Premier League

ဒုတိယပိုင်းမှာ ပျားဖွတ်ခဲ့တဲ့ သရဲနီများ ဘရန့်ဖို့ဒ် 1-3 မန်ယူနိုက်တက်ပွဲအပြီး မှတ်မှတ်ရရပြောစရာ ၇ ချက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ဘရန့်တ်ဖို့ဒ်နဲ့ပွဲစဉ် ဒုတိယပိုင်းမှာ ထိပ်တန်းခြေစွမ်းအဆင့် ပြသခဲ့ပြီး လန်ဒန်ကနေ အနိုင် ၃ မှတ်စလုံး ရယူပြီး အိမ်ပြန်နိုင်ခဲ့ပါတယ်။

အကယ်ဒမီကြယ်ပွင့် အီလန်ဂါ၊ မေဆင် ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်တို့ ၃ ဦးစလုံးဟာ ဧည့်သည် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်အထိ ဂိုးမရှိ သရေကျနေခဲ့တာဖြစ်ပါတယ်။ ဘရန့်တ်ဖို့ဒ်အသင်းဟာ ပထမပိုင်းမှာ အခွင့်အရေးအများအပြား ရရှိခဲ့ပေမယ့်လည်း ဒေးဗစ် ဒဟေးယားက ပုံမှန်လက်စွမ်းပြသနေခဲ့တာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ရန်းနစ်ခ်ရဲ့ ညွှန်ကြားချက်တွေဟာ လိုချင်တဲ့တုံ့ပြန်ပုံအတိုင်း ရှင်းရှင်းလင်းလင်း လုပ်ဆောင်နိုင်စေခဲ့ပြီး အီလန်ဂါရဲ့ စမတ်ကျတဲ့ ဘောလုံးထိန်းသိမ်းမှုနဲ့ ဒုတိယပိုင်း ၅၅ မိနစ်မှာ အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂရင်းဝုဒ်က သိပ်မကြာခင်မှာ မန်ချက်စတာယူနိုက်တက်အတွက် တန်ပြန်တိုက်စစ်ကနေတဆင့် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး အောက်တိုဘာလနောက်ပိုင်း ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပွဲကစားချိန် မိနစ် ၂၀ သာ ကျန်တော့တဲ့အချိန်မှာ လူစားလဲလှယ်ခြင်းခံခဲ့ရပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်က ဂရင်းဝုဒ်နေရာမှာ လူစားဝင်လာပြီးနောက် ၆ မိနစ်အကြာမှာပဲ ယူနိုက်တက်အတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ အိမ်ရှင် ဘရန့်တ်ဖို့ဒ်အသင်းအတွက် အိုင်ဗန် တိုနီက တစ်လုံးတည်းသော ချေပဂိုးကို သွင်းယူပေးသွားခဲ့ပြီး ဒီပွဲစဉ်မှာ မှတ်မှတ်ရရ ပြောစရာ ၇ ချက်ရှိနေခဲ့ပါတယ်။

အားလုံးရဲ့ အထင်ကြီးမှုကို ရယူနိုင်ခဲ့တဲ့ အီလန်ဂါ
ဆယ်ကျော်သက်ကြယ်ပွင့်ဟာ အိုးထရက်ဖို့ဒ်မှာ ပွဲထွက်ကစားခွင့်ရဖို့အတွက် စိတ်ရှည်သည်းခံနေခဲ့ရပေမယ့်လည်း အခွင့်အရေးရလာချိန်မှာတော့ အချိန်ဖြုန်းတီးခြင်းမရှိသူဖြစ်ပါတယ်။ အီလန်ဂါဟာ ပြီးခဲ့တဲ့နွေရာသီမှာ အငှားနဲ့ ထွက်မကစားဖို့ ရွေးချယ်ခဲ့သူဖြစ်ပြီး နောက်ဆုံး ၂ ပွဲမှာ ပွဲထွက်ပါဝင်ကစားပေးပြီးနောက် ဒုတိယပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ တိုက်စစ်မှာ ရွေးချယ်စရာ နည်းပါးနေခြင်းမရှိပေမယ့်လည်း အီလန်ဂါဟာ ပွဲထွက်ကစားသမား ၁၁ ဦးထဲမှာ တစ်စိတ်တပိုင်းအဖြစ် ကျန်ရှိနေဖို့ အကောင်းဆုံးပုံစံ ပြသနေတာဖြစ်ပါတယ်။ အီလန်ဂါဟာ ပြီးခဲ့တဲ့ရာသီ နောက်ဆုံးနေ့မှာ ဝုလ်ဗ်စ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဂိုးသွင်းယူပေးခဲ့ပြီး ဗုဒ္ဓဟူးနေ့ညနေမှာလည်း အလွန်ကောင်းမွန်တဲ့အဆုံးသတ်နဲ့ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆန်ချိုအနေနဲ့ ၎င်းရဲ့ ပွဲထွက်ကစားချိန်တွေဟာ နောက်ထပ်ပိုကြန့်ကြာနိုင်ကောင်း ကြန့်ကြာနိုင်မလားဆိုတာကို သိချင်နေမယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ ယူနိုက်တက်ဟာ လူငယ်တွေကို အခွင့်အရေးပေးရတာ ပြဿနာမရှိသလို ရန်းနစ်ခ်ကလည်း လူငယ်တွေကို အားထားတဲ့သူ ဖြစ်ပုံပေါ်ပါတယ်။

ခြေစွမ်းမပြသနိုင်ခဲ့တဲ့ ရော်နယ်လ်ဒို
ဒီအပတ်ထဲမှာ ရော်နယ်လ်ဒိုက ၎င်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက နောက်ထပ် နှစ်ပေါင်းများစွာ ဆက်လက်ကစားနိုင်အောင် ခွင့်ပြုပေးလိမ့်မယ်လို့ ပြောကြားခဲ့ပြီး အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ဟာ မိနစ်တိုင်း ပါဝင်ကစားပြီး ဂိုးတွေ ဆက်လက်သွင်းယူဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ မိနစ် ၇၀ အထိ ခြေစွမ်းမပြသနိုင်ခဲ့တာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရပြီး ရော်နယ်လ်ဒိုအနေနဲ့ အရန်ခုံတန်းမှာ ဒုတိယပိုင်းအလယ်ကြီး လူစားလဲခံခဲ့ရတာကို ဆက်လက်ညည်းတွားနေခဲ့တဲ့ပုံ ပေါ်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ အနောက်လန်ဒန်မှာ ဂိုးပေါက်ရှာတွေ့ခြင်းမရှိခဲ့ဘဲ အရန်ခုံတန်းမှာထိုင်နေတုန်း ရန်းနစ်ခ်ရဲ့ စကားကို နားထောင်နေခဲ့ပေမယ့်လည်း စိတ်ပျက်နေတာကိုတော့ မဖုံးကွယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

နေရာပြောင်းကစားပြီး ရုန်းကန်ခဲ့ရတဲ့ အိုင်ဗန် တိုနီ

ဘရန့်တ်ဖို့ဒ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ ၃၃ ဂိုးအထိ ချန်ပီယံရှစ်မှာ စံချိန်တင်သွင်းယူပြီး play offs ကနေတဆင့် အနိုင်ရပြီး ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်နဲ့ပွဲစဉ်က ၎င်းရဲ့ နောက်ကျသွင်းဂိုးဟာ ယခုရာသီ ၆ ဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့ပြီး အသင်းရဲ့ ဒုတိယထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ပွဲစဉ်က တိုနီရဲ့ တိုက်စစ်က ခုခံကာကွယ်ခဲ့တဲ့ လုပ်အားနှုန်းဟာ သံသယဖြစ်စရာမရှိဘဲ အသင်းရဲ့ ခံစစ်အတွက် အားကိုးအားထားဖြစ်တယ်ဆိုတာ သက်သေပြသနိုင်ခဲ့ပါတယ်။ အိုင်ဗန် တိုနီဟာ တိုက်စစ်ကစားဖော် ဘရိုင်ယန် မဘူမို လွတ်လွတ်လပ်လပ် ကစားနိုင်ဖို့ ယခုရာသီမှာ ကွင်းလယ်နားလောက်ထိ ဆင်းကစားခဲ့ပေမယ့် ဘရန့်တ်ဖို့ဒ်အတွက် ပြဿနာကတော့ ၎င်းတို့ရဲ့ ကြောက်မက်ဖွယ်အကောင်းဆုံးဂိုးသွင်းရှင်က အမှန်တကယ်ရှိရမယ့် နေရာမှာ ရှိမနေတာဖြစ်ပါတယ်။

ဒဟေးယားရဲ့ အရေးပါမှု
ဒီရာသီမှာ ယူနိုက်တက်ကစားသမားတွေထဲက အနည်းစုကသာ တောက်ပနေခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ဒေးဗစ် ဒဟေးယားက လက်ရှိအချိန်အထိ ၎င်းရဲ့ ပိုမိုကောင်းမွန်တဲ့ရာသီတွေထဲက တစ်ခုကို ပိုင်ဆိုင်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ပရီးမီးယားလိဂ်က အကောင်းဆုံးဂိုးသမားအဖြစ် တစ်ခါတုန်းက မှတ်ယူခံခဲ့ရတဲ့ ဒဟေးယားရဲ့ လက်စွမ်းဟာ အချိန်ကာလတစ်ခုလောက်အထိ သိသိသာသာ ကျဆင်းခဲ့တာဖြစ်ပါတယ်။ နည်းပြဟောင်း ဆိုးလ်ရှားက ဒင်း ဟန်ဒါဆန်ကို ဒေးဗစ် ဒဟေးယားရဲ့ ကျောနံပါတ် ၁ နေရာမှာ အစားထိုးဖို့အတွက် ခေါ်ယူခဲ့တာဖြစ်ပြီး ဒီနှစ်မှာ ဒီဂိုးသမား ၂ ဦးဟာ ပထမဂိုးသမားနေရာအတွက် တိုက်ပွဲဝင်ဖို့ ပြင်ဆင်ခဲ့ပုံပေါ်ပေမယ့် စပိန်ဂိုးသမားက ၎င်းရဲ့ အရေးပါမှုကို အနောက်လန်ဒန်မှာ နောက်ထပ်တစ်ကြိမ် ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒဟေးယားဟာ ဘရန့်တ်ဖို့ဒ်အသင်းက လွှမ်းမိုးထားနိုင်ခဲ့တဲ့အချိန်တွေမှာ ကြီးမားတဲ့ကာကွယ်မှုတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်နိုင်ခဲ့ပြီး လက်ရှိမှာ ဘယ်လိုပရီးမီးယားလိဂ်ဂိုးသမားတွေထက်မဆို ကာကွယ်မှု ပိုမိုပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဘရန့်တ်ဖို့ဒ်ရဲ့ ဂိုးသမားပြဿနာ
ယိုးနပ်စ် လော့ဆဲလ်ဟာ ယခုရာသီ ဘရန့်တ်ဖို့ဒ်အသင်းက ၎င်းတို့ရဲ့ ပရီးမီးယားလိဂ် ၂၂ ပွဲမှာ အသုံးပြုခဲ့တဲ့ မတူညီတဲ့ တတိယမြောက် ဂိုးသမားဖြစ်ပါတယ်။ ဒိန်းမတ်ဂိုးသမားဟာ မစ်ဒ်ဂျူးလန်းကနေ ယခုလအစောပိုင်းမှာ အငှားနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး အယ်လ်ဗာရို ဖာနန်ဒက်ဇ် မပါဝင်နိုင်တဲ့အခါကျရင် အရန်သင့်အသုံးပြုဖို့အတွက် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဘရန့်တ်ဖို့ဒ်အသင်းရဲ့ ပထမပွဲထွက်ဂိုးသမား ဒေးဗစ် ရာယာဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခြင်းမရှိသေးတာကြောင့် နည်းပြ သောမတ်စ် ဖရန့်ခ်အနေနဲ့ ဟက်ဒါစ်ဖီးဂိုးသမားဟောင်း လော့ဆဲလ်ကို သုံးမလား ဒါမှမဟုတ် ဖာနန်ဒက်ဇ်ကိုပဲ ပြန်သုံးမလားဆိုတာကို မဖြစ်မနေ ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။ စပိန်ဂိုးသမားဟာ ၎င်းရဲ့ လက်စွမ်းကြောင့် ဝေဖန်မှုတွေ ခံခဲ့ရသူဖြစ်ပေမယ့် လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ လက်စွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းမှာ ဖရိုဖရဲဖြစ်ခဲ့မှုက လော့ဆဲလ်ရဲ့ ပွဲထွက်ခွင့် အခွင့်အရေးကို အကူအညီဖြစ်စေတော့မှာမဟုတ်ဘဲ ဘရန့်တ်ဖို့ဒ်ဟာ လက်ရှိမှာတော့ နောက်ဆုံး ၃ ပွဲမှာ ၁၀ ဂိုးအထိ ခွင့်ပြုခဲ့ရပြီးဖြစ်ပါတယ်။

ကွင်းလယ်ခံစစ်နေရာမှာ တစ်ဦးတည်း ထိန်းပြခဲ့တဲ့ မက်တော်မီနေး
ရန်းနစ်ခ်ဟာ ယူနိုက်တက်မှာ ကစားကွက်မျိုးစုံကို ကြိုးစားစမ်းသပ်ခဲ့ပြီးဖြစ်ပေမယ့် ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ မက်တော်မီနေးကို တစ်ယောက်တည်း ကွင်းလယ်အထိုင်မှာ ထားပြီး ဖရက်ဒ်နဲ့ ဖာနန်ဒက်စ်ကို တိုက်စစ်ကို လွတ်လွတ်လပ်လပ် လိုက်ပါစေခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ ကစားကွက် တည်မရခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဘရန့်တ်ဖို့ဒ်အသင်းက ၎င်းတို့ရဲ့ အခွင့်အရေးကို သံသယစရှိလာခဲ့တာကြောင့် ယူနိုက်တက်တို့ ယုံကြည်ချက်ကြီးထွားလာခဲ့တာဖြစ်ပါတယ်။ မက်တော်မီနေးဟာ ကွင်းလယ်မဏ္ဍိုင်နေရာကနေ တိုက်စစ်ကို နောက်ထပ်လိုက်ပါနိုင်တာက အလွန်အမင်း အကျိုးသက်ရောက်မှုရှိခဲ့တာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ပရိသတ်တွေက မက်တော်မီနေးကို ဖရက်ဒ်နဲ့အတူ ကစားနေတာကို မြင်တွေ့ခဲ့ရပေမယ့် ဗုဒ္ဓဟူးနေ့ညမှာတော့ စကော့တလန်ကြယ်ပွင့်ဟာ ခံစစ်ပိုင်း ပိုဆင်းကစားခဲ့ပြီး ဒီကစားကွက်ဟာ အနာဂတ်မှာ ရန်းနစ်ခ်အသုံးပြုနိုင်ဖွယ်ရှိတဲ့ နည်းဗျူဟာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဖရက်ဒ်ဟာ အီလန်ဂါရဲ့အဖွင့်ဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပြီး နည်းဗျူဟာအပြောင်းအလဲသာ မလုပ်ခဲ့ဘူးဆိုရင် ၎င်းအနေနဲ့ အဲဒီလို ဂိုးဖန်တီးပေးနိုင်မယ့် နေရာမှာတောင် ရှိနေမှာမဟုတ်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ရော်နယ်လ်ဒိုနဲ့ ဖာနန်ဒက်စ်တို့ရဲ့ ချိတ်ဆက်မှု

ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်ကို ရော်နယ်လ်ဒို ပြန်လည်ပြောင်းရွှေ့လာတဲ့အချိန်မှာ ပရိသတ်တွေက ဘရူနို ဖာနန်ဒက်စ်နဲ့ မယုံနိုင်ဖွယ် ပေါ်တူဂီအတွဲကို မြင်တွေ့ရတော့မယ်လို့ ရင်ခုန်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီကြယ်ပွင့်တွေဟာ အတူတူ ကောင်းကောင်း အလုပ်လုပ်နိုင်တဲ့ပုံ မပေါ်ခဲ့ဘဲ ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာလည်း မှော်ဆန်တဲ့အခိုက်အတန့်မျိုး ပြုလုပ်နိုင်ဖို့ ၆၅ မိနစ်အထိ အချိန်ယူခဲ့ရတာဖြစ်ပါတယ်။ ရန်းနစ်ခ်အနေနဲ့ ရော်နယ်လ်ဒိုနဲ့ ဖာနန်ဒက်စ်တို့ ၂ ဦးကို ပွဲစဉ်တလျှောက်လုံး တွဲကစားနိုင်အောင် လုပ်ဆောင်သွားရမှာဖြစ်ပြီး ဖာနန်ဒက်စ်ဟာ စနေနေ့က ဗီလာနဲ့ပွဲမှာ အထင်ကြီးဖွယ်သွင်းဂိုး ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီမတိုင်ခင် ကစားခဲ့တဲ့ ၂၁ ပွဲမှာ ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုက ယခုရာသီမှာ ၎င်းရဲ့လက်ရွေးစင်အသင်းဖော်ထက် ဂိုးသွင်းနှုန်း ပိုမိုကောင်းမွန်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရန်းနစ်ခ်အနေနဲ့ ဒီ ပေါ်တူဂီကြယ်ပွင့် ၂ ဦးကို ကော်ငးကောင်း ချိတ်ဆက်ကစားနိုင်အောင် လုပ်နိုင်မယ်ဆိုရင် ယူနိုက်တက်ရဲ့ စစ်မှန်တဲ့အလားအလာကို ထုတ်ဖော်နိုင်မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဗုဒၶဟူးေန႔ညက ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲစဥ္ ဒုတိယပိုင္းမွာ ထိပ္တန္းေျခစြမ္းအဆင့္ ျပသခဲ့ၿပီး လန္ဒန္ကေန အႏိုင္ ၃ မွတ္စလုံး ရယူၿပီး အိမ္ျပန္ႏိုင္ခဲ့ပါတယ္။

အကယ္ဒမီၾကယ္ပြင့္ အီလန္ဂါ၊ ေမဆင္ ဂရင္းဝုဒ္၊ ရက္ရွ္ဖို႔ဒ္တို႔ ၃ ဦးစလုံးဟာ ဧည့္သည္ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီး ပထမပိုင္းၿပီးဆုံးခ်ိန္အထိ ဂိုးမရွိ သေရက်ေနခဲ့တာျဖစ္ပါတယ္။ ဘရန႔္တ္ဖို႔ဒ္အသင္းဟာ ပထမပိုင္းမွာ အခြင့္အေရးအမ်ားအျပား ရရွိခဲ့ေပမယ့္လည္း ေဒးဗစ္ ဒေဟးယားက ပုံမွန္လက္စြမ္းျပသေနခဲ့တာေၾကာင့္ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ရန္းနစ္ခ္ရဲ႕ ၫႊန္ၾကားခ်က္ေတြဟာ လိုခ်င္တဲ့တုံ႔ျပန္ပုံအတိုင္း ရွင္းရွင္းလင္းလင္း လုပ္ေဆာင္ႏိုင္ေစခဲ့ၿပီး အီလန္ဂါရဲ႕ စမတ္က်တဲ့ ေဘာလုံးထိန္းသိမ္းမႈနဲ႔ ဒုတိယပိုင္း ၅၅ မိနစ္မွာ အဖြင့္ဂိုးကို စတင္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂရင္းဝုဒ္က သိပ္မၾကာခင္မွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ တန္ျပန္တိုက္စစ္ကေနတဆင့္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီး ေအာက္တိုဘာလေနာက္ပိုင္း ပထမဆုံး သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ပြဲကစားခ်ိန္ မိနစ္ ၂၀ သာ က်န္ေတာ့တဲ့အခ်ိန္မွာ လူစားလဲလွယ္ျခင္းခံခဲ့ရၿပီး မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ဂရင္းဝုဒ္ေနရာမွာ လူစားဝင္လာၿပီးေနာက္ ၆ မိနစ္အၾကာမွာပဲ ယူႏိုက္တက္အတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ အိမ္ရွင္ ဘရန႔္တ္ဖို႔ဒ္အသင္းအတြက္ အိုင္ဗန္ တိုနီက တစ္လုံးတည္းေသာ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ဒီပြဲစဥ္မွာ မွတ္မွတ္ရရ ေျပာစရာ ၇ ခ်က္ရွိေနခဲ့ပါတယ္။

အားလုံးရဲ႕ အထင္ႀကီးမႈကို ရယူႏိုင္ခဲ့တဲ့ အီလန္ဂါ

ဆယ္ေက်ာ္သက္ၾကယ္ပြင့္ဟာ အိုးထရက္ဖို႔ဒ္မွာ ပြဲထြက္ကစားခြင့္ရဖို႔အတြက္ စိတ္ရွည္သည္းခံေနခဲ့ရေပမယ့္လည္း အခြင့္အေရးရလာခ်ိန္မွာေတာ့ အခ်ိန္ျဖဳန္းတီးျခင္းမရွိသူျဖစ္ပါတယ္။ အီလန္ဂါဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အငွားနဲ႔ ထြက္မကစားဖို႔ ေ႐ြးခ်ယ္ခဲ့သူျဖစ္ၿပီး ေနာက္ဆုံး ၂ ပြဲမွာ ပြဲထြက္ပါဝင္ကစားေပးၿပီးေနာက္ ဒုတိယပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ တိုက္စစ္မွာ ေ႐ြးခ်ယ္စရာ နည္းပါးေနျခင္းမရွိေပမယ့္လည္း အီလန္ဂါဟာ ပြဲထြက္ကစားသမား ၁၁ ဦးထဲမွာ တစ္စိတ္တပိုင္းအျဖစ္ က်န္ရွိေနဖို႔ အေကာင္းဆုံးပုံစံ ျပသေနတာျဖစ္ပါတယ္။ အီလန္ဂါဟာ ၿပီးခဲ့တဲ့ရာသီ ေနာက္ဆုံးေန႔မွာ ဝုလ္ဗ္စ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ဂိုးသြင္းယူေပးခဲ့ၿပီး ဗုဒၶဟူးေန႔ညေနမွာလည္း အလြန္ေကာင္းမြန္တဲ့အဆုံးသတ္နဲ႔ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဆန္ခ်ိဳအေနနဲ႔ ၎ရဲ႕ ပြဲထြက္ကစားခ်ိန္ေတြဟာ ေနာက္ထပ္ပိုၾကန႔္ၾကာႏိုင္ေကာင္း ၾကန႔္ၾကာႏိုင္မလားဆိုတာကို သိခ်င္ေနမယ္ဆိုတာ သံသယျဖစ္စရာမရွိဘဲ ယူႏိုက္တက္ဟာ လူငယ္ေတြကို အခြင့္အေရးေပးရတာ ျပႆနာမရွိသလို ရန္းနစ္ခ္ကလည္း လူငယ္ေတြကို အားထားတဲ့သူ ျဖစ္ပုံေပၚပါတယ္။

ေျခစြမ္းမျပသႏိုင္ခဲ့တဲ့ ေရာ္နယ္လ္ဒို

ဒီအပတ္ထဲမွာ ေရာ္နယ္လ္ဒိုက ၎ရဲ႕ ခႏၶာကိုယ္ႀကံ့ခိုင္မႈက ေနာက္ထပ္ ႏွစ္ေပါင္းမ်ားစြာ ဆက္လက္ကစားႏိုင္ေအာင္ ခြင့္ျပဳေပးလိမ့္မယ္လို႔ ေျပာၾကားခဲ့ၿပီး အသက္ ၃၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္လည္း ေပၚတူဂီၾကယ္ပြင့္ဟာ မိနစ္တိုင္း ပါဝင္ကစားၿပီး ဂိုးေတြ ဆက္လက္သြင္းယူဖို႔ ႀကိဳးပမ္းေနဆဲျဖစ္ပါတယ္။ မိနစ္ ၇၀ အထိ ေျခစြမ္းမျပသႏိုင္ခဲ့တာေၾကာင့္ လူစားလဲလွယ္ျခင္းခံခဲ့ရၿပီး ေရာ္နယ္လ္ဒိုအေနနဲ႔ အရန္ခုံတန္းမွာ ဒုတိယပိုင္းအလယ္ႀကီး လူစားလဲခံခဲ့ရတာကို ဆက္လက္ညည္းတြားေနခဲ့တဲ့ပုံ ေပၚခဲ့ပါတယ္။ ေရာ္နယ္လ္ဒိုဟာ အေနာက္လန္ဒန္မွာ ဂိုးေပါက္ရွာေတြ႕ျခင္းမရွိခဲ့ဘဲ အရန္ခုံတန္းမွာထိုင္ေနတုန္း ရန္းနစ္ခ္ရဲ႕ စကားကို နားေထာင္ေနခဲ့ေပမယ့္လည္း စိတ္ပ်က္ေနတာကိုေတာ့ မဖုံးကြယ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနရာေျပာင္းကစားၿပီး ႐ုန္းကန္ခဲ့ရတဲ့ အိုင္ဗန္ တိုနီ

ဘရန႔္တ္ဖို႔ဒ္အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားဟာ ၿပီးခဲ့တဲ့ရာသီမွာ ၃၃ ဂိုးအထိ ခ်န္ပီယံရွစ္မွာ စံခ်ိန္တင္သြင္းယူၿပီး play offs ကေနတဆင့္ အႏိုင္ရၿပီး ပရီးမီးယားလိဂ္ကို တန္းတက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ယူႏိုက္တက္နဲ႔ပြဲစဥ္က ၎ရဲ႕ ေနာက္က်သြင္းဂိုးဟာ ယခုရာသီ ၆ ဂိုးေျမာက္သြင္းဂိုးျဖစ္ခဲ့ၿပီး အသင္းရဲ႕ ဒုတိယထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနသူျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ပြဲစဥ္က တိုနီရဲ႕ တိုက္စစ္က ခုခံကာကြယ္ခဲ့တဲ့ လုပ္အားႏႈန္းဟာ သံသယျဖစ္စရာမရွိဘဲ အသင္းရဲ႕ ခံစစ္အတြက္ အားကိုးအားထားျဖစ္တယ္ဆိုတာ သက္ေသျပသႏိုင္ခဲ့ပါတယ္။ အိုင္ဗန္ တိုနီဟာ တိုက္စစ္ကစားေဖာ္ ဘ႐ိုင္ယန္ မဘူမို လြတ္လြတ္လပ္လပ္ ကစားႏိုင္ဖို႔ ယခုရာသီမွာ ကြင္းလယ္နားေလာက္ထိ ဆင္းကစားခဲ့ေပမယ့္ ဘရန႔္တ္ဖို႔ဒ္အတြက္ ျပႆနာကေတာ့ ၎တို႔ရဲ႕ ေၾကာက္မက္ဖြယ္အေကာင္းဆုံးဂိုးသြင္းရွင္က အမွန္တကယ္ရွိရမယ့္ ေနရာမွာ ရွိမေနတာျဖစ္ပါတယ္။

ဒေဟးယားရဲ႕ အေရးပါမႈ

ဒီရာသီမွာ ယူႏိုက္တက္ကစားသမားေတြထဲက အနည္းစုကသာ ေတာက္ပေနခဲ့တာျဖစ္ၿပီး အဲဒီထဲမွာ ေဒးဗစ္ ဒေဟးယားက လက္ရွိအခ်ိန္အထိ ၎ရဲ႕ ပိုမိုေကာင္းမြန္တဲ့ရာသီေတြထဲက တစ္ခုကို ပိုင္ဆိုင္ေနတယ္ဆိုတာ ျငင္းလို႔မရပါဘူး။ ပရီးမီးယားလိဂ္က အေကာင္းဆုံးဂိုးသမားအျဖစ္ တစ္ခါတုန္းက မွတ္ယူခံခဲ့ရတဲ့ ဒေဟးယားရဲ႕ လက္စြမ္းဟာ အခ်ိန္ကာလတစ္ခုေလာက္အထိ သိသိသာသာ က်ဆင္းခဲ့တာျဖစ္ပါတယ္။ နည္းျပေဟာင္း ဆိုးလ္ရွားက ဒင္း ဟန္ဒါဆန္ကို ေဒးဗစ္ ဒေဟးယားရဲ႕ ေက်ာနံပါတ္ ၁ ေနရာမွာ အစားထိုးဖို႔အတြက္ ေခၚယူခဲ့တာျဖစ္ၿပီး ဒီႏွစ္မွာ ဒီဂိုးသမား ၂ ဦးဟာ ပထမဂိုးသမားေနရာအတြက္ တိုက္ပြဲဝင္ဖို႔ ျပင္ဆင္ခဲ့ပုံေပၚေပမယ့္ စပိန္ဂိုးသမားက ၎ရဲ႕ အေရးပါမႈကို အေနာက္လန္ဒန္မွာ ေနာက္ထပ္တစ္ႀကိမ္ ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒေဟးယားဟာ ဘရန႔္တ္ဖို႔ဒ္အသင္းက လႊမ္းမိုးထားႏိုင္ခဲ့တဲ့အခ်ိန္ေတြမွာ ႀကီးမားတဲ့ကာကြယ္မႈေတြ အႀကိမ္ေပါင္းမ်ားစြာ ျပဳလုပ္ႏိုင္ခဲ့ၿပီး လက္ရွိမွာ ဘယ္လိုပရီးမီးယားလိဂ္ဂိုးသမားေတြထက္မဆို ကာကြယ္မႈ ပိုမိုျပဳလုပ္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဘရန႔္တ္ဖို႔ဒ္ရဲ႕ ဂိုးသမားျပႆနာ

ယိုးနပ္စ္ ေလာ့ဆဲလ္ဟာ ယခုရာသီ ဘရန႔္တ္ဖို႔ဒ္အသင္းက ၎တို႔ရဲ႕ ပရီးမီးယားလိဂ္ ၂၂ ပြဲမွာ အသုံးျပဳခဲ့တဲ့ မတူညီတဲ့ တတိယေျမာက္ ဂိုးသမားျဖစ္ပါတယ္။ ဒိန္းမတ္ဂိုးသမားဟာ မစ္ဒ္ဂ်ဴးလန္းကေန ယခုလအေစာပိုင္းမွာ အငွားနဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး အယ္လ္ဗာ႐ို ဖာနန္ဒက္ဇ္ မပါဝင္ႏိုင္တဲ့အခါက်ရင္ အရန္သင့္အသုံးျပဳဖို႔အတြက္ ေခၚယူခဲ့တာျဖစ္ပါတယ္။ ဘရန႔္တ္ဖို႔ဒ္အသင္းရဲ႕ ပထမပြဲထြက္ဂိုးသမား ေဒးဗစ္ ရာယာဟာ ဒဏ္ရာကေန ျပန္လည္သက္သာလာျခင္းမရွိေသးတာေၾကာင့္ နည္းျပ ေသာမတ္စ္ ဖရန႔္ခ္အေနနဲ႔ ဟက္ဒါစ္ဖီးဂိုးသမားေဟာင္း ေလာ့ဆဲလ္ကို သုံးမလား ဒါမွမဟုတ္ ဖာနန္ဒက္ဇ္ကိုပဲ ျပန္သုံးမလားဆိုတာကို မျဖစ္မေန ဆုံးျဖတ္ရေတာ့မွာျဖစ္ပါတယ္။ စပိန္ဂိုးသမားဟာ ၎ရဲ႕ လက္စြမ္းေၾကာင့္ ေဝဖန္မႈေတြ ခံခဲ့ရသူျဖစ္ေပမယ့္ လီဗာပူးလ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာေတာ့ လက္စြမ္းျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္နဲ႔ကစားခဲ့တဲ့ပြဲစဥ္ ဒုတိယပိုင္းမွာ ဖ႐ိုဖရဲျဖစ္ခဲ့မႈက ေလာ့ဆဲလ္ရဲ႕ ပြဲထြက္ခြင့္ အခြင့္အေရးကို အကူအညီျဖစ္ေစေတာ့မွာမဟုတ္ဘဲ ဘရန႔္တ္ဖို႔ဒ္ဟာ လက္ရွိမွာေတာ့ ေနာက္ဆုံး ၃ ပြဲမွာ ၁၀ ဂိုးအထိ ခြင့္ျပဳခဲ့ရၿပီးျဖစ္ပါတယ္။

ကြင္းလယ္ခံစစ္ေနရာမွာ တစ္ဦးတည္း ထိန္းျပခဲ့တဲ့ မက္ေတာ္မီေနး

ရန္းနစ္ခ္ဟာ ယူႏိုက္တက္မွာ ကစားကြက္မ်ိဳးစုံကို ႀကိဳးစားစမ္းသပ္ခဲ့ၿပီးျဖစ္ေပမယ့္ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲမွာ မက္ေတာ္မီေနးကို တစ္ေယာက္တည္း ကြင္းလယ္အထိုင္မွာ ထားၿပီး ဖရက္ဒ္နဲ႔ ဖာနန္ဒက္စ္ကို တိုက္စစ္ကို လြတ္လြတ္လပ္လပ္ လိုက္ပါေစခဲ့တာျဖစ္ပါတယ္။ ပထမပိုင္းမွာ ကစားကြက္ တည္မရခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ဘရန႔္တ္ဖို႔ဒ္အသင္းက ၎တို႔ရဲ႕ အခြင့္အေရးကို သံသယစရွိလာခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ ယုံၾကည္ခ်က္ႀကီးထြားလာခဲ့တာျဖစ္ပါတယ္။ မက္ေတာ္မီေနးဟာ ကြင္းလယ္မ႑ိဳင္ေနရာကေန တိုက္စစ္ကို ေနာက္ထပ္လိုက္ပါႏိုင္တာက အလြန္အမင္း အက်ိဳးသက္ေရာက္မႈရွိခဲ့တာျဖစ္ပါတယ္။

ပုံမွန္အားျဖင့္ ပရိသတ္ေတြက မက္ေတာ္မီေနးကို ဖရက္ဒ္နဲ႔အတူ ကစားေနတာကို ျမင္ေတြ႕ခဲ့ရေပမယ့္ ဗုဒၶဟူးေန႔ညမွာေတာ့ စေကာ့တလန္ၾကယ္ပြင့္ဟာ ခံစစ္ပိုင္း ပိုဆင္းကစားခဲ့ၿပီး ဒီကစားကြက္ဟာ အနာဂတ္မွာ ရန္းနစ္ခ္အသုံးျပဳႏိုင္ဖြယ္ရွိတဲ့ နည္းဗ်ဴဟာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဖရက္ဒ္ဟာ အီလန္ဂါရဲ႕အဖြင့္ဂိုးအတြက္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့ၿပီး နည္းဗ်ဴဟာအေျပာင္းအလဲသာ မလုပ္ခဲ့ဘူးဆိုရင္ ၎အေနနဲ႔ အဲဒီလို ဂိုးဖန္တီးေပးႏိုင္မယ့္ ေနရာမွာေတာင္ ရွိေနမွာမဟုတ္တာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ေရာ္နယ္လ္ဒိုနဲ႔ ဖာနန္ဒက္စ္တို႔ရဲ႕ ခ်ိတ္ဆက္မႈ

ၿပီးခဲ့တဲ့ေႏြရာသီမွာ ယူႏိုက္တက္ကို ေရာ္နယ္လ္ဒို ျပန္လည္ေျပာင္းေ႐ႊ႕လာတဲ့အခ်ိန္မွာ ပရိသတ္ေတြက ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ မယုံႏိုင္ဖြယ္ ေပၚတူဂီအတြဲကို ျမင္ေတြ႕ရေတာ့မယ္လို႔ ရင္ခုန္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ ေပၚတူဂီၾကယ္ပြင့္ေတြဟာ အတူတူ ေကာင္းေကာင္း အလုပ္လုပ္ႏိုင္တဲ့ပုံ မေပၚခဲ့ဘဲ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲမွာလည္း ေမွာ္ဆန္တဲ့အခိုက္အတန႔္မ်ိဳး ျပဳလုပ္ႏိုင္ဖို႔ ၆၅ မိနစ္အထိ အခ်ိန္ယူခဲ့ရတာျဖစ္ပါတယ္။ ရန္းနစ္ခ္အေနနဲ႔ ေရာ္နယ္လ္ဒိုနဲ႔ ဖာနန္ဒက္စ္တို႔ ၂ ဦးကို ပြဲစဥ္တေလွ်ာက္လုံး တြဲကစားႏိုင္ေအာင္ လုပ္ေဆာင္သြားရမွာျဖစ္ၿပီး ဖာနန္ဒက္စ္ဟာ စေနေန႔က ဗီလာနဲ႔ပြဲမွာ အထင္ႀကီးဖြယ္သြင္းဂိုး ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီမတိုင္ခင္ ကစားခဲ့တဲ့ ၂၁ ပြဲမွာ ၁ ဂိုးသာ သြင္းယူထားႏိုင္ခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒိုက ယခုရာသီမွာ ၎ရဲ႕လက္ေ႐ြးစင္အသင္းေဖာ္ထက္ ဂိုးသြင္းႏႈန္း ပိုမိုေကာင္းမြန္ေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ရန္းနစ္ခ္အေနနဲ႔ ဒီ ေပၚတူဂီၾကယ္ပြင့္ ၂ ဦးကို ေကာ္ငးေကာင္း ခ်ိတ္ဆက္ကစားႏိုင္ေအာင္ လုပ္ႏိုင္မယ္ဆိုရင္ ယူႏိုက္တက္ရဲ႕ စစ္မွန္တဲ့အလားအလာကို ထုတ္ေဖာ္ႏိုင္မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.