္ကြင္းမွာ ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ဘရိုက္တန္ကေတာ့ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ေနာက္ထပ္ ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္နဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရရလဒ္ ရယူထားနိုင္ခဲ့ပါတယ္။ ဘရိုက္တန္အသင္းဟာ အဲဒီရလဒ္ေကာင္းေၾကာင့္ စိတ္ဓာတ္ခြန္အားအျပည့္နဲ႔ ေရွ႕ဆက္သြားမွာျဖစ္တာေၾကာင့္ လက္စတာစီးတီးအေနနဲ႔ ေပးဂိုးမရွိတဲ့ပြဲစဥ္အျဖစ္ ထိန္းသိမ္းနိုင္မယ့္ပုံမေပၚပါဘူး။ ၂ သင္းစလုံး ဂိုးသြင္းနိုင္ၿပီး သေရက်သြားဖို႔ပဲ ျမင္ပါတယ္။

လက္စတာစီးတီး ၂-၂ ဘရိုက္တန္

ခ်ဲလ္ဆီး vs ေတာ့တင္ဟမ္ေဟာ့စပါး

ဒီပြဲစဥ္ဟာ ၂ သင္းစလုံးအတြက္ ပြဲႀကီးပြဲေကာင္းျဖစ္ၿပီး စပါးစ္သာ ပြဲက်န္ေတြကို နိုင္ခဲ့ရင္ အမွတ္ေပးဇယားမွာ ခ်ဲလ္ဆီးကို ေက်ာ္ျဖတ္နိုင္မွာျဖစ္ပါတယ္။ ဒီပြဲမွာ စပါးစ္သာ အနိုင္ရသြားခဲ့ရင္ေတာ့ ခ်ဲလ္ဆီး ပရိသတ္ေတြအတြက္ ေဇာေခၽြးစျပန္စရာ ျဖစ္လာမွာျဖစ္ၿပီး အထူးသျဖင့္ လက္ရွိအခ်ိန္မွာ ခ်ဲလ္ဆီးက ေကာင္းေကာင္း မကစားနိုင္တဲ့အေနအထားမွာ ရွိေနတာေၾကာင့္ျဖစ္ပါတယ္။ ဒါေပမယ့္ ဖလားၿပိဳင္ပြဲေတြမွာေတာ့ စပါးစ္ကို သက္ေတာင့္သက္သာနဲ႔ အနိုင္ယူနိုင္ခဲ့ၿပီး ၂ ႀကိမ္စလုံး အနိုင္ရထားခဲ့တာျဖစ္ပါတယ္။ လူကာကူးအေနနဲ႔ ခ်ဲလ္ဆီးရဲ့ ကစားကြက္မွာ လုံလုံေလာက္ေလာက္ ပါဝင္နိုင္တယ္လို႔ မထင္ဘဲ ေျခစြမ္းအမ်ားႀကီး မျပသနိုင္ခဲ့တာျဖစ္ပါတယ္။ လူကာကူးက ၎ရဲ့အေကာင္းဆုံးပုံစံ ရရွိေနတဲ့အခ်ိန္ဆိုရင္ ေဘာလုံးကို ေနရာလြတ္ထဲမွာ ထားေပးလိုက္႐ုံနဲ႔ ျမန္ႏႈန္းနဲ႔ စြမ္းအားကို အသုံးျပဳၿပီး အဆုံးသတ္သြားမွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ မၾကာခဏ ခံစစ္ပိတ္ေဆာ့တဲ့အသင္းနဲ႔ေတြ႕ရင္ အခက္ေတြ႕ေလ့ရွိၿပီး လူကာကူးဟာ မၾကာခဏ ၾကပ္ေနတဲ့ ေနရာလြတ္ၾကားမွာ ဘာမွ လုပ္မရျဖစ္ေနခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ပဲ ပထမရွိေနတဲ့ ေနရာကို စြန႔္ခြာခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ခံစစ္ကစားသမားေတြကို အလုပ္ရႈပ္ေနေအာင္လုပ္ဖို႔ လူကာကူးကို လိုအပ္ၿပီး ဒီပြဲမွာ ပါဝင္ကစားသြားမယ္လို႔ ထင္ပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ခံစစ္ ၃ ဦးကစားကြက္ကို ျပန္ေျပာင္းသုံးဖို႔ ရွိၿပီး ႐ူဒီဂါဟာ ဖလားပြဲစဥ္ ၂ ပြဲစလုံးမွာ ဟာရီ ကိန္းကို လူကပ္ကစားခြင့္ ရခဲ့ပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ အဲဒီနည္းဗ်ဴဟာအတိုင္း ဒီပြဲမွာ ဆက္သုံးသြားမွာျဖစ္ၿပီး စပါးစ္ဟာ လက္စတာစီးတီးနဲ႔ပြဲစဥ္က ရလဒ္ေၾကာင့္ စိတ္ဓာတ္ခြန္အားျမင့္မားေနမွာျဖစ္ပါတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးအသင္းကပဲ ဒီအပတ္ပရီးမီးယားလိဂ္ပြဲစဥ္ကို အနိုင္ရရွိသြားလိမ့္မယ္လို႔ ထင္ပါတယ္။

ခ်ဲလ္ဆီး ၂-၀ ေတာ့တင္ဟမ္ေဟာ့စပါး

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.