Carabao & FA Match Report Premier League

အိမ်ကွင်းမှာ ကြောက်နေတဲ့ အာဆင်နယ်ကို ဆီမီးက ဖြုတ်ချလိုက်တဲ့ လီဗာပူးလ်

ပထမအကျော့ကို သရေရထားခဲ့လို့ အာဆင်နယ်တို့ အိမ်ကွင်းမှာ လူစုံထုတ်ပြီး အနိုင်ယူဖို့ ကြိုးစားမလားလို့ သူတို့ရဲ့ ပရိသတ်တွေ ထင်ကောင်း ထင်ခဲ့ကြနိုင်ပေမယ့် ဒါက တစ်ဝက်ပဲ မှန်ခဲ့ပြီး တိုမီယာစု၊ ဘန်ဝှိုက်၊ ဂါဘရီယယ်လ်၊ တီယာနီ၊ လိုကွန်ဂါ၊ အော်ဒီဂွါဒ်၊ စမစ်ရိုး၊ မာတီနယ်လီ၊ ဆာကာနဲ့ လာကာဇက်တို့လို ကစားသမားတွေကို ထုတ်လာခဲ့ပေမယ့် ချာကာ အထုတ်ခံရသလိုမျိုး အထိနာမှာကို ကြောက်ပြီး ကစားနေခဲ့တဲ့ ဒီနေ့ကစားပုံနဲ့ ကစားကွက်ကတော့ ကျေနပ်စရာမရှိခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်တို့ကတော့ သူတို့ရဲ့ အမြဲတမ်း ရဲရင့်တဲ့ Positive Game Plan ကိုပဲ ကိုင်စွဲထားခဲ့ပြီး လူငယ်ကစားသမား ကိုင်ဒီ ဂေါ်ဒန်ကို သုံးခဲ့သလို ဖာမီနို၊ ဂျိုတာ၊ ကားတစ်ဂျုံးစ်တို့နဲ့ တိုက်စစ်ကို ပုံဖော်လာခဲ့ပြီး ခံစစ်ပိုင်းမှာတော့ ဟန်ဒါဆန်၊ ဖာဘင်ညို၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ရောဘတ်ဆန်၊ မာတစ်ပ်နဲ့ ဗန်ဒိုက်တို့ ကစားလာခဲ့ကြတာပါ။

အာတီတာအနေနဲ့ အာဆင်နယ်ကို လူစုံခင်းခဲ့ပေမယ့် သူ့ရဲ့ ကစားကွက်နဲ့ ဗျူဟာကတော့ မရှုံးရေးပဲဖြစ်ခဲ့ပြီး စာရွက်ပေါ်မှာ ၄-၂-၃-၁ ချထားတဲ့ လူစာရင်းက တကယ်ကစားချိန်မှာတော့ ၂-၃-၁-၄ ဖြစ်နေခဲ့ပြီး နောက်ခံအစွန်လူတွေက ကွင်းလယ်စည်းထက် ပိုမလိုက်ခဲ့ကြသလို ဘယ်ညာတောင်ပံတွေနဲ့ တိုက်စစ်မှာ နေရာယူထားတဲ့ မာတီနယ်လီ၊ ဆာကာ၊ စမစ်ရိုးနဲ့ လာကာဇက်တို့ လေးယောက်က အော်ဒီဂွါဒ် ပေးတဲ့ ဘောလုံးကို ရပြီးရင် ဘာမှ မလုပ်နိုင်ဘဲ အရှေ့မှာ အထီးကျန်နေခဲ့ကြတာပါ။

လီဗာပူးလ်တို့ အတက်အဆင်းမှန်မှန်နဲ့ တောင်ပံတွေကို ပုံဖော်ခဲ့ချိန်မှာ ထရိန်နင် မပြည့်တဲ့ တိုမီယာစုအတွက်တော့ ပထမပိုင်းက ထရိန်နင်လို ဖြစ်နေခဲ့ပြီး သူ့လိုပဲ ပျောက်နေတာကြာတဲ့ စမစ်ရိုးကလည်း ဘယ်ခြမ်းမှာ မာတီနယ်လီကို ဘယ်လိုတွဲပေးရမလဲဆိုတာကို သိသလို မသိသလိုပါပဲ ဖြစ်နေခဲ့ချိန်မှာ ရှေ့တက်ရှင်းတာ တော်တဲ့ အိုင်းရစ်ကလေး ကယ်လေဟာအတွက်တော့ အချဉ်ပဲဖြစ်နေခဲ့ကြပါတယ်။

ပွဲချိန် ၅ မိနစ်မှာ ရခဲ့တဲ့ ဖရီးကစ်ကို လာကာဇက် ကန်ရာမှာ ကယ်လေဟာ ပုတ်ထုတ်သွားခဲ့တာက အာဆင်နယ်တို့အတွက် တစ်ပွဲလုံးမှာ အကောင်းဆုံး ခြိမ်းခြောက်နိုင်မှုပဲဖြစ်ခဲ့ပြီး သူတို့ရဲ့ အထီးကျန်တောင်ပံတွေ ဟင်ဟာတောက်ကျွတ်လောက်ကလွဲပြီး အလုပ်မဖြစ်ချိန်မှာ လီဗာပူးလ်တို့ကတော့ တစ်ဖက်ခံစစ်တန်းနောက် နေရာလွတ်တွေကို ကျော်ချတဲ့ ပုံစံကိုပဲ သုံးစွဲသွားခဲ့တာပါ။

ပွဲချိန် ၁၉ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ အလက်ဇန်းဒါး-အာနိုးလ်ဒ် ခင်းပေးတဲ့ ဘောလုံးကို တိုက်စစ်မှူးဂျိုတာက ဘယ်ခြမ်းကနေ အတွင်းကို တောက်လျှောက်ဆွဲဝင်ပြီး တိုမီယာစုကို ဖြတ်ကျော်ပြီးမှ ဂါဘရီယယ်လ်၊ တီယာနီတို့ကြားထဲက ကန်သွင်းခဲ့ရာမှာ ရမ်းစ်ဒေးလ် တိုင်မင်နဲ့ ဟန်ချက်ပျက်ပြီး ဂိုးပေးခဲ့ရပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်တို့ ဘာမှ သိပ်လုပ်မပြနိုင်ဘဲ မြင်းခွာပုံ ကစားကွက်နဲ့ အချိန်ကုန်နေခဲ့သလို ပွဲချိန် ၂၇ မိနစ်မှာ မာတီနယ်လီရဲ့ ဗန်ဒိုက်ကို ပြတဲ့ တစ်ကွက်က ကောင်းပေမယ့် ဖာဘင်ညိုက နောက်ကနေ လျှောထိုးဖျက်ထုတ်သွားနိုင်ခဲ့ပြီး စမစ်ရိုးနဲ့ ဆာကာတို့ကတော့ လီဗာပူးလ် ခံစစ်ကို အပေါက်မရှာတတ်ခဲ့ကြတာကြောင့် ဧည့်သည်တွေကပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဒုတိယပိုင်းအစမှာတော့ အမှားများနေတဲ့ မာတစ်ပ်ကို နည်းပြ ယာဂန် ကလော့ပ်က ကွင်းထဲ ပြန်ဝင်မခိုင်းတော့ဘဲ ကိုနာတေနဲ့ လူစားလဲခဲ့ရာမှာ ပြင်သစ်သားရဲ့ ညာခြမ်းက ပေးပို့မှုတွေက ပိုကောင်းလာခဲ့တာကို တွေ့ရပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ ဆမ်ဘီ လိုကွန်ဂါ တင်ပေးတာကို လာကာဇက်က လူကျွံထောင်ချောက်ကို ဖောက်ထွက်နိုင်ခဲ့ပေမယ့် အဆုံးသတ်ကတော့ ဆိုးရွားသွားခဲ့တာပါ။

အာဆင်နယ်ခံစစ်တွေကတော့ တစ်ယောက်မှ ပုံမှန်ခြေမရဘူးလို့ပဲ သုံးသပ်ရမှာဖြစ်သလို ဂျိုတာကို ဘယ်သူမှ မနိုင်ဘဲဖြစ်နေခဲ့ပြီး တိုက်စစ်က စမစ်ရိုးကလည်း ဘယ်သူနဲ့မှ အချိတ်အဆက်မမိဘဲ ဖြုန်းတီးမှုတွေ များနေတာကြောင့် ပွဲချိန် ၇၄ မိနစ်မှာတော့ သူ့အစား စမစ်ရိုးနဲ့ လာကာဇက်အစား နကီးတီးယားကို နည်းပြ အာတီတာက ချေပဂိုးအတွက် ထည့်သွင်းခဲ့ပါတယ်။

ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ဘဲ တီယာနီနဲ့ တိုမီယာစုတို့ကို ရှေ့တက်ခိုင်းလိုက်တာက ပျော့ကွက်ဖြစ်သွားခဲ့ပြီး ပွဲချိန် ၇၇ မိနစ် မှာတော့ မာတီနယ်လီ ခြေချော်ပြီး ဘောလုံးပျက်တာကို အလက်ဇန်းဒါး-အာနိုးလ်ဒ်က ပြန်ရသွားပြီး တင်ပေးခဲ့ရာမှာ ဂျိုတာက ဂါဘရီယယ်လ်နဲ့ ဘန်ဝှိုက်တို့ကြားကနေ ပြေးထွက်ပြီး ဂိုးသမား ရမ်းစ်ဒေးလ်နဲ့အတွေ့မှာ ကျော်ကန်သွင်းယူခဲ့လို့ လီဗာပူးလ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။

အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ဂျိုတာတို့ အတွဲအဖက်ကနေပဲ နှစ်ဂိုးစလုံးကို ရရှိခဲ့ချိန်မှာ စည်းကြပ်ဒိုင်ကတော့ လူကျွံသတ်မှတ်ခဲ့တာကြောင့် VAR နဲ့ ပြန်လည်ဆုံးဖြတ်ခဲ့ရပြီး လူကျွံထောင်ချောက်မှာ ဂါဘရီယယ်လ် နောက်ကျနေတာကြောင့် ဂျိုတာ လူကျွံခြင်းမရှိတာကို အနှေးပြကွက်နဲ့ စစ်ဆေးမှုမှာ တွေ့ခဲ့ရတာကြောင့် အာဆင်နယ်တို့ ဒီနေ့ ကံမကောင်းပါလားပဲ ဖြစ်သွားခဲ့ရတော့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ လီဗာပူးလ်တို့ ကောင်တာပဲ ကစားသွားခဲ့သလို ဂါနာအသင်းကနေ ခရီးရောက်မဆိုက် ဝင်ကစားခဲ့တဲ့ ပါတေးက ပွဲချိန် မိနစ် ၉၀ မှာ နှစ်ဝါတစ်နီနဲ့ အထုတ်ပယ်ခံခဲ့ရပြီး ရှုံးပွဲမှာ ဘာမှ မလုပ်နိုင်ခဲ့ဘဲ နောက်တစ်ပွဲမှာ အပယ်ခံရမယ့်အဖြစ်နဲ့ ကြုံတွေ့သွားခဲ့သလို အာဖရိက,ကနေ ပါလာတဲ့ ကံဆိုးမှုက အာဆင်နယ်အသင်းကိုပါ ထိခိုက်စေခဲ့တာလားလို့ တွေးစရာတောင်ဖြစ်ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ အမ်းမရိတ်မှာ အောင်ပွဲခံနိုင်ခဲ့ကြပြီး ကာရာဘောင်းဖလားဖိုင်နယ်မှာ ကြိုတင်ရောက်ရှိနေတဲ့ ချဲလ်ဆီးနဲ့ ဗိုလ်လုဖို့ တက်ရောက်သွားနိုင်ခဲ့ကြချိန်မှာ အာဆင်နယ်တို့ကတော့ အိမ်ကွင်းမှာ ပုံမလာတဲ့ နည်းဗျူဟာနဲ့အတူ ဒီအဆင့်အထိ ရောက်လာခဲ့သမျှ ပွဲစဉ်တွေက အကျိုးမရှိတဲ့ ပင်ပန်းမှုတွေပဲဖြစ်ခဲ့ရသလို လူအင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ ပုံစံကိုပဲ မြင်ခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပထမအေက်ာ့ကို သေရရထားခဲ့လို႔ အာဆင္နယ္တို႔ အိမ္ကြင္းမွာ လူစုံထုတ္ၿပီး အႏိုင္ယူဖို႔ ႀကိဳးစားမလားလို႔ သူတို႔ရဲ႕ ပရိသတ္ေတြ ထင္ေကာင္း ထင္ခဲ့ၾကႏိုင္ေပမယ့္ ဒါက တစ္ဝက္ပဲ မွန္ခဲ့ၿပီး တိုမီယာစု၊ ဘန္ဝႈိက္၊ ဂါဘရီယယ္လ္၊ တီယာနီ၊ လိုကြန္ဂါ၊ ေအာ္ဒီဂြါဒ္၊ စမစ္႐ိုး၊ မာတီနယ္လီ၊ ဆာကာနဲ႔ လာကာဇက္တို႔လို ကစားသမားေတြကို ထုတ္လာခဲ့ေပမယ့္ ခ်ာကာ အထုတ္ခံရသလိုမ်ိဳး အထိနာမွာကို ေၾကာက္ၿပီး ကစားေနခဲ့တဲ့ ဒီေန႔ကစားပုံနဲ႔ ကစားကြက္ကေတာ့ ေက်နပ္စရာမရွိခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္တို႔ကေတာ့ သူတို႔ရဲ႕ အၿမဲတမ္း ရဲရင့္တဲ့ Positive Game Plan ကိုပဲ ကိုင္စြဲထားခဲ့ၿပီး လူငယ္ကစားသမား ကိုင္ဒီ ေဂၚဒန္ကို သုံးခဲ့သလို ဖာမီႏို၊ ဂ်ိဳတာ၊ ကားတစ္ဂ်ဳံးစ္တို႔နဲ႔ တိုက္စစ္ကို ပုံေဖာ္လာခဲ့ၿပီး ခံစစ္ပိုင္းမွာေတာ့ ဟန္ဒါဆန္၊ ဖာဘင္ညိဳ၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ေရာဘတ္ဆန္၊ မာတစ္ပ္နဲ႔ ဗန္ဒိုက္တို႔ ကစားလာခဲ့ၾကတာပါ။

အာတီတာအေနနဲ႔ အာဆင္နယ္ကို လူစုံခင္းခဲ့ေပမယ့္ သူ႔ရဲ႕ ကစားကြက္နဲ႔ ဗ်ဴဟာကေတာ့ မရႈံးေရးပဲျဖစ္ခဲ့ၿပီး စာ႐ြက္ေပၚမွာ ၄-၂-၃-၁ ခ်ထားတဲ့ လူစာရင္းက တကယ္ကစားခ်ိန္မွာေတာ့ ၂-၃-၁-၄ ျဖစ္ေနခဲ့ၿပီး ေနာက္ခံအစြန္လူေတြက ကြင္းလယ္စည္းထက္ ပိုမလိုက္ခဲ့ၾကသလို ဘယ္ညာေတာင္ပံေတြနဲ႔ တိုက္စစ္မွာ ေနရာယူထားတဲ့ မာတီနယ္လီ၊ ဆာကာ၊ စမစ္႐ိုးနဲ႔ လာကာဇက္တို႔ ေလးေယာက္က ေအာ္ဒီဂြါဒ္ ေပးတဲ့ ေဘာလုံးကို ရၿပီးရင္ ဘာမွ မလုပ္ႏိုင္ဘဲ အေရွ႕မွာ အထီးက်န္ေနခဲ့ၾကတာပါ။

လီဗာပူးလ္တို႔ အတက္အဆင္းမွန္မွန္နဲ႔ ေတာင္ပံေတြကို ပုံေဖာ္ခဲ့ခ်ိန္မွာ ထရိန္နင္ မျပည့္တဲ့ တိုမီယာစုအတြက္ေတာ့ ပထမပိုင္းက ထရိန္နင္လို ျဖစ္ေနခဲ့ၿပီး သူ႔လိုပဲ ေပ်ာက္ေနတာၾကာတဲ့ စမစ္႐ိုးကလည္း ဘယ္ျခမ္းမွာ မာတီနယ္လီကို ဘယ္လိုတြဲေပးရမလဲဆိုတာကို သိသလို မသိသလိုပါပဲ ျဖစ္ေနခဲ့ခ်ိန္မွာ ေရွ႕တက္ရွင္းတာ ေတာ္တဲ့ အိုင္းရစ္ကေလး ကယ္ေလဟာအတြက္ေတာ့ အခ်ဥ္ပဲျဖစ္ေနခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာ ရခဲ့တဲ့ ဖရီးကစ္ကို လာကာဇက္ ကန္ရာမွာ ကယ္ေလဟာ ပုတ္ထုတ္သြားခဲ့တာက အာဆင္နယ္တို႔အတြက္ တစ္ပြဲလုံးမွာ အေကာင္းဆုံး ၿခိမ္းေျခာက္ႏိုင္မႈပဲျဖစ္ခဲ့ၿပီး သူတို႔ရဲ႕ အထီးက်န္ေတာင္ပံေတြ ဟင္ဟာေတာက္ကြၽတ္ေလာက္ကလြဲၿပီး အလုပ္မျဖစ္ခ်ိန္မွာ လီဗာပူးလ္တို႔ကေတာ့ တစ္ဖက္ခံစစ္တန္းေနာက္ ေနရာလြတ္ေတြကို ေက်ာ္ခ်တဲ့ ပုံစံကိုပဲ သုံးစြဲသြားခဲ့တာပါ။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန အလက္ဇန္းဒါး-အာႏိုးလ္ဒ္ ခင္းေပးတဲ့ ေဘာလုံးကို တိုက္စစ္မႉးဂ်ိဳတာက ဘယ္ျခမ္းကေန အတြင္းကို ေတာက္ေလွ်ာက္ဆြဲဝင္ၿပီး တိုမီယာစုကို ျဖတ္ေက်ာ္ၿပီးမွ ဂါဘရီယယ္လ္၊ တီယာနီတို႔ၾကားထဲက ကန္သြင္းခဲ့ရာမွာ ရမ္းစ္ေဒးလ္ တိုင္မင္နဲ႔ ဟန္ခ်က္ပ်က္ၿပီး ဂိုးေပးခဲ့ရပါတယ္။

ပထမပိုင္းမွာ အာဆင္နယ္တို႔ ဘာမွ သိပ္လုပ္မျပႏိုင္ဘဲ ျမင္းခြာပုံ ကစားကြက္နဲ႔ အခ်ိန္ကုန္ေနခဲ့သလို ပြဲခ်ိန္ ၂၇ မိနစ္မွာ မာတီနယ္လီရဲ႕ ဗန္ဒိုက္ကို ျပတဲ့ တစ္ကြက္က ေကာင္းေပမယ့္ ဖာဘင္ညိဳက ေနာက္ကေန ေလွ်ာထိုးဖ်က္ထုတ္သြားႏိုင္ခဲ့ၿပီး စမစ္႐ိုးနဲ႔ ဆာကာတို႔ကေတာ့ လီဗာပူးလ္ ခံစစ္ကို အေပါက္မရွာတတ္ခဲ့ၾကတာေၾကာင့္ ဧည့္သည္ေတြကပဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ အမွားမ်ားေနတဲ့ မာတစ္ပ္ကို နည္းျပ ယာဂန္ ကေလာ့ပ္က ကြင္းထဲ ျပန္ဝင္မခိုင္းေတာ့ဘဲ ကိုနာေတနဲ႔ လူစားလဲခဲ့ရာမွာ ျပင္သစ္သားရဲ႕ ညာျခမ္းက ေပးပို႔မႈေတြက ပိုေကာင္းလာခဲ့တာကို ေတြ႕ရၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ ဆမ္ဘီ လိုကြန္ဂါ တင္ေပးတာကို လာကာဇက္က လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ကေတာ့ ဆိုး႐ြားသြားခဲ့တာပါ။

အာဆင္နယ္ခံစစ္ေတြကေတာ့ တစ္ေယာက္မွ ပုံမွန္ေျခမရဘူးလို႔ပဲ သုံးသပ္ရမွာျဖစ္သလို ဂ်ိဳတာကို ဘယ္သူမွ မႏိုင္ဘဲျဖစ္ေနခဲ့ၿပီး တိုက္စစ္က စမစ္႐ိုးကလည္း ဘယ္သူနဲ႔မွ အခ်ိတ္အဆက္မမိဘဲ ျဖဳန္းတီးမႈေတြ မ်ားေနတာေၾကာင့္ ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ သူ႔အစား စမစ္႐ိုးနဲ႔ လာကာဇက္အစား နကီးတီးယားကို နည္းျပ အာတီတာက ေခ်ပဂိုးအတြက္ ထည့္သြင္းခဲ့ပါတယ္။

ဒါေပမယ့္ မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ခဲ့ဘဲ တီယာနီနဲ႔ တိုမီယာစုတို႔ကို ေရွ႕တက္ခိုင္းလိုက္တာက ေပ်ာ့ကြက္ျဖစ္သြားခဲ့ၿပီး ပြဲခ်ိန္ ၇၇ မိနစ္ မွာေတာ့ မာတီနယ္လီ ေျခေခ်ာ္ၿပီး ေဘာလုံးပ်က္တာကို အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ျပန္ရသြားၿပီး တင္ေပးခဲ့ရာမွာ ဂ်ိဳတာက ဂါဘရီယယ္လ္နဲ႔ ဘန္ဝႈိက္တို႔ၾကားကေန ေျပးထြက္ၿပီး ဂိုးသမား ရမ္းစ္ေဒးလ္နဲ႔အေတြ႕မွာ ေက်ာ္ကန္သြင္းယူခဲ့လို႔ လီဗာပူးလ္တို႔ ဒုတိယဂိုး ထပ္ရခဲ့ပါတယ္။

အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ဂ်ိဳတာတို႔ အတြဲအဖက္ကေနပဲ ႏွစ္ဂိုးစလုံးကို ရရွိခဲ့ခ်ိန္မွာ စည္းၾကပ္ဒိုင္ကေတာ့ လူကြၽံသတ္မွတ္ခဲ့တာေၾကာင့္ VAR နဲ႔ ျပန္လည္ဆုံးျဖတ္ခဲ့ရၿပီး လူကြၽံေထာင္ေခ်ာက္မွာ ဂါဘရီယယ္လ္ ေနာက္က်ေနတာေၾကာင့္ ဂ်ိဳတာ လူကြၽံျခင္းမရွိတာကို အေႏွးျပကြက္နဲ႔ စစ္ေဆးမႈမွာ ေတြ႕ခဲ့ရတာေၾကာင့္ အာဆင္နယ္တို႔ ဒီေန႔ ကံမေကာင္းပါလားပဲ ျဖစ္သြားခဲ့ရေတာ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ လီဗာပူးလ္တို႔ ေကာင္တာပဲ ကစားသြားခဲ့သလို ဂါနာအသင္းကေန ခရီးေရာက္မဆိုက္ ဝင္ကစားခဲ့တဲ့ ပါေတးက ပြဲခ်ိန္ မိနစ္ ၉၀ မွာ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ပယ္ခံခဲ့ရၿပီး ရႈံးပြဲမွာ ဘာမွ မလုပ္ႏိုင္ခဲ့ဘဲ ေနာက္တစ္ပြဲမွာ အပယ္ခံရမယ့္အျဖစ္နဲ႔ ႀကဳံေတြ႕သြားခဲ့သလို အာဖရိက,ကေန ပါလာတဲ့ ကံဆိုးမႈက အာဆင္နယ္အသင္းကိုပါ ထိခိုက္ေစခဲ့တာလားလို႔ ေတြးစရာေတာင္ျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အမ္းမရိတ္မွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ကာရာေဘာင္းဖလားဖိုင္နယ္မွာ ႀကိဳတင္ေရာက္ရွိေနတဲ့ ခ်ဲလ္ဆီးနဲ႔ ဗိုလ္လုဖို႔ တက္ေရာက္သြားႏိုင္ခဲ့ၾကခ်ိန္မွာ အာဆင္နယ္တို႔ကေတာ့ အိမ္ကြင္းမွာ ပုံမလာတဲ့ နည္းဗ်ဴဟာနဲ႔အတူ ဒီအဆင့္အထိ ေရာက္လာခဲ့သမွ် ပြဲစဥ္ေတြက အက်ိဳးမရွိတဲ့ ပင္ပန္းမႈေတြပဲျဖစ္ခဲ့ရသလို လူအင္အားျဖည့္တင္းဖို႔ လိုအပ္ေနတဲ့ ပုံစံကိုပဲ ျမင္ခဲ့ရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.