Match Report Premier League

ပရီးမီးယားလိဂ် ပြန်စအပြီး ပထမဆုံးအိမ်ကွင်းပွဲမှာ ဂိုးပြတ်နဲ့ အဖွင့်လှတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲကိုတော့ ကိုလာစီနက်ခ်ျ-ဒေးဗစ် လူးဝစ်ဇ်-မူစတာဖီတို့နဲ့ သုံးယောက်တန်းအထိုင်ကို အသုံးပြုပြီး ပွဲထွက်လာခဲ့သလို ၃-၄-၃ ပုံစံအတိုင်း ထုတ်သုံးလာခဲ့ပြီး ပရီးမီးယားလိဂ် Restart အပြီး ပထမဆုံးအိမ်ကွင်းပွဲစဉ်မှာ နော့ဝစ်ခ်ျကို လေးဂိုးပြတ်အနိုင်နဲ့ အဖွင့်လှသွားခဲ့ပါတယ်။


ပထမပိုင်းတစ်ဝက် ရေသောက်ရပ်နားချိန်အထိတော့ အာဆင်နယ်တို့ အပိုင်အခွင့်အရေးတွေ မရခဲ့ဘဲ အူဘာမီယန်းနဲ့ လာကာဇက်တို့ရဲ့ မသေမချာ ခြိမ်းခြောက်မှုတွေပဲ ရှိနေခဲ့သလို နော့ဝစ်ခ်ျနောက်ခံလူ ဘန် ဂေါ့ဖရီရဲ့ ကွင်းလယ်ခပ်ဝေးဝေးက ကန်ချက်ကတောင်မှ အိမ်ရှင်ပရိသတ်တွေနဲ့ ဂိုးသမား မာတီနက်ဇ်တို့ကို မျက်လုံးပြူးစေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။


နောက်ထပ် ၅ မိနစ်အကြာမှာတော့ အာဆင်နယ်တို့ပဲ ဒုတိယဂိုး ရယူနိုင်ခဲ့ပြီး ခံစစ်က ဒေးဗစ် လူးဝစ်ဇ်ရဲ့ ဘယ်ခြမ်းကို အဝေးဘော ပေးပို့မှုကို တီယာနီက ဘေးက ရှိနေတဲ့ အူဘာမီယန်းရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးခဲ့ပြီး သူက ပြန်ချိုးပေးတာကို ဆွစ်ဇာလန်ကွင်းလယ်လူ ချာကာက အပြင်းကန်သွင်းခဲ့တာမှာ နော့ဝစ်ခ်ျဂိုးသမား ကရူးလ်ရဲ့ ပေါင်ကြားကနေ ဂိုးဝင်သွားခဲ့ပြီး ပထမပိုင်းမှာ အိမ်ရှင်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ တိုက်စစ်သမားသုံးယောက်ကို လူစားလဲထည့်သွင်းခဲ့တဲ့ နော့ဝစ်ခ်ျရဲ့ ဖိအားကို ခုမှ ဝင်လာပြီး သွေးမပူသေးတဲ့ ဟိုးလ်ဒင်းနဲ့ အာဆင်နယ်ခံစစ် အတော်လေး ဂရုစိုက်ဖျက်ထုတ်နေခဲ့ရပြီး ဧည့်သည်တွေအနေနဲ့ အဲ့ဒီအချိန်မှာ ဘောလုံးပိုင်ဆိုင်မှုကို ၇၀ ရာခိုင်နှုန်းအထိ ရယူသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ နော့ဝစ်ခ်ျရဲ့ လက်ပစ်ဘောကနေ အီဒါးမြှောက်ပေးလိုက်တာမှာ ကန့်ဝဲလ်နဲ့ ကိုလာစီနက်ခ်ျတို့ ဘောလုံးအပြိုင်ရဖို့ ကြိုးစားခဲ့ကြပြီး ကန့်ဝဲလ် လဲကျသွားခဲ့တာကို ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီး ငြင်းပယ်ခဲ့သလို ပွဲကြေငြာသူတွေကလည်း ဒိုက်ဗင်လို့ ကြေငြာခဲ့တာကို တွေ့ခဲ့ရပါသေးတယ်။

၆၂ မိနစ်မှာတော့ ခြေပျောက်နေတဲ့ နယ်လ်ဆန်အစား ဝီလ်လော့ခ် ဝင်လာခဲ့ပြီး ၆၅ မိနစ်မှာတော့ လက်ပစ်ဘောကနေ နော့ဝစ်ခ်ျတိုက်စစ်မှူး ဒါမစ် လူပေးမှားတာကနေ အူဘာမီယန်း ဘောလုံးရရှိသွားပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ သူ့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ၁၉ ဂိုးမြောက်ကို သွင်းယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ ညာတောင်ပံမှာ သိပ်အလုပ်မဖြစ်တဲ့ ဘယ်လာရင်အစား ပွဲချိန် ၇၇ မိနစ်မှာ လူစားဝင်လာခဲ့တဲ့ နောက်ခံလူသစ် ဆီးဒရစ်က သူ့ရဲ့ ပထမဆုံးပွဲရဲ့ ဒုတိယမြောက် ဘောလုံးပိုင်ဆိုင်ခွင့်မှာ ဂိုးရယူနိုင်ခဲ့ပြီး ဒီဂိုးကတော့ ထောင့်ကန်ဘောကနေ နော့ဝစ်ခ်ျနောက်တန်းတွေ ရှင်းထုတ်တာကို ပေါ်တူဂီသားက ညာခြေနဲ့ တစ်ချက်ထိန်းပြီး ဘယ်ခြေနဲ့ ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။


REF: DAILY MAIL
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲကိုတော့ ကိုလာစီနက်ချ်-ဒေးဗစ် လူးဝစ်ဇ်-မူစတာဖီတို့နဲ့ သုံးယောက်တန်းအထိုင်ကို အသုံးပြုပြီး ပွဲထွက်လာခဲ့သလို ၃-၄-၃ ပုံစံအတိုင်း ထုတ်သုံးလာခဲ့ပြီး ပရီးမီးယားလိဂ် Restart အပြီး ပထမဆုံးအိမ်ကွင်းပွဲစဉ်မှာ နော့ဝစ်ချ်ကို လေးဂိုးပြတ်အနိုင်နဲ့ အဖွင့်လှသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ ပြောစရာအဖြစ် အာဆင်နယ်ရဲ့ ညာခြမ်းက အလုပ်မဖြစ်ခဲ့ဘဲ ဘယ်လာရင်ရဲ့ Final Pass တွေ အသုံးမကျသလို နယ်လ်ဆန်ကလည်း အသင်းနဲ့ နားလည်မှု နည်းသလိုဖြစ်နေတာကြောင့် ဘယ်ခြမ်းတိုက်စစ်ကိုသာ တီယာနီနဲ့ အူဘာမီယန်းတို့ အဓိက အကောင်အထည်ဖော်ခဲ့ပြီး တော်တော်လေး ထိရောက်မှု အားကောင်းခဲ့တာကို တွေ့ရပါတယ်။

ပထမပိုင်းတစ်ဝက် ရေသောက်ရပ်နားချိန်အထိတော့ အာဆင်နယ်တို့ အပိုင်အခွင့်အရေးတွေ မရခဲ့ဘဲ အူဘာမီယန်းနဲ့ လာကာဇက်တို့ရဲ့ မသေမချာ ခြိမ်းခြောက်မှုတွေပဲ ရှိနေခဲ့သလို နော့ဝစ်ချ်နောက်ခံလူ ဘန် ဂေါ့ဖရီရဲ့ ကွင်းလယ်ခပ်ဝေးဝေးက ကန်ချက်ကတောင်မှ အိမ်ရှင်ပရိသတ်တွေနဲ့ ဂိုးသမား မာတီနက်ဇ်တို့ကို မျက်လုံးပြူးစေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး နောက်ခံလူ ဂေါ့ဖရီ ပြန်ပေးတဲ့ ဘောလုံးကို ဂိုးသမား ကရူးလ် ရှင်းမထုတ်ဘဲ အူဘာမီယန်းကို လိမ်ဖို့ ကြိုးစားတာမှာ မလွတ်ခဲ့လို့ ဘောလုံးရသွားတဲ့ ဂန်းနားကပ္ပတိန်က အလျင်အမြန်ပဲ သူ့ရဲ့ ပရီးမီးယားလိဂ်ဂိုး ၅၀ မြောက်အဖြစ် ထောင့်ကျဉ်းထဲ မရောက်ခင်မှာ ကန်သွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်။

နောက်ထပ် ၅ မိနစ်အကြာမှာတော့ အာဆင်နယ်တို့ပဲ ဒုတိယဂိုး ရယူနိုင်ခဲ့ပြီး ခံစစ်က ဒေးဗစ် လူးဝစ်ဇ်ရဲ့ ဘယ်ခြမ်းကို အဝေးဘော ပေးပို့မှုကို တီယာနီက ဘေးက ရှိနေတဲ့ အူဘာမီယန်းရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးခဲ့ပြီး သူက ပြန်ချိုးပေးတာကို ဆွစ်ဇာလန်ကွင်းလယ်လူ ချာကာက အပြင်းကန်သွင်းခဲ့တာမှာ နော့ဝစ်ချ်ဂိုးသမား ကရူးလ်ရဲ့ ပေါင်ကြားကနေ ဂိုးဝင်သွားခဲ့ပြီး ပထမပိုင်းမှာ အိမ်ရှင်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ တိုက်စစ်သမားသုံးယောက်ကို လူစားလဲထည့်သွင်းခဲ့တဲ့ နော့ဝစ်ချ်ရဲ့ ဖိအားကို ခုမှ ဝင်လာပြီး သွေးမပူသေးတဲ့ ဟိုးလ်ဒင်းနဲ့ အာဆင်နယ်ခံစစ် အတော်လေး ဂရုစိုက်ဖျက်ထုတ်နေခဲ့ရပြီး ဧည့်သည်တွေအနေနဲ့ အဲ့ဒီအချိန်မှာ ဘောလုံးပိုင်ဆိုင်မှုကို ၇၀ ရာခိုင်နှုန်းအထိ ရယူသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ နော့ဝစ်ချ်ရဲ့ လက်ပစ်ဘောကနေ အီဒါးမြှောက်ပေးလိုက်တာမှာ ကန့်ဝဲလ်နဲ့ ကိုလာစီနက်ချ်တို့ ဘောလုံးအပြိုင်ရဖို့ ကြိုးစားခဲ့ကြပြီး ကန့်ဝဲလ် လဲကျသွားခဲ့တာကို ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီး ငြင်းပယ်ခဲ့သလို ပွဲကြေငြာသူတွေကလည်း ဒိုက်ဗင်လို့ ကြေငြာခဲ့တာကို တွေ့ခဲ့ရပါသေးတယ်။

၆၂ မိနစ်မှာတော့ ခြေပျောက်နေတဲ့ နယ်လ်ဆန်အစား ဝီလ်လော့ခ် ဝင်လာခဲ့ပြီး ၆၅ မိနစ်မှာတော့ လက်ပစ်ဘောကနေ နော့ဝစ်ချ်တိုက်စစ်မှူး ဒါမစ် လူပေးမှားတာကနေ အူဘာမီယန်း ဘောလုံးရရှိသွားပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ သူ့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ၁၉ ဂိုးမြောက်ကို သွင်းယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ ညာတောင်ပံမှာ သိပ်အလုပ်မဖြစ်တဲ့ ဘယ်လာရင်အစား ပွဲချိန် ၇၇ မိနစ်မှာ လူစားဝင်လာခဲ့တဲ့ နောက်ခံလူသစ် ဆီးဒရစ်က သူ့ရဲ့ ပထမဆုံးပွဲရဲ့ ဒုတိယမြောက် ဘောလုံးပိုင်ဆိုင်ခွင့်မှာ ဂိုးရယူနိုင်ခဲ့ပြီး ဒီဂိုးကတော့ ထောင့်ကန်ဘောကနေ နော့ဝစ်ချ်နောက်တန်းတွေ ရှင်းထုတ်တာကို ပေါ်တူဂီသားက ညာခြေနဲ့ တစ်ချက်ထိန်းပြီး ဘယ်ခြေနဲ့ ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လေးဂိုးရရှိခဲ့အပြီးမှာတော့ အာဆင်နယ်တို့အနေနဲ့ အူဘာမီယန်းကို ပေပေနဲ့ လဲပြီး အနိုင်ကို ထိန်းသိမ်းသွားခဲ့သလို ဗုဒ္ဓဟူးနေ့ညအတွက် အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပြီး ပေးဂိုးမရှိ နှစ်ပွဲဆက်နိုင်ပွဲ၊ ရဂိုး ၆ ဂိုး၊ ရမှတ် ၆ မှတ်နဲ့ ဥရောပဝင်ခွင့်အတွက် ယုံကြည်မှုတစ်ခုကို တည်ဆောက်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.