La Liga Premier League Transfer News

ရီးရဲလ်က ကမ်းလှမ်းလာမှုကို လက်ခံပေမယ့် အသင်းသေးလေးကို မပြောင်းချင်ဘူးလို့ ငြင်းခဲ့တဲ့ ဟာဇက်

ရီးရဲလ်မက်ဒရစ်အသင်းက နယူးကာဆယ်လ်ဆီက ပေါင် ၃၃.၄ သန်းအပြင် ထပ်ဆောင်းပေးချေမှု ၈.၃ သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမယ့်လည်း အီဒင် ဟာဇက်ကတော့ ဘာနေဗျူးကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့ပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဟာဇက်ဟာ ၂၀၁၉ ခုနှစ်မှာ ချဲလ်ဆီးကနေ ကနဦး ပေါင် ၈၈ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ဘာနေဗျူးမှာ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ပြင်းထန်တဲ့ ဒဏ်ရာပြဿနာတွေနဲ့ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေမှုက ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကို ထိုးနှက်နေခဲ့တာဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ဟာဇက်ဟာ နည်းပြ အန်ဆယ်လော့တီ လက်အောက်မှာ ပွဲထွက်ခွင့်နေရာအတွက် ချောင်ထိုးခြင်းခံခဲ့ရပြီး ဗင်နစ်ရှပ် ဂျူနီယာနဲ့ ရိုဒရီဂိုတို့ကိုပဲ အီတလီနည်းပြက ပိုမို အသုံးပြုနေတာဖြစ်ပါတယ်။

ဖလော်ရန်တီနို ပီးရက်ဇ်ဟာ ယခုလာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာမယ်လို့ မျှော်မှန်းခြင်းခံနေရတဲ့ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အသက် ၃၀ အရွယ် တောင်ပံကစားသမားကို ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရောင်းထုတ်သွားဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

El Nacional ရဲ့ ဖော်ပြချက်အရ ပီးရက်ဇ်ဟာ ယခုရာသီ တန်းဆင်းဇုန်ကနေ လွတ်မြောက်နိုင်ဖို့ လူအင်အားဖြည့်တင်းချင်နေတဲ့ အက်ဒီ ဟောင်းအတွက် နယူးကာဆယ်အသင်း ပြုလုပ်ခဲ့တဲ့ ပေါင် ၃၃.၄ သန်းအပြင် ထပ်ဆောင်းပေးချေမှု ပေါင် ၈.၃ သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဟာဇက်ဟာ နယူးကာဆယ်လ်အသင်းရဲ့ ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့ပြီး စပိန်သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ချဲလ်ဆီးလိုမျိုး အသင်းကြီးတစ်သင်းက ခေါ်ယူမှသာ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ယခုရာသီကုန်အထိ ၎င်းရဲ့အစီအစဉ်ထဲမှာ အီဒင် ဟာဇက်ကို ထည့်သွင်းထားခြင်းမရှိဘူးလို့ သိရပြီး အဲဒါကြောင့်ပဲ မကြာသေးမီက ရီးရဲလ်မက်ဒရစ် ဗိုလ်စွဲခဲ့တဲ့ စပိန် စူပါဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကို ထည့်သွင်းခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဆုဖလားအောင်ပွဲခံမှုအတွင်းမှာလည်း စိတ်ပျက်နေတဲ့ ပုံစံနဲ့ မြင်တွေ့ခဲ့ရပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ စပိန်လာလီဂါကလပ်အသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ အားလုံးကို ယုံကြည်လာစေခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့ကောလာဟလတွေဟာ တောက်လျှောက်ထွက်ပေါ်နေပြီး အချို့သတင်းတွေက လာမယ့် နွေရာသီမှာ ဟာဇက်အနေနဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပြောင်းရွှေ့လိမ့်မယ်လို့တောင် ဖော်ပြနေခဲ့ကြတာဖြစ်ပါတယ်။

လာလီဂါထိပ်သီးအသင်းကြီးဟာ ဘယ်လ်ဂျီယမ်ကြယ်ပွင့်အတွက် ၎င်းတို့ ပေးခဲ့ရတဲ့ ကနဦး ပြောင်းရွှေ့ကြေးထဲက အများစုကို ဆုံးရှုံးမခံချင်ပေမယ့် ဟာဇက်ရဲ့ ကြီးမားတဲ့ လစာပမာဏကြောင့် ဆုံးရှုံးမှုတွေကို ပျော်ပျော်ကြီး ဖြတ်တောက်သွားချင်နေမှာဖြစ်ပါတယ်။

ဟာဇက်ဟာ ၎င်းရဲ့နောက်ဆုံးရရှိထားတဲ့ ဒဏ်ရာကို ကုသဖို့အတွက် နောက်ထပ် ခွဲစိတ်ကုသမှု ခံယူသွားဖို့ လိုအပ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ပီးရက်ဇ်က ချဲလ်ဆီးကြယ်ပွင့်ဟောင်းကို ယခုလမှာ အပြီးရောင်းထုတ်ချင်နေတာကြောင့် အဲဒီ ခွဲစိတ်ကုသမှုကို ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ နယူးကာဆယ်လ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်ဆိုပေမယ့်လည်း ဟာဇက်အနေနဲ့ ချဲလ်ဆီးအသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ကိစ္စဟာ လုံးဝကြီး မဖြစ်နိုင်တော့တာတော့ မဟုတ်ပါဘူး။ ချဲလ်ဆီးအသင်းအနေနဲ့ ၎င်းတို့ရဲ့ ကြယ်ပွင့်တောင်ပံကစားသမားဟောင်းအတွက် တိုက်ပွဲထဲကို ဝင်ရောက်လာမလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပြီး ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်ကလည်း ၂ ပတ်တောင် မကျန်တော့တဲ့အချိန်မှာတော့ ရီးရဲလ်မက်ဒရစ်က အလိုရှိနေတဲ့ ရီးစ်ဂျိမ်းစ်ကလည်း ဒဏ်ရာရရှိနေတဲ့အတွက် ယခုအပြောင်းအရွှေ့မပိတ်ခင် နှစ်ဦးနှစ်ဖက် ညှိုနှိုင်းသဘောတူညီမှုက အပြီးသတ်ရရှိဖို့ သိပ်တော့ မလွယ်ကူနိုင်တဲ့ အဖြေအနေဖြစ်နေပါတယ်။

ဒါကြောင့် ဟာဇက်အနေနဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက် ရာသီကုန်အထိ စောင့်ဆိုင်းရဖို့ ပိုများနေတဲ့ပုံပေါ်နေတာဖြစ်ပြီး အဲဒီအချိန်မတိုင်ခင်တော့ လွတ်လွတ်လပ်လပ်ဆွေးနွေးခွင့်ရထားပေမယ့် ၎င်းရဲ့အသင်းဟောင်းသာ ပိုမိုကောင်းမွန်တဲ့ကမ်းလှမ်းမှုနဲ့ ရောက်လာခဲ့မယ်ဆိုရင်တော့ လန်ဒန်ကို ပြန်သွားနိုင်တော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္အသင္းက နယူးကာဆယ္လ္ဆီက ေပါင္ ၃၃.၄ သန္းအျပင္ ထပ္ေဆာင္းေပးေခ်မႈ ၈.၃ သန္းနဲ႔ ကမ္းလွမ္းမႈကို လက္ခံခဲ့ေပမယ့္လည္း အီဒင္ ဟာဇက္ကေတာ့ ဘာေနဗ်ဴးကေန ထြက္ခြာဖို႔ ျငင္းဆန္ခဲ့ပါတယ္။

အသက္ ၃၀ အရြယ္ရွိၿပီျဖစ္တဲ့ ဟာဇက္ဟာ ၂၀၁၉ ခုႏွစ္မွာ ခ်ဲလ္ဆီးကေန ကနဦး ေပါင္ ၈၈ သန္းနဲ႔ ေျပာင္းေရႊ႕လာၿပီးကတည္းက ဘာေနဗ်ဴးမွာ ႐ုန္းကန္ေနခဲ့ရတာျဖစ္ၿပီး ျပင္းထန္တဲ့ ဒဏ္ရာျပႆနာေတြနဲ႔ ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးေနမႈက ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ကို ထိုးႏွက္ေနခဲ့တာျဖစ္ပါတယ္။ ရလဒ္အေနနဲ႔ ဟာဇက္ဟာ နည္းၿပ အန္ဆယ္ေလာ့တီ လက္ေအာက္မွာ ပြဲထြက္ခြင့္ေနရာအတြက္ ေခ်ာင္ထိုးျခင္းခံခဲ့ရၿပီး ဗင္နစ္ရွပ္ ဂ်ဴနီယာနဲ႔ ရိုဒရီဂိုတို႔ကိုပဲ အီတလီနည္းျပက ပိုမို အသုံးျပဳေနတာျဖစ္ပါတယ္။

ဖေလာ္ရန္တီနို ပီးရက္ဇ္ဟာ ယခုလာမယ့္ ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာမယ္လို႔ ေမၽွာ္မွန္းျခင္းခံေနရတဲ့ ပီအက္စ္ဂ်ီၾကယ္ပြင့္ အမ္ဘာေပအတြက္ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ အသက္ ၃၀ အရြယ္ ေတာင္ပံကစားသမားကို ယခုဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ေရာင္းထုတ္သြားဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

El Nacional ရဲ့ ေဖာ္ျပခ်က္အရ ပီးရက္ဇ္ဟာ ယခုရာသီ တန္းဆင္းဇုန္ကေန လြတ္ေျမာက္နိုင္ဖို႔ လူအင္အားျဖည့္တင္းခ်င္ေနတဲ့ အက္ဒီ ေဟာင္းအတြက္ နယူးကာဆယ္အသင္း ျပဳလုပ္ခဲ့တဲ့ ေပါင္ ၃၃.၄ သန္းအျပင္ ထပ္ေဆာင္းေပးေခ်မႈ ေပါင္ ၈.၃ သန္းနဲ႔ ကမ္းလွမ္းမႈကို လက္ခံခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ဟာဇက္ဟာ နယူးကာဆယ္လ္အသင္းရဲ့ ခ်ဥ္းကပ္မႈကို ျငင္းပယ္ခဲ့ၿပီး စပိန္သတင္းဌာနရဲ့ ေဖာ္ျပခ်က္အရ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ခ်ဲလ္ဆီးလိုမ်ိဳး အသင္းႀကီးတစ္သင္းက ေခၚယူမွသာ ရီးရဲလ္မက္ဒရစ္ကို စြန႔္ခြာမွာျဖစ္တယ္လို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းၿပ အန္ဆယ္ေလာ့တီက ယခုရာသီကုန္အထိ ၎ရဲ့အစီအစဥ္ထဲမွာ အီဒင္ ဟာဇက္ကို ထည့္သြင္းထားျခင္းမရွိဘူးလို႔ သိရၿပီး အဲဒါေၾကာင့္ပဲ မၾကာေသးမီက ရီးရဲလ္မက္ဒရစ္ ဗိုလ္စြဲခဲ့တဲ့ စပိန္ စူပါဖလားၿပိဳင္ပြဲမွာ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ကို ထည့္သြင္းခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဟာဇက္ဟာ ရီးရဲလ္မက္ဒရစ္အသင္းရဲ့ ဆုဖလားေအာင္ပြဲခံမႈအတြင္းမွာလည္း စိတ္ပ်က္ေနတဲ့ ပုံစံနဲ႔ ျမင္ေတြ႕ခဲ့ရၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ စပိန္လာလီဂါကလပ္အသင္းမွာ မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ အားလုံးကို ယုံၾကည္လာေစခဲ့တာျဖစ္ပါတယ္။ အေျပာင္းအေရႊ႕ေကာလာဟလေတြဟာ ေတာက္ေလၽွာက္ထြက္ေပၚေနၿပီး အခ်ိဳ႕သတင္းေတြက လာမယ့္ ေႏြရာသီမွာ ဟာဇက္အေနနဲ႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို စိတ္လႈပ္ရွားဖြယ္ ျပန္လည္ေျပာင္းေရႊ႕လိမ့္မယ္လို႔ေတာင္ ေဖာ္ျပေနခဲ့ၾကတာျဖစ္ပါတယ္။

လာလီဂါထိပ္သီးအသင္းႀကီးဟာ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္အတြက္ ၎တို႔ ေပးခဲ့ရတဲ့ ကနဦး ေျပာင္းေရႊ႕ေၾကးထဲက အမ်ားစုကို ဆုံးရႈံးမခံခ်င္ေပမယ့္ ဟာဇက္ရဲ့ ႀကီးမားတဲ့ လစာပမာဏေၾကာင့္ ဆုံးရႈံးမႈေတြကို ေပ်ာ္ေပ်ာ္ႀကီး ျဖတ္ေတာက္သြားခ်င္ေနမွာျဖစ္ပါတယ္။

ဟာဇက္ဟာ ၎ရဲ့ေနာက္ဆုံးရရွိထားတဲ့ ဒဏ္ရာကို ကုသဖို႔အတြက္ ေနာက္ထပ္ ခြဲစိတ္ကုသမႈ ခံယူသြားဖို႔ လိုအပ္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ပီးရက္ဇ္က ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းကို ယခုလမွာ အၿပီးေရာင္းထုတ္ခ်င္ေနတာေၾကာင့္ အဲဒီ ခြဲစိတ္ကုသမႈကို ပိတ္ပင္ခဲ့တယ္လို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ နယူးကာဆယ္လ္ရဲ႕ ကမ္းလွမ္းမႈကို လက္ခံခဲ့တယ္ဆိုေပမယ့္လည္း ဟာဇက္အေနနဲ႔ ခ်ဲလ္ဆီးအသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ကိစၥဟာ လုံးဝႀကီး မျဖစ္ႏိုင္ေတာ့တာေတာ့ မဟုတ္ပါဘူး။ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၎တို႔ရဲ႕ ၾကယ္ပြင့္ေတာင္ပံကစားသမားအတြက္ တိုက္ပြဲထဲကို ဝင္ေရာက္လာမလားဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ၿပီး ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ကလည္း ၂ ပတ္ေတာင္ မက်န္ေတာ့တဲ့အခ်ိန္မွာေတာ့ ရီးရဲလ္မက္ဒရစ္က အလိုရွိေနတဲ့ ရီးစ္ဂ်ိမ္းစ္ကလည္း ဒဏ္ရာရရွိေနတဲ့အတြက္ ယခုအေျပာင္းအေ႐ႊ႕မပိတ္ခင္ ႏွစ္ဦးႏွစ္ဖက္ ညႇိဳႏႈိင္း သေဘာတူညီမႈလည္း အၿပီးသတ္ရရွိဖို႔ သိပ္ေတာ့ မလြယ္ကူႏိုင္တဲ့ အေျဖအေနျဖစ္ပါတယ္။

ဒါေၾကာင့္ ဟာဇက္အေနနဲ႔ အေျပာင္းအေရႊ႕ကို အၿပီးသတ္နိုင္ဖို႔အတြက္ ရာသီကုန္အထိ ေစာင့္ဆိုင္းရဖို႔ ပိုမ်ားေနတဲ့ပုံေပၚေနတာျဖစ္ၿပီး အဲဒီအခ်ိန္မတိုင္ခင္ေတာ့ လြတ္လြတ္လပ္လပ္ေဆြးေႏြးခြင့္ရထားေပမယ့္ ၎ရဲ့အသင္းေဟာင္းသာ ပိုမိုေကာင္းမြန္တဲ့ကမ္းလွမ္းမႈနဲ႔ ေရာက္လာခဲ့မယ္ဆိုရင္ေတာ့ လန္ဒန္ကို ျပန္သြားနိုင္ေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.