Premier League

ဒေါသမထိန်းနိုင်ဘဲ ဝုန်းဒိုင်းကြဲခဲ့တဲ့ ရော်နယ်လ်ဒိုကို ဖယ်ရှားသင့်တဲ့ ရန်းနစ်ခ်နဲ့ ယူနိုက်တက်အသင်းဖော်များ

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်အနေနဲ့ ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ ပေါ်တူဂီကြယ်ပွင့်ကို လူစားလဲလှယ်ပြီးနောက် ရော်နယ်လ်ဒိုရဲ့ ဒေါသတကြီး ပေါက်ကွဲမှုဟာ အသင်းအတွက် ကောင်းမွန်တဲ့လက္ခဏာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းက ၂-၀ နဲ့ အသာစီး ရနေချိန်မှာ လူစားလဲလှယ်ခြင်း ခံခဲ့ရတာဖြစ်ပြီး အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ကွင်းအတွင်းက စိတ်ပျက်လက်ပျက်နဲ့ ထွက်ခွာလာခဲ့ပြီး ရန်းနစ်ခ်က ပေါ်တူဂီတိုက်စစ်မှူးရဲ့ စိတ်ပျက်မှုကို လူသိရှင်ကြား ပြောကြားခဲ့တာဖြစ်ပါတယ်။

ရန်းနစ်ခ်က ၎င်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူးဟာ သွင်းဂိုးအရေအတွက်ကို တိုးမြှင့်နိုင်အောင် ကြိုးပမ်းဖို့ ကွင်းတွင်းမှာပဲ ဆက်ရှိချင်ခဲ့တာကြောင့် ဒေါသထွက်ခဲ့တာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပေမယ့် ဂျာမန်လူမျိုးနည်းပြက ရလဒ်ကို ခိုင်မာစေဖို့ နောက်ထပ် ခံစစ်ကစားသမားတွေ ထည့်သွင်းချင်ခဲ့တာဖြစ်ပါတယ်။

အီယန် ရိုက်က ရော်နယ်လ်ဒိုရဲ့ လူစားလဲလှယ်ခြင်း ခံခဲ့ရပြီးနောက် အရန်ခုံက အသင်းဖော်တွေနဲ့ အတူတူ ထိုင်ချင်စိတ်မရှိတာဟာ ကြည့်လို့မကောင်းဘူးလို့ ပြောကြားခဲ့ပြီး လူငယ်ကစားသမားတွေရဲ့ အမူအကျင့်တွေနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ “ခင်ဗျား ရော်နယ်လ်ဒို လူစားလဲခံရပြီး ဒီလို ပြုမူတာကို မြင်မှာပါ။ ခင်ဗျား နောက်ဆုံးတွေးခဲ့မိတဲ့အရာက သူက ဒီလို တုံ့ပြန်မှုမျိုးပဲ လုပ်နေလိမ့်မယ်ဆိုတာဖြစ်ပါလိမ့်မယ်။ အဲဒါက ခရစ္စတီယာနို ရော်နယ်လ်ဒိုဖြစ်ပြီး ဒီကိစ္စက တကမ္ဘာလုံးက သိတဲ့ကိစ္စဖြစ်သွားပါတယ်။ အဲဒီမှာ ထိုင်နေတာကို မြင်တွေ့ခဲ့ရပြီး သူ အရန်ခုံပေါ်မှာ ထိုင်တောင် မထိုင်ချင်ခဲ့ပါဘူး။ သူ လှေကားမှာပဲ ထိုင်နေခဲ့တာပါ”

“ခင်ဗျားက လူငယ်ကြယ်ပွင့်ကစားသမားဖြစ်ပြီး ခင်ဗျားရဲ့ ပွဲဦးထွက်ပွဲစဉ်ကို ပါဝင်ကစားပေးရတာဆိုရင် ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ ကောင်းကောင်း ကစားနိုင်ခဲ့ပြီးတော့ လူစားလဲခံရရင် ဒါမျိုး လုပ်မှာပဲ။ ကျွန်တော် အဲဒါကို နားလည်တယ်။ နည်းပြက နားထောင် သူ့ကို စိတ်ပြေသွားအောင် လုပ်ရမယ်လို့ ပြောနိုင်တယ်။ ဒါပေမယ့် သူက ဒါကို ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပြောနေရတယ်။ ခင်ဗျား သူ့ကို တကမ္ဘာလုံးရဲ့ရှေ့မှာ အရန်ခုံပေါ် သွားထိုင်ဖို့အတွက် ပြောနေရတယ်။ အဲဒါက ကောင်းမွန်တဲ့လက္ခဏာတော့ မဟုတ်ပါဘူး”

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့လာပြီးကတည်းက ၂၃ ပွဲမှာ ၁၄ ဂိုးသွင်းယူထားပြီး အဲဒီထဲက ၈ ဂိုးသာ ပရီးမီးယားလိဂ်မှာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ဟာ ယခုရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တိုင်းမှာ ယူနိုက်တက်အတွက် ဂိုးသွင်းယူပေးပြီး ၎င်းရဲ့ ကောင်းမွန်တဲ့ ဥရောပစံချိန်တွေကို ဆက်လက် ပိုင်ဆိုင်နေခဲ့တာဖြစ်ပါတယ်။

အီယန် ရိုက်က ရော်နယ်လ်ဒိုဟာ အိုးထရက်ဖို့ဒ်ကို သွင်းဂိုးတွေ ယူဆောင်ပေးနိုင်ခဲ့ဆိုတာကို သိရှိနေပေမယ့် ယူနိုက်တက်အနေနဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးရဲ့ အပြောင်းအရွှေ့ကို တားဆီးချင်ရုံသက်သက်နဲ့ ခေါ်ယူခဲ့တဲ့အတွက် ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ကို နောင်တရနေကောင်း ရနေနိုင်တယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ “ခေါ်ယူမှုက သူ့ကို မန်ချက်စတာစီးတီးကို မသွားအောင်လို့ပဲ ကျွန်တော် ယုံတယ်။ အဲဒါနဲ့ပဲ မန်စီးတီးကို သူတို့လုပ်နေတာတွေကို ရပ်တန့်လို့ရနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါက အကူအညီဖြစ်ခဲ့တယ်လို့ ကျွန်တော် ခန့်မှန်းမိပါတယ်”

“သူတို့တွေ ဆန်ချိုကို ခေါ်ပြီး ကာဗာနီကို ဆက်နေအောင် စည်းရုံးနိုင်ပြီးတော့မှ အပြောင်းအရွှေ့ဈေးကွက်မှာ နောက်ကျပြီး ခေါ်ယူခဲ့တယ်။ ပြီးတော့ ခင်ဗျား ဒီကစားသမား ၂ ဦးကို ကြည့်လိုက်တဲ့အခါမှာ သူတို့တွေက ရော်နယ်လ်ဒို ရှိနေတော့ ပွဲကစားဖို့ အခွင့်အရေး များများစားစား မရခဲ့ကြဘူး။ ဟုတ်ပါတယ်။ သူ ဂိုးတွေ သွင်းယူခဲ့တယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အဲဒါက လုံးဝကို ဟန်ချက်မညီဖြစ်စေခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်အနေနဲ့ ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ ပေါ်တူဂီကြယ်ပွင့်ကို လူစားလဲလှယ်ပြီးနောက် ရော်နယ်လ်ဒိုရဲ့ ဒေါသတကြီး ပေါက်ကွဲမှုဟာ အသင်းအတွက် ကောင်းမွန်တဲ့လက္ခဏာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။





ရ္နောယ္လ္ဒိုဟာ ပြီးခဲ့တဲ့နေရြာသီမွာ အိုးထရက္ဖို့ဒ္ကျိုပန္လည်ျေပာင်းရွှေ့လာပြီးကတည်းက ၂၃ ပြဲမွာ ၁၄ ဂိုးသြင်းယူထားပြီး အဲဒီထဲက ၈ ဂိုးသာ ပရီးမီးယားလိဂ္မွာ သြင်းယူထားနိုင္ခဲ့တျာဖစ္ပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီကြယ္ပြင့်ဟာ ယခုရာသီ ခ်န္ပီယံလိဂ်အုပ္စုအဆင့်ပြဲစဥ္တိုင်းမွာ ယူနိုက္တက်အတြက် ဂိုးသြင်းယူပေးပြီး ၎င်းရဲ့ ကောင်းမြန္တဲ့ ဥရောပစံခိန်တြေကို ဆက္လက် ပိုင္ဆိုင်နေခဲ့တျာဖစ္ပါတယ်။

အီယန် ရိုက္က ရ္နောယ္လ္ဒိုဟာ အိုးထရက္ဖို့ဒ္ကို သြင်းဂိုးတြေ ယူဆောင်ပေးနိုင္ခဲ့ဆိုတာကို သိရွိနေပမယ့် ယူနိုက္တက်ေအနနဲ့ မြို့ခံပြိုင္ဘက် မန္စီးတီးရဲ့ အျေပာင်းအေရွှ့ကို တားဆီးခ်င်ရုံသက်သက္နဲ့ ခေါ်ယူခဲ့တဲ့အတြက် ရ္နောယ္လ္ဒိုရဲ့ အျေပာင်းအေရွှ့ကို နောင္တရေနေကာင်း ရေနနိုင္တယ္လို့ အရိပ်အျမြက်ျေပာကြားခဲ့ပါတယ်။ “ခေါ်ယူမှုက သူ့ကို မန္ခ်က္စတာစီးတီးကို မသြားအောင္လို့ပဲ ကျန်ြတော် ယုံတယ်။ အဲဒါနဲ့ပဲ မန္စီးတီးကို သူတို့လုပ်နေတာတြေကို ရပ္တန့်လို့ရနိုင္မွာမဟုတ္ပါဘူး။ ဒါပေမယ့် အဲဒါက အကူအညျီဖစ္ခဲ့တယ္လို့ ကျန်ြတော် ခန့်မွန်းမိပါတယ်”

“သူတို့တြေ ဆန္ခိုကို ခေါ်ပြီး ကာဗာနီကို ဆက်နေအာင် စည်းရုံးနိုင်ပြီးတော့မွ အျေပာင်းအေရွှ့စေ်းကြက္မွာ နောက္က်ပြီး ခေါ်ယူခဲ့တယ်။ ပြီးတော့ ခင္ဗ်ား ဒီကစားသမား ၂ ဦးကို ကြည့်လိုက္တဲ့အခါမွာ သူတို့တြေက ရ္နောယ္လ္ဒို ရွိနေတာ့ ပြဲကစားဖို့ အခြင့်အေရး မ်ားမ်ားစားစား မရခဲ့ကြဘူး။ ဟုတ္ပါတယ်။ သူ ဂိုးတြေ သြင်းယူခဲ့တယ်။ ဒါပေမယ့် တစ္ခိန္တည်းမွာပဲ အဲဒါက လုံးဝကို ဟန္ခ်က္မညျီဖစ်စေခဲ့ပါတယ်”လို့ျေပာကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.