Premier League

ဖီဖာရဲ့အထူးဆု ရတဲ့အပြင် ပီလီဆီက မမျှော်လင့်ထားတဲ့ အပြုအမူကြောင့် ဝမ်းသာပီတိဖြစ်ခဲ့ရတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဖီဖာရဲ့ ၂၀၂၁ ခုနှစ် အကောင်းဆုံးဆုပေးပွဲကနေ ပြန်လာခဲ့ပြီးနောက် ၎င်းရဲ့ နောက်ဆုံးရရှိခဲ့တဲ့ ဆုတံဆိပ်ကို လူမှုကွန်ရက်ကနေ တဆင့် ပရိသတ်တွေအားလုံးကို ပြသခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟာ တနင်္လာနေ့့ညက ဇူးရစ်ကနေ မန်ချက်စတာကို လေယာဉ်နဲ့ ပြန်လည်ရောက်ရှိလာပြီးနောက် ရော်နယ်လ်ဒိုက ၎င်းရဲ့ ဖီဖာအထူးဆုကို ကိုင်ထားတဲ့ပုံကို အင်စတာဂရမ်းကနေ မျှဝေပေးခဲ့တာဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာသွင်းဂိုးစံချိန်ကို ၁၁၅ ဂိုးနဲ့ ချိုးဖျက်နိုင်ခဲ့ပြီးနောက် ဂုဏ်သိက္ခာကြီးမားတဲ့ ဆုကို ပေးအပ်ခြင်း ခံခဲ့ရတာဖြစပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင် ရော်နယ်လ်ဒိုဟာ ဖီဖာရဲ့အကောင်းဆုံးဆုပေးပွဲကို လူကိုယ်တိုင် တက်ရောက် လက်ခံရယူခဲ့သူတွေထဲက တစ်ဦးဖြစ်ပြီး ဒီလို ဆုမျိုးကို ရရှိဖို့ အိပ်မက် မက်ခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။ “အဲဒါက အိပ်မက်တစ်ခုပါ။ ပထမဆုံး ကျွန်တော်နဲ့ ကစားခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ က လက်ရွေးစင်အသင်းဖော်တွေကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ စံချိန်က ၁၀၉ ဂိုး ဟုတ်တယ်မလား။ အဲဒီတော့ ၆ ဂိုး ပိုသာသွားပါပြီ။ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်”

“ကျွန်တော် အရမ်းလေးစားရတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ဖီဖာကနေ အထူးချီးမြှင့်တဲ့ဆုပါ။ ကျွန်တော့်ရဲ့ မိသားကိုလည်း ကျေးဇူးတင်ပါတယ်။ သိပ်မကြာခင် ကျွန်တော် အဖေတစ်ယောက် နောက်တစ်ကြိမ် ဖြစ်လာဦးမှာပါ။ ကျွန်တော် ဂုဏ်ယူမိပါတယ်။ တသက်တာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ရတာ အရမ်းကောင်းပါတယ်။ ကျွန်တော့်မှာ ပြိုင်ပွဲအတွက်နဲ့ ဂိုးတွေ သွင်းယူဖို့ စိတ်အားထက်သန်မှု ရှိနေဆဲပါ။ ကျွန်တော် ၅ နှစ်သားကတည်းက ဘောလုံးကစားခဲ့တယ်။ ကျွန်တော် ကွင်းထဲ ဝင်ရတဲ့အချိန် လေ့ကျင့်ရေးမှာဆိုရင်တောင်မှ ကျွန်တော့်ရဲ့ စိတ်ဓာတ်ခွန်အားက အဲဒီမှာ ရှိနေဆဲပါ။ မကြာခင် ၃၇ နှစ်တောင် ပြည့်တော့မှာဖြစ်ပေမယ့် ကျွန်တော် ကောင်းမွန်နေတယ်လို့ ခံစားရပါတယ်”

“ကျွန်တော် ဆက်ပြီး ပြင်းပြင်းထန်ထန် အလုပ်လုပ်သွားမှာပါ။ ကျွန်တော် ပြိုင်ပွဲတွေကို ချစ်မြတ်နိုးပြီး စိတ်ဆန္ဒပြင်းပြမှု ရှိပါတယ်။ ကျွန်တော် ဆက်ပြီး ကစားသွားချင်တယ်။ နောက်ထပ် ၄ နှစ်၊ ၅ နှစ်လောက် ဖြစ်ကောင်းဖြစ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အားလုံးက စိတ်ပိုင်းဆိုင်ရာပါပဲ။ ခင်ဗျား ခန္ဓာကို်ယ်ကို ကောင်းကောင်း ဆက်ဆံရင် ခင်ဗျား လိုအပ်တဲ့အချိန်ကျရင်လည်း သူက ပြန်ကောင်းပေးပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ၂၀၂၁ ခုနှစ်အတွက် FIFPRO ရဲ့ ကမ္ဘာ့အကောင်းဆုံးအမျိုးသား ၁၁ ဦးအသင်းထဲမှာလည်း ရွေးချယ်ခြင်းခံခဲ့ရပြီး ဘရာဇီးလ်ဂန္တဝင် ပီလီက ပေါ်တူဂီကြယ်ပွင့်ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူတဲ့အနေနဲ့ အင်စတာဂရမ်ကနေ ဂုဏ်ပြုစကားပြောကြားထားတဲ့ ဗီဒီယိုဖိုင်ကို မျှဝေပေးခဲ့ပါသေးတယ်။

“ခရစ္စတီယာနို ဖီဖာကနေ အထူးဂုဏ်ပြုဆုကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ မင်းကို ပွေ့ဖက်ဂုဏ်ပြုနိုင်ဖို့အတွက် လူချင်းတွေ့ဆုံရဖို့ စောင့်မျှော်နေပါတယ်။ ဒီ သတင်းစကားကို အလွန်ဂရုတစိုက်နဲ့ မှတ်တမ်းတင်ခဲ့တာပါ။ သိပ်မကြာခင် မင်းနဲ့ တွေ့မယ်နော်”လို့ ရေးသားခဲ့ပါတယ်။ ရော်နယ်ဒိုက ဘရာဇီးလ်ဂန္တဝင်ရဲ့ အင်စတာဂရမ်ပို့စ်ကို လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ပြီး “ပီလီ စကားပြောတဲ့အချိန်မှာ ကမ္ဘာကြီးက နားထောင်ရတယ်။ ဒီလို အံ့အားသင့်ဖွယ်ပုဂ္ဂိုလ်က သူ့ရဲ့ လေးစားမှုအားလုံးနဲ့ ချစ်ခင်မြတ်နိုးမှုအားလုံး ကျွန်တော့်ကို ပြသတဲ့အခါမှာ စိတ်ခံစားမှု မပြင်းထန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ထာဝရသူရဲကောင်း၊ မျိုးဆက်တွေအားလုံးအတွက် ဒဏ္ဍာရီ၊၊ အားကစားရဲ့ စစ်မှန်တဲ့ ဂန္တဝင်ပါ။ သူ ပညာရှိဆန်ဆန် ပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့အားလုံးဟာ တူညီတဲ့အသင်းအဖွဲ့တစ်ခုထဲမှာရှိနေပါတယ်။ ဘောလုံးအသင်းပေါ့”

“ကျေးဇူးတင်ပါတယ် ပီလီ။ ခင်ဗျားနဲ့ မကြာခင်တွေ့ရဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ အဲဒီတော့မှ ကျွန်တော်တို့ အတူတူ ပြုံးပျော်ပြီး ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ ဒီပြိုင်ပွဲအကြောင်းကို ပြောနိုင်မှာပါ”လို့ ရေးသားခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လာမယ့် မတ်လ ကမ္ဘာ့ဖလား play-off ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် တူရကီနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ ၎င်းရဲ့ နိုင်ငံတကာသွင်းဂိုးစံချိန်ကို နောက်ထပ် ပိုမို တိုးမြှင့်နိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းသာ တူရကီကို အနိုင်ရရှိခဲ့မယ်ဆိုရင် ကာတာမှာ ယှဉ်ပြိုင်ကစားရမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တစ်နေရာရဖို့ အီတလီ သို့မဟုတ် မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ဖီဖာရဲ့ ၂၀၂၁ ခုႏွစ္ အေကာင္းဆုံးဆုေပးပြဲကေန ျပန္လာခဲ့ၿပီးေနာက္ ၎ရဲ့ ေနာက္ဆုံးရရွိခဲ့တဲ့ ဆုတံဆိပ္ကို လူမႈကြန္ရက္ကေန တဆင့္ ပရိသတ္ေတြအားလုံးကို ျပသခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္ဟာ တနလၤာေန႔့ညက ဇူးရစ္ကေန မန္ခ်က္စတာကို ေလယာဥ္နဲ႔ ျပန္လည္ေရာက္ရွိလာၿပီးေနာက္ ေရာ္နယ္လ္ဒိုက ၎ရဲ့ ဖီဖာအထူးဆုကို ကိုင္ထားတဲ့ပုံကို အင္စတာဂရမ္းကေန မၽွေဝေပးခဲ့တာျဖစ္ပါတယ္။ အသက္ ၃၆ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီလက္ေရြးစင္အသင္းအတြက္ နိုင္ငံတကာသြင္းဂိုးစံခ်ိန္ကို ၁၁၅ ဂိုးနဲ႔ ခ်ိဳးဖ်က္နိုင္ခဲ့ၿပီးေနာက္ ဂုဏ္သိကၡာႀကီးမားတဲ့ ဆုကို ေပးအပ္ျခင္း ခံခဲ့ရတာျဖစပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ ေရာ္နယ္လ္ဒိုဟာ ဖီဖာရဲ့အေကာင္းဆုံးဆုေပးပြဲကို လူကိုယ္တိုင္ တက္ေရာက္ လက္ခံရယူခဲ့သူေတြထဲက တစ္ဦးျဖစ္ၿပီး ဒီလို ဆုမ်ိဳးကို ရရွိဖို႔ အိပ္မက္ မက္ခဲ့ရတယ္လို႔ ေၾကညာခဲ့ပါတယ္။ “အဲဒါက အိပ္မက္တစ္ခုပါ။ ပထမဆုံး ကၽြန္ေတာ္နဲ႔ ကစားခဲ့တဲ့ လြန္ခဲ့တဲ့ ႏွစ္ ၂၀ က လက္ေရြးစင္အသင္းေဖာ္ေတြကို ေက်းဇူးတင္တယ္လို႔ ေျပာခ်င္ပါတယ္။ စံခ်ိန္က ၁၀၉ ဂိုး ဟုတ္တယ္မလား။ အဲဒီေတာ့ ၆ ဂိုး ပိုသာသြားပါၿပီ။ ကၽြန္ေတာ္ အရမ္းဂုဏ္ယူမိပါတယ္”

“ကၽြန္ေတာ္ အရမ္းေလးစားရတဲ့ အဖြဲ႕အစည္းျဖစ္တဲ့ ဖီဖာကေန အထူးခ်ီးျမႇင့္တဲ့ဆုပါ။ ကၽြန္ေတာ့္ရဲ့ မိသားကိုလည္း ေက်းဇူးတင္ပါတယ္။ သိပ္မၾကာခင္ ကၽြန္ေတာ္ အေဖတစ္ေယာက္ ေနာက္တစ္ႀကိမ္ ျဖစ္လာဦးမွာပါ။ ကၽြန္ေတာ္ ဂုဏ္ယူမိပါတယ္။ တသက္တာ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ရတာ အရမ္းေကာင္းပါတယ္။ ကၽြန္ေတာ့္မွာ ၿပိဳင္ပြဲအတြက္နဲ႔ ဂိုးေတြ သြင္းယူဖို႔ စိတ္အားထက္သန္မႈ ရွိေနဆဲပါ။ ကၽြန္ေတာ္ ၅ ႏွစ္သားကတည္းက ေဘာလုံးကစားခဲ့တယ္။ ကၽြန္ေတာ္ ကြင္းထဲ ဝင္ရတဲ့အခ်ိန္ ေလ့က်င့္ေရးမွာဆိုရင္ေတာင္မွ ကၽြန္ေတာ့္ရဲ့ စိတ္ဓာတ္ခြန္အားက အဲဒီမွာ ရွိေနဆဲပါ။ မၾကာခင္ ၃၇ ႏွစ္ေတာင္ ျပည့္ေတာ့မွာျဖစ္ေပမယ့္ ကၽြန္ေတာ္ ေကာင္းမြန္ေနတယ္လို႔ ခံစားရပါတယ္”

“ကၽြန္ေတာ္ ဆက္ၿပီး ျပင္းျပင္းထန္ထန္ အလုပ္လုပ္သြားမွာပါ။ ကၽြန္ေတာ္ ၿပိဳင္ပြဲေတြကို ခ်စ္ျမတ္နိုးၿပီး စိတ္ဆႏၵျပင္းျပမႈ ရွိပါတယ္။ ကၽြန္ေတာ္ ဆက္ၿပီး ကစားသြားခ်င္တယ္။ ေနာက္ထပ္ ၄ ႏွစ္၊ ၅ ႏွစ္ေလာက္ ျဖစ္ေကာင္းျဖစ္နိုင္မယ္လို႔ ကၽြန္ေတာ္ ေမၽွာ္လင့္ပါတယ္။ အားလုံးက စိတ္ပိုင္းဆိုင္ရာပါပဲ။ ခင္ဗ်ား ခႏၶာကို္ယ္ကို ေကာင္းေကာင္း ဆက္ဆံရင္ ခင္ဗ်ား လိုအပ္တဲ့အခ်ိန္က်ရင္လည္း သူက ျပန္ေကာင္းေပးပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ၂၀၂၁ ခုႏွစ္အတြက္ FIFPRO ရဲ့ ကမၻာ့အေကာင္းဆုံးအမ်ိဳးသား ၁၁ ဦးအသင္းထဲမွာလည္း ေရြးခ်ယ္ျခင္းခံခဲ့ရၿပီး ဘရာဇီးလ္ဂႏၲဝင္ ပီလီက ေပၚတူဂီၾကယ္ပြင့္ရဲ့ ေအာင္ျမင္မႈအတြက္ ဂုဏ္ယူတဲ့အေနနဲ႔ အင္စတာဂရမ္ကေန ဂုဏ္ျပဳစကားေျပာၾကားထားတဲ့ ဗီဒီယိုဖိုင္ကို မၽွေဝေပးခဲ့ပါေသးတယ္။

“ခရစၥတီယာနို ဖီဖာကေန အထူးဂုဏ္ျပဳဆုကို ရရွိခဲ့တဲ့အတြက္ ဂုဏ္ယူပါတယ္။ မင္းကို ေပြ႕ဖက္ဂုဏ္ျပဳနိုင္ဖို႔အတြက္ လူခ်င္းေတြ႕ဆုံရဖို႔ ေစာင့္ေမၽွာ္ေနပါတယ္။ ဒီ သတင္းစကားကို အလြန္ဂ႐ုတစိုက္နဲ႔ မွတ္တမ္းတင္ခဲ့တာပါ။ သိပ္မၾကာခင္ မင္းနဲ႔ ေတြ႕မယ္ေနာ္”လို႔ ေရးသားခဲ့ပါတယ္။ ေရာ္နယ္ဒိုက ဘရာဇီးလ္ဂႏၲဝင္ရဲ့ အင္စတာဂရမ္ပို႔စ္ကို လ်င္လ်င္ျမန္ျမန္ပဲ တုံ႔ျပန္ခဲ့ၿပီး “ပီလီ စကားေျပာတဲ့အခ်ိန္မွာ ကမၻာႀကီးက နားေထာင္ရတယ္။ ဒီလို အံ့အားသင့္ဖြယ္ပုဂၢိဳလ္က သူ႔ရဲ့ ေလးစားမႈအားလုံးနဲ႔ ခ်စ္ခင္ျမတ္နိုးမႈအားလုံး ကၽြန္ေတာ့္ကို ျပသတဲ့အခါမွာ စိတ္ခံစားမႈ မျပင္းထန္ဖို႔ဆိုတာ မျဖစ္နိုင္ပါဘူး။ ထာဝရသူရဲေကာင္း၊ မ်ိဳးဆက္ေတြအားလုံးအတြက္ ဒ႑ာရီ၊၊ အားကစားရဲ့ စစ္မွန္တဲ့ ဂႏၲဝင္ပါ။ သူ ပညာရွိဆန္ဆန္ ေျပာခဲ့တဲ့အတိုင္း ကၽြန္ေတာ္တို႔အားလုံးဟာ တူညီတဲ့အသင္းအဖြဲ႕တစ္ခုထဲမွာရွိေနပါတယ္။ ေဘာလုံးအသင္းေပါ့”

“ေက်းဇူးတင္ပါတယ္ ပီလီ။ ခင္ဗ်ားနဲ႔ မၾကာခင္ေတြ႕ရဖို႔ ကၽြန္ေတာ္ ေမၽွာ္လင့္ပါတယ္။ အဲဒီေတာ့မွ ကၽြန္ေတာ္တို႔ အတူတူ ျပဳံးေပ်ာ္ၿပီး ကၽြန္ေတာ္တို႔ ခ်စ္ျမတ္နိုးတဲ့ ဒီၿပိဳင္ပြဲအေၾကာင္းကို ေျပာနိုင္မွာပါ”လို႔ ေရးသားခဲ့ပါတယ္။ ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ လာမယ့္ မတ္လ ကမၻာ့ဖလား play-off ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ တူရကီနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မွာ ၎ရဲ့ နိုင္ငံတကာသြင္းဂိုးစံခ်ိန္ကို ေနာက္ထပ္ ပိုမို တိုးျမႇင့္နိုင္ဖို႔ ေမၽွာ္လင့္ေနမွာ ျဖစ္ပါတယ္။

ေပၚတူဂီအသင္းသာ တူရကီကို အနိုင္ရရွိခဲ့မယ္ဆိုရင္ ကာတာမွာ ယွဥ္ၿပိဳင္ကစားရမယ့္ ကမၻာ့ဖလားၿပိဳင္ပြဲအတြက္ တစ္ေနရာရဖို႔ အီတလီ သို႔မဟုတ္ ေျမာက္မက္ဆီဒိုးနီးယားအသင္းနဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.