Premier League

အမှတ်ဖြတ်ထားတယ်ဆိုပြီး အေးရာအေးကြောင်း မနေကြဖို့ သတိပေးလိုက်တဲ့ ဂန်ဒိုဂန်

မန်ချက်စတာစီးတီး ကွင်းလယ်ကြယ်ပွင့် ဂန်ဒိုဂန်က ၎င်းရဲ့ မန်စီးတီးအသင်းဖော်တွေကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၁ မှတ်အထိ ဖြတ်ထားနိုင်ပေမယ့်လည်း အရမ်းကြီး အေးအေးဆေးဆေး မနေကြဖို့ သတိပေးခဲ့ပါတယ်။

၂၀၁၆ ခုနှစ် နွေရာသီမှာ ဒေါ့မွန်ကနေ ပြောင်းရွှေ့လာပြီးကတည်းက အလွန်ကောင်းမွန်တဲ့ခြေစွမ်း ပုံမှန်ပြသခဲ့ပေမယ့်လည်း ဂန်ဒိုဂန်ဟာ ပြီးခဲ့တဲ့ရာသီ ကွင်းလယ်မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဂန်ဒိုဂန်ဟာ မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး အသင်းရဲ့ ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်အောင်ပွဲရရှိအောင် ကြီးမားတဲ့အခိုက်အတန့်တွေကို ပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်ကွင်းလယ်ကစားသမားရဲ့ စွမ်းဆောင်ရည်ဟာ ယခုရာသီမှာလည်း ဆက်လက် ကောင်းမွန်နေခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၁ မှတ်ဖြတ်ထားနိုင်တဲ့ မန်စီးတီးအတွက် အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးနေတာဖြစ်ပါတယ်။ CityTV နဲ့ စကားပြောဆိုရာမှာ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်ကစားသမားက အသင်းဖော်တွေကို အလွန်ကောင်းမွန်တဲ့ ခြေစွမ်း ဆက်လက်ပြသကြဖို့နဲ့ လက်ရှိ ပြသနေတဲ့ မယုံနိုင်ဖွယ် အရှိန်အဟုန်ကို မလျှော့ချလိုက်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“အဲဒါက ပြိုင်ပွဲဆိုပေမယ့် ဘယ်အရာကမှ မပြီးသေးဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ လုပ်နေခဲ့တာတွေကို လုပ်နေဖို့ လိုပါတယ်။ ကျွန်တော်တို့ အချို့အချိန်တွေမှာ ရမှတ်တွေ လျှော့ကျနိုင်တယ်ဆိုတာ ကျွန်တော် သိပေမယ့် အဲဒါပြီးရင်တော့ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် ကောင်းမွန်တဲ့ခြေစွမ်းပြသဖို့လိုအပ်ပါတယ်”

မန်ချက်စတာစီးတီးရဲ့ ကြယ်ပွင့်ကစားသမားတွေ ပြည့်နှက်နေတဲ့ လူစာရင်းကြောင့် ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အနည်းငယ်မှာ အရန်ခုံထိုင်ခဲ့ရပေမယ့်လည်း ဂန်ဒိုဂန်က စောဒကမတက်ခဲ့ဘဲ ကစားသမားတိုင်း အသင်းအောင်မြင်မှုရရှိအောင် ကူညီဖို့အတွက် အရေးပါတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“အဲဒါက အသင်းအဖွဲ့ဖြစ်လာဖို့ အရာတစ်ခုပါ။ ဒါပေမယ့် တစ်ဦးချင်းမှာလည်း ကျွန်တော်တို့ အရမ်းမြင့်မားတဲ့အဆင့်အတန်းမှာ ဆက်ထိန်းထားရမှာပါ။ ဘာလို့လဲဆိုတော့ ခင်ဗျား ကောင်းကောင်း မကစားနိုင်ရင် ခင်ဗျား နေရာကို ဆုံးရှုံးမှာဖြစ်ပြီး ၄၊ ၅ ပွဲလောက်တော့ လူစာရင်းထဲကနေ ဘေးထွက်ထိုင်နေရမှာမို့လို့ပါ”

“ကျွန်တော်တို့မှာ အံ့အားသင့်စရာ ကစားသမားတွေနဲ့ ကြီးမားတဲ့လူစာရင်းရှိပါတယ်။ အဲဒီတော့ ခင်ဗျား ကစားတဲ့အချိန်တိုင်း ခင်ဗျား အဆင့်သင့်ဖြစ်နေရမှာဖြစ်ပြီး ထိပ်တန်းခြေစွမ်းအဆင့်မှာလည်း ရှိနေရမှာပါ”

ဂျာမနီကွင်းလယ်ကစားသမားဟာ ကွင်းအတွင်းမှာ ၎င်းရဲ့ အားသိပ်စိုက်ထုတ်စရာမလိုတဲ့ နည်းစနစ်နဲ့ ပြင်းထန်လှတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ ချွေးတစ်စက်မထွက်ဘဲ ပွဲအရှိန်ကို သတ်မှတ်ပေးနိုင်တာအတွက် လူသိများခဲ့သူဖြစ်ပါတယ်။ ဂန်ဒိုဂန်က ကိုဗစ်ကူးစက်ခံရမှုကြောင့် ဘောလုံးပြက္ခဒိန်ရဲ့ ဟန်ချက်ညီမှုအပေါ် စိန်ခေါ်မှုတွေ ရှိနေတာကို သိရှိနေပြီး လက်ရှိဖြစ်နေတဲ့အခြေအနေအမှန်ကိုလည်း ရှင်းပြခဲ့ပါတယ်။

“ကျွန်တော်တို့မှာ ဗိုင်းရပ်စ မရှိနေသရွေ့တော့ ကျွန်တော်တို့ အလုပ်လုပ်ဖို့လာမယ်။ လေ့ကျင့်တယ်။ ကျွန်တော်တို့ ရှိသမျှအားတွေ စိုက်ထုတ်ဖို့ ကြိုးပမ်းသွားမှာပါ။ အဲဒီလို ဆိုပေမယ့်လည်း အဲဒါက အမြဲတမ်း လွယ်ကူတာမဟုတ်ပါဘူး။ ကျွန်တော် ခင်ဗျားကို ပြောနိုင်တာက တစ်နှစ်လုံးမှာ နည်းနည်းလေးနားပြီး နောက်ထပ်တစ်ကြိမ် ၃ ရက် သို့မဟုတ် ၄ ရက်တိုင်းမှာ ကစားရတာက ခက်ခဲပါတယ်။ ဒါပေမယ့် အဲဒီလိုပဲ ဖြစ်နေတာပဲ”

““ဘဝမှာ အမြဲတမ်းလိုလို အခြေအနေတိုင်းမှာ အကောင်းဆုံး ကြိုးပမ်းပြီးဖြစ်အောင် လုပ်ဆောင်နေရမှာပါ။ အခုအချိန်မှာ ကျွန်တော်တို့ လုပ်ဖို့ ကြိုးပမ်းနေရတာလည်း အဲဒါပါပဲ။ အဲဒါကပုံမှန်ပါပဲ။ ခင်ဗျား ကွင်းထဲရောက်တဲ့အခါကျရင် အရာအားလုံးက ပိုပြီးသာမန်ဖြစ်သွားပါတယ်”

မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့်က ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ အန္တရာယ်ရှိနေပေမယ့်လည်း ပရော်ဖက်ရှင်နယ် အားကစားသမားဖြစ်ရတာ ဘယ်လိုမျိုးလဲဆိုတာကို အတွင်းကျကျ ပြောပြခဲ့ပါသေးတယ်။

“အဲဒါက ထူးဆန်းတယ်။ ရိုးရိုးသားသားပြောရရင် ထူးဆန်းတဲ့ အခြေအနေပါ။ ကစားသမားတွေအဖြစ်နဲ့ အရာအားလုံး ကျွန်တော်တို့ လက်ထဲမှာ မရှိနေပါဘူး။ ကျွန်တော်တို့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေမှာ များများစားစား လွှမ်းမိုးနိုင်စွမ်း တကယ်မရှိခဲ့ဘဲ အဆုံးမှာတော့ ကျွန်တော်တို့ရဲ့တာဝန်က ကိုယ့်ဘာသာ ဂရုစိုက်ဖို့ပါပဲ။ ဗိုင်းရပ်စ် အကူးမခံရအောင် ကြိုးပမ်းရတယ်။ ကျွန်တော်တို့ဘာသာရော၊ ကလပ်အသင်းမှာ အလုပ်လုပ်နေတဲ့လူတွေနဲ့ အိမ်ပြန်ရောက်တဲ့အခါမှာ မိသားစုတွေလည်း မကူးစက်အောင် ကာကွယ်နိုင်ဖို့ ကြိုးပမ်းရတယ်။ ဒါက အဓိကဦးစားပေးအရာပါ”

ကိုဗစ်-၁၉ ကပ်ရောဂါက ၎င်းရဲ့ ကိုယ်ပိုင်ဘဝကို ဘယ်လို အကျိုးသက်ရောက်မှုရှိခဲ့လဲဆိုတာကိုလည်း ဂျာမန်ကွင်းလယ်ကစားသမားက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “အိမ်ထဲမှာဆိုလည်း ကျွန်တော်တို့ နည်းနည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက ပိုလို့တောင် ဂရုစိုက်ခဲ့ရပါတယ်။ အဲဒါက ထူးဆန်းတယ်လို့ ခံစားနေရတုန်းပဲ။ အဲဒါက ကိုယ်ပိုင်ဘဝကို ပိုပြီး အကျိုးသက်ရောက်မှုရှိပါတယ်”

“ဥပမာအနေနဲ့ ကျွန်တော်ပေါ့။ ကျွန်တော် ရောဂါလုံးဝ အကူးမခံရအောင် ကြိုးပမ်းတယ်။ ကုန်စုံဆိုင် သွားတာပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်ကို ကော်ဖီသောက်ဖို့ သွားတာပဲဖြစ်ဖြစ်၊ ကျွန်တော် အဲဒါတွေကို တတ်နိုင်သမျှ လျှော့ချဖို့ ကြိုးပမ်းခဲ့တယ်။ ကျွန်တော့်မိသားစုနဲ့ မိတ်ဆွေတွေကို အန္တရာယ်ဖြစ်အောင် ကျွန်တော်ကိုယ်တိုင် လုပ်သလို မဖြစ်စေချင်တာကြောင့်ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီး ကြင္းလယ္ၾကယ္ပြင့္ ဂန္ဒိုဂန္က ၎ရဲ့ မန္စီးတီးအသင္းေဖာ္ေတြကို ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၁၁ မွတ္အထိ ျဖတ္ထားနိုင္ေပမယ့္လည္း အရမ္းႀကီး ေအးေအးေဆးေဆး မေနၾကဖို႔ သတိေပးခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္ ေႏြရာသီမွာ ေဒါ့မြန္ကေန ေျပာင္းေရႊ႕လာၿပီးကတည္းက အလြန္ေကာင္းမြန္တဲ့ေျခစြမ္း ပုံမွန္ျပသခဲ့ေပမယ့္လည္း ဂန္ဒိုဂန္ဟာ ၿပီးခဲ့တဲ့ရာသီ ကြင္းလယ္မွာ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ဂန္ဒိုဂန္ဟာ မန္စီးတီးရဲ့ ပရီးမီးယားလိဂ္ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့ၿပီး အသင္းရဲ့ ၅ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ေအာင္ပြဲရရွိေအာင္ ႀကီးမားတဲ့အခိုက္အတန႔္ေတြကို ျပဳလုပ္ေပးခဲ့သူျဖစ္ပါတယ္။

ဂ်ာမနီလက္ေရြးစင္ကြင္းလယ္ကစားသမားရဲ့ စြမ္းေဆာင္ရည္ဟာ ယခုရာသီမွာလည္း ဆက္လက္ ေကာင္းမြန္ေနခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ၁၁ မွတ္ျဖတ္ထားနိုင္တဲ့ မန္စီးတီးအတြက္ အေရးႀကီးတဲ့အစိတ္အပိုင္းအျဖစ္ ပါဝင္ကစားေပးေနတာျဖစ္ပါတယ္။ CityTV နဲ႔ စကားေျပာဆိုရာမွာ အသက္ ၃၁ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားက အသင္းေဖာ္ေတြကို အလြန္ေကာင္းမြန္တဲ့ ေျခစြမ္း ဆက္လက္ျပသၾကဖို႔နဲ႔ လက္ရွိ ျပသေနတဲ့ မယုံနိုင္ဖြယ္ အရွိန္အဟုန္ကို မေလၽွာ့ခ်လိုက္ဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

“အဲဒါက ၿပိဳင္ပြဲဆိုေပမယ့္ ဘယ္အရာကမွ မၿပီးေသးဘူးလို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ကၽြန္ေတာ္တို႔ လုပ္ေနခဲ့တာေတြကို လုပ္ေနဖို႔ လိုပါတယ္။ ကၽြန္ေတာ္တို႔ အခ်ိဳ႕အခ်ိန္ေတြမွာ ရမွတ္ေတြ ေလၽွာ့က်နိုင္တယ္ဆိုတာ ကၽြန္ေတာ္ သိေပမယ့္ အဲဒါၿပီးရင္ေတာ့ ကၽြန္ေတာ္တို႔ ေနာက္ထပ္တစ္ႀကိမ္ ေကာင္းမြန္တဲ့ေျခစြမ္းျပသဖို႔လိုအပ္ပါတယ္”

မန္ခ်က္စတာစီးတီးရဲ့ ၾကယ္ပြင့္ကစားသမားေတြ ျပည့္ႏွက္ေနတဲ့ လူစာရင္းေၾကာင့္ ၿပီးခဲ့တဲ့ရာသီတုန္းက ပရီးမီးယားလိဂ္ေနာက္ဆုံးပြဲစဥ္အနည္းငယ္မွာ အရန္ခုံထိုင္ခဲ့ရေပမယ့္လည္း ဂန္ဒိုဂန္က ေစာဒကမတက္ခဲ့ဘဲ ကစားသမားတိုင္း အသင္းေအာင္ျမင္မႈရရွိေအာင္ ကူညီဖို႔အတြက္ အေရးပါတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“အဲဒါက အသင္းအဖြဲ႕ျဖစ္လာဖို႔ အရာတစ္ခုပါ။ ဒါေပမယ့္ တစ္ဦးခ်င္းမွာလည္း ကၽြန္ေတာ္တို႔ အရမ္းျမင့္မားတဲ့အဆင့္အတန္းမွာ ဆက္ထိန္းထားရမွာပါ။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ေကာင္းေကာင္း မကစားနိုင္ရင္ ခင္ဗ်ား ေနရာကို ဆုံးရႈံးမွာျဖစ္ၿပီး ၄၊ ၅ ပြဲေလာက္ေတာ့ လူစာရင္းထဲကေန ေဘးထြက္ထိုင္ေနရမွာမို႔လို႔ပါ”

“ကၽြန္ေတာ္တို႔မွာ အံ့အားသင့္စရာ ကစားသမားေတြနဲ႔ ႀကီးမားတဲ့လူစာရင္းရွိပါတယ္။ အဲဒီေတာ့ ခင္ဗ်ား ကစားတဲ့အခ်ိန္တိုင္း ခင္ဗ်ား အဆင့္သင့္ျဖစ္ေနရမွာျဖစ္ၿပီး ထိပ္တန္းေျခစြမ္းအဆင့္မွာလည္း ရွိေနရမွာပါ”

ဂ်ာမနီကြင္းလယ္ကစားသမားဟာ ကြင္းအတြင္းမွာ ၎ရဲ့ အားသိပ္စိုက္ထုတ္စရာမလိုတဲ့ နည္းစနစ္နဲ႔ ျပင္းထန္လွတဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲေတြမွာ ေခၽြးတစ္စက္မထြက္ဘဲ ပြဲအရွိန္ကို သတ္မွတ္ေပးနိုင္တာအတြက္ လူသိမ်ားခဲ့သူျဖစ္ပါတယ္။ ဂန္ဒိုဂန္က ကိုဗစ္ကူးစက္ခံရမႈေၾကာင့္ ေဘာလုံးျပကၡဒိန္ရဲ့ ဟန္ခ်က္ညီမႈအေပၚ စိန္ေခၚမႈေတြ ရွိေနတာကို သိရွိေနၿပီး လက္ရွိျဖစ္ေနတဲ့အေျခအေနအမွန္ကိုလည္း ရွင္းျပခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔မွာ ဗိုင္းရပ္စ မရွိေနသေရြ႕ေတာ့ ကၽြန္ေတာ္တို႔ အလုပ္လုပ္ဖို႔လာမယ္။ ေလ့က်င့္တယ္။ ကၽြန္ေတာ္တို႔ ရွိသမၽွအားေတြ စိုက္ထုတ္ဖို႔ ႀကိဳးပမ္းသြားမွာပါ။ အဲဒီလို ဆိုေပမယ့္လည္း အဲဒါက အျမဲတမ္း လြယ္ကူတာမဟုတ္ပါဘူး။ ကၽြန္ေတာ္ ခင္ဗ်ားကို ေျပာနိုင္တာက တစ္ႏွစ္လုံးမွာ နည္းနည္းေလးနားၿပီး ေနာက္ထပ္တစ္ႀကိမ္ ၃ ရက္ သို႔မဟုတ္ ၄ ရက္တိုင္းမွာ ကစားရတာက ခက္ခဲပါတယ္။ ဒါေပမယ့္ အဲဒီလိုပဲ ျဖစ္ေနတာပဲ”

““ဘဝမွာ အျမဲတမ္းလိုလို အေျခအေနတိုင္းမွာ အေကာင္းဆုံး ႀကိဳးပမ္းၿပီးျဖစ္ေအာင္ လုပ္ေဆာင္ေနရမွာပါ။ အခုအခ်ိန္မွာ ကၽြန္ေတာ္တို႔ လုပ္ဖို႔ ႀကိဳးပမ္းေနရတာလည္း အဲဒါပါပဲ။ အဲဒါကပုံမွန္ပါပဲ။ ခင္ဗ်ား ကြင္းထဲေရာက္တဲ့အခါက်ရင္ အရာအားလုံးက ပိုၿပီးသာမန္ျဖစ္သြားပါတယ္”

မန္ခ်က္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္က ကိုဗစ္-၁၉ ကပ္ေရာဂါရဲ့ အႏၲရာယ္ရွိေနေပမယ့္လည္း ပေရာ္ဖက္ရွင္နယ္ အားကစားသမားျဖစ္ရတာ ဘယ္လိုမ်ိဳးလဲဆိုတာကို အတြင္းက်က် ေျပာျပခဲ့ပါေသးတယ္။

“အဲဒါက ထူးဆန္းတယ္။ ရိုးရိုးသားသားေျပာရရင္ ထူးဆန္းတဲ့ အေျခအေနပါ။ ကစားသမားေတြအျဖစ္နဲ႔ အရာအားလုံး ကၽြန္ေတာ္တို႔ လက္ထဲမွာ မရွိေနပါဘူး။ ကၽြန္ေတာ္တို႔ ခ်မွတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ေတြမွာ မ်ားမ်ားစားစား လႊမ္းမိုးနိုင္စြမ္း တကယ္မရွိခဲ့ဘဲ အဆုံးမွာေတာ့ ကၽြန္ေတာ္တို႔ရဲ့တာဝန္က ကိုယ့္ဘာသာ ဂ႐ုစိုက္ဖို႔ပါပဲ။ ဗိုင္းရပ္စ္ အကူးမခံရေအာင္ ႀကိဳးပမ္းရတယ္။ ကၽြန္ေတာ္တို႔ဘာသာေရာ၊ ကလပ္အသင္းမွာ အလုပ္လုပ္ေနတဲ့လူေတြနဲ႔ အိမ္ျပန္ေရာက္တဲ့အခါမွာ မိသားစုေတြလည္း မကူးစက္ေအာင္ ကာကြယ္နိုင္ဖို႔ ႀကိဳးပမ္းရတယ္။ ဒါက အဓိကဦးစားေပးအရာပါ”

ကိုဗစ္-၁၉ ကပ္ေရာဂါက ၎ရဲ့ ကိုယ္ပိုင္ဘဝကို ဘယ္လို အက်ိဳးသက္ေရာက္မႈရွိခဲ့လဲဆိုတာကိုလည္း ဂ်ာမန္ကြင္းလယ္ကစားသမားက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ “အိမ္ထဲမွာဆို ကၽြန္ေတာ္တို႔ နည္းနည္း ဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။ အထူးသျဖင့္ ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္တုန္းက ပိုလို႔ေတာင္ ဂ႐ုစိုက္ခဲ့ရပါတယ္။ အဲဒါက ထူးဆန္းတယ္လို႔ ခံစားေနရတုန္းပဲ။ အဲဒါက ကိုယ္ပိုင္ဘဝကို ပိုၿပီး အက်ိဳးသက္ေရာက္မႈရွိပါတယ္”

“ဥပမာအေနနဲ႔ ကၽြန္ေတာ္ေပါ့။ ကၽြန္ေတာ္ ေရာဂါလုံးဝ အကူးမခံရေအာင္ ႀကိဳးပမ္းတယ္။ ကုန္စုံဆိုင္ သြားတာပဲျဖစ္ျဖစ္၊ စားေသာက္ဆိုင္ကို ေကာ္ဖီေသာက္ဖို႔ သြားတာပဲျဖစ္ျဖစ္၊ ကၽြန္ေတာ္ အဲဒါေတြကို တတ္နိုင္သမၽွ ေလၽွာ့ခ်ဖို႔ ႀကိဳးပမ္းခဲ့တယ္။ ကၽြန္ေတာ့္မိသားစုနဲ႔ မိတ္ေဆြေတြကို အႏၲရာယ္ျဖစ္ေအာင္ ကၽြန္ေတာ္ကိုယ္တိုင္ လုပ္သလို မျဖစ္ေစခ်င္တာေၾကာင့္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.