Match Report Premier League

ဂိုးသမား၊ တန်ပြန်တိုက်စစ်၊ ဆိုးလ်ရှားကွက်တွေနဲ့ ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာတော့ ၄-၂-၃-၁ ကစားကွက်ကို ပြန်သုံးခဲ့ပြီး အသင်းနဲ့ အံမဝင်တဲ့ ပုံစံကနေ ရုန်းထွက်ခဲ့သလို မက်ဂွိုင်းယား မပါဝင်သေးပေမယ့် ဗာရွန်းနဲ့ လင်ဒီလော့ဖ်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာ ဖရက်ဒ်နဲ့ မက်တော်မီနေးတို့ကို ပြန်သုံးခဲ့ချိန်မှာ တိုက်စစ်မှာ ရော်နယ်လ်ဒိုကို အထောင်ထားပြီး ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်နဲ့ အီလန်ဂါတို့ ကစားလာခဲ့ကြပါတယ်။

ဘရန့်ဖို့ဒ်ကတော့ လက်စွမ်းပြနေတဲ့ ဂိုးသမား ဖာနန်ဒက်ဇ်ကို အံ့အားသင့်ဖွယ်ရာ ချန်လှပ်ထားခဲ့ပြီး ဒိန်းမတ်သား လော့ဆယ်လ်ကို နေရာပေးခဲ့သလို ယန်ဆွန်၊ ပင်းနော့ခ်၊ နော်ဂါ့ဒ်၊ ယန်နဲ့လ်၊ ကာနို့စ်၊ ရိုအာဆလက်ဗ်၊ အမ်ဘူးမိုနဲ့ တိုနီတို့ကတော့ ပုံမှန်အတိုင်း ပွဲထွက်လာခဲ့သလို နည်းပြ သောမတ်စ် ဖရန့်ခ်က အသင်းကို အနည်းငယ် အပြောင်းအလဲလုပ်ထားခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘရန့်ဖို့ဒ်တို့ စတင်ခြိမ်းခြောက်နိုင်ခဲ့ပြီး နော်ဂါ့ဒ် ပေးတာကို ယန်နဲ့လ် အနီးကပ်ကန်ခွင့်ရပေမယ့် သူ့ရဲ့ ထောင့်ကျဉ်းကန်ချက်ကို ဂိုးသမား ဒဟေးယားက တိုင်ခြေကို ခြေထောက်နဲ့ ပိတ်ဆို့ထားနိုင်ခဲ့လို့ ယူနိုက်တက်တို့ သက်သာခဲ့ရပြီး စပိန်သားကြီးကတော့ သူတို့တွေရဲ့ ရလဒ်တွေကို အကောင်းဆုံးဖြစ်စေဖို့ တာဝန်ကျေပေးနေခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၁၄ မိနစ်ထဲမှာ ဘရန့်ဖို့ဒ်ဘက်က ဆိုရန်ဆန်နဲ့ နော်ဂါ့ဒ်တို့ အကောင်းဆုံး အခွင့်အရေးနှစ်ကြိမ်ကို ဖြုန်းတီးခဲ့ကြပြန်သလို ဒီနောက်မှာ ယူနိုက်တက်တို့ ပြန်ဖိခဲ့ပေမယ့် အတွေ့အကြုံနည်းတဲ့ အီလန်ဂါကြောင့် အခွင့်အရေး သိပ်မရခဲ့ဘဲ ပွဲချိန် ၃၂ မိနစ်မှာ ဂျန်ဆန်ရဲ့ အနီးကပ်ကန်ချက်ကိုလည်း ဒဟေးယားပဲ ပိတ်ဆို့ခဲ့ရတာပါ။

ပထမပိုင်းမှာတော့ လင်ဒီလော့ဖ်နဲ့ ဗာရွန်းတို့ ဒုက္ခပေးမှုကို ဒဟေးယား ကြံ့ကြံ့ခံသွားခဲ့ရပြီး ဘရန့်ဖို့ဒ်တိုက်စစ်ရဲ့ အသည်းယားစရာ ထိုးဖောက် ကန်သွင်းမှုတွေက အဝေးကွင်းပရိသတ်တွေကို စိုးရိမ်စေခဲ့ပေမယ့် ဂိုးပေးခဲ့ရခြင်းတော့ မရှိဘဲ ရော်နယ်လ်ဒိုကတော့ အကယ်ဒမီထွက် ဆရာကြီးတွေကို လိုက်ဖားနေရတဲ့ ပုံစံနဲ့ ကစားနေခဲ့ရတာကလည်း အားမလို အားမရဖြစ်ခဲ့ရစေပါတယ်။

ဒုတိယပိုင်း ပြန်စအပြီးမှာတော့ ယူနိုက်တက်တို့ ပိုဖိကစားလာခဲ့သလို ဘရန့်ဖို့ဒ်ရဲ့ တန်ပြန်တိုက်စစ်တွေနဲ့ အားပြိုင်ခဲ့ရပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ မလိုအပ်ဘဲ အပြောင်းအလဲလုပ်ထားတဲ့ ဂိုးသမား လော့ဆယ်လ်ကို လူကျွံထောင်ချောက်ကို ဖောက်ထွက်ခဲ့တဲ့ အီလန်ဂါက ခြေနဲ့ တစ်ချက်ထိန်းပြီးမှ အနီးကပ် ခေါင်းတိုက်သွင်းပြီး အနိုင်ယူသွားခဲ့ပါတယ်။

ဖရက်ဒ်ရဲ့ ကွင်းလယ်ကနေ ပေးပို့မှုကို ဘရန့်ဖို့ဒ်ရဲ့ ဦးစားပေးဂိုးသမားတွေဖြစ်ကြတဲ့ ရာယာနဲ့ ဖာနန်ဒက်စ်တို့ဆိုရင် ခံစစ်နဲ့ နားလည်မှုရှိရှိ ရှေ့တက်ပြီး ရှင်းထုတ်နေကြပြီဖြစ်ပေမယ့် အသက် ၃၂ နှစ်အရွယ် ဟတ်ဒါစ်ဖီးလ်ဂိုးသမားဟောင်းကတော့ စကစားတဲ့ ပွဲမှာပဲ အသင်းကို အားနည်းစေခဲ့သလို နည်းပြ သောမတ်စ် ဖရန့်ခ်ကတော့ သူ့ရဲ့ ဒိန်းမတ်မျိုးချစ်စိတ်တွေနဲ့ အလုပ်မဖြစ်နိုင်သေးတာပါ။

ဒီနောက်ပိုင်းမှာ ဂိုးပေးလိုက်ရတဲ့ ဘရန့်ဖို့ဒ်တို့ ယှဉ်မကစားနိုင်တော့ဘဲ ပြိုဆင်းသွားခဲ့ပြီး ပွဲချိန် ၆၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ရော်နယ်လ်ဒို ရင်ဘတ်နဲ့ ချပေးခဲ့တာကို ဘရူနို ဖာနန်ဒက်စ်က ဘယ်ခြမ်းကနေ တောက်လျှောက်ဆွဲပြေးပြီး ဧရိယာထိပ်ကို ရောက်မှ ပြန်ချိုးပေးခဲ့ရာမှာ ညာခြမ်းကနေ လွတ်လွတ်ကျွတ်ကျွတ် လိုက်ပါလာခဲ့တဲ့ ဂရင်းဝုဒ်က ပိတ်သွင်းပြီး ယူနိုက်တက်တို့ ဒုတိယဂိုး ရရှိခဲ့ပါတယ်။

ယူနိုက်တက်တို့ ကွင်းလယ်ကစားပုံ ကောင်းခဲ့ပေမယ့် ဈေးကြီးပေးခေါ်ရတဲ့ ဗဟိုခံစစ်သမားတွေနဲ့တော့ ကံမစပ်ခဲ့တာကို တွေ့ရပြီး ဗာရွန်းက ပါလို့ပါမှန်း မသိရအောင် ပျောက်နေခဲ့သလို သူတို့ရဲ့ ဗဟိုခံစစ်က လင်ဒီလော့ဖ်နဲ့ ဖရက်ဒ်တို့ အဓိက တွဲကစားနေရပြီး ပြင်သစ်သားကတော့ ကပ္ပတိန် ခေါင်းကြီးလိုပဲ ပျက်နေခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ ယူနိုက်တက်တို့ တတိယဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ကွင်းလယ်ကနေ မက်တော်မီနေး ဘောလုံးလုယူနိုင်ခဲ့ရာကနေ ဘရူနို ဖာနန်ဒက်စ် ပြန်ရသွားပြီး ညာခြမ်းကို ထိုးပေးခဲ့ရာမှာ လူစားဝင်လာတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ဂိုးသမား လော့ဆယ်လ်ရဲ့ အပေါ်ဘက်ထောင့်ကို လှည့်စားကန်သွင်းပြီး သူ့ရဲ့ ဒီရာသီ တတိယမြောက်ဂိုးကို ရယူနိုင်ခဲ့တာပါ။

ပွဲချိန် ၈၅ မိနစ်မှာ အိမ်ရှင်တွေဘက်က နှစ်သိမ့်ချေပဂိုးတစ်ဂိုးကို ရယူသွားနိုင်ခဲ့ပြီး ညာခြမ်းကနေ လက်ပစ်ဘော အမြင့်မြှောက်ပေးတာကနေ ပြန်ကျလာတာကို ပင်းနော့ခ်ရဲ့ ကန်ချက်က ရှုပ်ယှက်ခတ်နေတဲ့ ခံစစ်နဲ့ တိုက်စစ်သမားတွေကြားထဲက ထွက်လာခဲ့တာကို တိုက်စစ်မှူး တိုနီက အနီးကပ် ပိတ်သွင်းနိုင်ခဲ့လို့ ဘရန့်ဖို့ဒ်တို့ တစ်ဂိုးပြန်ရသွားခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ ယူနိုက်တက်တို့ အနိုင်ရလဒ်ကို ထိန်းသိမ်းကစားပြီး သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့သလို အာဆင်နယ်နဲ့ အမှတ်တူ ဂိုးကွာခြားချက်အနည်းနဲ့ အဆင့် ၇ မှာ ရပ်တည်နိုင်ခဲ့ပြီး နည်းပြသစ် ရန်းနစ်ခ်ကတော့ နောက်ဆုံးမှာ ဆိုးလ်ရှားကွက်အတိုင်း ကစားပြီး ခံစစ်လည်း အိုးနင်းခွက်နင်းနဲ့ ဒဟေးယားနဲ့ တန်ပြန်တိုက်စစ်တွေကြောင့်သာ နိုင်တာပဲလို့ မှတ်ချက်ပေးရမလိုဖြစ်သွားခဲ့ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာေတာ့ ၄-၂-၃-၁ ကစားကြက္ကို ျပန္သုံးခဲ့ၿပီး အသင္းနဲ႔ အံမဝင္တဲ့ ပုံစံကေန ႐ုန္းထြက္ခဲ့သလို မက္ဂြိဳင္းယား မပါဝင္ေသးေပမယ့္ ဗာ႐ြန္းနဲ႔ လင္ဒီေလာ့ဖ္တို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာ ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးတို႔ကို ျပန္သုံးခဲ့ခ်ိန္မွာ တိုက္စစ္မွာ ေရာ္နယ္လ္ဒိုကို အေထာင္ထားၿပီး ဖာနန္ဒက္စ္၊ ဂရင္းဝုဒ္နဲ႔ အီလန္ဂါတို႔ ကစားလာခဲ့ၾကပါတယ္။

ဘရန႔္ဖို႔ဒ္ကေတာ့ လက္စြမ္းျပေနတဲ့ ဂိုးသမား ဖာနန္ဒက္ဇ္ကို အံ့အားသင့္ဖြယ္ရာ ခ်န္လွပ္ထားခဲ့ၿပီး ဒိန္းမတ္သား ေလာ့ဆယ္လ္ကို ေနရာေပးခဲ့သလို ယန္ဆြန္၊ ပင္းေနာ့ခ္၊ ေနာ္ဂါ့ဒ္၊ ယန္နဲ႔လ္၊ ကာႏို႔စ္၊ ႐ိုအာဆလက္ဗ္၊ အမ္ဘူးမိုနဲ႔ တိုနီတို႔ကေတာ့ ပုံမွန္အတိုင္း ပြဲထြက္လာခဲ့သလို နည္းျပ ေသာမတ္စ္ ဖရန႔္ခ္က အသင္းကို အနည္းငယ္ အေျပာင္းအလဲလုပ္ထားခဲ့တာပါ။

ပြဲခ်ိန္ ၁၃ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဘရန႔္ဖို႔ဒ္တို႔ စတင္ၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး ေနာ္ဂါ့ဒ္ ေပးတာကို ယန္နဲ႔လ္ အနီးကပ္ကန္ခြင့္ရေပမယ့္ သူ႔ရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကို ဂိုးသမား ဒေဟးယားက တိုင္ေျခကို ေျခေထာက္နဲ႔ ပိတ္ဆို႔ထားႏိုင္ခဲ့လို႔ ယူႏိုက္တက္တို႔ သက္သာခဲ့ရၿပီး စပိန္သားႀကီးကေတာ့ သူတို႔ေတြရဲ႕ ရလဒ္ေတြကို အေကာင္းဆုံးျဖစ္ေစဖို႔ တာဝန္ေက်ေပးေနခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၄ မိနစ္ထဲမွာ ဘရန႔္ဖို႔ဒ္ဘက္က ဆိုရန္ဆန္နဲ႔ ေနာ္ဂါ့ဒ္တို႔ အေကာင္းဆုံး အခြင့္အေရးႏွစ္ႀကိမ္ကို ျဖဳန္းတီးခဲ့ၾကျပန္သလို ဒီေနာက္မွာ ယူႏိုက္တက္တို႔ ျပန္ဖိခဲ့ေပမယ့္ အေတြ႕အႀကဳံနည္းတဲ့ အီလန္ဂါေၾကာင့္ အခြင့္အေရး သိပ္မရခဲ့ဘဲ ပြဲခ်ိန္ ၃၂ မိနစ္မွာ ဂ်န္ဆန္ရဲ႕ အနီးကပ္ကန္ခ်က္ကိုလည္း ဒေဟးယားပဲ ပိတ္ဆို႔ခဲ့ရတာပါ။

ပထမပိုင္းမွာေတာ့ လင္ဒီေလာ့ဖ္နဲ႔ ဗာ႐ြန္းတို႔ ဒုကၡေပးမႈကို ဒေဟးယား ႀကံ့ႀကံ့ခံသြားခဲ့ရၿပီး ဘရန႔္ဖို႔ဒ္တိုက္စစ္ရဲ႕ အသည္းယားစရာ ထိုးေဖာက္ ကန္သြင္းမႈေတြက အေဝးကြင္းပရိသတ္ေတြကို စိုးရိမ္ေစခဲ့ေပမယ့္ ဂိုးေပးခဲ့ရျခင္းေတာ့ မရွိဘဲ ေရာ္နယ္လ္ဒိုကေတာ့ အကယ္ဒမီထြက္ ဆရာႀကီးေတြကို လိုက္ဖားေနရတဲ့ ပုံစံနဲ႔ ကစားေနခဲ့ရတာကလည္း အားမလို အားမရျဖစ္ခဲ့ရေစပါတယ္။

ဒုတိယပိုင္း ျပန္စအၿပီးမွာေတာ့ ယူႏိုက္တက္တို႔ ပိုဖိကစားလာခဲ့သလို ဘရန႔္ဖို႔ဒ္ရဲ႕ တန္ျပန္တိုက္စစ္ေတြနဲ႔ အားၿပိဳင္ခဲ့ရၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ မလိုအပ္ဘဲ အေျပာင္းအလဲလုပ္ထားတဲ့ ဂိုးသမား ေလာ့ဆယ္လ္ကို လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ခဲ့တဲ့ အီလန္ဂါက ေျခနဲ႔ တစ္ခ်က္ထိန္းၿပီးမွ အနီးကပ္ ေခါင္းတိုက္သြင္းၿပီး အႏိုင္ယူသြားခဲ့ပါတယ္။

ဖရက္ဒ္ရဲ႕ ကြင္းလယ္ကေန ေပးပို႔မႈကို ဘရန႔္ဖို႔ဒ္ရဲ႕ ဦးစားေပးဂိုးသမားေတြျဖစ္ၾကတဲ့ ရာယာနဲ႔ ဖာနန္ဒက္စ္တို႔ဆိုရင္ ခံစစ္နဲ႔ နားလည္မႈရွိရွိ ေရွ႕တက္ၿပီး ရွင္းထုတ္ေနၾကၿပီျဖစ္ေပမယ့္ အသက္ ၃၂ ႏွစ္အ႐ြယ္ ဟတ္ဒါစ္ဖီးလ္ဂိုးသမားေဟာင္းကေတာ့ စကစားတဲ့ ပြဲမွာပဲ အသင္းကို အားနည္းေစခဲ့သလို နည္းျပ ေသာမတ္စ္ ဖရန႔္ခ္ကေတာ့ သူ႔ရဲ႕ ဒိန္းမတ္မ်ိဳးခ်စ္စိတ္ေတြနဲ႔ အလုပ္မျဖစ္ႏိုင္ေသးတာပါ။

ဒီေနာက္ပိုင္းမွာ ဂိုးေပးလိုက္ရတဲ့ ဘရန႔္ဖို႔ဒ္တို႔ ယွဥ္မကစားႏိုင္ေတာ့ဘဲ ၿပိဳဆင္းသြားခဲ့ၿပီး ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေရာ္နယ္လ္ဒို ရင္ဘတ္နဲ႔ ခ်ေပးခဲ့တာကို ဘ႐ူႏို ဖာနန္ဒက္စ္က ဘယ္ျခမ္းကေန ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဧရိယာထိပ္ကို ေရာက္မွ ျပန္ခ်ိဳးေပးခဲ့ရာမွာ ညာျခမ္းကေန လြတ္လြတ္ကြၽတ္ကြၽတ္ လိုက္ပါလာခဲ့တဲ့ ဂရင္းဝုဒ္က ပိတ္သြင္းၿပီး ယူႏိုက္တက္တို႔ ဒုတိယဂိုး ရရွိခဲ့ပါတယ္။

ယူႏိုက္တက္တို႔ ကြင္းလယ္ကစားပုံ ေကာင္းခဲ့ေပမယ့္ ေဈးႀကီးေပးေခၚရတဲ့ ဗဟိုခံစစ္သမားေတြနဲ႔ေတာ့ ကံမစပ္ခဲ့တာကို ေတြ႕ရၿပီး ဗာ႐ြန္းက ပါလို႔ပါမွန္း မသိရေအာင္ ေပ်ာက္ေနခဲ့သလို သူတို႔ရဲ႕ ဗဟိုခံစစ္က လင္ဒီေလာ့ဖ္နဲ႔ ဖရက္ဒ္တို႔ အဓိက တြဲကစားေနရၿပီး ျပင္သစ္သားကေတာ့ ကပၸတိန္ ေခါင္းႀကီးလိုပဲ ပ်က္ေနခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ တတိယဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ကြင္းလယ္ကေန မက္ေတာ္မီေနး ေဘာလုံးလုယူႏိုင္ခဲ့ရာကေန ဘ႐ူႏို ဖာနန္ဒက္စ္ ျပန္ရသြားၿပီး ညာျခမ္းကို ထိုးေပးခဲ့ရာမွာ လူစားဝင္လာတဲ့ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္က ဂိုးသမား ေလာ့ဆယ္လ္ရဲ႕ အေပၚဘက္ေထာင့္ကို လွည့္စားကန္သြင္းၿပီး သူ႔ရဲ႕ ဒီရာသီ တတိယေျမာက္ဂိုးကို ရယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၅ မိနစ္မွာ အိမ္ရွင္ေတြဘက္က ႏွစ္သိမ့္ေခ်ပဂိုးတစ္ဂိုးကို ရယူသြားႏိုင္ခဲ့ၿပီး ညာျခမ္းကေန လက္ပစ္ေဘာ အျမင့္ေျမႇာက္ေပးတာကေန ျပန္က်လာတာကို ပင္းေနာ့ခ္ရဲ႕ ကန္ခ်က္က ရႈပ္ယွက္ခတ္ေနတဲ့ ခံစစ္နဲ႔ တိုက္စစ္သမားေတြၾကားထဲက ထြက္လာခဲ့တာကို တိုက္စစ္မႉး တိုနီက အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့လို႔ ဘရန႔္ဖို႔ဒ္တို႔ တစ္ဂိုးျပန္ရသြားခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာ ယူႏိုက္တက္တို႔ အႏိုင္ရလဒ္ကို ထိန္းသိမ္းကစားၿပီး သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့သလို အာဆင္နယ္နဲ႔ အမွတ္တူ ဂိုးကြာျခားခ်က္အနည္းနဲ႔ အဆင့္ ၇ မွာ ရပ္တည္ႏိုင္ခဲ့ၿပီး နည္းျပသစ္ ရန္းနစ္ခ္ကေတာ့ ေနာက္ဆုံးမွာ ဆိုးလ္ရွားကြက္အတိုင္း ကစားၿပီး ခံစစ္လည္း အိုးနင္းခြက္နင္းနဲ႔ ဒေဟးယားနဲ႔ တန္ျပန္တိုက္စစ္ေတြေၾကာင့္သာ ႏိုင္တာပဲလို႔ မွတ္ခ်က္ေပးရမလိုျဖစ္သြားခဲ့ေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.