Premier League

ရော်နယ်လ်ဒိုကိုမှ လူစားလဲမိလို့ အရန်ခုံထိ သွားချော့ခဲ့ရတဲ့အပြင် ပွဲအပြီးမှာပါ လက်မလည်အောင်ရှင်းခဲ့ရတဲ့ ရန်းနစ်ခ်

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရန်းနစ်ခ်က ဘရန့်တ်ဖို့ဒ်အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လူစားလဲလှယ်ခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရာ့လ်ဖ် ရန်းနစ်ခ်ဟာ မန်ခချက်စတာယူနိုက်တက်ခံစစ်ကို ၅ ဦးပုံစံ ပြောင်းလဲ အသုံးပြုဖို့ စီစဉ်ခဲ့တာကြောင့် ၎င်းရဲ့ တိုက်စစ်ကစားသမားတွေထဲက တစ်ဦးကို လူစားလဲဖို့ မဖြစ်မနေ လိုအပ်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ ဘရန့်တ်ဖို့ဒ်နဲ့ပွဲစဉ် ၇၁ မိနစ်မှာ လူစားလဲလှယ်ခြင်း ခံခဲ့ရတာဖြစ်ပြီး ဒဏ်ရာကြောင့် အက်စတန် ဗီလာနဲ့ ကစားခဲ့တဲ့ ၂ ပွဲစလုံး လွဲချော်ခဲ့တဲ့ ဂျူဗင်တပ်ကြယ်ပွင့်ဟောင်းဟာ ဒဏ်ရာရထားပေမယ့် ကွင်းထဲမှာ ဆက်ရှိနေချင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ လူစားလဲလှယ်ခြင်းခံခဲ့ရတာကြောင့် ကွင်းအတွင်းကနေ စိတ်ပျက်လက်ပျက်ပုံစံနဲ့ ထွက်ခွာခဲ့ပြီး အရန်ခုံတန်းမှာပါ ဆက်ပြီး ဒေါသတကြီး ပေါက်ကွဲနေခဲ့တာဖြစ်ပါတယ်။ ယာယီနည်းပြ ရန်းနစ်ခ်က နောက်ဆုံးမှာတော့ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးကို ၎င်းရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ရှင်းပြမှ ရတော့မယ်လို့ ဆုံးဖြတ်လိုက်ဟန်နဲ့ အရန်ခုံတန်းရှိရာကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

“ဒါက သာမန်ပဲ။ တိုက်စစ်မှူးတစ်ယောက်က ဂိုးသွင်းချင်မှာပါ။ ဒါပေမယ့် သူက ဒဏ်ရာနည်းနည်း ရထားရာကနေ ပြန်လာခဲ့တာဖြစ်ပြီး ကျွန်တော်တို့မှာ နောက်ထပ် ပွဲတွေ လာဖို့ ရှိနေသေးတယ်ဆိုတာကို သတိရဖို့ အရေးကြီးပါတယ်။ ဗီလာပါ့ခ်မှာ ဖြစ်ပျက်ခဲ့တာတွေအပြီးမှာ ကျွန်တော်တို့ ဦးဆောင်ထားနိုင်မှုကို ကာကွယ်ခဲ့ရမှာဖြစ်ပြီး နောက်တန်း ၅ ဦးပုံစံကို ပြောင်းဖို့ အရေးကြီးခဲ့ပါတယ်။ ကျွန်တော်တို့ ပေးဂိုးမရှိအောင် မထိန်းသိမ်းနိုင်ခဲ့ပေမယ့်လည်း နောက်ထပ် အဲဒီပွဲတုန်းကလို ဘာမှမဖြစ်ပျက်အောင် လုပ်ဖို့ အရေးကြီးခဲ့ပါတယ်”

ရော်နယ်လ်ဒိုဟာ လူစားလဲလှယ်ခြင်းခံခဲ့ရပြီးနောက် ရန်းနစ်ခ်ကို “ဘာကြောင့် ကျွန်တော့်ကိုမှ လူစားလဲတာလဲ။ ဘာကြောင့် ကျွန်တော့်ကိုမှလဲ။ ဘာကြောင့် ကျွန်တော့်ကို လူစားလဲလှယ်ခဲ့ရတာလဲ”လို့ မေးမြန်းခဲ့တယ်လို့ ရန်းနစ်ခ်က ဘရန့်တ်ဖို့ဒ်နဲ့ပွဲအပြီးမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။

“သူက ကျွန်တော့်ကို ဘာကြောင့် သူ့ကိုမှလဲ။ ဘာကြောင့် ကျွန်တော့်ကို လူစားလဲလှယ်ခဲ့တာလဲလို့ မေးခဲ့ပါတယ်။ ကျွန်တော်က အသင်းအတွက် ဆုံးဖြတ်ချက် ချမှဖြစ်မှာမို့လို့ပါလို့ ပြောခဲ့ပါတယ်။ လာမယ့် နှစ်အနည်းငယ်မှာ သူ နည်းပြဖြစ်လာကောင်း ဖြစ်လာတဲ့အချိန်ကျရင် ကျွန်တော့်ကို နားလည်ပါလိမ့်မယ်”

ရန်းနစ်ခ်က BBC Sport နဲ့ ပြုလုပ်ခဲ့တဲ့ပွဲအပြီး အင်တာဗျူးမှာ ရော်နယ်လ်ဒိုကို တိုက်ရိုက်သတင်းစကားပေးပို့ခဲ့ပြီး “နားထောင် ခရစ္စတီယာနို။ မင်းက အသက် ၃၆ နှစ်မှာ အရမ်းကောင်းတဲ့ပုံစံမှာရှိနေတယ်။ ဒါပေမယ့် မင်း နည်းပြဖြစ်တဲ့အခါကျရင် နည်းပြတစ်ယောက်ရဲ့ အမြင်ကနေ မင်း မြင်လိမ့်မယ်။ ငါ့အလုပ်က အသင်းရဲ့ အကောင်းဆုံးအကျိုးစီးပွားအတွက် ဆုံးဖြတ်ချက် ချဖို့ဖြစ်ပြီး သူလည်း အဲဒီအတိုင်းပဲ မြင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ ယာယီနည္းၿပ ရန္းနစ္ခ္က ဘရန႔္တ္ဖို႔ဒ္အိမ္ကြင္းမွာ ၃-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း ခရစၥတီယာနို ေရာ္နယ္လ္ဒိုကို လူစားလဲလွယ္ခဲ့တာက မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ရာ့လ္ဖ္ ရန္းနစ္ခ္ဟာ မန္ခခ်က္စတာယူနိုက္တက္ခံစစ္ကို ၅ ဦးပုံစံ ေျပာင္းလဲ အသုံးျပဳဖို႔ စီစဥ္ခဲ့တာေၾကာင့္ ၎ရဲ့ တိုက္စစ္ကစားသမားေတြထဲက တစ္ဦးကို လူစားလဲဖို႔ မျဖစ္မေန လိုအပ္ခဲ့တာျဖစ္ပါတယ္။ ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉး ေရာ္နယ္လ္ဒိုဟာ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲစဥ္ ၇၁ မိနစ္မွာ လူစားလဲလွယ္ျခင္း ခံခဲ့ရတာျဖစ္ၿပီး ဒဏ္ရာေၾကာင့္ အက္စတန္ ဗီလာနဲ႔ ကစားခဲ့တဲ့ ၂ ပြဲစလုံး လြဲေခ်ာ္ခဲ့တဲ့ ဂ်ဴဗင္တပ္ၾကယ္ပြင့္ေဟာင္းဟာ ဒဏ္ရာရထားေပမယ့္ ကြင္းထဲမွာ ဆက္ရွိေနခ်င္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ လူစားလဲလွယ္ျခင္းခံခဲ့ရတာေၾကာင့္ ကြင္းအတြင္းကေန စိတ္ပ်က္လက္ပ်က္ပုံစံနဲ႔ ထြက္ခြာခဲ့ၿပီး အရန္ခုံတန္းမွာပါ ဆက္ၿပီး ေဒါသတႀကီး ေပါက္ကြဲေနခဲ့တာျဖစ္ပါတယ္။ ယာယီနည္းၿပ ရန္းနစ္ခ္က ေနာက္ဆုံးမွာေတာ့ အသက္ ၃၆ ႏွစ္အရြယ္ တိုက္စစ္မႉးကို ၎ရဲ့ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ရွင္းျပမွ ရေတာ့မယ္လို႔ ဆုံးျဖတ္လိုက္ဟန္နဲ႔ အရန္ခုံတန္းရွိရာကို သြားေရာက္ခဲ့တာျဖစ္ပါတယ္။

“ဒါက သာမန္ပဲ။ တိုက္စစ္မႉးတစ္ေယာက္က ဂိုးသြင္းခ်င္မွာပါ။ ဒါေပမယ့္ သူက ဒဏ္ရာနည္းနည္း ရထားရာကေန ျပန္လာခဲ့တာျဖစ္ၿပီး ကၽြန္ေတာ္တို႔မွာ ေနာက္ထပ္ ပြဲေတြ လာဖို႔ ရွိေနေသးတယ္ဆိုတာကို သတိရဖို႔ အေရးႀကီးပါတယ္။ ဗီလာပါ့ခ္မွာ ျဖစ္ပ်က္ခဲ့တာေတြအၿပီးမွာ ကၽြန္ေတာ္တို႔ ဦးေဆာင္ထားနိုင္မႈကို ကာကြယ္ခဲ့ရမွာျဖစ္ၿပီး ေနာက္တန္း ၅ ဦးပုံစံကို ေျပာင္းဖို႔ အေရးႀကီးခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ေပးဂိုးမရွိေအာင္ မထိန္းသိမ္းနိုင္ခဲ့ေပမယ့္လည္း ေနာက္ထပ္ အဲဒီပြဲတုန္းကလို ဘာမွမျဖစ္ပ်က္ေအာင္ လုပ္ဖို႔ အေရးႀကီးခဲ့ပါတယ္”

ေရာ္နယ္လ္ဒိုဟာ လူစားလဲလွယ္ျခင္းခံခဲ့ရၿပီးေနာက္ ရန္းနစ္ခ္ကို “ဘာေၾကာင့္ ကၽြန္ေတာ့္ကိုမွ လူစားလဲတာလဲ။ ဘာေၾကာင့္ ကၽြန္ေတာ့္ကိုမွလဲ။ ဘာေၾကာင့္ ကၽြန္ေတာ့္ကို လူစားလဲလွယ္ခဲ့ရတာလဲ”လို႔ ေမးျမန္းခဲ့တယ္လို႔ ရန္းနစ္ခ္က ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲအၿပီးမွာ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

“သူက ကၽြန္ေတာ့္ကို ဘာေၾကာင့္ သူ႔ကိုမွလဲ။ ဘာေၾကာင့္ ကၽြန္ေတာ့္ကို လူစားလဲလွယ္ခဲ့တာလဲလို႔ ေမးခဲ့ပါတယ္။ ကၽြန္ေတာ္က အသင္းအတြက္ ဆုံးျဖတ္ခ်က္ ခ်မွျဖစ္မွာမို႔လို႔ပါလို႔ ေျပာခဲ့ပါတယ္။ လာမယ့္ ႏွစ္အနည္းငယ္မွာ သူ နည္းျပျဖစ္လာေကာင္း ျဖစ္လာတဲ့အခ်ိန္က်ရင္ ကၽြန္ေတာ့္ကို နားလည္ပါလိမ့္မယ္”

ရန္းနစ္ခ္က BBC Sport နဲ႔ ျပဳလုပ္ခဲ့တဲ့ပြဲအၿပီး အင္တာဗ်ဴးမွာ ေရာ္နယ္လ္ဒိုကို တိုက္ရိုက္သတင္းစကားေပးပို႔ခဲ့ၿပီး “နားေထာင္ ခရစၥတီယာနို။ မင္းက အသက္ ၃၆ ႏွစ္မွာ အရမ္းေကာင္းတဲ့ပုံစံမွာရွိေနတယ္။ ဒါေပမယ့္ မင္း နည္းျပျဖစ္တဲ့အခါက်ရင္ နည္းျပတစ္ေယာက္ရဲ့ အျမင္ကေန မင္း ျမင္လိမ့္မယ္။ ငါ့အလုပ္က အသင္းရဲ့ အေကာင္းဆုံးအက်ိဳးစီးပြားအတြက္ ဆုံးျဖတ္ခ်က္ ခ်ဖို႔ျဖစ္ၿပီး သူလည္း အဲဒီအတိုင္းပဲ ျမင္လိမ့္မယ္လို႔ ကၽြန္ေတာ္ ေမၽွာ္လင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.