Premier League Transfer News

ဗလာဟိုဗစ်ချ်အတွက် ပေါင် ၅၈ သန်း ကမ်းလှမ်းမှုအပြင် အာသာ မယ်လိုကိုအရခေါ်ဖို့ပါ စီစဉ်နေတဲ့အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဒူဆန် ဗလာဟိုဗစ်ချ်အတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၅၈ သန်း ကမ်းလှမ်းခဲ့မှုကို ဖီအိုရင်တီးနားအသင်းက လက်ခံခဲ့တာကြောင့် ယခုလ ဇန်နဝါရီအပြောင်းအရွှေ့ကာလရဲ့ ပထမဆုံးအဓိကကစားသမားခေါ်ယူမှုကို ပြုလုပ်နိုင်ဖို့ နီးစပ်နေပြီလို့ OK Calcio Mercato က ဖော်ပြခဲ့ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းဟာ နည်းပြ အာတီတာက တိုက်စစ်မှူးအသစ် ခေါ်ယူချင်နေတာကြောင့် ဖီအိုရင်တီးနားကြယ်ပွင့်တိုက်စစ်မှူးနဲ့ သတင်းတွေ တောက်လျှောက်ထွက်ပေါ်နေခဲ့တာဖြစ်ပြီး အာဆင်နယ်ဟာ လက်ရှိ တိုက်စစ်ပိုင်းမှာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ဂိုးသွင်းကောင်းတဲ့တိုက်စစ်မှူး အူဘာမီယန်းဟာ စည်းကမ်းချိုးဖောက်မှုကြောင့် အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီးနောက်ပိုင်း လူစာရင်းထဲကနေပါ ထုတ်ပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

နကီးတီးယားနဲ့ လာကာဇက်တို့ကလည်း ယခုရာသီကုန်မှာ အာဆင်နယ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့လည်း ပြောဆိုဆွေးနွေးမှုတွေ မရှိနေတာကြောင့် ၂ ဦးစလုံး ရာသီကုန်မှာ ထွက်ခွာလိမ့်မယ်လို့ မျှော်မှန်းခြင်း ခံထားရတာဖြစ်ပါတယ်။ ဗလာဟိုဗစ်ချ်ဟာ ယခုရာသီ ဖီအိုရင်တီးနားအတွက် ပြိုင်ပွဲစုံ ၂၃ ပွဲမှာ သွင်းဂိုး ၂၀ သွင်းယူပေးထားပြီး စီးရီးအေမှာ လာဇီယိုတိုက်စစ်မှူး အင်မိုဘလီနဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ပူးတွဲရပ်တည်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဗလာဟိုဗစ်ချ်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် တစ်ပတ်လုပ်ခလစာ ပေါင် ၃ သိန်းထက် ပိုမိုတဲ့ အံ့အားသင့်ဖွယ် ပမာဏကို ပေးချေသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၂ သိန်းခွဲအပြင် သစ္စာစောင့်သိကြေးနဲ့ ဆုကြေးငွေအဖြစ် နောက်ထပ် ပေါင် ၁ သိန်း ထပ်မံပေးချေသွားမယ်လို့ La Nazione က ဖော်ပြခဲ့ပါတယ်။

ဆော်ဒီကလပ်မှ အူဘာမီယန်းကို အပြီးသတ်ဝယ်ယူခွင့်ပါတဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းမှု
အာဆင်နယ်အသင်းဟာ အာဖရိကဖလားပြိုင်ပွဲကနေ ပြန်လည်စေလွှတ်ခြင်းခံခဲ့ရတဲ့ အူဘာမီယန်းအတွက် ယခုအပတ်အစောပိုင်းမှာ ဆော်ဒီအာရေဗျကလပ် အယ်လ် နက်ဆာဆီကနေ ကမ်းလှမ်းမှု လက်ခံရရှိခဲ့တယ်လို့ သိရပြီး ပြန်လည် တုံ့ပြန်ရခြင်း မရှိသေးဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အယ်လ် နက်ဆာအသင်းဆီကနေ ကမ်းလှမ်းမှုဟာ လာမယ့် နွေရာသီမှာ ပေါင် ၆.၇ သန်းဝန်းကျင်နဲ့ အပြီးသတ် ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်ဖြစ်တယ်လို့ သိရပြီး အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးကို ရာသီအလယ်မှာ ထွက်ခွာခွင့်ပြုဖို့ကိစ္စနဲ့ပတ်သက်ပြီး အငြင်းအခုံဖြစ်နေဆဲဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဗလာဟိုဗစ်ချ်ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း တကယ်လို့များ ယခုလမှာ မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် အူဘာမီယန်းရဲ့ ထွက်ခွာမှုကြောင့် တိုက်စစ်မှာ ရွေးချယ်စရာ ပိုမိုနည်းပါးသွားမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။

အာဖရိကပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်းဟာ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် နှလုံးနဲ့ပတ်သက်ပြီးလည်း ဝေဒနာခံစားနေရတယ်လို့ ဂါဘွန်ဘောလုံးအဖွဲ့ချုပ်က ပြောကြားခဲ့ပြီး လက်ရှိမှာတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ နည်းပြ အာတီတာက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

“သူက လန်ဒန်မှာရှိနေပြီး အခု စမ်းသပ်မှုအချို့ကို ပြုလုပ်နေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဂါဘွန်လက်ရွေးစင်အသင်းဆီကနေ ဘာကြောင့် သူ ပြန်လာခဲ့ရလဲဆိုတာကို ရှင်းလင်းထားတဲ့ ဘယ်လိုအကြောင်းအရင်းကိုမှ မရခဲ့လို့ပါ”

“ကစားသမားက လုံခြုံစိတ်ချရရဲ့လားဆိုတာကို ဆေးဘက်ဆိုင်ရာအရ သေချာအောင်လုပ်ဖို့က ကျွန်တော်တို့ အလုပ်ဆိုတာ သိသာပါတယ်။ ကစားသမားက ကောင်းမွန်တဲ့အခြေအနေမှာရှိနေပြီး ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိနေပါဘူး။ ဘယ်လိုပြောဆိုမှုမျိုးကိုမဆို ရှောင်လွှဲဖို့ ကြိုးပမ်းချင်တာက အဓိကပါ။ ဘာလို့လဲဆိုတော့ အခုအထိ သမိုင်းကြောင်းအရ ကစားသမားနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လုပ်ခဲ့တဲ့ စစ်ဆေးမှုမှန်သမျှ သူ့မှာ ဒီပြဿနာမျိုး တစ်ခါမှ မရှိခဲ့ဖူးလို့ပါ”

“အဲဒီတော့ တစ်ဆင့်ချင်းဆီ သွားကြတာပေါ့။ မှန်ကန်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ကစားသမားရဲ့ကျန်းမာရေးက အကောင်းဆုံးဖြစ်နိုင်တဲ့အခြေအနေမှာရှိနေတယ်ဆိုတာ သေချာအောင် လုပ်ကြတာပေါ့။ ပြီးရင်တော့ ကျွန်တော်တို့ ဘာဖြစ်လာမလဲဆိုတာ မြင်ရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

အာသာ မယ်လိုအတွက် အေးဂျင့်နဲ့ပြောဆိုဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ကြိုးပမ်းနေသလို အာဖရိကဖလားနဲ့ ဒဏ်ရာပြဿနာတွေကြောင့် ရွေးချယ်စရာမရှိဖြစ်နေတဲ့ ကွင်းလယ်အတွက်လည်း ဂျူဗင်တပ်ကွင်းလယ်လူကို အငှားနဲ့ ရာသီကုန်အထိ ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

အာသာ မယ်လိုရဲ့ အေးဂျင့်ဟာ ဗုဒ္ဓဟူးနေ့က အာဆင်နယ်အသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဂျူဗင်တပ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမားနေရာမှာ အစားထိုးခေါ်ယူမယ့်သူကို ဆက်လက်ရှာဖွေနေဆဲဖြစ်တာကြောင့် အပြောင်းအရွှေ့ကို မီးစိမ်းပြခြင်းမရှိသေးဘူးလို့ သိရပါတယ်။ အာဆင်နယ်ဟာ အာသာရဲ့ အပြောင်းအရွှေ့ကို တတ်နိုင်သမျှ မြန်မြန် အပြီးသတ်ချင်နေတာဖြစ်ပြီး အဲဒါကြောင့်ပဲ နည်းစနစ် ဒါရိုက်တာ အီဒူးက ဗုဒ္ဓဟူးနေ့ညနေမှာ ဘရာဇီးလ်ကြယ်ပွင့်ရဲ့ အေးဂျင့်နဲ့ မျက်နှာချင်းဆိုင် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဖက်ဒရီကို ပါစတိုရယ်လိုဟာ အာသာရဲ့ အပြောင်းအရွှေ့အတွက် တွေ့ဆုံဆွေးနွေးဖို့ အာဆင်နယ်ရဲ့ လန်ဒန် ကိုနီ လေ့ကျင့်ရေးစခန်းကို ခရီးထွက်ခဲ့တာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းက သိပ်မကြာခင်မှာ နောက်တဆင့်တက်တဲ့အနေနဲ့ ဂျူဗင်တပ်အသင်းနဲ့ ဆွေးနွေးညှိနှိုင်းနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အသက် ၂၅ နှစ်အရွယ် ဂျူဗင်တပ်ကွင်းလယ်ကစားသမားကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူချင်နေတာဖြစ်ပြီး မိတ်လန်း-နိုင်းစ်က ရိုးမားအသင်းကို ထွက်ခွာပြီးနောက်ပိုင်း အာတီတာရဲ့ ကွင်းလယ်ရွေးချယ်စရာကို တိုးမြှင့်ပေးချင်နေတာဖြစ်ပါတယ်။

အာသာကလည်း လန်ဒန်ကို ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိနေပြီး ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်က အကောင်းဆုံးလိဂ်လို့ ဘရာဇီးလ်ကွင်းလယ်ကစားသမားက ရှုမြင်ထားတာဖြစ်ပါတယ်။ အဓိက ပြဿနာက ဂျူဗင်တပ်အသင်းဟာ အာသာ မယ်လိုရဲ့နေရာမှာ အစားထိုးခေါ်ယူမှု မပြုလုပ်နိုင်မချင်း အာဆင်နယ်ကို အငှားနဲ့ ထွက်ခွာခွင့် ပြုလိုတဲ့ဆန္ဒမရှိတာဖြစ်ပြီး အစားထိုးခေါ်ယူမှုအဖြစ် လိုင်ယွန်ကွင်းလယ်ကစားသမား ဘရူနို ဂီမာရေးစ်ကို စိတ်ဝင်စားနေပေမယ့် ဘဏ္ဍာရေးအခြေအနေအရ အပြောင်းအရွှေ့ဖြစ်နိုင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ဒူဆန္ ဗလာဟိုဗစ္ခ်္အတြက္ ႀကီးမားတဲ့ ေျပာင္းေရႊ႕ေၾကး ေပါင္ ၅၈ သန္း ကမ္းလွမ္းခဲ့မႈကို ဖီအိုရင္တီးနားအသင္းက လက္ခံခဲ့တာေၾကာင့္ ယခုလ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလရဲ့ ပထမဆုံးအဓိကကစားသမားေခၚယူမႈကို ျပဳလုပ္နိုင္ဖို႔ နီးစပ္ေနၿပီလို႔ OK Calcio Mercato က ေဖာ္ျပခဲ့ပါတယ္။

ေျမာက္လန္ဒန္ကလပ္အသင္းဟာ နည္းၿပ အာတီတာက တိုက္စစ္မႉးအသစ္ ေခၚယူခ်င္ေနတာေၾကာင့္ ဖီအိုရင္တီးနားၾကယ္ပြင့္တိုက္စစ္မႉးနဲ႔ သတင္းေတြ ေတာက္ေလၽွာက္ထြက္ေပၚေနခဲ့တာျဖစ္ၿပီး အာဆင္နယ္ဟာ လက္ရွိ တိုက္စစ္ပိုင္းမွာ အၾကပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ အာဆင္နယ္ရဲ့ ဂိုးသြင္းေကာင္းတဲ့တိုက္စစ္မႉး အူဘာမီယန္းဟာ စည္းကမ္းခ်ိဳးေဖာက္မႈေၾကာင့္ အသင္းေခါင္းေဆာင္ရာထူးကေန ဖယ္ရွားခံခဲ့ရၿပီးေနာက္ပိုင္း လူစာရင္းထဲကေနပါ ထုတ္ပယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

နကီးတီးယားနဲ႔ လာကာဇက္တို႔ကလည္း ယခုရာသီကုန္မွာ အာဆင္နယ္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းတိုးဖို႔လည္း ေျပာဆိုေဆြးေႏြးမႈေတြ မရွိေနတာေၾကာင့္ ၂ ဦးစလုံး ရာသီကုန္မွာ ထြက္ခြာလိမ့္မယ္လို႔ ေမၽွာ္မွန္းျခင္း ခံထားရတာျဖစ္ပါတယ္။ ဗလာဟိုဗစ္ခ်္ဟာ ယခုရာသီ ဖီအိုရင္တီးနားအတြက္ ၿပိဳင္ပြဲစုံ ၂၃ ပြဲမွာ သြင္းဂိုး ၂၀ သြင္းယူေပးထားၿပီး စီးရီးေအမွာ လာဇီယိုတိုက္စစ္မႉး အင္မိုဘလီနဲ႔ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ပူးတြဲရပ္တည္ေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ဗလာဟိုဗစ္ခ်္ကို ေခၚယူနိုင္ခဲ့မယ္ဆိုရင္ တစ္ပတ္လုပ္ခလစာ ေပါင္ ၃ သိန္းထက္ ပိုမိုတဲ့ အံ့အားသင့္ဖြယ္ ပမာဏကို ေပးေခ်သြားဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ သိရၿပီး တစ္ပတ္လုပ္ခလစာ ေပါင္ ၂ သိန္းခြဲအျပင္ သစၥာေစာင့္သိေၾကးနဲ႔ ဆုေၾကးေငြအျဖစ္ ေနာက္ထပ္ ေပါင္ ၁ သိန္း ထပ္မံေပးေခ်သြားမယ္လို႔ La Nazione က ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ အာဖရိကဖလားၿပိဳင္ပြဲကေန ျပန္လည္ေစလႊတ္ျခင္းခံခဲ့ရတဲ့ အူဘာမီယန္းအတြက္ ယခုအပတ္အေစာပိုင္းမွာ ေဆာ္ဒီအာေရဗ်ကလပ္ အယ္လ္ နက္ဆာဆီကေန ကမ္းလွမ္းမႈ လက္ခံရရွိခဲ့တယ္လို႔ သိရၿပီး ျပန္လည္ တုံ႔ျပန္ရျခင္း မရွိေသးဘူးလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အယ္လ္ နက္ဆာအသင္းဆီကေန ကမ္းလွမ္းမႈဟာ လာမယ့္ ေႏြရာသီမွာ ေပါင္ ၆.၇ သန္းဝန္းက်င္နဲ႔ အၿပီးသတ္ ဝယ္ယူခြင့္ပါဝင္တဲ့ အငွားစာခ်ဳပ္ျဖစ္တယ္လို႔ သိရၿပီး အာဆင္နယ္အသင္းတာဝန္ရွိသူေတြဟာ အသက္ ၃၂ ႏွစ္အရြယ္ တိုက္စစ္မႉးကို ရာသီအလယ္မွာ ထြက္ခြာခြင့္ျပဳဖို႔ကိစၥနဲ႔ပတ္သက္ၿပီး အျငင္းအခုံျဖစ္ေနဆဲျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဗလာဟိုဗစ္ခ်္ကို ေခၚယူနိုင္ဖို႔ အနီးစပ္ဆုံး အေျခအေနမွာ ေရာက္ရွိေနၿပီျဖစ္ေပမယ့္လည္း တကယ္လို႔မ်ား ယခုလမွာ မေခၚယူနိုင္ခဲ့ဘူးဆိုရင္ အူဘာမီယန္းရဲ့ ထြက္ခြာမႈေၾကာင့္ တိုက္စစ္မွာ ေရြးခ်ယ္စရာ ပိုမိုနည္းပါးသြားမွာကို စိုးရိမ္ေနတာျဖစ္ပါတယ္။

အာဖရိကၿပိဳင္ပြဲကေန ေစာစီးစြာ ထြက္ခြာခဲ့ရတဲ့ အာဆင္နယ္ အသင္းေခါင္းေဆာင္ေဟာင္းဟာ ကိုဗစ္-၁၉ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရၿပီးေနာက္ ႏွလုံးနဲ႔ပတ္သက္ၿပီးလည္း ေဝဒနာခံစားေနရတယ္လို႔ ဂါဘြန္ေဘာလုံးအဖြဲ႕ခ်ဳပ္က ေျပာၾကားခဲ့ၿပီး လက္ရွိမွာေတာ့ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ စစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔ နည္းၿပ အာတီတာက ဗုဒၶဟူးေန႔မွာ အတည္ျပဳေျပာၾကားခဲ့ပါတယ္။

“သူက လန္ဒန္မွာရွိေနၿပီး အခု စမ္းသပ္မႈအခ်ိဳ႕ကို ျပဳလုပ္ေနပါတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ ဂါဘြန္လက္ေရြးစင္အသင္းဆီကေန ဘာေၾကာင့္ သူ ျပန္လာခဲ့ရလဲဆိုတာကို ရွင္းလင္းထားတဲ့ ဘယ္လိုအေၾကာင္းအရင္းကိုမွ မရခဲ့လို႔ပါ”

“ကစားသမားက လုံျခဳံစိတ္ခ်ရရဲ့လားဆိုတာကို ေဆးဘက္ဆိုင္ရာအရ ေသခ်ာေအာင္လုပ္ဖို႔က ကၽြန္ေတာ္တို႔ အလုပ္ဆိုတာ သိသာပါတယ္။ ကစားသမားက ေကာင္းမြန္တဲ့အေျခအေနမွာရွိေနၿပီး က်န္းမာေရးနဲ႔ပတ္သက္ၿပီး ဘာျပႆနာမွမရွိေနပါဘူး။ ဘယ္လိုေျပာဆိုမႈမ်ိဳးကိုမဆို ေရွာင္လႊဲဖို႔ ႀကိဳးပမ္းခ်င္တာက အဓိကပါ။ ဘာလို႔လဲဆိုေတာ့ အခုအထိ သမိုင္းေၾကာင္းအရ ကစားသမားနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ လုပ္ခဲ့တဲ့ စစ္ေဆးမႈမွန္သမၽွ သူ႔မွာ ဒီျပႆနာမ်ိဳး တစ္ခါမွ မရွိခဲ့ဖူးလို႔ပါ”

“အဲဒီေတာ့ တစ္ဆင့္ခ်င္းဆီ သြားၾကတာေပါ့။ မွန္ကန္တဲ့ စစ္ေဆးမႈေတြ ျပဳလုပ္ၿပီး ကစားသမားရဲ့က်န္းမာေရးက အေကာင္းဆုံးျဖစ္နိုင္တဲ့အေျခအေနမွာရွိေနတယ္ဆိုတာ ေသခ်ာေအာင္ လုပ္ၾကတာေပါ့။ ၿပီးရင္ေတာ့ ကၽြန္ေတာ္တို႔ ဘာျဖစ္လာမလဲဆိုတာ ျမင္ရပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ တိုက္စစ္မႉးသစ္ ေခၚယူဖို႔ ႀကိဳးပမ္းေနသလို အာဖရိကဖလားနဲ႔ ဒဏ္ရာျပႆနာေတြေၾကာင့္ ေရြးခ်ယ္စရာမရွိျဖစ္ေနတဲ့ ကြင္းလယ္အတြက္လည္း ဂ်ဴဗင္တပ္ကြင္းလယ္လူကို အငွားနဲ႔ ရာသီကုန္အထိ ေခၚယူဖို႔အတြက္ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

အာသာ မယ္လိုရဲ့ ေအးဂ်င့္ဟာ ဗုဒၶဟူးေန႔က အာဆင္နယ္အသင္းနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ဂ်ဴဗင္တပ္အသင္းက ဘရာဇီးလ္ကြင္းလယ္ကစားသမားေနရာမွာ အစားထိုးေခၚယူမယ့္သူကို ဆက္လက္ရွာေဖြေနဆဲျဖစ္တာေၾကာင့္ အေျပာင္းအေရႊ႕ကို မီးစိမ္းျပျခင္းမရွိေသးဘူးလို႔ သိရပါတယ္။ အာဆင္နယ္ဟာ အာသာရဲ့ အေျပာင္းအေရႊ႕ကို တတ္နိုင္သမၽွ ျမန္ျမန္ အၿပီးသတ္ခ်င္ေနတာျဖစ္ၿပီး အဲဒါေၾကာင့္ပဲ နည္းစနစ္ ဒါရိုက္တာ အီဒူးက ဗုဒၶဟူးေန႔ညေနမွာ ဘရာဇီးလ္ၾကယ္ပြင့္ရဲ့ ေအးဂ်င့္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဖက္ဒရီကို ပါစတိုရယ္လိုဟာ အာသာရဲ့ အေျပာင္းအေရႊ႕အတြက္ ေတြ႕ဆုံေဆြးေႏြးဖို႔ အာဆင္နယ္ရဲ့ လန္ဒန္ ကိုနီ ေလ့က်င့္ေရးစခန္းကို ခရီးထြက္ခဲ့တာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းက သိပ္မၾကာခင္မွာ ေနာက္တဆင့္တက္တဲ့အေနနဲ႔ ဂ်ဴဗင္တပ္အသင္းနဲ႔ ေဆြးေႏြးညႇိႏွိုင္းနိုင္ဖို႔ ေမၽွာ္လင့္ေနတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ အသက္ ၂၅ ႏွစ္အရြယ္ ဂ်ဴဗင္တပ္ကြင္းလယ္ကစားသမားကို ရာသီကုန္အထိ အငွားနဲ႔ ေခၚယူခ်င္ေနတာျဖစ္ၿပီး မိတ္လန္း-နိုင္းစ္က ရိုးမားအသင္းကို ထြက္ခြာၿပီးေနာက္ပိုင္း အာတီတာရဲ့ ကြင္းလယ္ေရြးခ်ယ္စရာကို တိုးျမႇင့္ေပးခ်င္ေနတာျဖစ္ပါတယ္။

အာသာကလည္း လန္ဒန္ကို ေျပာင္းေရႊ႕ခ်င္တဲ့ ဆႏၵရွိေနၿပီး ပရီးမီးယားလိဂ္ဟာ ကမၻာေပၚက အေကာင္းဆုံးလိဂ္လို႔ ဘရာဇီးလ္ကြင္းလယ္ကစားသမားက ရႈျမင္ထားတာျဖစ္ပါတယ္။ အဓိက ျပႆနာက ဂ်ဴဗင္တပ္အသင္းဟာ အာသာ မယ္လိုရဲ့ေနရာမွာ အစားထိုးေခၚယူမႈ မျပဳလုပ္နိုင္မခ်င္း အာဆင္နယ္ကို အငွားနဲ႔ ထြက္ခြာခြင့္ ျပဳလိုတဲ့ဆႏၵမရွိတာျဖစ္ၿပီး အစားထိုးေခၚယူမႈအျဖစ္ လိုင္ယြန္ကြင္းလယ္ကစားသမား ဘ႐ူနို ဂီမာေရးစ္ကို စိတ္ဝင္စားေနေပမယ့္ ဘ႑ာေရးအေျခအေနအရ အေျပာင္းအေရႊ႕ျဖစ္နိုင္ဖို႔ ခက္ခဲေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.