Analysis Article Premier League

လက်စတာကို ဝုန်းလိုက်တဲ့ စပါးစ်ရဲ့ နောက်ဆက်တွဲတွေက ဘယ်သူတွေကို သက်ရောက်မလဲ

ကစားရခက်ပြီး ကောင်တာတစ်ပေါက် လျှမ်းလျှမ်းတောက်ဖြစ်တဲ့ လက်စတာစီးတီးအသင်းကို ကင်းပါဝါကွင်းမှာ စတီဗင် ဘာ့ဂ်ဗိုင်းရဲ့ နောက်ဆုံးမိနစ်ဂိုးတွေနဲ့ ဝုန်းလိုက်တဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ရဲ့ သုံးဂိုး-နှစ်ဂိုးနဲ့ Come Back နိုင်ပွဲက ဗုဒ္ဓဟူးနေ့ညရဲ့ ပြောစရာအကောင်းဆုံး Highlight လည်းဖြစ်ခဲ့ပြီး ဒီပွဲရဲ့ နာကျင်အချိန်ပို သက်ရောက်မှုက ဘယ်သူတွေအပေါ် ဘာတွေ သက်ရောက်လာနိုင်သလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ အောင်စိတ်ကို အိတ်ဆောင်သူ အန်တိုနီယို ကွန်တီ(UP)
စပါးစ်နည်းပြ အန်တိုနီယို ကွန်တီအတွက်တော့ ဒီနိုင်ပွဲနဲ့အတူ အဖိုးတန်လှတဲ့ သုံးမှတ်ကို နောက်ဆုံးအချိန်တွေမှာ ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပြီး သူ့ကို ခေါ်ယူခဲ့မှုနဲ့ ဂျူဗင်တပ်စ်၊ အီတလီ၊ ချဲလ်ဆီး၊ အင်တာမီလန်တို့လို အသင်းတွေဆီကနေ ဒီလိုနေရာကို လာခဲ့တာကို လှောင်ပြောင်နေကြမှုတွေအပေါ် သူ့ရဲ့ အောင်စိတ် Winning Mentality နဲ့ တန်ပြန်ချေဖျက်သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ကွန်တီဆိုတဲ့ကောင်ဟာ အချဉ်မဟုတ်ဘူးဆိုတာကို ပြသနိုင်လိုက်တာလည်းဖြစ်ပြီး ပရီးမီးယားလိဂ်မှာ သူ့ရဲ့ လက်ထဲ ရှုံးပွဲ မရှိသေးသလို ၉ ပွဲမှာ ၆ ပွဲနိုင် ၃ ပွဲသရေနဲ့ ဝံ့ကြွားလာနိုင်ခဲ့တာပါ။

၂။ အသင်းမှာ ဆက်မြဲမယ့် ဘာ့ဂ်ဗိုင်း(UP)
ပွဲချိန် ၇၉ မိနစ်မှာ ကင်းပါဝါမြက်ခင်းကို စနင်းခဲ့တဲ့ ဒတ်ချ်တောင်ပံကစားသမားက ကွန်တီရဲ့ အဲ့ဒီနေ့က နောက်ဆုံးပစ်တဲ့ အံစာနဲ့ နောက်ဆုံး ဖဲချပ်လည်းဖြစ်ခဲ့တာပါ။ ဒီပွဲမတိုင်ခင်မှာ နယ်သာလန်ဘုရင် အိုင်းယက်စ်ကို ပေါင် ၁၅ သန်းနဲ့ ပြန်တော့မယ်လို့ သတင်းထွက်နေတဲ့ ဘာ့ဂ်ဗိုင်းအနေနဲ့ နာကျင်အချိန်ပို ၅ မိနစ်နဲ့ ၇ မိနစ်တွေမှာ မြေခွေးတွေကို အသည်းခွဲနိုင်ခဲ့ပြီးနောက်မှာ နည်းပြ ကွန်တီကတော့ အသင်းမှာ သူ့ကို ဆက်ပြီး အလိုရှိတယ်လို့ ဝန်ခံလိုက်ပြီး အနည်းဆုံးတော့ တန်ဖိုးထားရမယ့် ပွဲအဖြေပြောင်းနိုင်သူ Impact Sub အဖြစ် ဆက်ရှိနေမှာဖြစ်သလို သူ့ရဲ့ တန်ဖိုးထားခံရမှုကလည်း မြင့်တက်လာခဲ့ပါပြီ။

၃။ ၃-၅-၂ Flat နဲ့ ဝင့်ခ်စ် Vs ဆွန်၊ မော်ရာ(UP)
ကွန်တီဟာ ဆွန်ဟောင်မင် ဒဏ်ရာရသွားတဲ့ နောက်ပိုင်းမှာ ၃-၄-၃ ထက် ဟာရီကိန်းကို ရှေ့မှာ လူးကပ်စ် မော်ရာနဲ့ တွဲပေးတဲ့ ၃-၅-၂ Flat ပုံစံကို ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ မူလကစားခဲ့ကြတဲ့ ဟွိုင်ဘယာ့ဂ်နဲ့ စကစ်ပ်တို့ကြားမှာ အဖျက်ဆို နည်းနည်းပျာတတ်တဲ့ ဟာရီ ဝင့်ခ်စ်ကို Free Role ကစားခွင့် ပေးလိုက်တာက သုံးစားမရတဲ့ အယ်လီထက် ဟိုဘက်ကို နှစ်ဘူတာလွန်တောင် သာသွားခဲ့ပြီး ၂၅ နှစ်သားအနေနဲ့ ဒီနေ့ပွဲမှာ အရေးပါတဲ့ ပေးပို့မှုနှစ်ကြိမ်ကို သူက လုပ်ဆောင်ပေးနိုင်ခဲ့တာပါ။ ဆွန်ဟောင်မင် ပြန်ကောင်းလာရင်တော့ နေရာပျောက်မယ့်သူက သူလား၊ မော်ရာလား၊ ဆွန်လား ဆိုတာ စိတ်ဝင်စားစရာကောင်းနေခဲ့ပါပြီ။

၄။ ထည့်တွက်စရာ မလိုတဲ့ အဆင့် ၄ နဲ့ မျှော်လင့်နိုင်တဲ့ အဆင့် ၃(UP)
အဆင့် ၄ က ၃ ပွဲ ပိုကစားထားတဲ့ ဝက်စ်ဟမ်းတို့ကို ကျော်တက်ဖို့ လက်ကျန်ကစားရမယ့် ၃ ပွဲမှာ ၉ မှတ်ထဲက စပါးစ်တို့အနေနဲ့ နှစ်မှတ်တောင် မရဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတာ မလိုချင်ဘူးဆိုရင်တောင် ပြန်အမ်းလို့ မရနိုင်တော့တာပါ။ ဒါ့ပြင် တတိယနေရာက ချဲလ်ဆီးနဲ့ ၄ ပွဲအကွာမှာ ၈ မှတ် ကွာဟနေချိန်မှာ ၁၂ မှတ်ထဲကရော ၈ မှတ်ရဖို့က လက်ရှိခြေစွမ်း၊ အောင်စိတ်တွေနဲ့ စပါးစ်တို့အဖို့ ဒီလောက် မခက်နိုင်တာ ဖြစ်လို့ ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ လီဗာပူးလ်အပြီး အခြေအနေကောင်းဆုံးဟာ စပါးစ်တို့ပဲ ဖြစ်လာခဲ့ပါတယ်။

၅။ ချဲလ်ဆီး Worry ဖတ်ပြီ၊ ဘာလုပ်မလဲ(DOWN)
ချဲလ်ဆီးတို့အနေနဲ့ ကာရာဘောင်း နောက်ဆုံး ၂ ပွဲမှာ စပါးစ်ကို နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် နောက်ဆုံး ၁၃ ပွဲမှာ နိုင်ပွဲ ၃ ပွဲသာရှိပြီး ကျန်တဲ့ ပွဲတွေမှာ ၂ ပွဲရှုံးပြီး ၈ ပွဲအထိ သရေကျခဲ့တာက ဘရိုက်တန်ကို မနာလိုလို့ လိုက်ပြိုင်သလားတောင် ထင်ခဲ့ရတာပါ။ ဒီအချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ ကတော့ သူတို့အတွက် Worry ပွားစရာ စောင့်ကြိုနေပြီး အိမ်ကွင်းမှာ စပါးစ်နဲ့ တစ်လအတွင်း သုံးပွဲမြောက် လန်ဒန်ဒါဘီအဖြစ် ကစားရမှာ ဖြစ်ပါတယ်။ ကာရာဘောင်းနှစ်ပွဲကို လွှတ်ပေးလိုက်ပြီး ဒီပွဲမှာမှ စပါးစ်တို့ အပိုင်တီးခဲ့မယ်ဆိုရင် ချဲလ်ဆီးတို့အတွက် အကြီးကြီး အထိနာမှာဖြစ်သလို သူတို့တွေအနေနဲ့ ဘယ်နောက်ခံလူနေရာအတွက် သွေးရူးသွေးတန်း ငွေသုံးဖို့ ကြိုးစားကြမှာလည်း ဖြစ်နိုင်ခြေတစ်ခုအဖြစ် ရှိလာခဲ့ပါပြီ။

၆။ အာဆင်နယ်တို့လည်း နှေးနေလို့ မရတော့ပါ(??)
အာဆင်နယ်တို့အနေနဲ့ ဇန်နဝါရီမှာ လူခေါ်နိုင်စွမ်းရှိလျက်နဲ့ ပြတ်ပြတ်သားသား မလုပ်ဘဲ ဝေဝါးနေခဲ့တာပါ။ အာဖရိကဖလားစပြီး ပါတေး လစ်သွားကလည်းက ကွင်းလယ်က ပြဿနာတက်လာခဲ့သလို တိုက်စစ်ပိုင်းကိုလည်း ဂိုးသွင်းနှုန်း တက်လာအောင် အားဖြည့်ဖို့က ဟိုလူလိုလို ဒီလူလိုလိုနဲ့ ဖြစ်နေခဲ့တာက စပါးစ်ရဲ့ ကျော်တက်ခံလိုက်ရချိန်မှာ ပွဲစပြီဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ ချဲလ်ဆီးလောက်တော့ ဆုံးရှုံးစရာ မရှိပေမယ့် အားဖြည့်မှု မရှိရင် နောက်တစ်နှစ်ထပ်ပြီး ချန်ပီယံလိဂ်နဲ့ ဝေးမှာဖြစ်သလို နာမည်ကြီးတွေက “ဟင်”ကြတော့မှာမို့ ဗလာဟိုဗစ်ချ်လား၊ ဇာကာရီးယားလား၊ အာရ်တူရ်လား ဆိုတာ မြန်မြန်တွန်းရဖို့ ဖြစ်လာခဲ့တာပါ။

၇။ ရန်းနစ်ခ်နဲ့ မန်ချက် ပြန်တက်နိုင်ဦးမလား(DOWN)
ဥရောပဝင်ခွင့်အတွက် အသင်းကြီး ၆ သင်းလို့ ရှိရာမှာ ရာသီဝက်အထိ ၁-၂-၃-၄ က မန်စီးတီး-လီဗာပူးလ်-ချဲလ်ဆီး-ဝက်စ်ဟမ်းလို့ အတော့်ကို ဂဏန်းငြိမ်ခဲ့ပေမယ့် လက်ရှိမှာ ပြောင်းလဲဖို့ မြင်လာရပါပြီ။ ချဲလ်ဆီးတို့ အခြေအနေဆိုးနေချိန်မှာ ဝက်စ်ဟမ်းကလည်း အလားတူပဲဖြစ်နေပြီး မန်စီးတီးနဲ့ လီဗာပူးလ်တို့နောက်မှာ စပါးစ်နဲ့ အာဆင်နယ်တို့ ဝင်တာ မြင်ရမလား၊ နောက်ဆုံးတော့ ကိုယ့်ရဲ့ ဂဂျောင်ကွက် ၄-၂-၂-၂ ကြီး သုံးမရလို့ ဆိုးလ်ရှားကွက်နဲ့ပဲ ဘရန့်ဖို့ဒ်ကို အနိုင်ယူခဲ့ရတဲ့ ရန်းနစ်ခ်ကပဲ လိုက်လာနိုင်မလားကတော့ စိတ်ဝင်စားစရာဖြစ်ပေမယ့် ခေါင်းမာပုံရတဲ့ ဂျာမန်သားတစ်ယောက် ဇယားထိပ် လေးသင်းထဲကို ပြန်တက်မလာနိုင်ဘူးဆိုရင်လည်း အံ့ဩစရာတော့ မရှိတာဖြစ်ပါတယ်။

ဒီအချက် ၇ ချက်က ကင်းပါဝါမှာ လက်စတာတို့ရဲ့ လွှင့်ပစ်ခဲ့တဲ့ သုံးမှတ်နဲ့ အိမ်ကွင်းနိုင်ပွဲအပြီးမှာ ဖြစ်ပေါ်လာခဲ့တဲ့ နောက်ဆက်တွဲ အကျိုး သက်ရောက်မှု Domino Effects တွေ ဖြစ်ကြပြီး ဒီသက်ရောက်မှုတွေနဲ့ ကိုက်ညီအောင် စီးမျောနိုင်မှဖြစ်မယ့်အချိန်မှာ တန်ပြန်တုံ့ပြန်မှုတွေ မလုပ်နိုင်မယ့်သူတွေကတော့ ရာသီကုန်မှာ ဒူးနဲ့ မျက်ရည်သုတ်ရမှာဖြစ်ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကစားရခက္ၿပီး ေကာင္တာတစ္ေပါက္ လွ်မ္းလွ်မ္းေတာက္ျဖစ္တဲ့ လက္စတာစီးတီးအသင္းကို ကင္းပါဝါကြင္းမွာ စတီဗင္ ဘာ့ဂ္ဗိုင္းရဲ႕ ေနာက္ဆုံးမိနစ္ဂိုးေတြနဲ႔ ဝုန္းလိုက္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔ရဲ႕ သုံးဂိုး-ႏွစ္ဂိုးနဲ႔ Come Back ႏိုင္ပြဲက ဗုဒၶဟူးေန႔ညရဲ႕ ေျပာစရာအေကာင္းဆုံး Highlight လည္းျဖစ္ခဲ့ၿပီး ဒီပြဲရဲ႕ နာက်င္အခ်ိန္ပို သက္ေရာက္မႈက ဘယ္သူေတြအေပၚ ဘာေတြ သက္ေရာက္လာႏိုင္သလဲဆိုတာ ေဖာ္ျပလိုက္ပါတယ္။

၁။ ေအာင္စိတ္ကို အိတ္ေဆာင္သူ အန္တိုနီယို ကြန္တီ(UP)
စပါးစ္နည္းျပ အန္တိုနီယို ကြန္တီအတြက္ေတာ့ ဒီႏိုင္ပြဲနဲ႔အတူ အဖိုးတန္လွတဲ့ သုံးမွတ္ကို ေနာက္ဆုံးအခ်ိန္ေတြမွာ ပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ၿပီး သူ႔ကို ေခၚယူခဲ့မႈနဲ႔ ဂ်ဴဗင္တပ္စ္၊ အီတလီ၊ ခ်ဲလ္ဆီး၊ အင္တာမီလန္တို႔လို အသင္းေတြဆီကေန ဒီလိုေနရာကို လာခဲ့တာကို ေလွာင္ေျပာင္ေနၾကမႈေတြအေပၚ သူ႔ရဲ႕ ေအာင္စိတ္ Winning Mentality နဲ႔ တန္ျပန္ေခ်ဖ်က္သြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ကြန္တီဆိုတဲ့ေကာင္ဟာ အခ်ဥ္မဟုတ္ဘူးဆိုတာကို ျပသႏိုင္လိုက္တာလည္းျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ သူ႔ရဲ႕ လက္ထဲ ရႈံးပြဲ မရွိေသးသလို ၉ ပြဲမွာ ၆ ပြဲႏိုင္ ၃ ပြဲသေရနဲ႔ ဝံ့ႂကြားလာႏိုင္ခဲ့တာပါ။

၂။ အသင္းမွာ ဆက္ၿမဲမယ့္ ဘာ့ဂ္ဗိုင္း(UP)
ပြဲခ်ိန္ ၇၉ မိနစ္မွာ ကင္းပါဝါျမက္ခင္းကို စနင္းခဲ့တဲ့ ဒတ္ခ်္ေတာင္ပံကစားသမားက ကြန္တီရဲ႕ အဲ့ဒီေန႔က ေနာက္ဆုံးပစ္တဲ့ အံစာနဲ႔ ေနာက္ဆုံး ဖဲခ်ပ္လည္းျဖစ္ခဲ့တာပါ။ ဒီပြဲမတိုင္ခင္မွာ နယ္သာလန္ဘုရင္ အိုင္းယက္စ္ကို ေပါင္ ၁၅ သန္းနဲ႔ ျပန္ေတာ့မယ္လို႔ သတင္းထြက္ေနတဲ့ ဘာ့ဂ္ဗိုင္းအေနနဲ႔ နာက်င္အခ်ိန္ပို ၅ မိနစ္နဲ႔ ၇ မိနစ္ေတြမွာ ေျမေခြးေတြကို အသည္းခြဲႏိုင္ခဲ့ၿပီးေနာက္မွာ နည္းျပ ကြန္တီကေတာ့ အသင္းမွာ သူ႔ကို ဆက္ၿပီး အလိုရွိတယ္လို႔ ဝန္ခံလိုက္ၿပီး အနည္းဆုံးေတာ့ တန္ဖိုးထားရမယ့္ ပြဲအေျဖေျပာင္းႏိုင္သူ Impact Sub အျဖစ္ ဆက္ရွိေနမွာျဖစ္သလို သူ႔ရဲ႕ တန္ဖိုးထားခံရမႈကလည္း ျမင့္တက္လာခဲ့ပါၿပီ။

၃။ ၃-၅-၂ Flat နဲ႔ ဝင့္ခ္စ္ Vs ဆြန္၊ ေမာ္ရာ(UP)
ကြန္တီဟာ ဆြန္ေဟာင္မင္ ဒဏ္ရာရသြားတဲ့ ေနာက္ပိုင္းမွာ ၃-၄-၃ ထက္ ဟာရီကိန္းကို ေရွ႕မွာ လူးကပ္စ္ ေမာ္ရာနဲ႔ တြဲေပးတဲ့ ၃-၅-၂ Flat ပုံစံကို ေျပာင္းလဲသြားခဲ့တာျဖစ္ပါတယ္။ မူလကစားခဲ့ၾကတဲ့ ဟြိဳင္ဘယာ့ဂ္နဲ႔ စကစ္ပ္တို႔ၾကားမွာ အဖ်က္ဆို နည္းနည္းပ်ာတတ္တဲ့ ဟာရီ ဝင့္ခ္စ္ကို Free Role ကစားခြင့္ ေပးလိုက္တာက သုံးစားမရတဲ့ အယ္လီထက္ ဟိုဘက္ကို ႏွစ္ဘူတာလြန္ေတာင္ သာသြားခဲ့ၿပီး ၂၅ ႏွစ္သားအေနနဲ႔ ဒီေန႔ပြဲမွာ အေရးပါတဲ့ ေပးပို႔မႈႏွစ္ႀကိမ္ကို သူက လုပ္ေဆာင္ေပးႏိုင္ခဲ့တာပါ။ ဆြန္ေဟာင္မင္ ျပန္ေကာင္းလာရင္ေတာ့ ေနရာေပ်ာက္မယ့္သူက သူလား၊ ေမာ္ရာလား၊ ဆြန္လား ဆိုတာ စိတ္ဝင္စားစရာေကာင္းေနခဲ့ပါၿပီ။

၄။ ထည့္တြက္စရာ မလိုတဲ့ အဆင့္ ၄ နဲ႔ ေမွ်ာ္လင့္ႏိုင္တဲ့ အဆင့္ ၃(UP)
အဆင့္ ၄ က ၃ ပြဲ ပိုကစားထားတဲ့ ဝက္စ္ဟမ္းတို႔ကို ေက်ာ္တက္ဖို႔ လက္က်န္ကစားရမယ့္ ၃ ပြဲမွာ ၉ မွတ္ထဲက စပါးစ္တို႔အေနနဲ႔ ႏွစ္မွတ္ေတာင္ မရဘူးဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္တာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ဆိုတာ မလိုခ်င္ဘူးဆိုရင္ေတာင္ ျပန္အမ္းလို႔ မရႏိုင္ေတာ့တာပါ။ ဒါ့ျပင္ တတိယေနရာက ခ်ဲလ္ဆီးနဲ႔ ၄ ပြဲအကြာမွာ ၈ မွတ္ ကြာဟေနခ်ိန္မွာ ၁၂ မွတ္ထဲကေရာ ၈ မွတ္ရဖို႔က လက္ရွိေျခစြမ္း၊ ေအာင္စိတ္ေတြနဲ႔ စပါးစ္တို႔အဖို႔ ဒီေလာက္ မခက္ႏိုင္တာ ျဖစ္လို႔ ပရီးမီးယားလိဂ္မွာ မန္စီးတီးနဲ႔ လီဗာပူးလ္အၿပီး အေျခအေနေကာင္းဆုံးဟာ စပါးစ္တို႔ပဲ ျဖစ္လာခဲ့ပါတယ္။

၅။ ခ်ဲလ္ဆီး Worry ဖတ္ၿပီ၊ ဘာလုပ္မလဲ(DOWN)
ခ်ဲလ္ဆီးတို႔အေနနဲ႔ ကာရာေဘာင္း ေနာက္ဆုံး ၂ ပြဲမွာ စပါးစ္ကို ႏိုင္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ ေနာက္ဆုံး ၁၃ ပြဲမွာ ႏိုင္ပြဲ ၃ ပြဲသာရွိၿပီး က်န္တဲ့ ပြဲေတြမွာ ၂ ပြဲရႈံးၿပီး ၈ ပြဲအထိ သေရက်ခဲ့တာက ဘ႐ိုက္တန္ကို မနာလိုလို႔ လိုက္ၿပိဳင္သလားေတာင္ ထင္ခဲ့ရတာပါ။ ဒီအခ်ိန္မွာ ပရီးမီးယားလိဂ္ပြဲစဥ္ ၂၃ ကေတာ့ သူတို႔အတြက္ Worry ပြားစရာ ေစာင့္ႀကိဳေနၿပီး အိမ္ကြင္းမွာ စပါးစ္နဲ႔ တစ္လအတြင္း သုံးပြဲေျမာက္ လန္ဒန္ဒါဘီအျဖစ္ ကစားရမွာ ျဖစ္ပါတယ္။ ကာရာေဘာင္းႏွစ္ပြဲကို လႊတ္ေပးလိုက္ၿပီး ဒီပြဲမွာမွ စပါးစ္တို႔ အပိုင္တီးခဲ့မယ္ဆိုရင္ ခ်ဲလ္ဆီးတို႔အတြက္ အႀကီးႀကီး အထိနာမွာျဖစ္သလို သူတို႔ေတြအေနနဲ႔ ဘယ္ေနာက္ခံလူေနရာအတြက္ ေသြး႐ူးေသြးတန္း ေငြသုံးဖို႔ ႀကိဳးစားၾကမွာလည္း ျဖစ္ႏိုင္ေျခတစ္ခုအျဖစ္ ရွိလာခဲ့ပါၿပီ။

၆။ အာဆင္နယ္တို႔လည္း ေႏွးေနလို႔ မရေတာ့ပါ(??)
အာဆင္နယ္တို႔အေနနဲ႔ ဇန္နဝါရီမွာ လူေခၚႏိုင္စြမ္းရွိလ်က္နဲ႔ ျပတ္ျပတ္သားသား မလုပ္ဘဲ ေဝဝါးေနခဲ့တာပါ။ အာဖရိကဖလားစၿပီး ပါေတး လစ္သြားကလည္းက ကြင္းလယ္က ျပႆနာတက္လာခဲ့သလို တိုက္စစ္ပိုင္းကိုလည္း ဂိုးသြင္းႏႈန္း တက္လာေအာင္ အားျဖည့္ဖို႔က ဟိုလူလိုလို ဒီလူလိုလိုနဲ႔ ျဖစ္ေနခဲ့တာက စပါးစ္ရဲ႕ ေက်ာ္တက္ခံလိုက္ရခ်ိန္မွာ ပြဲစၿပီျဖစ္ပါတယ္။ သူတို႔ေတြအေနနဲ႔ ခ်ဲလ္ဆီးေလာက္ေတာ့ ဆုံးရႈံးစရာ မရွိေပမယ့္ အားျဖည့္မႈ မရွိရင္ ေနာက္တစ္ႏွစ္ထပ္ၿပီး ခ်န္ပီယံလိဂ္နဲ႔ ေဝးမွာျဖစ္သလို နာမည္ႀကီးေတြက “ဟင္”ၾကေတာ့မွာမို႔ ဗလာဟိုဗစ္ခ်္လား၊ ဇာကာရီးယားလား၊ အာရ္တူရ္လား ဆိုတာ ျမန္ျမန္တြန္းရဖို႔ ျဖစ္လာခဲ့တာပါ။

၇။ ရန္းနစ္ခ္နဲ႔ မန္ခ်က္ ျပန္တက္ႏိုင္ဦးမလား(DOWN)
ဥေရာပဝင္ခြင့္အတြက္ အသင္းႀကီး ၆ သင္းလို႔ ရွိရာမွာ ရာသီဝက္အထိ ၁-၂-၃-၄ က မန္စီးတီး-လီဗာပူးလ္-ခ်ဲလ္ဆီး-ဝက္စ္ဟမ္းလို႔ အေတာ့္ကို ဂဏန္းၿငိမ္ခဲ့ေပမယ့္ လက္ရွိမွာ ေျပာင္းလဲဖို႔ ျမင္လာရပါၿပီ။ ခ်ဲလ္ဆီးတို႔ အေျခအေနဆိုးေနခ်ိန္မွာ ဝက္စ္ဟမ္းကလည္း အလားတူပဲျဖစ္ေနၿပီး မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ေနာက္မွာ စပါးစ္နဲ႔ အာဆင္နယ္တို႔ ဝင္တာ ျမင္ရမလား၊ ေနာက္ဆုံးေတာ့ ကိုယ့္ရဲ႕ ဂေဂ်ာင္ကြက္ ၄-၂-၂-၂ ႀကီး သုံးမရလို႔ ဆိုးလ္ရွားကြက္နဲ႔ပဲ ဘရန႔္ဖို႔ဒ္ကို အႏိုင္ယူခဲ့ရတဲ့ ရန္းနစ္ခ္ကပဲ လိုက္လာႏိုင္မလားကေတာ့ စိတ္ဝင္စားစရာျဖစ္ေပမယ့္ ေခါင္းမာပုံရတဲ့ ဂ်ာမန္သားတစ္ေယာက္ ဇယားထိပ္ ေလးသင္းထဲကို ျပန္တက္မလာႏိုင္ဘူးဆိုရင္လည္း အံ့ဩစရာေတာ့ မရွိတာျဖစ္ပါတယ္။

ဒီအခ်က္ ၇ ခ်က္က ကင္းပါဝါမွာ လက္စတာတို႔ရဲ႕ လႊင့္ပစ္ခဲ့တဲ့ သုံးမွတ္နဲ႔ အိမ္ကြင္းႏိုင္ပြဲအၿပီးမွာ ျဖစ္ေပၚလာခဲ့တဲ့ ေနာက္ဆက္တြဲ အက်ိဳး သက္ေရာက္မႈ Domino Effects ေတြ ျဖစ္ၾကၿပီး ဒီသက္ေရာက္မႈေတြနဲ႔ ကိုက္ညီေအာင္ စီးေမ်ာႏိုင္မွျဖစ္မယ့္အခ်ိန္မွာ တန္ျပန္တုံ႔ျပန္မႈေတြ မလုပ္ႏိုင္မယ့္သူေတြကေတာ့ ရာသီကုန္မွာ ဒူးနဲ႔ မ်က္ရည္သုတ္ရမွာျဖစ္ေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.