Premier League Serie A

တာဟစ္ခ်ဳံးကို ေခၚယူဖို႔ အင္တာမီလန္ နီးစပ္လာ

ေဆာင္းရာသီအေျပာင္းအေရႊ႕မွာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ သတင္းထြက္ခဲ့ဖူးတဲ့ မန္ခ်က္စတာယူႏုိက္တက္လူငယ္ကစားသမား တာဟစ္ခ်ဳံးကို ေခၚယူဖို႔ စီးရီးေအကလပ္ အင္တာမီလန္အသင္းက ညႇိႏွဳိင္းေနၿပီး ေအးဂ်င့္နဲ႔ ေဆြးေႏြးဆဲလုိ႔ သိရပါတယ္။

အသက္ ၂၀ အရြယ္ ဒီလူငယ္အတြက္ ေဆြးေႏြးမွဳေတြက ေရွ႕ကို တစ္ဆင့္တုိးလာခဲ့တာျဖစ္ၿပီး ဒီကစားသမားအတြက္ ပုဂၢဳိလ္ေရးဆုိင္ရာ သေဘာတူညီႏုိင္ဖို႔ နီးစပ္ေနခဲ့ၿပီျဖစ္ေပမယ့္ ေအးဂ်င့္ျဖစ္သူ ေတာင္းဆိုထားတဲ့ ေအးဂ်င့္ခအတြက္ေတာ့ အင္တာမီလန္အသင္းက လက္တြန္႔ေနတာျဖစ္ပါတယ္။

တာဟစ္ခ်ဳံးဟာ အသက္ ၂၃ ႏွစ္ေအာက္ ကစားသမားျဖစ္တာမို႔ အင္တာမီလန္အသင္းက ေခၚယူရင္ လူငယ္ေလ့က်င့္ခ ေလ်ာ္ေၾကးကို ေပးေခ်ဖို႔ ဖီဖာရဲ႕ စည္းမ်ဥ္းေတြထဲမွာလည္း ပါရွိေနခ်ိန္မွာ ေအးဂ်င့္ျဖစ္သူက ေကာ္မရွင္ ေပါင္ ၄ သန္းအထိ ေတာင္းဆုိခဲ့တာျဖစ္ပါတယ္။

အင္တာမီလန္အသင္းကေတာ့ ေပါင္ ၁.၅ သန္း ေပးမယ္လို႔ ေအးဂ်င့္ကို ကမ္းလွမ္းခဲ့တဲ့အတြက္ ညႇိႏွဳိင္းမွဳေတြက မၿပီးျပတ္ေသးဘူးလို႔လည္း သိရၿပီး ကစားသမားကေတာ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ စာခ်ဳပ္သစ္ကိုေတာ့ မစဥ္းစားေတာ့ဘူးလုိ႔လည္း ဆုိပါတယ္။

နယ္သာလန္လူငယ္လက္ေရြးစင္ တာဟစ္ခ်ဳံးဟာ အင္တာမီလန္အသင္းကို ေျပာင္းေရႊ႕ျဖစ္ခဲ့ရင္ တစ္ႏွစ္လုပ္ခ ေပါင္ ၁.၇ သန္း အလိုရိွေနၿပီး အီတလီကလပ္အသင္းဘက္က ၁.၃ သန္းနဲ႔ ကမ္းလွမ္းထားခဲ့လို႔ နီးစပ္ေနေပမယ့္ ေအးဂ်င့္ခအတြက္ေတာ့ ၾကန္႔ၾကာေနဦးမယ့္သေဘာရွိတယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဆောင်းရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်အသင်းနဲ့ သတင်းထွက်ခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်လူငယ်ကစားသမား တာဟစ်ချုံးကို ခေါ်ယူဖို့ စီးရီးအေကလပ် အင်တာမီလန်အသင်းက ညှိနှိုင်းနေပြီး အေးဂျင့်နဲ့ ဆွေးနွေးဆဲလို့ သိရပါတယ်။

အသက် ၂၀ အရွယ် ဒီလူငယ်အတွက် ဆွေးနွေးမှုတွေက ရှေ့ကို တစ်ဆင့်တိုးလာခဲ့တာဖြစ်ပြီး ဒီကစားသမားအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီနိုင်ဖို့ နီးစပ်နေခဲ့ပြီဖြစ်ပေမယ့် အေးဂျင့်ဖြစ်သူ တောင်းဆိုထားတဲ့ အေးဂျင့်ခအတွက်တော့ အင်တာမီလန်အသင်းက လက်တွန့်နေတာဖြစ်ပါတယ်။

တာဟစ်ချုံးဟာ အသက် ၂၃ နှစ်အောက် ကစားသမားဖြစ်တာမို့ အင်တာမီလန်အသင်းက ခေါ်ယူရင် လူငယ်လေ့ကျင့်ခ လျော်ကြေးကို ပေးချေဖို့ ဖီဖာရဲ့ စည်းမျဉ်းတွေထဲမှာလည်း ပါရှိနေချိန်မှာ အေးဂျင့်ဖြစ်သူက ကော်မရှင် ပေါင် ၄ သန်းအထိ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်အသင်းကတော့ ပေါင် ၁.၅ သန်း ပေးမယ်လို့ အေးဂျင့်ကို ကမ်းလှမ်းခဲ့တဲ့အတွက် ညှိနှိုင်းမှုတွေက မပြီးပြတ်သေးဘူးလို့လည်း သိရပြီး ကစားသမားကတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်ကိုတော့ မစဉ်းစားတော့ဘူးလို့လည်း ဆိုပါတယ်။

နယ်သာလန်လူငယ်လက်ရွေးစင် တာဟစ်ချုံးဟာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့ရင် တစ်နှစ်လုပ်ခ ပေါင် ၁.၇ သန်း အလိုရှိနေပြီး အီတလီကလပ်အသင်းဘက်က ၁.၃ သန်းနဲ့ ကမ်းလှမ်းထားခဲ့လို့ နီးစပ်နေပေမယ့် အေးဂျင့်ခအတွက်တော့ ကြန့်ကြာနေဦးမယ့်သဘောရှိတယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.