La Liga Premier League

အသင်းဖော်ဟောင်းတွေနဲ့ ပူးပေါင်းဖို့ ပရီးမီးယားလိဂ်ကို ပြန်လာတော့မယ့် ဆွာရက်ဇ်

လူးဝစ္စ ဆွာရက်ဇ်ဟာ အခြားအသင်းတွေဆီကနေ ကမ်းလှမ်းမှုအများအပြားကို ငြင်းပယ်ခဲ့ပြီးနောက် အက်စတန် ဗီလာမှာ စတီဗင် ဂျရတ်နဲ့ အတူ ပြန်လည် ဆုံစည်းဖို့ အာရုံစိုက်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ စတီဗင် ဂျရတ်နဲ့အတူ ၃ နှစ်ခွဲကြာ တွဲကစားခဲ့တဲ့ ကစားသမားဖြစ်ပြီး ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးဟာ ဗီလာ ပါ့ခ်မှာ လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်းလက်အေက်မှာ အလုပ်လုပ်ချင်နေတယ်လို့ သိရပါတယ်။ စတီဗင် ဂျရတ်ဟာ ယခုလ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ၎င်းရဲ့ လီဗာပူးလ်အသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ ကော်တင်ညိုကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပြီး ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်ဟာ ယခုရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ကော်တင်ညိုဟာ အက်စတန် ဗီလာအသင်းအတွက် ချက်ချင်း အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့က မန်ချက်စတာယူနိုက်တက်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားပေးခဲ့ပြီးနောက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကော်တင်ညိုဟာ ၎င်းရဲ့ လီဗာပူးလ်၊ ဘာစီလိုနာအသင်းဖော်ဟောင်းနဲ့အတူ သိပ်မကြာခင်မှာ အတူတူ တွဲကစားရဖွယ်ရှိနေတယ်လို့ သိရပြီး စပိန်ဘောလုံးသတင်းထောက် ဂျရတ် ရိုမဲရိုးက ဥရုဂွေးတိုက်စစ်မှူးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ၎င်းရဲ့ Twitch ချန်နယ်မှာ ကြီးမားတဲ့သတင်းပေးခဲ့တာဖြစ်ပါတယ်။

ရိုမဲရိုးက အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူးဟာ ဘရာဇီးလ်ကလပ်အသင်းတွေဖြစ်တဲ့ ပါးမီးရပ်စ်၊ ကိုရင်သီယန်စ်၊ အက်သလက်တီကို မင်နဲရိုးတို့ဆီက ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တယ်လို့ ရေးသားခဲ့ပြီး ဗီလာကို ပြောင်းရွှေ့ချင်နေတာကြောင့် ဆော်ဒီအာရေဗျကလပ်အသင်းကိုလည်း ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ဂျရတ်နဲ့ ဆွာရက်ဇ်တို့ဟာ လီဗာပူးလ်အသင်းမှာ အတူတူကစားခဲ့တဲ့အချိန်တုန်းက အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ကြသူတွေဖြစ်ပြီး အက်စတန် ဗီလာမှာ လီဗာပူးလ်ဂန္တဝင် ၃ ဦး ပေါင်းပြီး ၃ ယောက်ပေါင်း လောင်းကျော်ကြမယ့် အခင်းအကျင်းကို မြင်တွေ့ရတော့မယ့်ပုံ ပေါ်ပါတယ်။

ဒါပေမယ့်လည်း အက်စတန် ဗီလာအသင်းအနေနဲ့ ဆွာရက်ဇ်ရဲ့ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့် နွေရာသီမတိုင်ခင်အထိ စောင့်ဆိုင်းရဖွယ်ရှိနေပြီး ဂျရတ်ဟာ မကြာခဏ ဆွာရက်ဇ်အပေါ် ၎င်းရဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သူဖြစ်တဲ့အပြင် ၂၀၁၅ ခုနှစ်တုန်းက ပြောကြားမှုမှာ ဥရုဂွေးတိုက်စစ်မှူးက ၎င်းနဲ့ တွဲကစားခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဘယ်သူကမှ လူးဝစ္စ ဆွာရက်ဇ်နဲ့ ယှဉ်ပြိုင်ကစားဖို့အတွက် စောင့်မျှော်ချင်ကြမယ်လို့ မထင်ပါဘူး။ သူက အံ့အားသင့်စရာ ပါရမီနဲ့ အရမ်း အန္တရာယ်ကြီးတဲ့ကစားသမားပါ”

“သူက အံ့အားသင့်စရာ အသင်းဖော်ဖြစ်ပြီး ကျွန်တော် တွဲကစားဖူးသမျှထဲမှာ အကောင်းဆုံးကစားသမားဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ သူက လူကောင်းတစ်ယောက်ပါ။ ကွင်းအပြင်မှာဆို မိသားစုကို ချစ်တတ်တဲ့သူပါ။ ကျွန်တော်တို့ အဆက်အသွယ် ဆက်ရှိနေပြီး ကျွန်တော်တို့ရဲ့ ကစားသမားဘဝတလျှောက်လုံး တစ်ယောက်နဲ့တစ်ယောက် အားပေးထောက်ခံသွားမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂျရတ်ဟာ ၂၀၁၃ ခုနှစ် နွေရာသီတုန်းက ဆွာရက်ဇ်ကို လီဗာပူးလ်ကနေ မထွက်ခွာဖို့ကိုလည်း စည်းရုံးခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းက လီဗာပူးလ်တိုက်စစ်မှူးရဲ့ စာချုပ်လျော်ကြေးအတွက် ပေါင်သန်း ၄၀ နဲ့ ၁ ပေါင် ကမ်းလှမ်းခဲ့လို့ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ချင်ခဲ့ပေမယ့် ဂျရတ်က အန်းဖီးမှာ ဆက်နေအောင် ကြားဝင်ပေးခဲ့တာဖြစ်ပြီး ဆွာရက်ဇ်က အဲဒီကိစ္စနဲ့ပတ်သက်ပြီး UEFA.com ကို “ကျွန်တော် နည်းပြ၊ စတီဗင် ဂျရတ်နဲ့လည်း နောက်ထပ် ဆွေးနွေးပြောဆိုမှုအချို့ ပြုလုပ်ခဲ့တယ်။ သူက ကျွန်တော့်ကို စည်းရုံးခဲ့တဲ့သူတစ်ယောက်ပါ။ ကျွန်တော် သူ့ကို ပြောခဲ့တာက ကျွန်တော် ဆက်ပြီး အောင်မြင်မှုရချင်တယ်။ ချန်ပီယံလိဂ်မှာ ကစားချင်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီတော့ သူက ကျွန်တော့်ကို ဒီနှစ်မှာ ငါတို့သာ အရင်တုန်းက ကစားပုံလိုမျိုး ဆက်ပြီး တိုးတက်နေရင် မင်းကလည်း မင်း ရှိရမယ့် ခြေစွမ်းအဆင့်အတန်းမှာ ရှိနေမယ်ဆိုရင် နောက်နှစ် ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ ဒါမှမဟုတ် မင်းကြိုက်တဲ့ ကလပ်အသင်းအတွက် ကစားပေးနိုင်လိမ့်မယ်။ မင်းမှာ ရွေးချယ်ဖို့ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် တစ်နှစ်တော့ ထပ်နေပေးပါဆိုပြီး ပြောခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လူးဝစၥ ဆြာရက္ဇ္ဟာ အျခားအသင္းေတြဆီကေန ကမ္းလွမ္းမႈအမ်ားအျပားကို ျငင္းပယ္ခဲ့ၿပီးေနာက္ အက္စတန္ ဗီလာမွာ စတီဗင္ ဂ်ရတ္နဲ႔ အတူ ျပန္လည္ ဆုံစည္းဖို႔ အာ႐ုံစိုက္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဆြာရက္ဇ္ဟာ လီဗာပူးလ္အသင္းမွာ စတီဗင္ ဂ်ရတ္နဲ႔အတူ ၃ ႏွစ္ခြဲၾကာ တြဲကစားခဲ့တဲ့ ကစားသမားျဖစ္ၿပီး ဥ႐ုေဂြးလက္ေရြးစင္တိုက္စစ္မႉးဟာ ဗီလာ ပါ့ခ္မွာ လီဗာပူးလ္အသင္းေခါင္းေဆာင္ေဟာင္းလက္ေအက္မွာ အလုပ္လုပ္ခ်င္ေနတယ္လို႔ သိရပါတယ္။ စတီဗင္ ဂ်ရတ္ဟာ ယခုလ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ၎ရဲ့ လီဗာပူးလ္အသင္းေဖာ္ေဟာင္းတစ္ဦးျဖစ္တဲ့ ေကာ္တင္ညိဳကို ေခၚယူနိုင္ခဲ့ၿပီးျဖစ္ၿပီး ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္ဟာ ယခုရာသီကုန္အထိ အငွားနဲ႔ ေျပာင္းေရႊ႕လာခဲ့တာျဖစ္ပါတယ္။

ေကာ္တင္ညိဳဟာ အက္စတန္ ဗီလာအသင္းအတြက္ ခ်က္ခ်င္း အက်ိဳးသက္ေရာက္မႈ ျပသနိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ စေနေန႔က မန္ခ်က္စတာယူနိုက္တက္နဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ လူစားဝင္ကစားေပးခဲ့ၿပီးေနာက္ ေခ်ပဂိုးကို သြင္းယူေပးနိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ေကာ္တင္ညိဳဟာ ၎ရဲ့ လီဗာပူးလ္၊ ဘာစီလိုနာအသင္းေဖာ္ေဟာင္းနဲ႔အတူ သိပ္မၾကာခင္မွာ အတူတူ တြဲကစားရဖြယ္ရွိေနတယ္လို႔ သိရၿပီး စပိန္ေဘာလုံးသတင္းေထာက္ ဂ်ရတ္ ရိုမဲရိုးက ဥ႐ုေဂြးတိုက္စစ္မႉးရဲ့ အနာဂတ္နဲ႔ပတ္သက္ၿပီး ၎ရဲ့ Twitch ခ်န္နယ္မွာ ႀကီးမားတဲ့သတင္းေပးခဲ့တာျဖစ္ပါတယ္။

ရိုမဲရိုးက အက္သလက္တီကို မက္ဒရစ္တိုက္စစ္မႉးဟာ ဘရာဇီးလ္ကလပ္အသင္းေတြျဖစ္တဲ့ ပါးမီးရပ္စ္၊ ကိုရင္သီယန္စ္၊ အက္သလက္တီကို မင္နဲရိုးတို႔ဆီက ကမ္းလွမ္းမႈေတြကို ျငင္းပယ္ခဲ့တယ္လို႔ ေရးသားခဲ့ၿပီး ဗီလာကို ေျပာင္းေရႊ႕ခ်င္ေနတာေၾကာင့္ ေဆာ္ဒီအာေရဗ်ကလပ္အသင္းကိုလည္း ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။

ဂ်ရတ္နဲ႔ ဆြာရက္ဇ္တို႔ဟာ လီဗာပူးလ္အသင္းမွာ အတူတူကစားခဲ့တဲ့အခ်ိန္တုန္းက အလြန္ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိခဲ့ၾကသူေတြျဖစ္ၿပီး အက္စတန္ ဗီလာမွာ လီဗာပူးလ္ဂႏၲဝင္ ၃ ဦး ေပါင္းၿပီး ၃ ေယာက္ေပါင္း ေလာင္းေက်ာ္ၾကမယ့္ အခင္းအက်င္းကို ျမင္ေတြ႕ရေတာ့မယ့္ပုံ ေပၚပါတယ္။

ဒါေပမယ့္လည္း အက္စတန္ ဗီလာအသင္းအေနနဲ႔ ဆြာရက္ဇ္ရဲ့ အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ လာမယ့္ ေႏြရာသီမတိုင္ခင္အထိ ေစာင့္ဆိုင္းရဖြယ္ရွိေနၿပီး ဂ်ရတ္ဟာ မၾကာခဏ ဆြာရက္ဇ္အေပၚ ၎ရဲ့ ခံစားခ်က္ကို ရွင္းရွင္းလင္းလင္း ေျပာၾကားခဲ့သူျဖစ္တဲ့အျပင္ ၂၀၁၅ ခုႏွစ္တုန္းက ေျပာၾကားမႈမွာ ဥ႐ုေဂြးတိုက္စစ္မႉးက ၎နဲ႔ တြဲကစားခဲ့ဖူးသမၽွထဲမွာ အေကာင္းဆုံးကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဘယ္သူကမွ လူးဝစၥ ဆြာရက္ဇ္နဲ႔ ယွဥ္ၿပိဳင္ကစားဖို႔အတြက္ ေစာင့္ေမၽွာ္ခ်င္ၾကမယ္လို႔ မထင္ပါဘူး။ သူက အံ့အားသင့္စရာ ပါရမီနဲ႔ အရမ္း အႏၲရာယ္ႀကီးတဲ့ကစားသမားပါ”

“သူက အံ့အားသင့္စရာ အသင္းေဖာ္ျဖစ္ၿပီး ကၽြန္ေတာ္ တြဲကစားဖူးသမၽွထဲမွာ အေကာင္းဆုံးကစားသမားျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္။ သူက လူေကာင္းတစ္ေယာက္ပါ။ ကြင္းအျပင္မွာဆို မိသားစုကို ခ်စ္တတ္တဲ့သူပါ။ ကၽြန္ေတာ္တို႔ အဆက္အသြယ္ ဆက္ရွိေနၿပီး ကၽြန္ေတာ္တို႔ရဲ့ ကစားသမားဘဝတေလၽွာက္လုံး တစ္ေယာက္နဲ႔တစ္ေယာက္ အားေပးေထာက္ခံသြားမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဂ်ရတ္ဟာ ၂၀၁၃ ခုႏွစ္ ေႏြရာသီတုန္းက ဆြာရက္ဇ္ကို လီဗာပူးလ္ကေန မထြက္ခြာဖို႔ကိုလည္း စည္း႐ုံးခဲ့သူျဖစ္ၿပီး အာဆင္နယ္အသင္းက လီဗာပူးလ္တိုက္စစ္မႉးရဲ့ စာခ်ဳပ္ေလ်ာ္ေၾကးအတြက္ ေပါင္သန္း ၄၀ နဲ႔ ၁ ေပါင္ ကမ္းလွမ္းခဲ့လို႔ ဟိုးေလးတေက်ာ္ေက်ာ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဆြာရက္ဇ္ဟာ အမ္းမရိတ္စ္ကို ေျပာင္းေရႊ႕ခ်င္ခဲ့ေပမယ့္ ဂ်ရတ္က အန္းဖီးမွာ ဆက္ေနေအာင္ ၾကားဝင္ေပးခဲ့တာျဖစ္ၿပီး ဆြာရက္ဇ္က အဲဒီကိစၥနဲ႔ပတ္သက္ၿပီး UEFA.com ကို “ကၽြန္ေတာ္ နည္းျပ၊ စတီဗင္ ဂ်ရတ္နဲ႔လည္း ေနာက္ထပ္ ေဆြးေႏြးေျပာဆိုမႈအခ်ိဳ႕ ျပဳလုပ္ခဲ့တယ္။ သူက ကၽြန္ေတာ့္ကို စည္း႐ုံးခဲ့တဲ့သူတစ္ေယာက္ပါ။ ကၽြန္ေတာ္ သူ႔ကို ေျပာခဲ့တာက ကၽြန္ေတာ္ ဆက္ၿပီး ေအာင္ျမင္မႈရခ်င္တယ္။ ခ်န္ပီယံလိဂ္မွာ ကစားခ်င္တယ္လို႔ ေျပာခဲ့ပါတယ္။ အဲဒီေတာ့ သူက ကၽြန္ေတာ့္ကို ဒီႏွစ္မွာ ငါတို႔သာ အရင္တုန္းက ကစားပုံလိုမ်ိဳး ဆက္ၿပီး တိုးတက္ေနရင္ မင္းကလည္း မင္း ရွိရမယ့္ ေျခစြမ္းအဆင့္အတန္းမွာ ရွိေနမယ္ဆိုရင္ ေနာက္ႏွစ္ ဘိုင္ယန္ျမဴးနစ္၊ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ ဒါမွမဟုတ္ မင္းႀကိဳက္တဲ့ ကလပ္အသင္းအတြက္ ကစားေပးနိုင္လိမ့္မယ္။ မင္းမွာ ေရြးခ်ယ္ဖို႔ အခြင့္အေရးရွိပါတယ္။ ဒါေပမယ့္ တစ္ႏွစ္ေတာ့ ထပ္ေနေပးပါဆိုၿပီး ေျပာခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.