Premier League

ဆာကာနဲ႔ ႏွစ္ရွည္စာခ်ဳပ္သစ္ကို အာဆင္နယ္အသင္းေၾကျငာ

အာဆင္နယ္အသင္းရဲ႕ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာကို အသင္းနဲ႔အတူ ႏွစ္ရွည္လမ်ားရွိေနေစမယ့္ စာခ်ဳပ္သစ္ ခ်ဳပ္ဆုိႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း ေျမာက္လန္ဒန္အသင္းရဲ႕ တရားဝင္ဝက္ဘ္ဆုိက္ကေန ေၾကျငာခဲ့ၿပီး ပရိသတ္ေတြအတြက္ စိတ္ေအးစရာအျဖစ္ စိုးရိမ္စရာ တစ္ခုကို ေလွ်ာ့ခ်ႏုိင္ခဲ့ၿပီျဖစ္ပါတယ္။

ႏိုင္ဂ်ီးရီးယားႏြယ္ဖြား အသက္ ၁၈ ႏွစ္အရြယ္ ကစားသမားဟာ အာဆင္နယ္အသင္းကို လြန္ခဲ့တဲ့ ဆယ္ႏွစ္ကတည္းက ေရာက္ရွိလာခဲ့သူျဖစ္ၿပီး ေဟးလ္အန္႔ဒ္အကယ္ဒမီကေန ထြက္ေပၚလာၿပီး အသင္းႀကီးအထိ အဆင့္ဆင့္တက္လွမ္းႏုိင္သူတစ္ေယာက္ျဖစ္ခဲ့သလို ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလကတည္းက အသင္းႀကီးကို ေရာက္ရွိခဲ့ၿပီး စုစုေပါင္း ၃၇ ပြဲ ပါဝင္ကစားၿပီးသူလည္းျဖစ္ပါတယ္။

အသက္ ၁၇ ႏွစ္အရြယ္ကတည္းက ဖူလ္ဟမ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ လူစားဝင္ေရာက္ကစားခြင့္ရခဲ့တဲ့ ဆာကာဟာ သူ႕ရဲ႕ ပထမဆုံး သြင္းဂိုးကိုေတာ့ ယူ႐ိုပါလိဂ္အုပ္စုအဆင့္ ဖရန္႔ဖတ္အသင္းနဲ႔ပြဲစဥ္မွာ သြင္းယူႏုိင္ခဲ့ၿပီး အသင္းရဲ႕ ဘယ္ေတာင္ပံတစ္ေလွ်ာက္မွာ ေနရာစုံ ေျခစြမ္းျပႏုိင္တဲ့ ကစားသမားျဖစ္လာခဲ့သလို ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္လည္းျဖစ္လာခဲ့ပါတယ္။

အသင္းေခါင္းေဆာင္ေဟာင္း ဖာဘရီဂက္စ္ရဲ႕ ၂၀၀၆-၀၇ ရာသီမွာ တင္ရွိထားခဲ့တဲ့ ဖန္တီးမွဳ ဂဏန္းႏွစ္လုံးနဲ႔အထက္ ရရွိႏုိင္ခဲ့တဲ့ ပထမဆုံး ဆယ္ေက်ာ္သက္စံခ်ိန္ကို ဒီရာသီမွာ ၁၁ ႀကိမ္ ဖန္တီးၿပီး ဆာကာက လုိက္မီႏုိင္ခဲ့သလို နည္းျပ အာတီတာကလည္း အတူတူလက္တြဲၿပီး ေရွ႕ဆက္ရင္း ပုိမုိတုိးတက္လာမယ့္ ကစားသမားေလးအတြက္ ဝမ္းေျမာက္မိေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

ဆာကာအေနနဲ႔ သူ႕ရဲ႕ စာခ်ဳပ္သစ္အတြက္ ပရိသတ္ေတြ အၾကာႀကီး ေစာင့္ဆိုင္းခဲ့ရလို႔ ေတာင္းပန္ပါတယ္လို႔ အသင္းဝက္ဘ္ဆုိက္ကေန ေျပာၾကားသြားခဲ့ၿပီး ဒီစာခ်ဳပ္ဟာ ပရိသတ္ေတြအတြက္ ဘယ္ေလာက္အေရးပါမွန္း သိခဲ့ရလို႔ သူ႕အေပၚထားတဲ့ ေမွ်ာ္လင့္ခ်က္ေတြအတြက္ ေက်းဇူးတင္စကားဆုိခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: ARSENAL.COM
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာကို အသင်းနဲ့အတူ နှစ်ရှည်လများရှိနေစေမယ့် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း မြောက်လန်ဒန်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ကြေငြာခဲ့ပြီး ပရိသတ်တွေအတွက် စိတ်အေးစရာအဖြစ် စိုးရိမ်စရာ တစ်ခုကို လျှော့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။

နိုင်ဂျီးရီးယားနွယ်ဖွား အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ အာဆင်နယ်အသင်းကို လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ရောက်ရှိလာခဲ့သူဖြစ်ပြီး ဟေးလ်အန့်ဒ်အကယ်ဒမီကနေ ထွက်ပေါ်လာပြီး အသင်းကြီးအထိ အဆင့်ဆင့်တက်လှမ်းနိုင်သူတစ်ယောက်ဖြစ်ခဲ့သလို ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းက အသင်းကြီးကို ရောက်ရှိခဲ့ပြီး စုစုပေါင်း ၃၇ ပွဲ ပါဝင်ကစားပြီးသူလည်းဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ်ကတည်းက ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားဝင်ရောက်ကစားခွင့်ရခဲ့တဲ့ ဆာကာဟာ သူ့ရဲ့ ပထမဆုံး သွင်းဂိုးကိုတော့ ယူရိုပါလိဂ်အုပ်စုအဆင့် ဖရန့်ဖတ်အသင်းနဲ့ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ ဘယ်တောင်ပံတစ်လျှောက်မှာ နေရာစုံ ခြေစွမ်းပြနိုင်တဲ့ ကစားသမားဖြစ်လာခဲ့သလို ပရိသတ်တွေရဲ့ အချစ်တော်လည်းဖြစ်လာခဲ့ပါတယ်။

အသင်းခေါင်းဆောင်ဟောင်း ဖာဘရီဂက်စ်ရဲ့ ၂၀၀၆-၀၇ ရာသီမှာ တင်ရှိထားခဲ့တဲ့ ဖန်တီးမှု ဂဏန်းနှစ်လုံးနဲ့အထက် ရရှိနိုင်ခဲ့တဲ့ ပထမဆုံး ဆယ်ကျော်သက်စံချိန်ကို ဒီရာသီမှာ ၁၁ ကြိမ် ဖန်တီးပြီး ဆာကာက လိုက်မီနိုင်ခဲ့သလို နည်းပြ အာတီတာကလည်း အတူတူလက်တွဲပြီး ရှေ့ဆက်ရင်း ပိုမိုတိုးတက်လာမယ့် ကစားသမားလေးအတွက် ဝမ်းမြောက်မိကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဆာကာအနေနဲ့ သူ့ရဲ့ စာချုပ်သစ်အတွက် ပရိသတ်တွေ အကြာကြီး စောင့်ဆိုင်းခဲ့ရလို့ တောင်းပန်ပါတယ်လို့ အသင်းဝက်ဘ်ဆိုက်ကနေ ပြောကြားသွားခဲ့ပြီး ဒီစာချုပ်ဟာ ပရိသတ်တွေအတွက် ဘယ်လောက်အရေးပါမှန်း သိခဲ့ရလို့ သူ့အပေါ်ထားတဲ့ မျှော်လင့်ချက်တွေအတွက် ကျေးဇူးတင်စကားဆိုခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: ARSENAL.COM
PHOTOS CREDIT TO OWNERS
SPORTS A2Z.