Match Report Premier League

ေရာ့ဂ်ားစ္ရဲ႕ အိပ္မက္မူးရီ ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္ေတြ ကုန္ဆုံးဖို႔ နီးစပ္လာခဲ့တဲ့ ရွဳံးပြဲ

လက္စတာနည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္ကေတာ့ သူ႕ရဲ႕ လူအင္အားနဲ႔ နည္းစနစ္ပုိင္း ကၽြမ္းက်င္မွဳ မလုံေလာက္ဘဲ အတတ္ဆန္းခဲ့တဲ့ အေျပာင္းအလဲဒဏ္ကေန မ႐ုန္းထြက္ႏုိင္ေသးတာကို ေတြ႕ခဲ့ရၿပီး ဒီတစ္ပတ္မွာေတာ့ ဝါရင့္နည္းျပ အန္ဆယ္ေလာ့တီရဲ႕ အဲဗာတန္ကို အေဝးကြင္းမွာ ဒူးေထာက္ခဲ့ရျပန္ပါတယ္။

အန္ဒီဒီ၊ တီးလီးမန္းစ္၊ မက္ဒီဆန္၊ ဘန္းစ္တုိ႔ကို ပုံေသထားၿပီး ညာျခမ္းကစားသမားအျဖစ္ ပီရက္ဇ္နဲ႔ ဂေရးတုိ႔ကို အေျပာင္းအလဲလုပ္၊ ဗာဒီကို အေထာင္တုိက္စစ္မွာ ထားကစားတဲ့ ပုံစံဟာ လက္စတာကို ဒီႏွစ္မွာ အဆင့္သုံးအထိ ရေစတဲ့ ပုံစံျဖစ္ခဲ့ၿပီး ဒါကို ေဆာင္းရာသီရပ္နားခ်ိန္ေနာက္ပုိင္းမွာ မၾကာခဏ အေျပာင္းအလဲလုပ္ခဲ့တဲ့ ေျမေခြးေတြအေနနဲ႔ ပရီးမီးယားလိဂ္ Restart မွာ ႏုိင္ပြဲေပ်ာက္ဆုံးေနခဲ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာေတာ့ အိမ္ရွင္တုိ႔ ပြဲခ်ိန္ ၉ မိနစ္မွာကတည္းက အဖြင့္ဂိုးရရွိခဲ့ၿပီး ဘယ္ျခမ္းကေန ဒီညီေပးပို႔တဲ့ ေဘာလုံးကို လူငယ္ေတာင္ပံသမား ေဂၚဒန္က ျပန္ခ်ဳိးေပးတာကို တုိက္စစ္မွာ Free Role ကစားေနတဲ့ ဘရာဇီးလ္ေတာင္ပံကစားသမား ရစ္ခ်ာလစ္ဆန္က အနီးကပ္ပိတ္သြင္းယူခဲ့တာက လက္စတာဂိုးသမား ရွမိုက္ကယ္အတြက္ေတာ့ ကာကြယ္ဖို႔ ျပင္းထန္လြန္းေနခဲ့ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာ လက္စတာတုိ႔ ထပ္မံကံဆုိးခဲ့ၿပီး ေထာင့္ကန္ေဘာကေန မုိက္ကယ္ ကီးန္ ေခါင္းတုိက္ဖို႔ ႀကဳိးစားရာမွာ အန္ဒီဒီရဲ႕ လက္နဲ႔ ထိသြားခဲ့လို႔ VAR ျပန္ၾကည့္ၿပီး ဒိုင္လူႀကီးက ပင္နယ္တီ သတ္မွတ္ေပးခဲ့ပါတယ္။ ဒီပင္နယ္တီကိုေတာ့ ကြင္းလယ္လူ ဆီဂါ့ဒ္ဆန္ ကန္သြင္းခဲ့ၿပီး ဂိုးသမား ရွမိုက္ကယ္နဲ႔ တျခားစီလည္း ျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ အဲဗာတန္တုိက္စစ္မွဴး ကဲလ္ဗတ္-လူဝင္ရဲ႕ ပင္နယ္တီရယူဖို႔ ႀကဳိးစားမွဳကို ဒိုင္လူႀကီးက ပယ္ခ်သြားခဲ့လို႔ ဧည့္သည္ေတြ ကံေကာင္းခဲ့ရၿပီး ဒီေနာက္ပုိင္းမွာေတာ့ လက္စတာတုိ႔ ေခ်ပဂိုးအတြက္ ႀကဳိးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့လို႔ ပထမပုိင္းမွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အိမ္ရွင္ အဲဗာတန္တုိ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ လက္စတာတို႔ တစ္ဂိုးျပန္ရခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာ တီးလီးမန္းစ္ရဲ႕ ေပးပို႔မွဳကို အဲဗာတန္ေနာက္တန္းေတြ ရွင္းထုတ္ပုံ မေသသပ္ရာကတစ္ဆင့္ လူစားဝင္တုိက္စစ္မွဴး အီဟန္နာခ်ဳိေရွ႕ က်လာတာကို ႏိုင္ဂ်ီးရီးယားသားက အလ်င္အျမန္ ပိတ္သြင္းယူသြားခဲ့တာျဖစ္ၿပီး ရလဒ္က ႏွစ္ဂိုး-တစ္ဂိုးျဖစ္သြားခဲ့ပါတယ္။

တစ္ပြဲလုံးမွာ ရရွိခဲ့တဲ့ အပိုင္အခြင့္အေရးေတြ ဖန္တီးႏုိင္မွဳ၊ တိုက္စစ္ဆင္မွဳနဲ႔ ပြဲကို စိုးမုိးမွဳေတြမွာ ဝါရင့္နည္းျပ အန္ဆယ္ေလာ့တီကို ေရာ့ဂ်ားစ္ အေနနဲ႔ မယွဥ္ႏုိင္ခဲ့တာကေတာ့ သိသာခဲ့ၿပီး သုံးပြဲဆက္ ႏုိင္ပြဲေပ်ာက္မွဳကို ႀကဳံေတြ႕ခဲ့ရသလို ေနာက္က ကပ္လုိက္ေနတဲ့ ခ်ဲလ္ဆီးတုိ႔ အေဝးကြင္းမွာ ရွဳံးနိမ့္သြားခဲ့လုိ႔သာ တတိယေနရာက ဖယ္မေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ဒီပြဲကို အႏုိင္ရရွိခဲ့လို႔ အဲဗာတန္တုိ႔အေနနဲ႔ ရမွတ္ ၄၄ မွတ္နဲ႔ အဆင့္ ၁၁ မွာ ရပ္တည္ေနခဲ့ၿပီး ယူ႐ိုပါလိဂ္ဝင္ခြင့္ ေမွ်ာ္လင့္ခ်က္ေတြကိုေတာ့ ဆုပ္ကိုင္ထားႏုိင္ဆဲျဖစ္သလို လက္စတာကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္လမ္းေၾကာင္းေပၚက မႏွဳတ္ဆက္ရေစဖို႔ ပဲေလ့စ္နဲ႔ အိမ္ကြင္းပြဲကို ေျခမေခ်ာ္ဖို႔ လိုအပ္ေနခဲ့ၿပီျဖစ္ေၾကာင္း ေရးသားလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လက်စတာနည်းပြ ဘရန်ဒန် ရော့ဂျားစ်ကတော့ သူ့ရဲ့ လူအင်အားနဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှု မလုံလောက်ဘဲ အတတ်ဆန်းခဲ့တဲ့ အပြောင်းအလဲဒဏ်ကနေ မရုန်းထွက်နိုင်သေးတာကို တွေ့ခဲ့ရပြီး ဒီတစ်ပတ်မှာတော့ ဝါရင့်နည်းပြ အန်ဆယ်လော့တီရဲ့ အဲဗာတန်ကို အဝေးကွင်းမှာ ဒူးထောက်ခဲ့ရပြန်ပါတယ်။

အန်ဒီဒီ၊ တီးလီးမန်းစ်၊ မက်ဒီဆန်၊ ဘန်းစ်တို့ကို ပုံသေထားပြီး ညာခြမ်းကစားသမားအဖြစ် ပီရက်ဇ်နဲ့ ဂရေးတို့ကို အပြောင်းအလဲလုပ်၊ ဗာဒီကို အထောင်တိုက်စစ်မှာ ထားကစားတဲ့ ပုံစံဟာ လက်စတာကို ဒီနှစ်မှာ အဆင့်သုံးအထိ ရစေတဲ့ ပုံစံဖြစ်ခဲ့ပြီး ဒါကို ဆောင်းရာသီရပ်နားချိန်နောက်ပိုင်းမှာ မကြာခဏ အပြောင်းအလဲလုပ်ခဲ့တဲ့ မြေခွေးတွေအနေနဲ့ ပရီးမီးယားလိဂ် Restart မှာ နိုင်ပွဲပျောက်ဆုံးနေခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာတော့ အိမ်ရှင်တို့ ပွဲချိန် ၉ မိနစ်မှာကတည်းက အဖွင့်ဂိုးရရှိခဲ့ပြီး ဘယ်ခြမ်းကနေ ဒီညီပေးပို့တဲ့ ဘောလုံးကို လူငယ်တောင်ပံသမား ဂေါ်ဒန်က ပြန်ချိုးပေးတာကို တိုက်စစ်မှာ Free Role ကစားနေတဲ့ ဘရာဇီးလ်တောင်ပံကစားသမား ရစ်ချာလစ်ဆန်က အနီးကပ်ပိတ်သွင်းယူခဲ့တာက လက်စတာဂိုးသမား ရှမိုက်ကယ်အတွက်တော့ ကာကွယ်ဖို့ ပြင်းထန်လွန်းနေခဲ့ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ လက်စတာတို့ ထပ်မံကံဆိုးခဲ့ပြီး ထောင့်ကန်ဘောကနေ မိုက်ကယ် ကီးန် ခေါင်းတိုက်ဖို့ ကြိုးစားရာမှာ အန်ဒီဒီရဲ့ လက်နဲ့ ထိသွားခဲ့လို့ VAR ပြန်ကြည့်ပြီး ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။ ဒီပင်နယ်တီကိုတော့ ကွင်းလယ်လူ ဆီဂါ့ဒ်ဆန် ကန်သွင်းခဲ့ပြီး ဂိုးသမား ရှမိုက်ကယ်နဲ့ တခြားစီလည်း ဖြစ်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ အဲဗာတန်တိုက်စစ်မှူး ကဲလ်ဗတ်-လူဝင်ရဲ့ ပင်နယ်တီရယူဖို့ ကြိုးစားမှုကို ဒိုင်လူကြီးက ပယ်ချသွားခဲ့လို့ ဧည့်သည်တွေ ကံကောင်းခဲ့ရပြီး ဒီနောက်ပိုင်းမှာတော့ လက်စတာတို့ ချေပဂိုးအတွက် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ပထမပိုင်းမှာတော့ နှစ်ဂိုး-ဂိုးမရှိနဲ့ အိမ်ရှင် အဲဗာတန်တို့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လက်စတာတို့ တစ်ဂိုးပြန်ရခဲ့ပြီး ပွဲချိန် မိနစ် ၅၀ မှာ တီးလီးမန်းစ်ရဲ့ ပေးပို့မှုကို အဲဗာတန်နောက်တန်းတွေ ရှင်းထုတ်ပုံ မသေသပ်ရာကတစ်ဆင့် လူစားဝင်တိုက်စစ်မှူး အီဟန်နာချိုရှေ့ ကျလာတာကို နိုင်ဂျီးရီးယားသားက အလျင်အမြန် ပိတ်သွင်းယူသွားခဲ့တာဖြစ်ပြီး ရလဒ်က နှစ်ဂိုး-တစ်ဂိုးဖြစ်သွားခဲ့ပါတယ်။

တစ်ပွဲလုံးမှာ ရရှိခဲ့တဲ့ အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်မှု၊ တိုက်စစ်ဆင်မှုနဲ့ ပွဲကို စိုးမိုးမှုတွေမှာ ဝါရင့်နည်းပြ အန်ဆယ်လော့တီကို ရော့ဂျားစ် အနေနဲ့ မယှဉ်နိုင်ခဲ့တာကတော့ သိသာခဲ့ပြီး သုံးပွဲဆက် နိုင်ပွဲပျောက်မှုကို ကြုံတွေ့ခဲ့ရသလို နောက်က ကပ်လိုက်နေတဲ့ ချဲလ်ဆီးတို့ အဝေးကွင်းမှာ ရှုံးနိမ့်သွားခဲ့လို့သာ တတိယနေရာက ဖယ်မပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့လို့ အဲဗာတန်တို့အနေနဲ့ ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၁၁ မှာ ရပ်တည်နေခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေကိုတော့ ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်သလို လက်စတာကတော့ ချန်ပီယံလိဂ်ဝင်ခွင့်လမ်းကြောင်းပေါ်က မနှုတ်ဆက်ရစေဖို့ ပဲလေ့စ်နဲ့ အိမ်ကွင်းပွဲကို ခြေမချော်ဖို့ လိုအပ်နေခဲ့ပြီဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.