Analysis Article Premier League

အင်္ဂလန် ပရီးမီးယားလိဂ်ကို လယ်သမားလိဂ်ဖြစ်အောင် မန်စီးတီး ဖန်တီးနေတာလား

ဂွါဒီယိုလာရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၁၁ မှတ်ဖြတ်ပြီး ဦးဆောင်ထားတာကြောင့် အင်္ဂလိပ်ထိပ်တန်းပြိုင်ပွဲဟာ နောက်ထပ်ယှဉ်ပြိုင်မှုတွေ မရှိတော့မှာကို စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။

လယ်သမားလိဂ်ဆိုတာဟာ အရည်အသွေး သို့မဟုတ် ယှဉ်ပြိုင်နိုင်စွမ်းကင်းမဲ့တဲ့ ဘောလုံးလိဂ်ကို ရည်ရွယ်တာဖြစ်ပြီး ရာသီမစတင်မှာတောင် ဗိုလ်စွဲမယ့်အသင်းကို ခန့်မှန်းနိုင်တဲ့ နိုင်ငံက လိဂ်တွေကို အင်္ဂလိပ်ပရိသတ်တွေကြားမှာ လှောင်ပြောင်ခေါ်ဝေါ်ရင်း ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က ထိပ်ဆုံးနေရာအတွက် စိန်ခေါ်နိုင်တဲ့အသင်း ၄၊ ၅ သင်းလောက်နဲ့ ယေဘုယျအားဖြင့် ကျင်းပနေပေမယ့်လည်း အချို့က ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီတို့မှာ ချန်ပီယံတွေကို အလွယ်တကူ ခန့်မှန်းနိုင်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

ဥပမာအားဖြင့် ဂျာမနီမှာ ဘိုင်ယန်မြူးနစ်၊ အီတလီ ဂျူဗင်တပ်၊ ပြင်သစ်မှာ ပီအက်စ်ဂျီတို့ကို ချန်ပီယံဖြစ်ဖို့ ဘယ်သူမဆို တစ်ကြိုပေးကြမှာဖြစ်ပြီး အဲဒီအသင်းတွေဟာ ပြီးခဲ့တဲ့ ၉ နှစ်မှာ သက်ဆိုင်ရာလိဂ်မှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် ခန့်မှန်းမှုက ၉၀ ရာခိုင်နှုန်း မှန်ကန်ခဲ့တာဖြစ်ပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ ပရီးမီးယားလိဂ်မှာတော့ အဲဒီကာလအတွင်း မတူညီတဲ့ ချန်ပီယံ ၅ သင်းအထိ ရှိနေခဲ့တာဖြစ်ပေမယ့်လည်း ယခုရာသီမှာတော့ ရာသီအလယ် ဇန်နဝါရီလမှာတင် မန်စီးတီးက အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၁၁ မှတ်အထိ ဖြတ်ထားတာကြောင့် အင်္ဂလိပ်ဘောလုံးလည်း လယ်သမားလိဂ်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ၅ နှစ်အတွင်း ၄ ကြိမ်မြောက် ဗိုလ်စွဲဖို့ လမ်းကြောင်းပေါ်မှာရှိနေပြီး ဒီရာသီ ပရီးမီးယားလိဂ်ဖလားအတွက် မြင်း ၃ ကောင်ပြေးတဲ့ပြိုင်ပွဲမှာ ကျန်တဲ့ မြင်း ၂ ကောင် ခြေခေါက်ကျန်နေနိုင်တဲ့ ဖြစ်နိုင်ခြေတွေကိုလည်း မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ မန်စီးတီးဟာ စနေနေ့က ဒုတိယနေရာက ချဲလ်ဆီးကို ၁-၀ နဲ့ အနိုင်ရပြီးနောက် ၁၂ ပွဲဆက် နိုင်ပွဲ ရရှိခဲ့တာဖြစ်ပြီး ချဲလ်ဆီးနည်းပြ တူဟယ်က ၎င်းရဲ့အသင်းအနေနဲ့ ဆုဖလားပြိုင်ပွဲမှာ ဆက်ရှိနေဖို့ ခက်ခဲနေခဲ့တယ်လို့ စောဒကတက်ခဲ့ပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်တသင်းတည်းကပဲ ၁ ပွဲလျော့နဲ့ မန်စီးတီးနဲ့ ၁၁ မှတ်အကွာမှာ ရှိနေတာဖြစ်ပြီး တစ်ကောင်တည်းပြေးနေတဲ့ အမှတ်ပေးဇယားထိပ်ဆုံးက အသင်းကို လိုက်မီဖို့ မျှော်လင့်ချက်က သိပ်မရှိတော့တာဖြစ်ပါတယ်။

အဲဒီတော့ ပရီးမီးယားလိဂ်က ပြီးဆုံးသွားပြီလား။ တကယ်ပဲ ဘွန်ဒက်စ်လီဂါ ဒါမှမဟုတ် လိဂန်းထက် ပိုပြီး ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘူးလား။ ဒီ မေးခွန်းတွေကို မဖြေခင် အသင်းတွေဟာ ဆုဖလားအောင်မြင်မှုအတွက် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ရတယ်လို့ အင်္ဂလိပ်ပရိသတ်တွေထက် ယုံကြည်ထားတဲ့ ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီမှာ ရှိနေတဲ့ ဘောလုံးပရိသတ်တွေအတွက် ပြဿနာဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ထောက်ပြရမှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ နောက်ဆုံး ဘွန်ဒက်စ်လီဂါဖလား ၉ ကြိမ်ကို အနိုင်ရခဲ့ပေမယ့် ၂၀၁၉ ရာသီမှာတော့ နောက်ဆုံးနေ့မှသာ အနိုင်အရှုံး အဖြေထွက်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်တို့သာ ပြင်သစ်နဲ့ အီတလီရဲ့ လက်ရှိချန်ပီယံတွေအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

မန်စီးတီးဟာ ဂွါဒီယိုလာရဲ့ ပထမဆုံးရာသီမှာ ခက်ခဲခဲ့ပြီးနောက်ပိုင်း အလွန်ကောင်းမွန်နေခဲ့တာဖြစ်ပေမယ့် သြဂုတ်လမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲမပြီးဆုံးခင် ပြိုင်ပွဲမှာ ပြိုင်ဘက်တွေထက် အများကြီး သာလွန်နေပြီဖြစ်ပါတယ်။ ဥရောပချန်ပီီယံ ချဲလ်ဆီးအသင်းဟာ နောက်ဆုံးပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၄ ပွဲသာ အနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘရန့်တ်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ လီဗာပူးလ်ကလည်း နောက်ဆုံးပရီးမီးယားလိဂ် ၄ ပွဲမှာ ပထမဆုံး နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ တစ်ပွဲလျော့နဲ့ အီတီဟတ်ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး တကယ်လို့သာ အနိုင်ရခဲ့ရင် ရမှတ်ကွာမှုကို ၅ မှတ်အထိ လျှော့ချနိုင်မှာဖြစ်တာကြောင့် မန်စီးတီးရဲ့ နိုင်ပွဲဆက်မှုကို ရပ်တန့်နိုင်မှာဖြစ်သလို ဖိအားတွေလည်း ပေးနိုင်မှာဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ၎င်းတို့ရဲ့ ရက်ရက်စက်စက် စဉ်ဆက်မပြတ် လွှမ်းမိုးနိုင်စွမ်းကြောင့် အသင်းပရိသတ်တွေဆီကနေ ချီးကျူးမှုတွေ အများအပြားရရှိမှာဖြစ်ပေမယ့် မန်စီးတီးရဲ့ အောင်မြင်မှုကို အနှောင့်အယှက်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့သူတွေကလည်း အမြဲတမ်း ရှိနေမှာ ဖြစ်ပါတယ်။

အောင်မြင်မှုတွေ ရလာတဲ့အခါကျရင် အနှေးနဲ့ အမြန် ငွေကြေးကိစ္စတွေက ပေါ်လာမှာဖြစ်ပြီး အချမ်းသာဆုံးအသင်းတွေဟာ ယေဘုယျအားဖြင့် အမြဲတမ်း အကောင်းဆုံး မွမ်းမံထားကြတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ အပြောင်းအရွှေ့စျေးကွက်ထဲမှာ ကြီးမားတဲ့အမှားတွေ အများအပြားလုပ်ခဲ့တဲ့ ဥပမာပေးစရာတစ်ခုအဖြစ်ရှိနေပြီး ဖရက်ဒ်၊ အလက်ဆစ် ဆန်းချက်ဇ်နဲ့ ဟာရီ မက်ဂွိုင်းယားတို့လို ကစားသမားတွေကို လစာအများကြီးပေးထားတာတင်မကဘဲ မန်စီးတီးက လိုချင်တဲ့ကစားသမားဆိုရင် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ အရခေါ်ယူဖို့ ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။

ယာယီနည်းပြ၊ အသင်းက ထွက်ချင်နေတဲ့ ကစားသမားတွေနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေရတဲ့ မန်ချက်စတာယူနိုက်တက်ဟာ အောင်မြင်မှုကို ငွေကြေးနဲ့ ဝယ်ယူနိုင်တယ်ဆိုတဲ့ ရှေးရိုးစကားတွေကို တန်ပြန် ငြင်းခုံဖို့အတွက် ရှိနေတာဖြစ်ပါတယ်။ ဘဏ္ဍာရေးအင်အားဟာ လိမ္မာပါးနပ်စွာ သုံးစွဲနိုင်မှသာ အဆုံးအဖြတ်ဖြစ်လာနိုင်တယ်ဆိုတာကို မန်ချက်စတာယူနိုက်တက်အသင်းက သက်သေခံနေတာဖြစ်ပါတယ်။

မန်စီးတီးဟာ ရွှေခေတ်အလယ်မှာ ရောက်ရှိနေတာ ကျိန်းသေပေမယ့် သမိုင်းကြောင်းတွေက ၎င်းတို့အနေနဲ့ ဒီနေရာမှာ တသက်လုံးနေသွားလို့ မရနိုင်ဘူးဆိုတာကို ပြောပြနေပြီး အထူးသဖြင့် လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့လို အရည်အသွေးရှိတဲ့ ပြိုင်ဘက်တွေရှိနေတာကြောင့် ဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့နဲ့ မယုံနိုင်ဖွယ် အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် ၎င်းရဲ့အသင်းကို ထိပ်တန်းအဆင့်မှာ ဆက်ရှိနေအောင် ထားနိုင်ဖို့အတွက် အသင်းသားတွေကို စိတ်အားတက်ကြွနေအောင် ဘယ်လောက်အထိ ထားနိုင်မလဲဆိုတာကိုတော့ မပြောတတ်ပါဘူး။

“ဒီနိုင်ငံ၊ ဒီလိဂ်မှာ အနိုင်ရပြီးရင်း ရဖို့လိုပါတယ်။ ဒါက(ပရီးမီးယားလိဂ်) ကျွန်တော့်မှာ ရှိတဲ့ အကောင်းဆုံး ဆုဖလားနဲ့ ကျွန်တော် အသင်းကို စွန့်ခွာတဲ့အခါမှာ ကျွန်တော့်မှာရှိနေမယ့် အကောင်းဆုံးအရာပါပဲလို့ စနေနေ့က ချဲလ်ဆီးကို အနိုင်ရရှိပြီးနောက် ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာနဲ့ ပတ်သက်ပြီး အမြင်ကို ပြောရမယ်ဆိုရင် ပရီးမီးယားလိင်္ဂဟာ လုံးဝ လယ်သမားလိဂ် ဖြစ်လာမှာမဟုတ်ဘဲ မန်ချက်စတာစီးတီးဟာ လက်ရှိအချိန်မှာ ထိပ်တန်းအရည်အသွေးရှိတဲ့ ပြိုင်ဘက်အချို့ထက် အနည်းငယ် အသာစီး ရယူထားနိုင်တာသာ ဖြစ်တယ်လို့ တင်ပြအပ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဂြါဒီယိုလာရဲ့အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ထိပ္ဆုံးမွာ ၁၁ မွတ္ျဖတ္ၿပီး ဦးေဆာင္ထားတာေၾကာင့္ အဂၤလိပ္ထိပ္တန္းၿပိဳင္ပြဲဟာ ေနာက္ထပ္ယွဥ္ၿပိဳင္မႈေတြ မရွိေတာ့မွာကို စိုးရိမ္မႈေတြ ျမင့္တက္လာေနပါတယ္။

လယ္သမားလိဂ္ဆိုတာဟာ အရည္အေသြး သို႔မဟုတ္ ယွဥ္ၿပိဳင္နိုင္စြမ္းကင္းမဲ့တဲ့ ေဘာလုံးလိဂ္ကို ရည္ရြယ္တာျဖစ္ၿပီး ရာသီမစတင္မွာေတာင္ ဗိုလ္စြဲမယ့္အသင္းကို ခန႔္မွန္းနိုင္တဲ့ နိုင္ငံက လိဂ္ေတြကို အဂၤလိပ္ပရိသတ္ေတြၾကားမွာ ေလွာင္ေျပာင္ေခၚေဝၚရင္း ေရပန္းစားလာခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္က ထိပ္ဆုံးေနရာအတြက္ စိန္ေခၚနိုင္တဲ့အသင္း ၄၊ ၅ သင္းေလာက္နဲ႔ ေယဘုယ်အားျဖင့္ က်င္းပေနေပမယ့္လည္း အခ်ိဳ႕က ဂ်ာမနီ၊ ျပင္သစ္နဲ႔ အီတလီတို႔မွာ ခ်န္ပီယံေတြကို အလြယ္တကူ ခန႔္မွန္းနိုင္တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

ဥပမာအားျဖင့္ ဂ်ာမနီမွာ ဘိုင္ယန္ျမဴးနစ္၊ အီတလီ ဂ်ဴဗင္တပ္၊ ျပင္သစ္မွာ ပီအက္စ္ဂ်ီတို႔ကို ခ်န္ပီယံျဖစ္ဖို႔ ဘယ္သူမဆို တစ္ႀကိဳေပးၾကမွာျဖစ္ၿပီး အဲဒီအသင္းေတြဟာ ၿပီးခဲ့တဲ့ ၉ ႏွစ္မွာ သက္ဆိုင္ရာလိဂ္မွာ ခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ ခန႔္မွန္းမႈက ၉၀ ရာခိုင္ႏႈန္း မွန္ကန္ခဲ့တာျဖစ္ပါတယ္။

ဆန႔္က်င္ဘက္အေနနဲ႔ ပရီးမီးယားလိဂ္မွာေတာ့ အဲဒီကာလအတြင္း မတူညီတဲ့ ခ်န္ပီယံ ၅ သင္းအထိ ရွိေနခဲ့တာျဖစ္ေပမယ့္လည္း ယခုရာသီမွာေတာ့ ရာသီအလယ္ ဇန္နဝါရီလမွာတင္ မန္စီးတီးက အမွတ္ေပးဇယား ထိပ္ဆုံးမွာ ၁၁ မွတ္အထိ ျဖတ္ထားတာေၾကာင့္ အဂၤလိပ္ေဘာလုံးလည္း လယ္သမားလိဂ္ျဖစ္လာနိုင္တယ္ဆိုတဲ့ စိုးရိမ္မႈေတြ ရွိေနတာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ့အသင္းဟာ ၅ ႏွစ္အတြင္း ၄ ႀကိမ္ေျမာက္ ဗိုလ္စြဲဖို႔ လမ္းေၾကာင္းေပၚမွာရွိေနၿပီး ဒီရာသီ ပရီးမီးယားလိဂ္ဖလားအတြက္ ျမင္း ၃ ေကာင္ေျပးတဲ့ၿပိဳင္ပြဲမွာ က်န္တဲ့ ျမင္း ၂ ေကာင္ ေျခေခါက္က်န္ေနနိုင္တဲ့ ျဖစ္နိုင္ေျခေတြကိုလည္း ျမင္ေတြ႕ခဲ့ရၿပီး ျဖစ္ပါတယ္။ မန္စီးတီးဟာ စေနေန႔က ဒုတိယေနရာက ခ်ဲလ္ဆီးကို ၁-၀ နဲ႔ အနိုင္ရၿပီးေနာက္ ၁၂ ပြဲဆက္ နိုင္ပြဲ ရရွိခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးနည္းၿပ တူဟယ္က ၎ရဲ့အသင္းအေနနဲ႔ ဆုဖလားၿပိဳင္ပြဲမွာ ဆက္ရွိေနဖို႔ ခက္ခဲေနခဲ့တယ္လို႔ ေစာဒကတက္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ လီဗာပူးလ္တသင္းတည္းကပဲ ၁ ပြဲေလ်ာ့နဲ႔ မန္စီးတီးနဲ႔ ၁၁ မွတ္အကြာမွာ ရွိေနတာျဖစ္ၿပီး တစ္ေကာင္တည္းေျပးေနတဲ့ အမွတ္ေပးဇယားထိပ္ဆုံးက အသင္းကို လိုက္မီဖို႔ ေမၽွာ္လင့္ခ်က္က သိပ္မရွိေတာ့တာျဖစ္ပါတယ္။

အဲဒီေတာ့ ပရီးမီးယားလိဂ္က ၿပီးဆုံးသြားၿပီလား။ တကယ္ပဲ ဘြန္ဒက္စ္လီဂါ ဒါမွမဟုတ္ လိဂန္းထက္ ပိုၿပီး ယွဥ္ၿပိဳင္နိုင္စြမ္း မရွိေတာ့ဘူးလား။ ဒီ ေမးခြန္းေတြကို မေျဖခင္ အသင္းေတြဟာ ဆုဖလားေအာင္ျမင္မႈအတြက္ ခက္ခက္ခဲခဲ တိုက္ပြဲဝင္ခဲ့ရတယ္လို႔ အဂၤလိပ္ပရိသတ္ေတြထက္ ယုံၾကည္ထားတဲ့ ဂ်ာမနီ၊ ျပင္သစ္နဲ႔ အီတလီမွာ ရွိေနတဲ့ ေဘာလုံးပရိသတ္ေတြအတြက္ ျပႆနာျဖစ္ေကာင္း ျဖစ္နိုင္တယ္လို႔ ေထာက္ျပရမွာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ေနာက္ဆုံး ဘြန္ဒက္စ္လီဂါဖလား ၉ ႀကိမ္ကို အနိုင္ရခဲ့ေပမယ့္ ၂၀၁၉ ရာသီမွာေတာ့ ေနာက္ဆုံးေန႔မွသာ အနိုင္အရႈံး အေျဖထြက္ခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီနဲ႔ ဂ်ဴဗင္တပ္တို႔သာ ျပင္သစ္နဲ႔ အီတလီရဲ့ လက္ရွိခ်န္ပီယံေတြအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

မန္စီးတီးဟာ ဂြါဒီယိုလာရဲ့ ပထမဆုံးရာသီမွာ ခက္ခဲခဲ့ၿပီးေနာက္ပိုင္း အလြန္ေကာင္းမြန္ေနခဲ့တာျဖစ္ေပမယ့္ ၾသဂုတ္လမွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမၿပီးဆုံးခင္ ၿပိဳင္ပြဲမွာ ၿပိဳင္ဘက္ေတြထက္ အမ်ားႀကီး သာလြန္ေနၿပီျဖစ္ပါတယ္။ ဥေရာပခ်န္ပီီယံ ခ်ဲလ္ဆီးအသင္းဟာ ေနာက္ဆုံးပရီးမီးယားလိဂ္ ၁၃ ပြဲမွာ ၄ ပြဲသာ အနိုင္ရခဲ့ၿပီး ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ဘရန႔္တ္ဖို႔ဒ္ကို အနိုင္ရခဲ့တဲ့ လီဗာပူးလ္ကလည္း ေနာက္ဆုံးပရီးမီးယားလိဂ္ ၄ ပြဲမွာ ပထမဆုံး နိုင္ပြဲရခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ တစ္ပြဲေလ်ာ့နဲ႔ အီတီဟတ္ကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး တကယ္လို႔သာ အနိုင္ရခဲ့ရင္ ရမွတ္ကြာမႈကို ၅ မွတ္အထိ ေလၽွာ့ခ်နိုင္မွာျဖစ္တာေၾကာင့္ မန္စီးတီးရဲ့ နိုင္ပြဲဆက္မႈကို ရပ္တန႔္နိုင္မွာျဖစ္သလို ဖိအားေတြလည္း ေပးနိုင္မွာျဖစ္ပါတယ္။ ဂြါဒီယိုလာဟာ ၎တို႔ရဲ့ ရက္ရက္စက္စက္ စဥ္ဆက္မျပတ္ လႊမ္းမိုးနိုင္စြမ္းေၾကာင့္ အသင္းပရိသတ္ေတြဆီကေန ခ်ီးက်ဴးမႈေတြ အမ်ားအျပားရရွိမွာျဖစ္ေပမယ့္ မန္စီးတီးရဲ့ ေအာင္ျမင္မႈကို အေႏွာင့္အယွက္ေပးဖို႔ အဆင္သင့္ျဖစ္ေနတဲ့သူေတြကလည္း အျမဲတမ္း ရွိေနမွာ ျဖစ္ပါတယ္။

ေအာင္ျမင္မႈေတြ ရလာတဲ့အခါက်ရင္ အေႏွးနဲ႔ အျမန္ ေငြေၾကးကိစၥေတြက ေပၚလာမွာျဖစ္ၿပီး အခ်မ္းသာဆုံးအသင္းေတြဟာ ေယဘုယ်အားျဖင့္ အျမဲတမ္း အေကာင္းဆုံး မြမ္းမံထားၾကတာျဖစ္ပါတယ္။ ယူနိုက္တက္ဟာ ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာ ႀကီးမားတဲ့အမွားေတြ အမ်ားအျပားလုပ္ခဲ့တဲ့ ဥပမာေပးစရာတစ္ခုအျဖစ္ရွိေနၿပီး ဖရက္ဒ္၊ အလက္ဆစ္ ဆန္းခ်က္ဇ္နဲ႔ ဟာရီ မက္ဂြိဳင္းယားတို႔လို ကစားသမားေတြကို လစာအမ်ားႀကီးေပးထားတာတင္မကဘဲ မန္စီးတီးက လိုခ်င္တဲ့ကစားသမားဆိုရင္ ႀကီးမားတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ အရေခၚယူဖို႔ ႀကိဳးပမ္းခဲ့တာလည္း ျဖစ္ပါတယ္။

ယာယီနည္းျပ၊ အသင္းက ထြက္ခ်င္ေနတဲ့ ကစားသမားေတြနဲ႔ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၇ ေနရာမွာ ရပ္တည္ေနရတဲ့ မန္ခ်က္စတာယူနိုက္တက္ဟာ ေအာင္ျမင္မႈကို ေငြေၾကးနဲ႔ ဝယ္ယူနိုင္တယ္ဆိုတဲ့ ေရွးရိုးစကားေတြကို တန္ျပန္ ျငင္းခုံဖို႔အတြက္ ရွိေနတာျဖစ္ပါတယ္။ ဘ႑ာေရးအင္အားဟာ လိမၼာပါးနပ္စြာ သုံးစြဲနိုင္မွသာ အဆုံးအျဖတ္ျဖစ္လာနိုင္တယ္ဆိုတာကို မန္ခ်က္စတာယူနိုက္တက္အသင္းက သက္ေသခံေနတာျဖစ္ပါတယ္။

မန္စီးတီးဟာ ေရႊေခတ္အလယ္မွာ ေရာက္ရွိေနတာ က်ိန္းေသေပမယ့္ သမိုင္းေၾကာင္းေတြက ၎တို႔အေနနဲ႔ ဒီေနရာမွာ တသက္လုံးေနသြားလို႔ မရနိုင္ဘူးဆိုတာကို ေျပာျပေနၿပီး အထူးသျဖင့္ လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔လို အရည္အေသြးရွိတဲ့ ၿပိဳင္ဘက္ေတြရွိေနတာေၾကာင့္ ျဖစ္ပါတယ္။ ဂြါဒီယိုလာဟာ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္တို႔နဲ႔ မယုံနိုင္ဖြယ္ ေအာင္ျမင္မႈေတြ ရရွိခဲ့ေပမယ့္ ၎ရဲ့အသင္းကို ထိပ္တန္းအဆင့္မွာ ဆက္ရွိေနေအာင္ ထားနိုင္ဖို႔အတြက္ အသင္းသားေတြကို စိတ္အားတက္ႂကြေနေအာင္ ဘယ္ေလာက္အထိ ထားနိုင္မလဲဆိုတာကိုေတာ့ မေျပာတတ္ပါဘူး။

“ဒီနိုင္ငံ၊ ဒီလိဂ္မွာ အနိုင္ရၿပီးရင္း ရဖို႔လိုပါတယ္။ ဒါက(ပရီးမီးယားလိဂ္) ကၽြန္ေတာ့္မွာ ရွိတဲ့ အေကာင္းဆုံး ဆုဖလားနဲ႔ ကၽြန္ေတာ္ အသင္းကို စြန႔္ခြာတဲ့အခါမွာ ကၽြန္ေတာ့္မွာရွိေနမယ့္ အေကာင္းဆုံးအရာပါပဲလို႔ စေနေန႔က ခ်ဲလ္ဆီးကို အနိုင္ရရွိၿပီးေနာက္ ေျပာၾကားခဲ့ပါတယ္။ ဂြါဒီယိုလာနဲ႔ ပတ္သက္ၿပီး အျမင္ကို ေျပာရမယ္ဆိုရင္ ပရီးမီးယားလိဂၤဟာ လုံးဝ လယ္သမားလိဂ္ ျဖစ္လာမွာမဟုတ္ဘဲ မန္ခ်က္စတာစီးတီးဟာ လက္ရွိအခ်ိန္မွာ ထိပ္တန္းအရည္အေသြးရွိတဲ့ ၿပိဳင္ဘက္အခ်ိဳ႕ထက္ အနည္းငယ္ အသာစီး ရယူထားနိုင္တာသာ ျဖစ္တယ္လို႔ တင္ျပအပ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.